Simply Feel It

Simply Feel It

Share

We all deserved love

28/08/2025

🐟💦Fish Rain 💦🐟
(ငါးမိုးရွာတယ်ဆိုတာ ဘယ်လိုမျိုးလဲ?)
နတ်ပြည်ကငါးကန်ကနေ ငါးတွေကျလာတာလား?😳

မဟုတ်ပါဘူးနော်🤭

ငါးမိုးရွာတယ်ဆိုတာ အထူးသဖြင့် မိုးရေချိန်များတဲ့ကာလမှာပဲဖြစ်တာများပါတယ်။
အဲ့ဒီကာလမှာ လေဆင်နှာမောင်းလို လေပွေလို အကြီးစားတွေဖြစ်တဲ့အခါ ရေကန်၊ပင်လယ်စတာတွေထဲကနေ ရေသတ္တဝါငါးလေးတွေ၊ ဖားလေးတွေကို လေနဲ့စုပ်ယူပြီး လေအင်အားရှိသလောက်သယ်လာပြီး ကုန်းတွင်းပိုင်းမှာ လေဖိအားလျော့လာပြီး စုပ်ယူလာတဲ့ရေသတ္တဝါလေးတွေဟာ ပြုတ်ကျတော့တာပဲဖြစ်ပါတယ်။ ဒါကိုပဲငါးမိုးရွာတယ်လို့ ခေါ်ကြတာပါ။ လေဆင်နှာမောင်းလို လေပွေမုန်တိုင်းလိုအင်အားမကြီးပေမယ့်လည်း အင်အားကြီးတဲ့ လျှက်စီးမုန်တိုင်းတွေဟာလည်း အလေးချိန်သိပ်မများတဲ့ ရေသတ္တဝါတွေကို သယ်ယူသွားနိုင်ပါတယ်။

ငါးမိုးရွာတာကို ကမ္ဘာတစ်ဝှမ်းမှာဆိုရင် Yoro(Honduras), Kerala (India) နဲ့ Lajamanu (Australia) တို့မှာ ကြုံတွေ့ခဲ့တာကိုတွေ့မြင်နိုင်ပါတယ်။
Honduras နိုင်ငံ Yoro မြို့မှာဆိုရင်တော့ နှစ်စဉ်ငါးမိုးရွာလေ့ရှိပြီး ဒေသခံတွေက ဒါကို သူတို့ကိုးကွယ်ရာ နတ်ဘုရားက ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးခြင်းတွေမဖြစ်အောင် ဖန်တီးပေး၊ ဖန်ဆင်းပေးတယ်လို့ ယုံကြည်ပြီး သတ်မှတ်ထားကြတာပဲဖြစ်ပါတယ်။

မိတ်ဆွေတို့ရော ဘယ်ဒေသတွေမှာ ငါးမိုးရွာတာကြုံခဲ့ဖူးလဲဆိုတာ ရှိခဲ့ရင်မျှဝေပေးခဲ့ပါဦးနော်😉

28/08/2025

ဒီနေ့မှာတော့ Biography, Autobiography နဲ့ Memoir ရဲ့ ကြားက ကွာခြားချက်တွေကိုပြောပြသွားမှာဖြစ်ပါတယ်ရှင်။
Biography ဆိုတာက တစ်စုံတစ်ယောက်ရဲ့ဘဝဖြစ်စဉ်(ဘဝတစ်လျှောက်လုံး)အကြောင်းကိုအခြားလူကရေးထားတာပဲဖြစ်ပါတယ်။ ကာယကံရှင် မဟုတ်ဘဲ တခြားတစ်ယောက်ယောက်ကရေးတဲ့ ဘဝဖြစ်စဉ်ပါ။ဥပမာ။ ။ ဆရာညီပုလေးရေးတဲ့ ထက်မြက်တဲ့ဓားသွားပေါ်ကချိုမြမြပျားရည်စက်လို ဆရာနာဂသိန်းလှိုင်အကြောင်းရေးထားတာမျိုးပေါ့

Autobiography ဆိုတာကကျတော့ Auto(Self) မိမိကိုယ်တိုင် ကိုယ့်ဘဝအကြောင်းကိုရေးသားထားတာဖြစ်ပါတယ်။ဥပမာ ကျော်ဟိန်းရေးတဲ့ ကျော်ဟိန်းများ ဆိုတဲ့စာအုပ်လိုပေါ့

Memoir ဆိုတာကတော့ ဘဝတစ်လျှောက်လုံး ဖြတ်သန်းခဲ့ရတာရယ်လို့မဟုတ်ဘဲ Memoir (Memory) လိုပဲ ဘဝဖြတ်သန်းစဉ်ကြုံခဲ့ရတဲ့ ထူးခြားအဖြစ်အပျက်တွေ၊ ဘဝသင်ခန်းစာတွေကိုပဲ ဖြတ်သန်းခဲ့သူတွေကိုယ်တိုင် ရေးသားစုစည်းထားတာပဲဖြစ်ပါတယ်။

ဒါဆိုရင် ဒီ၃မျိုးကြားကကွာခြားချက်ကို မှတ်ိမလောက်မယ်ထင်ပါတယ်ရှင်။
အကယ်လို့ မိတ်ဆွေတို့ သိထားတာတွေ မှတ်ရလွယ်ကူတာတွေရှိရင်လည်းမျှဝေပေးခဲ့ပါနော်😉




22/07/2025

✨မေတ္တာ✨

✨တရားတော်တွေမှာပါတဲ့ မေတ္တာဘယ်လိုထားရမယ်ဆိုတာကို သိပေမယ့် ပုထုဇဉ်တွေဆို‌တော့ သတိလွတ်တာနဲ့ မကျင့်သုံးမိတာ‌ကများတယ်။

✨ချစ်ခြင်းမေတ္တာမှာ ပူလောင်ခြင်းမပါ၊အပေးရှိပြီး အယူမရှိတဲ့မေတ္တာကို စလေ့ကျင့်ဖို့ တိလေးတွေမွေးကြည့်ပါ။

✨ဒေါသတွေထိန်းချုပ်ဖို့ တိလေးတွေမွေးကြည့်ပါ။

✨လူတွေနဲ့ဘယ်လိုပေါင်းသင်းဆက်ဆံသင့်တယ်ဆိုတာ သိဖို့ တိလေးတွေမွေးကြည့်ပါ။

✨မေတ္တာတစ်ခုဖြစ်ဖို့ သံယောဇဉ်လေးတစ်ခုဖြစ်ပေါ်ဖို့အတွက် အစာလေးတစ်နပ်ကျွေးရုံနဲ့တင် ကျေးးဇူးသိတတ်၊ချစ်တတ်ကြတယ်။

✨လူတွေအများကြီးထဲက ကိုယ့်ကိုစိတ်သက်သာရာရ၊ပျော်ရွှင်စေမယ့်ခံစားမှု ပေးနိုင်မယ့်လူတွေ့ဖို့ ရာခိုင်နှုန်းနည်းပေမယ့် တိလေးတွေရဲ့တူညီတဲ့အချက်က ဘယ်သူမို့ဘယ်ဝါမို့ဆိုတဲ့ ရာထူး၊ဂုဏ်ထူးတွေ၊ငွေကြေးဓနတွေအပေါ်မှာ မူမတည်ဘဲ ကိုယ့်သခင်ရယ်လို့သတ်မှတ်လိုက်တာနဲ့ကိုအချစ်ကပိုတော့တာ❣️

✨ကိုယ်မရှိရင်ငေးမျှော်နေမယ်။ ကိုယ်ပြန်လာချိန် အပြေးလာကြိုမယ်။

✨ချစ်ခြင်းမေတ္တာဖြစ်ပေါ်မှုက အဆုံးမရှိပဲ။

✨နာကျင်စရာတွေကြုံလာတိုင်း ပြေးပွေ့ဖက်စရာရှိတယ်။

✨ကိုယ်စိတ်သက်သာရာကနေတစ်ဆင့် သူကျန်းမာဖို့၊သူပျော်ရွှင်ဖို့ စသဖြင့် မေတ္တာပေးပြီး ဂရုစိုက်တတ်သွားတယ်။

အဆုံးသတ်ပြောရရင်

"Nothing makes me happier than wagging tails and happy bark!" 🐶

ပေါ့

20/05/2024

"For every dog that is purchased, an abandoned shelter dog is denied a home.”

Sudha Narayanan

12/05/2024

ကြည်ပြာရောင်ကောင်းကင်

တိမ်တိုက်တွေရွေ့လျားလို့ ဖြူလွနေတဲ့ကောင်းကင်
ပုံရိပ်တွေဖော်ကြည့်တဲ့အခါ
ချစ်ရိပ်တွေများတွေ့လား
လွမ်းရိပ်တွေများတွေ့လား
ဝမ်းနည်းရိပ်တွေရောမြင်လား
ငယ်စဉ်အချိန် အတွေးမများခဲ့စဉ်က
ဆင်ရုပ်လား ကြောင်ရုပ်လား နွားရုပ်လေးများလားလို့
ထင်မှတ်ခဲ့ဖူးတယ်
အတောင်အလက်တွေစုံချိန်မှာ
အတွေးတွေဟာရိုးရှင်းမနေ
ချစ်ရိပ်၊လွမ်းရိပ်၊ဝမ်းနည်းရိပ်နဲ့ အရာအားလုံး
ကောင်းမွန်စေချင်ရဲ့ဆိုတဲ့ တောင်းဆုပြုတဲ့အရိပ်ကလေးတွေလည်းပါတယ်။

ကောင်းကင်ဟာကြည်လင်ဖြူလွနေတော့ ဒေါသနဲ့မာန်မာနအရိပ်တွေတော့မပါတာအမှန်

တစ်ကြိမ်လေးကြည့်ရုံနဲ့ကြည့်တဲ့အခိုက် ဒီဝေဒနာတွေလျှော့ချနိုင်လို့ ကျေးဇူးတင်ပါရဲ့ကောင်းကင်

ချစ်လှစွာသော
ကြည်ပြာရောင်ကောင်းကင်

#ညို

12/05/2024

ချစ်ခြင်းအပေါ်နားလည်ခံစားတတ်တဲ့မိန်းကလေးတိုင်းအချစ်ခံရဖို့ထိုက်တန်တယ်။



12/05/2024

နင်ဘယ်လောက်ချမ်းသာလဲ?
Me 👇



12/05/2024

Charlie expresses its feelings .



06/05/2024

🐕Charlie🐕

ချာလီဟာမွေးဖွားလာပြီးနောက် ဘယ်သခင်ရဲ့ချစ်ခင်ယုယခြင်း၊ကြင်နာခြင်းတွေကိုခံချင်ပါတယ်လို့ မတောင်းဆိုခဲ့ဖူးဘူး။
သံယောဇဉ်ရေစက်အကြောင်းကြောင်းကြောင့် တကယ်ချစ်မြတ်နိုးပေးနိုင်မယ့်သခင်နဲ့ဆုံတွေ့ခဲ့ရတယ်။

သူလိုချင်တာတစ်ခုတည်းပဲ
အေးချမ်းစွာသဘာဝအတိုင်းနေလိုတယ်။
သံ‌ယောဇဉ်လေးတွေထားမယ်။
အေးမြတဲ့ခံစားချက်ကိုချစ်တယ်။
နှင်းတွေကိုချစ်တယ်။

ချာလီပေးနိုင်တာတတ်နိုင်တာဟာတစ်ခုတည်းပဲ
ဒါဟာ.... ချစ်ခြင်းမေတ္တာပါ။
ချာလီ့ရဲ့မေတ္တာကြောင့် သခင့်ကိုမေတ္တာတရားဆိုတာ၊ကြင်နာယုယမှုဆိုတာကိုခံစားနိုင်စေခဲ့တယ်။

ဒီသံယောဇဉ်လေးတစ်ခုအပေါ် နောက်ဆုံးထွက်သက်အထိ သစ္စာရှိခဲ့တယ်။

သူမရှိရင်မနေနိုင်မှာ လောကကြီးပျက်သုဉ်းသလိုခံစားရမယ့် သခင်အတွက် ချာလီ့ရဲ့ကိုယ်ပွားသံယောဇဉ်လေးတစ်ခုပေးခဲ့တယ်။

ချာလီကမူယာမာယာမများဘူး။
လူကိုလည်းမလှည့်ဖျားတတ်ဘူး။
ရင်ကိုနာကျဉ်စေမယ့် နှုတ်မရမယ့် စကားလုံးတွေထက် အပြုသဘောဆောင်တဲ့ အမူအရာတွေ၊နမ်းရှုံ့တတ်တာ၊ပွေ့ဖက်တာတွေနဲ့ ချစ်ခြင်းမေတ္တာကိုသာဖော်ပြလေ့ရှိတယ်။

ဒီရပ်ကွက်၊ဒီမြို့၊ဒီနိုင်ငံသာမက၊ဒီကမ္ဘာတစ်ခွင်လုံးမှာ ချစ်ခြင်းမေတ္တာကိုမျှော်လင့်နေကြတဲ့ စွန့်ပစ်ခံတိလေးများစွာရှိတယ်။

အဖိုးအခများစွာပေးရတဲ့တိလေးတွေလိုပဲ စွန့်ပစ်ခံတိလေးတွေဟာလည်း အချစ်ခံရထိုက်ပါတယ်။



Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon