ရေတွက်လို့မရတဲ့ ကမ္ဘာပေါင်း ၄ ခါကြုံတယ်။
ရေတွက်လို့ရတာက ကမ္ဘာပေါင်း တစ်သိန်း။
အဲလောက်တောင် ဘုရားဖြစ်ဖို့ ဘဝတွေစတေးခဲ့ရတယ်။ ပါရမီဖြည့်ကျင့်ခဲ့ရတဲ့ ကမ္ဘာတွေကိုတောင်
ရေတွက်လို့မရနိုင်ဘူး။ ဘဝနဲ့တွက်ရင် ဘယ်နှစ်ဘဝ ဖြည့်ခဲ့ရတယ်ဆိုတာ ပိုဝေးသွားပါပြီ။
အဲလောက်တောင် အကြာကြီးစတေးခဲ့ရပါတယ်။
နောက်ဆုံးတော့ ဒီနေရာမှာ
ဗုဒ္ဓစင်စစ် ဧကန်ဖြစ်ခဲ့ပါတယ် ။
ကမ္ဘာမြေတစ်ခုလုံးမှာလည်း
ဒီနေရာဟာ အမြင့်မြတ်ဆုံးဖြစ်ပါတော့တယ်။
တစ်ခေါက်တခါ အရောက်လှမ်းလာခဲ့ဖို့
မင်္ဂလာဂယာမှ တာဝန်ယူပါရစေ 🙏🏻
MINGALAR GAYA
Mingalar Gaya
မင်္ဂလာဂယာ ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့ Graphic Designs & Online Marketing
04/06/2026
သီရိလင်္ကာ ဗုဒ္ဓမြတ်စွယ်တော် (ဖြစ်ရပ်မှန်)
▪️လူ၊ နတ် ၊ ဗြဟ္မာ သတ္တလောကအားလုံးတို့၏ ဆရာ ၊
သုံးလောကထွဋ်ထား ဗုဒ္ဓမြတ်စွာဘုရားကို
သက်ရှိထင်ရှား တစ်ကြိမ်ဖူးမြင်ခွင့် ရရှိပါက
လူပြည် ၊ နတ်ပြည်တို့၏ စည်းစိမ်ချမ်းသာကို
ပေးစွမ်းနိုင်သည်သာမက
အရိယာမဂ်ကို ရဖို့အတွက်လည်း
ကောင်းကျိုးသုခများကို ပေးစွမ်းနိုင်ပါတယ် ။
▪️သက်တော် ၈၀ ၊ ဝါတော် ၄၅ ဝါ အရောက်မှာ
ကံစွမ်းမကုန်သေးသော်လည်း သက်တမ်းတိုတဲ့
သင်္ခါရလောကကို မလွန်ဆန်ဘဲ
မလ္လာမင်းတို့ရဲ့ ကုသိနာရုံ အင်ကြင်းစုံမှာ
မဟာ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ပါပြီ။
▪️ကြွင်းကျန်ရစ်သော ဓာတ်တော် မွေတော်များကို
ပညာတတ်ဒေါနပုဏ္ဏားက တိုင်းပြည်(၈)ပြည်တို့ကို
အညီအမျှ ခွဲဝေပေးခဲ့ပါတယ်။
▪️လူ့ပြည်က တိုင်းပြည်(၈)ပြည် ၊ နဂါးပြည်၊ နတ်ပြည်တို့လည်း
ဓာတ်တော်ခွဲယူတဲ့နေရာမှာ ပါဝင်ခဲ့ပါတယ်။ မြတ်စွာဘုရားရဲ့ အကြီးဆုံးဓာတ်တော်များဖြစ်တဲ့ စွယ်တော် လေးဆူလုံးဟာ ပကတိအတိုင်းကြွင်းကျန်ရစ်ပါတယ်။
▪️လူ့ပြည်က လက်ဝဲအထက်စွယ်တော် နှင့် လက်ဝဲအောက်စွယ်တော် နှစ်ဆူ တို့ကို ရရှိလိုက်ပါတယ်။ ကျန်စွယ်တော် နှစ်ဆူမှာ နတ်ပြည် နှင့် နဂါးပြည်တို့က တစ်ဆူစီ (တန်ခိုးကိုအသုံးချပြီး) ပင့်ဆောင် သွားခဲ့ကြပါတယ်။
▪️လူ့ပြည်ရဲ့ စွယ်တော် နှစ်ဆူရှိတဲ့အခါမှာ အထက်လက်ဝဲ စွယ်တော်ဟာ
တရုတ်နိုင်ငံ လင်ကွမ်းကျောင်းတော်မှာ ယခုတိုင် မူရင်းမပျက်ကိန်းဝပ် စံပယ်လျက် ရှိပါတယ်။ အောက်လက်ဝဲဖက် စွယ်တော်မှာ လင်္ကာဒီပ (ခ) သီဟိုဠ်ကျွန်း (ခ) သီရီလင်္ကာနိုင်ငံ ၊ ကန္ဒီမြို့မှာ ယနေ့တိုင် ကိန်းဝပ်စံပယ်လျက်ရှိနေပါတယ်။
▪️အေဒီ (၁၂) ရာစုမှာ ဓမ္မကိတ္တိမထေရ် ရေးသားခဲ့တဲ့ ဒါဌာဝံသကျမ်း ရဲ့ အဆိုအရ ယခုသီရိလင်္ကာစွယ်တော်မြတ်သည် အိန္ဒိယနိုင်ငံ ၊ ကလိင်္ဂတိုင်း ၊ ဒန္တပူရ ပြည်မှာ နှစ်ပေါင်း (၈၀၀) ကျော် စံတော်မူခဲ့ပါတယ်။ ဗုဒ္ဓဘာသာမဟုတ်သူများက စွယ်တော်မြတ်ကို ဖျက်စီးဖို့ အကြိမ်ကြိမ် ကြိုးစားမှုရှိခဲ့ပါတယ်။
▪️ ဗုဒ္ဓဘာသာမဟုတ်သူများ များပြားလာတဲ့အခါ
ကာလိင်္ဂတိုင်းဟာ နိုင်ငံရေးရာ မတည်ငြိမ်မှုများ မကြာခဏ ဖြစ်ပွားနေခဲ့ပါတယ်။
ဘုရင်ဂုဟသီ၀ သည် သမီးတော် ဟေမမာလာ နှင့် သမက်တော် ကုမာရ တို့ကို သီရိလင်္ကာနိုင်ငံသို့ တိမ်းရှောင်ဖို့အတွက် စေလွှတ်လိုက်ပါတယ်။ အဲဒီအချိန်က သီဟိုဠ်ဘုရင် (သိရိလင်္ကာနိုင်ငံဘုရင်) မဟာသေနမင်းဟာ
ကာလိင်္ဂတိုင်းဘုရင် ဂုဟသီဝရဲ့ မိတ်ဆွေဖြစ်နေခဲ့ပါတယ်။
▪️ဟေမမာလာ နှင့် ဒန္တကုမာရမင်းသား တို့ဟာ ရုပ်ဖျက်ပြီး သီရိလင်္ကာနိုင်ငံသို့ ထွက်ပြေးခဲ့ကြတယ်။ ဗုဒ္ဓမြတ်စွယ်တော်ကို သီဟိုဠ် (သီရိလင်္ကာ)သို့ တပါတည်း ပင့်ဆောင်သွားခဲ့ကြပါတယ်။
▪️စွယ်တော်မြတ် သီဟိုဠ် ကျွန်းပေါ် ရောက်လာသောအခါ မဟာသေနမင်းဟာ
နတ်ရွာစံ ကံတော်ကုန်နေခဲ့ပါပြီ။ နောက်မင်းဆက်ဖြစ်တဲ့ သိရိမေဃဝဏ္ဏ ဘုရင်ဟာ ဗုဒ္ဓသာသနာကို အလွန်ကြည်ညိုသူဖြစ်ပါတယ်။
▪️စွယ်တော်မြတ်ကို ပင့်ဆောင်လာသူ မင်းသားနဲ့ မင်းသမီးတို့ကိုလည်း အလွန်အကဲ ချီးမြှောက် ကြိုဆိုခဲ့ပြီး ဗုဒ္ဓစွယ်တော်မြတ်ကို ရတနာကြုပ်တော်မှာ စံပယ် ထားရှိခဲ့ပါတယ်။ စွယ်တော်မြတ်အား အနုရာဓပူရ နေပြည်တော်၊ ဒေဝါနံပိယတိဿ မင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဓမ္မစက္ကကျောင်းမှာ ပူဇော်ထားရှိခဲ့ကြပါတယ်။
▪️လင်္ကာဒီပ ခေါ် သီဟိုဠ်ကျွန်းသည် ယခင်က လူမနေတဲ့ ကျွန်းတစ်ကျွန်း ဖြစ်ခဲ့ပါတယ်။ လူနေနိုင်ငံအဖြစ် စတင်တည်ထောင်တဲ့ ဝိဇယမင်းသားနှင့် အပေါင်းအပါများ ဟာ ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူသည်နေ့ မှာ သီဟိုဠ်ကျွန်းသို့ စတင်ရောက်ရှိခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ပြောပါတယ်။
▪️သီရိလင်္ကာနိုင်ငံသားတို့သည် ဗုဒ္ဓ၏အဆုံးအမဖြင့် ယခုချိန်အထိ နေထိုင်နေကြသောကြောင့် စိတ်နေစိတ်ထား ကောင်းမွန်ကြပြီး ကူညီလိုစိတ် အပြည့်အဝရှိကြတဲ့သူများဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံဟာ ကမ္ဘာတွင်ထေရဝါဒဗုဒ္ဓဘာသာ (၅)နိုင်ငံထဲက တစ်နိုင်ငံ အပါအဝင်ဖြစ်ပါတယ်။
▪️မြတ်စွယ်တော်အား ပုံမှန်အချိန်များမှာ စွယ်တော်တိုက်ရဲ့( ၆ပေ ) အကွာမှ
အဖြူရောင် အဝတ်အစားကို ဝတ်ဆင်မှသာ ဖူးမျှော်ခွင့်ပြုထားပါတယ်။
မြတ်စွာဘုရား ရုပ်ထုတော်များကို ကျောခိုင်း၍ ဓါတ်ပုံရိုက်ခြင်းကို ခွင့်မပြုပါ။ သီရိလင်္ကာ နိုင်ငံသားတို့၏ ဗုဒ္ဓအပေါ်ထားရှိသော ကြည်ညိုလေးစား သဒ္ဓါတရားကို မြင်တွေ့နိုင်ပါတယ်။
▪️ယခုအခါတွင် မြတ်စွယ်တော်ရှိရာ သီရိလင်္ကာနိုင်ငံသို့ ၂၀၂၆ ဇွန်လ ၂၁ မှ ၂၆ ထိ သွားရောက်လည်ပတ်ရန် ကျွန်တော်တို့ မင်္ဂလာဂယာ @ Mingalar Gaya မှ စီစဉ် လျက် ရှိပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ခင်ဗျား ....။
▪️ဗုဒ္ဓဘာသာတိုင်း ဗုဒ္ဓရဲ့ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ
▪️ဗုဒ္ဓဘာသာတိုင်း ဗုဒ္ဓရဲ့ မြင့်မြတ်တဲ့နေရာဌာနများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဖူးမြော်နိုင်ကြပါစေ ..
▪️ဗုဒ္ဓဘာသာတိုင်း ဗုဒ္ဓရဲ့ ဓမ္မများကို တန်ဖိုးထား မြတ်နိုးနိုင်ကြပါစေ
MINGALAR GAYA
မင်္ဂလာဂယာဗုဒ္ဓဂယာဘုရားဖူးအဖွဲ့
04-06-2026
02/06/2026
#နံနက်ချိန်ခါ
#မင်္ဂလာ
#ဗုဒ္ဓမေတ္တာပန်း
#ပွင့်လန်းကြပါစေ
Mingalar Gaya
အိန္ဒိယ ၊ အယုဒ္ဒယမြို့တော်
Mingalar Gaya
မင်္ဂလာဂယာဗုဒ္ဓဂယာဘုရားဖူးအဖွဲ့ က ကြိုဆိုပါတယ်
TIKTOK > https://www.tiktok.com/
TELEGRAM > https://t.me/mingalargaya
FACEBOOK > https://www.facebook.com/mingalargaya
YOYTUBE > https://www.youtube.com/
WhatsApp > https://www.whatsapp.com/ (+959400025953)
Mingalar Gaya
ဝေသာလီ မင်္ဂလာရေကန်
Rajgir
ရာဇဂြိုဟ်
နာလန္ဒာ
Nalanda
ဗုဒ္ဓသံမဏိဒါရှန်၊ ဝေသာလီ
Click here to claim your Sponsored Listing.
Location
Contact the business
Telephone
Website
Address
Parami Road South Okkalapa
Yangon
