ရဲတော်ဝင်

ရဲတော်ဝင်

Share

တွဲလက်ညီညီ ရှေ့သို့ချီ ရဲတော်ဝင်လာပြီ

24/05/2019

ရဲတော်ဝင်

16/07/2016

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်ဝင်ရောက်တာဝန်ထမ်းဆောင်ရန်သင့်အားကြိုဆိုပါတယ်

တက္ကသိုလ်ဝင်တန်း အောင်မြင်သူ/ကျရှုံးသူများအနက် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ရန် ကြိုဆိုအပ်ပါသည်-
အမျိုးသားများအတွက်

(က) အသက်(၁၈)နှစ်ပြည့်ပြီး(၃ဝ)နှစ်ထက်မကျော်လွန်သူ။
(ခ ) ပညာအရည်အချင်း(၈)တန်းအောင်နှင့်အထက်ရှိသူ။
(ဂ ) အရပ်အမြင့်(၅ ပေ ၃ လက်မ)နှင့်အထက်ရှိသူ။
(ဃ) ကိုယ်အလေးချိန်(၁၁ဝ)ပေါင်နှင့်အထက်ရှိသူ။
(င ) ကျန်းမာရေးကောင်းမွန်သူ။
(စ ) ပါတီနိုင်ငံရေးကင်းရှင်းသူ။
(ဆ) သတ်မှတ်မျက်မြင်(၁၂)ချက်နှင့်ပြည့်စုံသူ။
(ဇ ) ဥပဓိရုပ်ကောင်းမွန်သူ။

အမျိုးသမီးများအတွက်

(က) အသက်(၁၈)နှစ်ပြည့်ပြီး(၃ဝ)နှစ်ထက်မကျော်လွန်သူ။
(ခ ) ပညာအရည်အချင်း(၁ဝ)တန်းအောင်နှင့်အထက်ရှိသူ။
(ဂ ) အရပ်အမြင့်(၅ ပေ ၂ လက်မ)နှင့်အထက်ရှိသူ။
(ဃ) ကိုယ်အလေးချိန်(၉၅)ပေါင်နှင့်အထက်ရှိသူ။
(င ) အိမ်ထောင်မရှိသူ(အပျို)ဖြစ်ရမည်။
(စ ) ကျန်းမာရေးကောင်းမွန်သူ။
(ဆ) ပါတီနိုင်ငံရေးကင်းရှင်းသူ။
(ဇ ) သတ်မှတ်မျက်မြင်(၁၂)ချက်နှင့်ပြည့်စုံသူ။
(ဈ ) ဥပဓိရုပ်ကောင်းမွန်သူ။

အခွင့်အလမ်းများ

(က) ရဲတပ်သားသစ်သင်တန်းတက်ရောက်နေစဉ်အတွင်းလစာငွေ
(၁၂ဝဝဝဝိ/-)နှင့် အခြားခံစားခွင့်များ ရရှိမည်။
(ခ ) တက္ကသိုလ်ဝင်တန်း ကျရှုံးသူများအား စာမေးပွဲ
ဆက်လက်ဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်။
(ဂ ) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများအား
တက္ကသိုလ်ပညာဆက်လက်သင်ယူနိုင်ရေး
စီစဉ်ဆောင်ရွက်ပေးမည်။
(ဃ) ဘွဲ့ရရှိပြီးပါက အနီးဆုံးဒုတိယရဲအုပ်လောင်းသင်တန်းသို့
တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်။
(င ) သတ်မှတ်ချက်နှင့်ကိုက်ညီက အထက်အဆင့်မြင့်
အရာရှိစာမေးပွဲများသို့ ဝင်ရောက်ဖြေဆိုနိုင်ပါသည်။
(စ ) နေအိမ်လိုင်းခန်း၊ ရေ/မီး၊ မော်တော်ယာဉ်အခမဲ့သုံးစွဲခွင့်ရရှိမည်။
(ဆ) ရဲတပ်ဖွဲ့ဝတ်စုံ၊ ချပ်ဝတ်တန်ဆာ၊ အထောက်အကူပြုပစ္စည်းများ
အခမဲ့ထုတ်ပေးရရှိမည်။
(ဇ ) သတ်မှတ်လစာနှုန်းထားများအပြင် ရိက္ခာငွေ(၁)ရက် (၁ဝဝဝိ/-)
နှုန်းခံစားရရှိမည်။
(ဈ ) ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးထောက်ပံ့မှုများခံစားရရှိမည်။
(ည) တာဝန်/ခွင့် ဖြင့်သွားလာ ရာတွင် လေယာဉ်၊ ရထား၊ သင်္ဘော၊
မော်တော်ယာဉ်တို့အား နိုင်ငံတော်စရိတ်ဖြင့်
ကျခံသုံးစွဲခွင့်ရရှိမည်။
(ဋ ) နိုင်ငံခြားတိုင်းပြည်များသို့ပညာတော်သင်စေလွှတ်ခြင်း၊
သင်တန်းများတက်ရောက်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ/အစည်း
အဝေးပွဲများတက်ရောက်ခြင်းစသည့် အခွင့်အရေးများရရှိမည်။
(ဌ ) အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့တို့၌
တာဝန်ထမ်းဆောင်ခွင့်ရရှိမည်။
(ဍ ) မိမိကြိုက်နှစ်သက်သည့် ရဲတပ်ဖွဲ့များသို့
ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်ရှိသည်။
(ဎ ) (၁၁)လ တာဝန်ထမ်းဆောင်ပြီးက ခွင့်(၄ဝ)ရက် ခံစားခွင့်ရှိသည်။
၎င်းအပြင် ကျန်းမာရေးမကောင်းပါက ဆေးလက်မှတ်ခွင့်များလည်း
ခံစားခွင့်ရှိသည်။
(ဏ) အမျိုးသမီးတပ်ဖွဲ့ဝင်များ ကိုယ်ဝန်ဆောင်တိုင်း
မီးဖွားခွင့်(၆)လခံစားခွင့်ရှိသည်။
(တ) အမျိုသားတပ်ဖွဲ့ဝင်များသည် ဇနီးသည်ဝန်ထမ်းဖြစ်က
ကလေးပြုစုစာင့်ရှောက်ခွင့် (၁၄)ရက် ခံစားခွင့်ရှိသည်။

Credit- ကြေးမုံသတင်းစာ

Photos 16/07/2016

ပြည်သူကိုဗဟိုပြုခြင်းထက် ပြည်သူကိုစောင့်ရှောက်ကာ ကယ်ဆယ်ပြုစုနေတဲ့ အမြန်လမ်းမကြီးလုံခြုံရေးရဲတပ်ဖွဲ့......
......

Photos 16/07/2016

ပေါက်စီဆိုင်တစ်ဆိုင်ဟာ အရမ်းကိုရောင်းကောင်းပါတယ် ပေါက်စီက အလုံးကြီးသလို အဆာသွပ်ထားတာလည်းများပြီး အရသာ ကလည်းကောင်းတော့ အမြဲတမ်းဆိုင်မှာ လာဝယ်တဲ့သူတွေ ပေါင်းအိုးထဲက ထုတ်လာတဲ့ အငွေ့တထောင်းထောင်းနဲ့ မွေးကြိုင်ဖြူ အိနေတဲ့ ပေါက်စီပူပူနွေးနွေးတွေကို လာစောင့်ပြီး ဝယ်စားတဲ့သူတွေ နဲ့ ဆိုင်မှာအမြဲ
လူပြည့်နေတတ်ပါတယ်။

ဒီလိုနဲ့တစ်နေ့မှာ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နဲ့ သူတောင်းစားတစ်ယောက်ဟာ ဆိုင်တံခါးဝမှာမဝံ့မရဲ ပုံစံနဲ့လာရပ်တယ်။ဈေးဝယ်တစ်ချို့ က နှခေါင်းရှုံပြီး သူ့ကိုကွင်းသွားကြတယ်
ဆိုင်အလုပ်သမားတစ်ယောက်ကထွက်လာပြီး သူတောင်းစားကိုဆဲလည်းဆဲ ဆိုင်ထဲကလည်း မောင်းထုတ်တော့တယ်။

ဒါပေမဲ့ သူတောင်းစားက
ကမန်းကတန်ူးရှင်းပြရှာတယ်
“ကျွန်တော် လာတောင်းစားတာ မဟုတ်ပါဘူးခင်ဗျာ ပေါက်စီလာဝယ်တာပါ ”
လို့ကြောက်ကြောက်လန့်လန့်နဲ့ပြောရှာရင်း
လက်ထဲမှာဆုတ်ထားတဲ့ ပိုက်ဆံလေးတွေ ကိုဖြန့်ပြရှာတယ်။ ဆိုင်အလုပ်သမားကနားမထောင်ပဲ
အမြင်ကတ်ကတ်နဲ့ သူတောင်းစားလက်ကို ပုတ်ထုတ်ပစ်တော့ ပိုက်ဆံတွေကြမ်းပြင်ပေါ်ပြန့် ကျဲကျသွားကုန်လေရော...

သူတောင်းစားလေးလဲ ကမန်းကတန်းနဲ့ အလန့်တကြားသူ့ပိုက်ဆံလေးတွေ ကိုပြန်လိုက်ကောက်ရှာတယ်...ဒါပေမဲ့သူ့ပိုက်ဆံက ၅၀ တန်တစ်ရွက်လိုနေရာ အောက်အကျမှာ သူ့ငါးဆယ်ကျပ်တန်လေးတစ်ရွက်က ဆိုင်ထဲ လွင့်ပါသွားတာ သူဘယ်လိုကုန်းရှာရှာ
မတွေ့ဘူးဖြစ်နေရော...

အဲ့အချိန်မှာပဲ
“ဒါသင့်ရဲ့ပိုက်ဆံ ဟုတ်ပါသလားခင်ဗျာ ”
သူမော့ကြည့်လိုက်တော့ ဆိုင်ပိုင်ရှင်ဦးလေး သဌေးကြီး ကိုယ်တိုင်ဖြစ်နေရော သူတောင်းစားလေးလဲ သာမှပြန်မပြောရဲတဲ့အပြင် သူ့ပိုက်ဆံတောင် သူပြန်မယူရဲတော့ပဲ
ဆိုင်ထဲကနေလှည့်ထွက်ပြေးမလို့ပြင်ရှာတယ်

ဒါပေမဲ့သူဌေးက သူ့ကိုရပ်ခိုင်းပြီး
“ ဝမ်းသာကြို ဆိုပါတယ်
ဘာအဆာသွပ်ပေါက်ဆီများ ရချင်ပါသလဲခင်ဗျာ ” လို့ ချိသာပြုံးရွင်စွာနဲ့ ကြိုဆိုရင်ပြောတယ် ...

သူတောင်းစားလည်း အံ့သြစွာနဲ့ကြောင်နေရှာရော ပြီးတော့မှမဝံ့မရဲနဲ့
" ကျွန်တော် ဝက်သားပေါက်စီတစ်လုံးရချင်လို့ပါခင်ဗျာ"
လို့ပြောရော သူဌေးကြီးက
“ အော်ရပါတယ်ခင်ဗျာ ခဏစောင့်ပါ ”ဆိုပြီ ပေါင်းအိုးထဲကပေါက်စီတစ်လုံးကိုယူပြီး သူတောင်းစားကို ထုတ်ပိုးပေးလိုက်ပါတယ် ....

ပြီးတော့မှသူ့ရဲ့ အလုပ်သမားဖက်လှည့်ပြီးပြောကာ
“ ဒါလား မင်းရဲ့ဖောက်သည်အပေါ် ဆက်ဆံတဲ့ပုံစံ ???
“ သူက သူတောင်းစားလေခင်ဗျာ ” “ သူ့ဖာသာသူတောင်းစားမကလို့ ဘာပဲဖြစ်ဖြစ်ပေါ့ ငါတို့ဆိုင်လာဝယ်ရင်ငါတို့ရဲ့ဧည့်သည်ဖောက်သည်ပဲ ကွ ...မင်းကိုငါ အလုပ်ဖြုတ်တယ်"
ဆိုပြီးတန်းအလုပ်ထုတ်ပစ်ရော...

အဲ့ဒီနောက်တော့ နောက်နေ့တွေမှာ ဆိုင်ကဖောက်သည်တွေ အံ့သြလန့်ဖြန့်ကုန် စေတာကတော့ သူဌေးကြီးဟာ အဲ့ဒီသူတောင်းစားလေးကို ဆိုင်အလုပ်သမားခန့်ထားလိုက်တာပါပဲ

ပြီးတော့ သူတောင်းစား လူငယ်လေးဟာလည်း ဆံပင်မုတ်ဆိတ်တွေရှင်းပြီး သန့်သန့် ပြန်ပြန့်လေး ဝတ်စားဆင်ရင်လိုက်တော့ ခန့်ညားကြည့်ကောင်းတဲ့ လူငယ်လေးဖြစ်နေယုံတင်မကဘူး အရမ်းရိုးသားကြိုးစားပြီး ဆိုင်ရဲ့အင်မတန်ကောင်းမွန်တဲ့ အလုပ်သမားဖြစ်နေတော့တာပါပဲ ..

ဒါနဲ့ ဖောက်သည်တွေက နောက်ကျတော့ ဆိုင်ရှင်သူဌေးကြီးကိုမေးကြတာ
“ ဒီကောင်လေးဟာ ပတ္တမြားနွံနှစ်လေးပဲဖြစ်တယ် ဆိုတာ ခင်ဗျားဘယ်လိုလုပ်ပြီး အကဲဖြတ်တာလဲ မီးခဲပြာဖုံးဆိုတာ ဘယ်လိုသိနေတာလည်း?"
ဆိုတော့ သူဌေးကပြောတာ
“တကယ်တမ်းတော့ အရမ်းကိုလွယ်ပါတယ် သူဟာပေါက်စီကို လာတောင်းစားတာမဟုတ်ဘူး ပိုက်ဆံတွေ ခက်ခက်ခဲခဲစုလာပြီး ပိုက်ဆံရှိတော့မှ
ငါ့ပေါက်စီကို လာဝယ်စားကတည်းက သူ့ကိုယ်သူ လေးစားတဲ့သူဖြစ်တယ်ဆိုတာ သိနေနိုင်တာပါပဲ” တဲ့။

တစ်ပါးသူကို လေးစားတတ်တာဟာ
မိမိကိုယ်ကိုယ်လေးစားတတ်ခြင်းပါပဲ။

ကိုယ့်ကိုယ်ကို လေးစားတဲ့သူမျှ သာလျှင်
ကိုယ်လုပ်တဲ့ အလုပ်ကိုလေးစားတတ်မှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

credit to original Uploader

16/07/2016

ဗဟုသုတအဖြစ်သိမ်းထားပါအမျိုးတွေ
ကြီးကြီးငယ်ငယ် ယောက်ျား မိန်းမ မရွေးဖြစ်တတ်တယ်
ဂရုစိုက်ကြပါဗျ

လေဖြတ်မည့် ရှေ့ပြေး လက္ခဏာ (၁၀)ချက်
-------------------------------------------------

၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)
၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)
၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)
၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)
၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)
၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)
၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)
၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)
၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime)
အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ ထုံကျဉ်ခြင်း။
လက်ညှိုး၊ လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)
၁၀။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ ဆိုသည့်စကားအတိုင်း အထက်ပါ လက္ခဏာများ ပေါ်ပေါက်လာပါက လေဖြတ်လာနိုင်သည့်အတွက် အနေအထိုင်၊ အစားအသောက်၊ အသွားအလာ ဆင်ခြင်ခြင်းဖြင့် လေဖြတ်ခြင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ကြပါစေရန် ကျန်းမာရေးသတင်းများမှ ပြန်လည်မျှဝေပေးလိုက်ပါသည်။

Photos from ရဲတော်ဝင်'s post 15/07/2016

အာဇာနည်နေ့ မြန်မာတစ်မျိုးသားလုံး အလိုလိုဝမ်းနည်းမျက်ရည်ကျရတဲ့နေ့.....

Photos 15/07/2016

ကဲ အပျော်လေးပါ ...
မြန်မာ့ရေပန်းအစားဆုံးရုပ်ရှင်ကားသစ်ပါ..အားပေးပါဦး....
မူရင်ပိုင်ရှင်ကို ခွက်ဒစ်ပေးတယ်နော်

Photos 15/07/2016

Brexitလို့ခေါ်တဲ့ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂကနေနှုတ်ထွက်အပြီးမှာ နိုင်ငံရေးအရလှုပ်ခတ်ပြီး ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းနှုတ်ထွက်ပြီး
ဝန်ကြီးချုပ်အသစ်အဖြစ် ထရီဆာမေက တာဝန်လွှဲပြောင်းရယူခဲ့ပါတယ်....

ဝန်ကြီးချုပ်သစ် ထရီဆာမေနဲ့ ခင်ပွန်းဖိလစ်ကိုဒေါင်းနင်းလမ်းအမှတ်၁၀နေအိမ်ရှေ့တွေ့မြင်ရပုံဖြစ်ပါတယ်....
Crd...afp

Photos 15/07/2016

သေဆုံးသူ ၈၄ဦးအထိရှိလာပြီဖြစ်တဲ့ ပြင်သစ်နိုင်ငံ က အစွန်းရောက်တစ်ဦးရဲ့ ထရပ်ကားနဲ့လူအုပ်ကိုဝင်တိုက်တာကိုမြင်ရတော့ အကြမ်းဖက်မှုတွေကို ရွံရှာလာတယ်....

ပုံထဲကပန်းလေးက ဝမ်းနည်းကြောင်းပြထားပေမယ့် လူ၈၄ယောက်အသက်က ဖော်ပြလို့မရတဲ့ဆုံးရှူံးမှုပေါ့ဗျာ.....

Photos 15/07/2016

ရန်ကုန်မြို့ ရှိ ဒိုင်နာ ယာဉ်လိုင်းများနှင့် ဘီအမ် ယာဉ်လိုင်းများကို လျှော့ချရန် စီစဉ်
+++++++++++++++++++++++++++++++++++++++++++++++++++++

ရန်ကုန်၊ ဇူလိုင် ၁၄

ရန်ကုန်မြို့ရှိ ယာဉ်လိုင်းများလျှော့ချရာတွင် ဒိုင်နာယာဉ်လိုင်းများနှင့် ဘီအမ်ယာဉ်လိုင်းများကို လျှော့ချသွားရန်စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူးဒေါက်တာ မောင်အောင်ကပြောသည်။ လျှော့ချ၍ရသော ယာဉ်လိုင်းများကို ဦးစွာလျှော့ချသွားမည်ဖြစ်ပြီး ယာဉ်တိုက်မှုများ၊ တိမ်းမှောက်မှုအများဆုံးဖြစ်သော ဒိုင်နာယာဉ်လိုင်းများ နှင့် ဘီအမ်ယာဉ် လိုင်း များကို တဖြည်း ဖြည်းလျှော့ချရန်စီစဉ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ''အခုက လေ့လာနေတုန်းပါ။ လျှော့ချလို့ရတဲ့ယာဉ်လိုင်းတွေကို လျှော့ချသွားမယ်။ ယာဉ် တိုက်မှုအများဆုံးဖြစ်တဲ့ ဒိုင်နာယာဉ်လိုင်းတွေကို တဖြည်း ဖြည်းလျှော့ချဖို့စဉ်းစားနေတယ်''ဟု ပြောသည်။ လက်ရှိရန်ကုန်မြို့တွင်း လမ်း ကြောင်းတူ ယာဉ်လိုင်းများပြားလာ ခြင်းကြောင့် ခရီးသည်ရရန် အပြိုင် အဆိုင်မောင်းနှင်နေခြင်းကြောင့် ခရီးသည်များ အန္တရာယ်အတွက် စိုးရိမ် ရခြင်းကြောင့် ရန်ကုန်တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အနေဖြင့် ခရီးသည်ယာဉ်လိုင်းလျှော့ချရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိရန်ကုန်မြို့တွင် တိုင်း ပြည်၏အခြေအနေအရ ဒိုင်နာယာဉ်လိုင်း ၂၃ လိုင်းမှ ယာဉ်အစီး ရေ ၃၃ဝ ကျော်ဖြင့် ပါဝင်ပြေးဆွဲ ပေးနေကြောင်း သိရသည်။ ခရီးသွားပြည်သူတစ်ဦးက'' ယာဉ်လိုင်းတွေလျှော့ချမယ် ဆိုရင် ဘီအမ်ယာဉ်လိုင်းတွေ၊ ဒိုင်နာကားတွေကို လျှော့ပေးရမှာ၊ ဒီကားတွေက အန္တရာယ်သိပ်များတာ၊ အသက်ကြီးတဲ့သူတွေဆိုရင်အဆင်မပြေဘူး၊ အရပ်လည်းမလွတ်ဘူး၊ ကားကသေးတော့ အရမ်းမောင်း ကြတာ၊ စီးနင်းသူတွေ အသက်အန္တရာယ် တော်တော်များ တယ်''ဟု ပြောသည်။ လက်ရှိရန်ကုန်မြို့တွင် ခရီးသည် ယာဉ်လိုင်း ၃ဝဝ ကျော်မှ ယာဉ်အ စီးရေ ၄ဝဝဝ ကျော်ဖြင့် ပြေးဆွဲပေး နေကြောင်းသိရသည်။

ACKK

ခေတ်စားလာတဲ့ ပိုကီမွန်ဂိုး ဂိမ်း ရာဇဝတ်မှုတွေဖြစ်စေပေမယ့် ပြဿနာတွေဝိုင်းနေတဲ့ရဲတပ်ဖ� 15/07/2016

ကမ္ဘာ့သတင်း
.
ပုံရိပ်ယောင်ပိုကီမွန်ဇာတ်ကောင်လေးတွေကို ရှာဖွေနေတဲ့ ဂိမ်းကစားသူ ၇ သန်းကျော်ရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာ သည်ဂိမ်းစတင်မိတ်ဆက်ပြီး တစ်ပတ်မပြည့်ခင်မှာပဲ လူအများရဲ့တုံ့ပြန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။

ဝါရှင်တန်ဒီစီအပြင်ဘက်က အာလင်တန်အမျိုးသားသုဿန်အပါအဝင် သီးသန့်နယ်မြေတွေကလည်း ဂိမ်းကစားသူ တွေကို သည်နေရာတွေနဲ့ဝေးဝေးနေကြဖို့ တိုက်တွန်းထားပြီး အမေရိကန်ဟိုလိုကော့စ်အထိမ်းအမှတ်ပြတိုက် ကလည်း သည်ဂိမ်းကနေ သူတို့နေရာကို ဖယ်ရှားပေးဖို့ တောင်းဆိုထားတယ်လို့ ပြတိုက်ပြောခွင့်ရ အမျိုးသားတစ်ဦးကပြောပါ တယ်။

အမေရိကန်ပြည်ထောင်စုတ၀န်းမှာလည်း ဂိမ်းကစားသူတွေဟာ သည်ပုံရိပ်ယောင်တွေကိုရှာဖွေဖို့မဲမှောင်နေတဲ့ နောက်ဖေးလမ်းကြားတွေနဲ့ အန္တရာယ်ရှိတဲ့အနီးအနား နေရာတွေကို သွားရောက်ကြတာကြောင့် ရာဇဝတ်သားတွေ ရဲ့ပစ်မှတ်တွေ ဖြစ်လာကြပါတယ်။


http://goo.gl/8pKGV6

ခေတ်စားလာတဲ့ ပိုကီမွန်ဂိုး ဂိမ်း ရာဇဝတ်မှုတွေဖြစ်စေပေမယ့် ပြဿနာတွေဝိုင်းနေတဲ့ရဲတပ်ဖ� ဇူလိုင် ၁၄ ။ အခုလတ်တလော အမေရိကန်ပြည်ထောင်စုမှာ စွဲစွဲလမ်းလမ်းကစားနေကြတဲ့ ပိုကီမွန်ဂိုး ဂိမ်းကြောင့် စိတ်အာရုံ ထွေပြားနေတဲ့ မိုဘိုင်းဖုန်းဂိမ်းကစားသူတွေ လုယက်ခံနေရပေမယ့် ဆက်ဆံရေးတင်းမာနေတဲ့ အမေရိကန် ရဲတပ်ဖွဲ့ တွေနဲ့ လူ့အဖွဲ့အစည်းကြား ဆက်ဆံရေးတိုးတက်လာအောင် အကူအညီတော့ဖြစ်စေပြီး သံသယရှိတရား ခံတွေကို တေ...

Photos from ရဲတော်ဝင်'s post 09/07/2016

#ပြောင်းလဲမှုရက်တစ်ရာအတွက်မဟုတ်တစ်သက်တာအတွက်ရဲလုပ်ငန်းပါလို့ဆိုလိုက်တဲ့ရဲတပ်ဖွဲ့..
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

ယခင်အစိုးရနဲ့ ယခုအစိုးရအပြောင်းလဲအပြီး ပြည်သူကို
အစိုးရရဲ့ဝန်ဆောင်မှုတွေကိုချပြရှင်းလင်းတဲ့အနေနဲ့
ရက်၁၀၀စီမံချက်ဆိုတာကြီးက အတော်လှုပ်ခတ်ရေပန်းစားလာတာငြင်းမရတဲ့အချက်ပါ.....

ရက်တစ်ရာအတွက်ဝန်ကြီးဌာနတွေကြိုးစားနေပေမယ့် ပြည်ထဲရေးလက်အောက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတော့အထူးတလည် အရှိန်မြှင့်တာထက် ယခင်လုပ်နည်းများအပေါ် ပိုကောင်းတဲ့အစီအမံတွေချမှတ်နေတာတွေ့ရပါတယ်....မြန်မာပြည်ရဲ့နှလုံးသားလိုခေါ်ဝေါ်ရမယ့်နေရာတစ်ခုကိုကြည့်မိရင်.....

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့: သူတို့ကတော့ဒေါင်ဒေါင်မြည် လှုပ်ရှားအလုပ်များနေတဲ့တပ်ဖွဲ့တစ်ခုလို့ပြောနိုင်ပါတယ် တိုင်းတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်အနေဖြင့် ရက်တစ်ရာမတိုင်မီကတည်းကစီစဉ်ထားတဲ့အစီအမံကိုချပြကာခွင့်ပြုချက်အရ ခရိုင်လေးခုက သတိထားသင့် အလေးနက်ပြုသင့်ဆုံးလေးမြို့နယ်ကိုထုတ်ကာ စီမံချက်ကိုအကောင်ထည်ဖော်ပါတယ်....

လေးမြို့နယ်က လမ်းတိုင်းမှာ အုပ်ချုပ်ရေးအဖွဲ့၊တက်ကြွသောလူငယ်များ အရန်မီးသတ်၊ ရပ်မိရပ်ဖတွေကို အရန်သင့်ထိုင်နေစေတယ် အဲဒီလမ်းတွေကို နယ်မြေခံရဲ တိုင်းရဲအကူ လခရတပ်ခွဲတွေက လှည့်ကင်းစိုးမိုးကာ ထူးခြားမှုရှိကချိတ်ဆက်အရေးယူမှုတွေကြောင့် မှုခင်းအခြေနေတွေ၅၀%ကျော်လောက်ကျဆင်းလာပြီး လှိုင်သာယာ မှာဆို အေးဆေးဖြစ်နေပြီဗျလို့ ပြည်သူတစ်ယောက်ကပြောကြားခဲ့ပါတယ်...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကလဲ "ကျွန်တော်တို့ကရက်တစ်ရာအတွက်အားထည့်နေတာမဟုတ်ဘူး
အမြဲတမ်းအားထည့်ဆောင်ရွက်နေတာပါ စီမံချက်ကြောင့်ဖြစ်လာမယ့် ဆိုးကျိုးတွေကိုတွက်ချက်ပြီးဆောင်ရွက်နေတာပါ ရဲလုပ်ငန်းက ရက်တစ်ရာမဟုတ်ပါဘူး ရှိနေသမျှ ပြည်သူ့ဝန်ထမ်းလုပ်နေသမျှ လုပ်နေရမှာပါ ရန်ကုန်တိုင်းဒေသကြီး ကိုအေးချမ်းစေချင်တာ ကျွန်တော်တို့စိတ်ရင်းအမှန်ပါ"ဟု သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့ပါတယ်...

ထို့ကြောင့်ပင် ရဲလုပ်ငန်း ရဲတာဝန်ဆိုတာ ရက်တစ်ရာမက တစ်သက်စာလုပ်ငန်းပါလို့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ကိုယ်စားပြောကြားပါရစေခင်ဗျာ.....

Crd:MKC

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Address


Dagon Town Ship
Yangon
YANGON