04/04/2025
ဖေးမ တွဲကူ ငလျင်ဘေး အလှူ
ကျွန်တော်တို့ အန်တီဝင်းကလည်း သဘာဝဘေး ငလျင်ဒဏ်သင့် နေရာဒေသများသို့ သွားရောက် လှူဒါန်းလျက်ရှိတဲ့ ခရီးစဉ်ပုံရိပ်များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Haven နဲ့အတူ ကားကြီးနှစ်စီး လိုအပ်သော စားသောက်ကုန် ပစ္စည်းများသည်ဆောင်ပြီး နေပြည်တော် ဧက (၁၀၀၀) ၊ ပျဉ်းမနား ကုတင် (၂၀၀) ပြည်သူ့ ဆေးရုံ များသို့ ခရီးစဉ်တစ်လျောက် လှူဒါန်းလျက်ရှိသော မှတ်တမ်းပုံရိပ်များလည်း ဖြစ်ပါတယ်။
12/02/2025
“ပြည်ထောင်စုနေ့"
ဖေဖော်ဝါရီလ (၁၂)ရက်၊ ၂၀၂၅ ခုနှစ်တွင် ကျရောက်သော (၇၈)နှစ်မြောက် “ပြည်ထောင်စုနေ့”အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
#ပြည်ထောင်စုနေ့
29/01/2025
Happy Lunar New Year !
May this Lunar Year of the Snake bring you endless prosperity, along with good health and joyful life. Wishing you a wonderful year ahead from all of us at ATW.
13/01/2025
(၁၃.၁.၂၀၂၅) မှာ ကျရောက်တဲ့
ပြာသိုလပြည့်(အမေများနေ့)လေးမှာ 👪
မေမေ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး 🌿💃🏿
ကမ္ဘာပေါ်ရှိ မေမေများအားလုံးလည်းစိတ်ချမ်းသာ
ကိုယ်ကျန်းမာ၍လိုအင်ဆန္ဒများပြည့်ဝကြပါစေ ။💒
𝙃𝙖𝙥𝙥𝙮 𝙈𝙤𝙩𝙝𝙚𝙧'𝙨 𝘿𝙖𝙮"
အမေများနေ့ 🤱🏻
06/01/2025
“Hope your special day brings you all that your heart desires! Here’s wishing you a day full of pleasant surprises! Wishing you all the happiness, health and success in the world.
"Happy birthday”
04/01/2025
🇲🇲 လွတ်လပ်ရေးနေ့ ဒို့မမေ့ 🇲🇲🇲🇲
Myanmar Independence Day!
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် နေ့တွင် ကျရောက်သော (၇၇)ကြိမ် မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါတယ်. . 💖
31/12/2024
မင်္ဂလာရှိသော နှစ်သစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြ၍ စီးပွားလာဘ်လာဘများတိုးပွားကြပါစေ ကြောင်း နှစ်သစ် ဆုမွန် ကောင်း တောင်းအပ်ပါတယ် 🙏🙏🙏
25/12/2024
Merry Christmas 🎄 & Happy New Year to you all 🎄
We wish you a Merry Merry Christmas 🎄🎁
11/12/2024
"ဂုဏ်ယူ ၀မ်းမြောက်ပါကြောင်း"
ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပနေတဲ့ ယူနက်စကိုရဲ့ ၁၉ ကြိမ်မြောက် ကမ္ဘာဒြပ်မဲ့ယဥ်ကျေးမှုညီလာခံကနေ “မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာ့ဒြပ်မဲ့ ယဥ်ကျေးမှုစာရင်း(ICH)စာရင်းဝင်အဖြစ် ဒီဇင်ဘာ ၅ ရက်နေ့က ထည့်သွင်းကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ “အတာသင်္ကြန်ပွဲတော်”ဟာ ယူနက်စကိုရဲ့ ဆန်ခါတင်စာရင်းထဲပါဝင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၅ ရက်မှာ အတည်ပြုရွေးချယ်ခဲ့တာဖြစ်ပါတယ်။
မြန်မာ့သနပ်ခါးကိုလည်း ကမ္ဘာ့ဒြပ်မဲ့ ယဥ်ကျေးမှုစာရင်း(ICH)စာရင်းဝင်ဖြစ်လာဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
မြန်မာရိုးရာ “အတာသင်္ကြန်ပွဲတော်”ဟာ ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းထဲကို ပထမဆုံး ပါဝင်လာတဲ့ မြန်မာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ဖြစ်လာတဲ့အတွက် ဂုဏ်ယူ ၀မ်းမြောက်လျက်ရှိပါကြောင်း ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။
#အန်တီ၀င်း #သင်္ကြန် #ယူနက်စကို #ဒြပ်မဲ့ယဥ်ကျေးမှု #ယဥ်ကျေးမှုအမွေအနှစ် #အတာသင်္ကြန်ပွဲတော်
10/12/2024
ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ကျန်းမာပြည့်စုံ ဂရန်းဒ်ရန်ကုန် ဆေးရုံ ရှိပါတယ်ရှင့် 🙏
👉🏻 ပြည်တွင်း ပြည်ပလုပ်ငန်းခွင်ဝင်မည့်သူများအတွက် Pre Employment Package Plan လေးရှိနေပြီနော် 👈🏻
ပြည်တွင်းမှာပဲဖြစ်ဖြစ် … ပြည်ပမှာပဲဖြစ်ဖြစ်အလုပ် လုပ်ကိုင်မည့်သူများအားလုံးအတွက် လုပ်ငန်းခွင်မဝင်ရောက်ခင်အချိန်မှာ လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် အတွက် Grand Yangon Hospital တွင် 🩺 Pre Employment Package 🩺 ဝန်ဆောင်မှုကို ရယူပြီး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ပါပြီနော် 🔬
Pre Employment Medical Checkup အားစျေးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်နိုင်မှာဖြစ်ပြီး Package မှာပါတဲ့ ဝန်ဆောင်မှုတွေကတော့ ~~
🌡️ History and Examination (ကျန်းမာရေး ရာဇဝင်မေးမြန်းခြင်း၊ ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း)
🌡️ Urine RE (ဆီးစစ်ဆေးခြင်း)
🌡️ HIV (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ရှာဖွေစစ်ဆေးခြင်း)
🌡️ CXR (ရင်ဘတ်ဓာတ်မှန်ရိုက်ကူးခြင်း)
🌡️ HBsAg (အသည်းရောင် အသားဝါ ဘီပိုးစစ်ဆေးခြင်း)
🌡️ Syphilis (ကာလသားရောဂါပိုးစစ်ဆေးခြင်း)
🌡️ CP (Auto) (သွေးဖြူဥ၊သွေးနီဥ၊သွေးဥမွှားများ စစ်ဆေးခြင်း)
🌡️ HCV Ab (အသည်းရောင် အသားဝါ စီပိုးစစ်ဆေးခြင်း)
🌡️ ABO/Rh (သွေးအုပ်စုများ စစ်ဆေးခြင်း)
*Package ထဲမှာ မပါသည့် အခြားသော ဆေးစစ်ခြင်းများကိုလည်း ထပ်ဆောင်းပြုလုပ်နိုင်ပါသည်*
❝ ကျန်းမာပြည့်စုံ ဂရန်းဒ် ရန်ကုန် ❞
Grand Yangon Hospital
🏥 အမှတ် (၉၃၅),မောင်းမကန်ကမ်းသာလမ်း၊(၁၉) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09-940 402 211/ 09-940 402 244
24/11/2024
" အမျိုးသားနေ့ ဒို့မမေ့"
အမျိုးသားနေ့သည် မြန်မာတစ်မျိုးသားအားလုံး၏အမျိုးသားရေး စိတ်ဓာတ်များ စတင်ခဲ့ရာ သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်ပေသည်။
ယနေ့ တန်ဆောင်မုန်း လဆုတ်(၁၀)ရက် (နိုဝင်ဘာ ၂၅ ရက်)နေ့တွင်ကျရောက်သော အမျိုးသားနေ့ကို ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။
#အမျိုးသားနေ့
15/11/2024
တန်ဆောင်မုန်းလပြည့်နေ့
သာမညဖလ အခါတော်နေ့ 🙏🙏🙏
ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့အခါသမယမှာ
-မြန်မာပြည်သူ ပြည်သားများအားလုံး
-ခုနှစ်ရက် - သားသမီးများအားလုံး
"အန္တရာယ်ကင်းပါစေ ၊ ဘေးရန်ကင်းပါစေ
သွားလမ်းသာလို့ ၊ လာလမ်းဖြောင့်ကြပါစေ
ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့်
လိုအင်ဆန္ဒများ ပြည့်စုံကြပါစေ" လို့ အန်တီဝင်း မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်🙏🙏🙏
#တန်ဆောင်မုန်းလပြည့်နေ့
#သာမညဖလအခါတော်နေ့
#အန်တီဝင်း