Lanmadaw River View Tower

Lanmadaw River View Tower

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lanmadaw River View Tower, No(52/54), Daw Thein Tin Road, Mingalar Taung Nyunt Township, Yangon.

28/08/2022
Photos from Lanmadaw River View Tower's post 25/11/2020

📌📌View လေးကလည်းအရမ်းကောင်း🌅🌅 ၊ Minicondo လေးကလည်းအရမ်းလှ🏠🏠 ၊ အခန်းအတွင်း Decoration လေးကလည်း ပြီးပြည့်စုံနေတော့🥰🥰 အရမ်းကို PERFECT ဖြစ်နေပြန်ရော 💯💯ဒါ့အပြင် Promotion Plan အသစ်လေးရှိပြန်တော့ ချစ်ရသော Customer တွေ စိတ်ကြိုက်‌ဖြစ်နေရော💞💞

25/07/2020

" မြေစာရင်းပုံစံ(၁၀၅) ဆိုရာဝယ်"

ကိုကိုဦး

စာရေးသူအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) အကြောင်းအရာများကို ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၇ဝဝ ကျော် ကာလမှစ၍ မင်းဆက်ပေါင်း ၂၄၆ ဆက်ဖြင့် ကိုယ့်ထီး၊ ကိုယ့် နန်း၊ ကိုယ့်ကြငှန်းနှင့် နေလာခဲ့ကြသော မြန်မာခေတ်ဦးမှစ၍ မြန်မာ့မြေယာစီမံခန့်ခွဲမှု နည်းစနစ်များ ရှိခဲ့ကြပြီး ဖြစ်ပါသည်။ အမိမြန်မာနိုင်ငံကို အင်္ဂလိပ်တို့က ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်၊ ၁၈၈၅ ခုနှစ်များတွင် စစ်ပြုပြီးနောက် ကျွန်ပြု သိမ်းပိုက်ခဲ့ကြသော အချိန်ကာလ တွင်လည်း မြန်မာဘုရင်များခေတ်ဆီက မြေယာစီမံခန့်ခွဲမှုစနစ်များကို ဆီ လျော်အောင် ပြုပြင်ပြောင်းလဲပြီး ဥပဒေများပြဋ္ဌာန်းချက် ပြင်ဆင်ဖြည့် စွက်၍ စီမံအုပ်ချုပ်ခဲ့ကြကြောင်း တွေ့ရှိ ရပါသည်။ လွတ်လပ်ရေးရရှိပြီးကာလမှ ယနေ့မျက်မှောက်အချိန် အခါအထိလည်း ဥပဒေများ ပြင်ဆင်ပြဋ္ဌာန်း လျက် မြန်မာ့မြေယာကို မြန်မာတို့ စီမံအုပ်ချုပ်ခဲ့ကြပါသည်။ ထိုသို့ ခေတ်အဆက် ဆက် စီမံခန့်ခွဲကြသည့် မြေယာ စီမံခန့်ခွဲမှုများအနက် လက်ရှိ မြန်မာ့မြေယာစီမံခန့်ခွဲမှုစနစ် ဥပဒေ၊ နည်းဥပဒေများကို အများပြည်သူတို့ သိရှိနား လည်သဘောပေါက်ကြပြီး လက်တွေ့ကျင့်သုံးနိုင်ကြစေရန် ရည်ရွယ်လျက် ဤဆောင်းပါးကို ရေးသားတင်ပြ အပ်ပါသည်။

ဥပဒေသည် ယင်းတွင်ပါရှိသော ဥပဒေပါပြဋ္ဌာန်းချက်များကို လေးစားလိုက်နာသော လူသားအားလုံးအတွက် အကာ အကွယ်ဖြစ်ပြီး ယင်းပါပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်မှု မပြုသူများအတွက် ဥပဒေကျူးလွန် ဖောက်ဖျက်သူအဖြစ် ဥပဒေနှင့်အညီ အရေးယူအပြစ်ပေး မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် နိုင်ငံတော်၏ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေများကို လေးစား လိုက်နာသူများအတွက် ဥပဒေသည် အပြည့် အဝ လုံခြုံမှု ကိုပေးမည့် အကာအကွယ်တစ်ခုဖြစ်ကြောင်း ဆိုလိုပါသည်။

ယနေ့ခေတ်ကာလ၌ IT ဆိုင်ရာနည်းပညာများကြောင့် မိတ္တူကူးစက်များ၊ Scan ဖတ်စက်များ ထွန်းကား ပေါ်ပေါက်လာမှုအတွက် လူ့ဘောင်လောကအတွင်း အမျိုးမျိုးသော လုပ်ငန်း ဆောင်ရွက်မှုများအတွက် စက္ကန့်ပိုင်း အတွင်း ပြီးမြောက်အောင် ဆောင်ရွက်လာနိုင်သည့် နည်းတူ တစ်ဖက်တွင်လည်း ဆိုးကျိုးအဖြစ် စာရွက်စာတမ်း အတုအပ ပြုလုပ်ခြင်းဖြင့် လိမ်လည်ခြင်း ဒုစရိုက်မှုလုပ်ငန်းများ ဖြစ်ပေါ်လျက်ရှိပါသည်။
လောက၏သဘာဝအတိုင်း ကောင်းကျိုးနှင့်ဆိုးကျိုး နှစ်ရပ်အတူ ယှဉ်တွဲပေါ်ပေါက်လေ့ရှိရာ နိုင်ငံသားများ အနေဖြင့် ခေတ်မီနည်းပညာများကို အသုံးပြု၍ မိမိတို့၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီသာ လုပ်ဆောင်ကြရန် လိုအပ်ပေသည်။ လယ်ယာမြေနှင့် ပတ်သက်၍ လယ်ယာမြေဥပဒေ ပြဋ္ဌာန်းချက်ပါ လိုက်နာရမည့် စည်းကမ်း ချက်များ လေးစားလိုက်နာရန် လိုအပ်သလို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက်၍လည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို လေးစားလိုက်နာရန် လိုအပ်ပါသည်။ ထိုသို့ လေးစားလိုက်နာခြင်းမရှိခဲ့ပါက အဆိုပါ ဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာ ရန်ပျက်ကွက်မှုအတွက် အရေးယူခြင်း ခံရမည်ဖြစ်ပါသည်။

▲ မြေစာရင်းပုံစံ (၁၀၅) ဆိုရာဝယ် ▲

မြေယာဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အခြေခံကျသော အောက်ပါအကြောင်းအရာတစ်ခုကို တင်ပြလိုပါ သည်။ ယင်းကို အမှန်လေ့လာသိရှိသူ နည်းပါးပြီး လူအများအနေဖြင့်လည်း သေချာစွာနားလည် သဘော ပေါက် မှုမရှိဘဲ လွဲမှားသိမြင်လျက်ရှိသည်ကို တွေ့ရပါသည်။ ယင်းမှာ မြေယာကဏ္ဍတိုင်းအတွက် ပတ်သက်ဆက်စပ် နေသော အကြောင်းအရာတစ်ခုဖြစ်ပြီး ဟင်းချက်ရာတွင် မပါမဖြစ် ပါရှိရမည့် “ဆား” ကဲ့သို့ပင် အရေး ပါပါသည်။ အဆိုအချက်မှာ မြေစာရင်းပုံစံ (၁၀၅) နှင့် ဦးပိုင်တစ်ခု၏ မြေရာဇဝင်စိစစ်ချက်မှတ်တမ်း (၁၀၆) တို့ပင်ဖြစ်ပါသည်။

မြေစာရင်းပုံစံ (၁၀၅) နှင့် (၁၀၆) မှာ ဆားကဲ့သို့ပင် မြေယာကို ပိုင်ဆိုင်ပတ်သက်ကြောင်း၊ ပြဆိုသည့် အထောက်အထား စာရွက်စာတမ်းတစ်ခုအတွက် မရှိမဖြစ်၊ မပါမဖြစ်လိုအပ်ပါသည်။ မြေစာရင်း ပုံစံ (၁၀၅) သည် မြေယာခရီးလမ်း စတင်ခြင်း၌ တာထွက်ရာလုပ်ငန်းတစ်ရပ်ဟု ဆိုရပါမည်။ မြေစာရင်းပုံစံ (၁၀၅) တစ်စောင်တည်းဆိုပါက မည်သို့မျှ မိမိ၏ ပိုင်ဆိုင်မှုကို အထောက်အထားပြဆိုနိုင်မည်မဟုတ်ပါ။

သို့သော်လည်း ယနေ့ခေတ်ကာလ၌ အဆိုပါမြေစာရင်း ပုံစံ (၁၀၅) တစ်စောင်တည်းကို အထောက်အထားပြု၍ မြေယာပိုင်ဆိုင်ရာ အခွင့်အရေးတစ်ရပ်အဖြစ် ဦးတည်ခံစားခွင့်ပေးထားမှု အချို့ ရှိနေကြောင်း ကြားသိရမှုများ ရှိနေပါသည်။ အဆိုပါ မမှန်ကန်သော နည်းလမ်းဖြင့် ပိုင်ဆိုင်မှု ရရှိထားသူများအတွက် မိမိပိုင်ဆိုင်မှု အထောက် အထား အမှန်မဟုတ်သည်ကို သတိချပ်ရန် လိုပါသည်။ မြေယာပြဿနာဟူသည် ချက်ချင်းလက်ငင်း ပေါ်ပေါက်ခဲ လှပါသည်။ ဆယ်စုနှစ်အကြာတွင်မှ ပေါ်ပေါက်တတ်ပါ သည်။ သို့ဖြစ်၍ ယင်းနှင့်သက်ဆိုင်သော ကိစ္စရပ်များ အတွက် သတိပြု ဆင်ခြင်နိုင်ကြစေရန် ဤ ဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။

မြေစာရင်းပုံစံ (၁၀၅) ဆိုသည်မှာ မှန်ကန်ကြောင်း သက်သေခံ သက်သေမခံသည့် စာရင်းမြေပုံ ကောက်နုတ်ချက် ဖော်ပြသည့်ပုံစံဖြစ်ပြီး တည်ဆဲနှစ်တွင် အသုံးပြုလျက်ရှိသည့် ကွင်း/ အကွက်မြေပုံမှ ရေးကူးပေးသည့် ပုံစံဖြစ် ပါသည်။ ရေးဆွဲခြင်း မဟုတ်ပါ၊ ရေးကူးပေးရခြင်းဖြစ်ပါသည်။ မြေယာပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထားတစ်ခု မဟုတ်ဘဲ ဦးပိုင်တစ်ခု၊ မြေကွက်တစ်ကွက်နှင့် ပတ်သက်သည့် စာရင်းကောက်နုတ်ချက် မိတ္တူတစ်ခုသာဖြစ်ပါ သည်။ သူတစ်ခုတည်း ရေရှည်ရပ်တည်မှု မပြုနိုင်ပါ။ ရေးကူးထားသော တည်ဆဲနှစ် ကုန်လွန်သွားပါကလည်း အသုံးချနိုင်ရန် ကန့်သတ်ချက်တောင်မှ ဖယ်ခွာသွားသည့် သဘောရှိတတ်ပါသည်။

(၁၀၅) မြေပုံတစ်ချပ်တွင် အချက်ပေါင်း (၁၆) ချက် ဖော်ပြပါရှိပါသည်။ ယင်းတို့မှာ (၁) ပုံစံ အမှတ်စဉ် (၂) သက် သေခံ၊ မခံကြောင်းဖော်ပြချက်၊ (၃) ရေးကူးအမှတ် နှင့်အမည်၊ (၄) ရေးကူးသည့် ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ (၅) အခွန်စည်းကြပ်ခံရသူ၊ ပိုင်ရှင် ဂရန်ရှင်၊ အငှားဂရန်ရှင် အမည်၊ (၆) ပိုင်ဆိုင်ခွင့်၊ (၇) မြေမျိုးနှင့်အတန်း၊ (၈) ဧရိယာ၊ (၉) ရေး ကူးပေးသည့် အကြောင်းအရာ၊ (၁၀) လျှောက် ထားသူအမည်၊ (၁၁) လျှောက်လွှာတင်သည့်နေ့စွဲ၊ (၁၂) လျှောက်ထားသူတို့ ထုတ်ပေးသည့်နေ့စွဲ၊ (၁၃) ပြဆိုသောမြေပုံသည် မှန်ကန်သေချာစွာ ရေးကူးထားသော( - ) ခုနှစ်အတွက် နောက်ဆက်တွဲ တိုင်းတာခြင်း မြေပုံဖြစ်ကြောင်း သက် သေခံဖော်ပြချက်၊ (၁၄) အမှုတွဲထိန်း၊ မြေတိုင်းစာရေးလက်မှတ်၊ (၁၅) တိုက်ဆိုင် စစ်ဆေးပြီး လက်မှတ်ရေးထိုးသော လက်ထောက်ဦးစီးမှူး လက်မှတ်၊ နေ့စွဲ၊ (၁၆) စိစစ်အတည်ပြုသော မြို့နယ်ဦးစီးဌာနမှူး လက်မှတ်၊ နေ့စွဲ စသည်တို့ဖြစ်ပါသည်။ ။

အထက်ပါရှင်းလင်းချက်အရ မြေစာရင်းပုံစံ (၁၀၅) တွင် သက်ဆိုင်ရာ မြို့နယ်အဆင့် လက်ထောက်ဦးစီးမှူးမှ လက်မှတ်ရေး ထိုးပြီး မြို့နယ်မှူး ဦးစီးအရာရှိ၏ စိစစ်ချက်ဖြင့် ပြီးမြောက်ပြည့်စုံနေပြီ ဖြစ်သော်လည်း တစ်ချိန်က ဒေသအာဏာပိုင်အဆင့်မှ ရေးကူးမှုကို လက်နက်သဖွယ် ထိန်း ချုပ် သည့်ဖြစ်စဉ်များ ရှိခဲ့သည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ရပြီး လုပ်ငန်းများ အကောင် အထည် ဖော်ရာတွင် အထစ်အများစွာ ရှိခဲ့ကြောင်းနှင့် ပြည်သူလူထုများအတွက် ဥပဒေနှင့်အညီ ရရှိခံစားရမည့် အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည့် သာဓကများ ဖြစ်ပေါ်ခဲ့ပါသည်။ ယခုတွင် တည်ဆဲ ဥပဒေပါပြဋ္ဌာန်း ချက် များအတိုင်း ဌာနလုပ်ထုံးလုပ်နည်းနှင့်အညီ ရေးကူးဆောင်ရွက်ခွင့်ကို ပြန်လည်ပေးအပ်ထားနိုင်ခဲ့ပြီဖြစ်ရာ သာမန်အားဖြင့် ပြဿနာ တစ်စုံ တစ်ရာမရှိသော ကိစ္စရပ်အတွက် နှစ်ပတ်အတွင်း ရယူနိုင်ကြပြီဖြစ်ပါ သည်။

▲ အရှိပကတိအတိုင်း ရေးကူးခြင်းသာ ▲

အချို့သောကိစ္စရပ်များ၌ အချို့သောဌာနများသည် မြေစာရင်းပုံစံ (၁၀၅) ရေးကူးရန် လျှောက်ထားမှုကို ကန့်ကွက်လွှာခေါ်ခြင်း၊ ကန့်ကွက်မှုပြုကြခြင်းများ ဆောင်ရွက်ကြကြောင်းတွေ့ရှိနေရာ အဆိုပါကိစ္စမှာ မြန်မာ နိုင်ငံမြေစာရင်းလက်စွဲ ဥပဒေအရ အကျုံးမဝင်ကြောင်း တွေ့ရှိနေရပါသည်။ မြေစာရင်းပုံစံ (၁၀၅) ဆိုသည်မှာ အထက်တွင် ဖော်ပြထားသည့်အတိုင်း တည်ဆဲနှစ်အတွင်း အသုံးပြုလျက်ရှိသော စာရင်းမြေပုံမှ အရှိပကတိ အတိုင်း ရေးကူးထုတ်ပေးခြင်းသာဖြစ်၍ လျှောက်ထားသူ အနေဖြင့် သတ်မှတ်ချက်ဘောင်ဖြင့် ညီညွတ် ကိုက် ညီသူဖြစ်ပါက ဌာနမှ ရေးကူးပေးရုံသာဖြစ်ပါသည်။ အကျိုးနစ်နာနိုင်သူများ အတွက် ရေးကူးသည့် အကြောင်း အရာပါ လုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်ချိန် (ဥပမာ- မြေငှားဂရန် လျှောက်ချိန် အဆောက်အအုံပြင်ဆင်ရန် သက်ဆိုင်ရာသို့လျှောက်ထားချိန်) တွင်မှ တရားဝင်ကန့်ကွက်ရမည် ဖြစ်ကြောင်း၊ (၁၀၅) ရေးကူးချိန် ကန့်ကွက်မှုကြောင့် ရေးကူးမပေးပါက ဥပဒေအရဌာန၏ တာဝန်ပျက်ကွက်မှု တစ်ခု ဖြစ်စေမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ပုံစံ (၁၀၅) တစ်ပုံရရှိပြီးဆိုလျှင် မြေပုံလက်ခံရရှိသူသည် အထက်မှအချက်များကို တစ်ခုမကျန် သေချာစွာစိစစ်ရန် လိုအပ်ပါသည်။ သက် သေခံသောမြေပုံလား၊ သက်သေမခံသော မြေပုံအမျိုးအစားလားမှအစ ပုံစံ (၁၀၅) ပါ ဖော်ပြ ထားချက်များ မှန်/ မမှန် စိစစ်ရန်လိုအပ်ပါမည်။ ရေးကူးပေးသည့် အကြောင်းအရာသည်လည်း အရေးအကြီးဆုံး အချက်တစ်ချက်ဖြစ်ပါသည်။ ပုံစံ၌ ဖော်ပြထားသော ရေးကူးပေးသည့် အကြောင်းအရာတစ်ခုတည်း အတွက်သာ အသုံးပြုရမည်ဖြစ်ပါ၍ ဂရန်လျှောက်ထား လိုသူသည် အခြားအကြောင်းအရာ ဥပမာအားဖြင့် လက်ဝယ် ကိုင်ဆောင်ရန် သို့မဟုတ် စာချုပ်ချုပ်ဆိုရန် အကြောင်းအရာအတွက် ရေးထားမှုဖြစ်နေပါက ရည်ရွယ်သော လုပ်ငန်း ဆက်လက်လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍ ပုံစံ (၁၀၅) တစ်ချပ် မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ရရှိရန်အချက်သည် ရေးကူးပေးသောဌာနနှင့် ရယူလိုသောကာယကံရှင်များ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့်သာ ဖြစ်မြောက်နိုင်ပါသည်။ ပုံစံ(၁၀၅)နှင့်အတူ နောက်ဆက်တွဲပါ ရှိလာမှုမှာ အဆိုပါဦးပိုင်၏ မြေရာဇဝင်(၁၀၆) ဖြစ်ပါသည်။ ထို့အတွက် မြေစာရင်းပုံစံ (၁၀၃) လျှောက်ထားလွှာအား ကာယကံရှင်မှ သေချာစွာဖတ်ရှုပြီး တိကျ စွာဖြည့်သွင်းရန် အထူးလိုအပ် လှပါသည်။

▲ လုပ်ငန်းတစ်ခုလုံး၏ အစပျိုးသာဖြစ် ▲

မြေစာရင်းပုံစံ (၁၀၅) သည် လုပ်ငန်းစဉ်တစ်ခုလုံးအတွက် အစပျိုးလုပ်ငန်းဖြစ်သည့်အတွက် ပုံစံ (၁၀၅) ရရှိပြီးသည်နှင့် လုပ်ငန်းပြီးစီးသွားပြီဟု အများပြည်သူ၏ နားလည်ယုံကြည် လက်ခံထားမှုအစွဲသည် မှားယွင်း နေပါကြောင်း တင်ပြအပ်ပါသည်။ ပုံစံ (၁၀၅) ရရှိရုံနှင့် လုပ်ငန်းမပြီးဆုံးသေးပါကြောင်း မှတ်ယူထားစေ ချင်ပါသည်။ ပိုင်ရေးပိုင်ခွင့်ရရှိရန်သည် ပုံစံ (၁၀၅) တစ်ခုတည်းဖြင့် လုံးဝလုံးဝ မလုံလောက်ပါ။ ပိုင်ရေးပိုင်ခွင့် အတွက် ခွင့်ပြုနိုင်သူ အာဏာပိုင်ထံမှ ခွင့်ပြုအမိန့်စာရရှိပြီးမှသာ လုပ်ငန်းပြီးဆုံးပါမည်။ ပုံစံ (၁၀၅) သည် စာရင်းမြေပုံကောက်နုတ်ချက် တစ်ခုသာဖြစ်ပြီး ပိုင်ဆိုင်မှုတစ်ခု အတွက် အထောက် အထားတစ်ရပ် မဟုတ်ပါ။

ဤနေရာ၌တင်ပြလိုသည်မှာ ကာယကံရှင်များအနေဖြင့် လယ်ယာမြေဖြစ်စေ၊ မြို့မြေဖြစ်စေ မည်သို့သော မြေဖြစ်စေ၊ မြေယာတစ်ရပ်ကို သက်ဆိုင် ရာ ချထားပေး ပိုင်ခွင့်ရှိသူထံမှ ဥပဒေနှင့်အညီ ရရှိခဲ့ပါက မဖြစ်မနေ ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်း (၃) ရပ်ရှိပါသည်။ ၎င်းတို့မှာ-

(က) မြေကိုလက်ရောက်ရယူခြင်း ဆိုသည်မှာ-

မြေပေးစလစ် သို့မဟုတ် မြေယာလုပ်ပိုင်ခွင့် စသည့် လက်မှတ်တစ်ခုရရှိပြီဆိုပါက အဆိုပါ မြေအတွင်း ချဉ်းနင်း ဝင်ရောက်၍ ဥပမာအားဖြင့် ခြံစည်းရိုးကာရံရန်စီမံခြင်း၊ မြေရှင်းလင်းခြင်း စသည့် မိမိပိုင်ဆိုင် လုပ်ကိုင် ခွင့်ဆိုင်ရာ နှင့်ပတ်သက်သော လုပ်ငန်းများကို မပျက်မကွက် ဆောင်ရွက်ရန်လိုအပ်ပါသည်။ မိမိ ရရှိထားသည့် မြေပေးစလစ် သို့မဟုတ် မြေယာလုပ်ပိုင်ခွင့် စသည့်လက်မှတ်တစ်ခုကို သိမ်းဆည်းထားပြီး ဖော်ပြပါ လုပ်ငန်း ဆောင်ရွက်ခြင်းမပြုပါက နောင်တစ်ချိန်တွင် ရှင်းလင်းရ ခက်သော ပြဿနာများ ပေါ်ပေါက်နိုင်ပါသည်။ ။

(ခ) မြေကိုအသုံးပြုခြင်း-

မိမိရရှိခဲ့သည့်မြေအပေါ်တွင် သတ်မှတ်သည့် နည်းလမ်းအတိုင်း စနစ် တကျ အသုံးချရန်လိုပါမည်။ ဥပမာအားဖြင့် စိုက်ပျိုးမြေဖြစ်ပါက သတ်မှတ်သည့် သီးနှံအမျိုးအစားများ စိုက်ပျိုးခြင်း၊ မြို့မြေဖြစ်ပါက ခြံစည်းရိုးကာရံခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်း စသည့်လုပ်ငန်းများဆောင်ရွက်ရပါမည်။

(ဂ) မြေအမည်ပေါက် ပိုင်ဆိုင်ခွင့်ရယူခြင်း-

မြေယာတစ်ရပ်ကို သက်ဆိုင်ရာ ချထားပေး ပိုင်ခွင့်ရှိသူထံမှ ထုတ်ပေးသော လက်မှတ်သည် မြေပိုင်ဆိုင် ခွင့် လက်မှတ်မဟုတ်သေး ပါ။ အဆိုပါမြေအား သတ်မှတ်သည့်နည်းလမ်း အတိုင်း အသုံးပြုရန်ခွင့်ပြုသော အထောက် အထား (သို့မဟုတ်) အမိန့်စာ တစ်ခုသာဖြစ်ပါသည်။ အဆိုပါ အမိန့်စာပေါ်အခြေခံ၍ မြေစာရင်းပုံစံ (၁၀၅)ရေးကူးခြင်းကို ဦးစွာဆောင်ရွက်ပြီး မိမိအမည်ပေါက် မြေပိုင်ရှင် ဆိုင်ရာ အခွင့်အရေးရရှိနိုင်ရန် ဥပဒေ နှင့်အညီ မပျက်မကွက်ဆောင်ရွက် ထားရှိရန် အထူးလိုအပ်ပါသည်။

▲ အမည်ပေါက် ဆက်လက်ဆောင်ရွက်ဖို့ လိုအပ် ▲

ကာယကံရှင်များအနေဖြင့် အထက်ဖော်ပြပါအတိုင်း မြေစာရင်းပုံစံ(၁၀၅) ရရှိပြီးပါက မြေပိုင်ရှင်ဆိုင်ရာ အခွင့် ၊ အရေး၊ တစ်နည်းအားဖြင့် မြေအားမိမိအမည်ပေါက် ရရှိရေး ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ဥပမာ အားဖြင့် သက်ဆိုင်ရာဌာနသို့ လုပ်ထုံးလုပ်နည်းနှင့် အညီတင်ပြ၍ ဂရန်လျှောက်ထားခြင်း စသည်အားဖြင့် ဆောင်ရွက်ရပါမည်။ သို့မှသာ နောင်တစ်ချိန် မိမိသား စဉ်မြေးဆက်တိုင် အမွေကြောင်းအရ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပေါင်နှံခြင်း စသည်များကဲ့သို့ လိုအပ်သလို လွှဲ ပြောင်းမှုများအား တည်ဆဲဥပဒေနှင့်အညီ နောင်ရေး စိတ်အေးချမ်းစွာဖြင့် ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

ပိုင်ရေးပိုင်ခွင့်ရရှိရန်နှင့် ကာယကံရှင်များ လိုအင်ဆန္ဒနှင့်အညီ ဆောင် ရွက်နိုင်ရန်အတွက် လျှောက်လှမ်းရမည့် လုပ်ငန်းစဉ်များတွင် ဦးစွာအစ ပျိုးလုပ်ဆောင်ရသော လုပ်ငန်းတစ်ခုဖြစ်ပြီး ပုံစံ (၁၀၅၊ ၁၀၆) ရရှိရုံဖြင့် လုပ် ငန်းပြီးစီးခြင်း မဟုတ်ကြောင်း အလေးအနက် ထပ်မံဖော်ပြအပ်ပါသည်။ မြေယာစီမံခန့်ခွဲမှုတိုင်းသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညီ ညွတ်ရန်လိုအပ်ပြီး စနစ်ကျန မှန်ကန်ရန် အစဉ်အမြဲ ဦးစားပေးစဉ်းစား ရပါမည်။ စနစ်ကျမှန်ကန်၍ လုပ်ထုံးလုပ်နည်း မှန်ကန်မှသာ နောင်အနာဂတ်အရေးတွင် စိတ်ချမ်းသာမှုရပါမည်။ မျက်မှောက်ကာလတွင်လည်း ငြိမ်းချမ်းမှုရရှိပါမည်။ သို့ဖြစ်၍ မြန်မာ့မြေယာစီမံခန့်ခွဲမှုစနစ်များအကြောင်း နှင့် စပ်လျဉ်း၍ မြေစာရင်းပုံစံ (၁၀၅၊ ၁၀၆) အကြောင်းကို သိမီသမျှ ရေးသားတင်ပြအပ်ပါသည်။ ။

ကိုကိုဦး

Tue, 07/07/2020
Crd;

13/07/2020

#မြေဧက ဖွဲ့နည်း - တွက်နည်းများ (SV)

* တစ် ဧက = ၄၃၅၆၀ စတုရန်းပေ
တစ် ဟက်တာ = ၂.၄၇ ဧက
တစ် စတုရန်းမိုင် = ၆၄၀ ဧက

* လေးနားညီ စတုရန်း=
အလျား ၂၀၈.၇၁ ပေ x အနံ ၂၀၈.၇၁ ပေ။

* နှစ်နားညီ စတုဂံ = လျားxနံ 43560

* နှစ်နားပြိုင် တြာဗီဇီယံ =
ပြိုင်နား နှစ်ခုပေါင်း ၂ x နံ 43560

* တြိဂံ = ၀.၅xအခြေxအမြင့် 43560

* ထောင့်မှန် တြိဂံ -
အခြေxအမြင့် = ရလာဒ် ၂ 43560

* စက်ဝိုင်း -
အချင်းဝက်x အချင်းဝက်x 3.1416 43560
(သို့)
စက်ဝိုင်း -
အချင်းxအချင်းx .၇၈၅၄ 43560

* ပုံသေ မြှောက်ကိန်း ၀.၇၈၅၄
၀.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို
(အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။

အနားငါးမျက်နှာ ၆မျက်နှာနှင့် အနားများစွာ =
စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက်
ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

"ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း"
============================
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ. )

* (၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။

* (၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း
ပင်ခြား ကွာဝေးမြှောက်ကိန်း

မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
၆၀၀၀၀ ၁၄၄ = ၄၁၆ ပင်

ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ x .၁၅ = ၆၂
၄၁၆ + ၆၂= ၄၇၈ ပင်

* ( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်

စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
၄၃၅၆၀ ၃၆၁ = ၁၂၀

ဖိုခနောက်ဆိုင်စိုက်လျှင်
၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

(ဝင်းမြင့် တွက်နည်း - ၁၀၀ စာအုပ်မှ ...)



Photos from Lanmadaw River View Tower's post 22/06/2020

Lanmadaw River View Tower ရဲ့ အဓိက အားသာချက် ကတော့ River View လေးဖြစ်တဲ့အပြင် ရာသီဥတု ဒဏ်ခံနိုင်သည့် Aluminium တွေနဲ့အလှဆင်ထားပြီး ဝယ်ယူသူ customer များရဲ့ စိတ်ဖိစီးမှု့များ ပြေပျောက်ပြီ စိတ်အေးချမ်းသားစွာနေထိုင်နိုင်မယ့် အဓိကအားသာချက်လေးပဲဖြစ်ပါတယ်ရှင်💯💯💞💞

01/06/2020

အိမ်‌ခန်းပိုင်ဆိုင်ဖို့ လက်တကမ်းပဲနော်

AYA Home Loan ၏ ပထမဦးဆုံးသော အထူးသက်သာသည့် အတိုးနှုန်း ၈%

အိမ်ရာချေးငွေနဲ့ အိမ်လေးတစ်လုံး ဝယ်ယူချင်‌ပေမယ့် အတိုးနှုန်းကြောင့် ဝယ်ယူဖို့‌တွေဝေနေကြတဲ့ မိတ်ဆွေတို့အတွက် အထူးအစီအစဉ်ကြီးလာပြီနော်။

လိုချင်နေတဲ့အိမ်လေးအတွက် ကနဦးပေးသွင်းငွေ ၅၀% ပေးချေမယ်ဆိုရင် ဘယ်မှာမှမရနိုင်မယ့် AYA Home Loan ရဲ့ အထူးအသက်သာဆုံးသော အတိုးနှုန်း တစ်နှစ်လျှင် ၈% နဲ့ ချိတ်ဆက် ဝယ်ယူနိုင်ပါပြီ။

🏡AYA Home Loan 🏡

* အသက်သာဆုံး အတိုးနှုန်း (၈%)
* ကနဦးပေးသွင်းငွေ (၅၀%)
* အေးဆေးပေးနိုင်တဲ့ ချေးငွေသက်တမ်း (၁၅နှစ်)
* (၁.၆.၂၀၂၀) မှစတင်၍ (၃၁.၁၂.၂၀၂၀) အထိ လျှောက်ထားနိုင်ပါတယ်

စိတ်ဝင်စားသော မိတ်ဆွေတို့အတွက် www.ayabank.com/homeloan နှင့် 0988254817/27 သို့ ဆက်သွယ်နိုင်သည့်အပြင် နီးစပ်ရာ ဧရာဝတီဘဏ်ခွဲသို့ လူကိုယ်တိုင်သွားရောက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။







စိတ်ချယုံကြည် ဧရာ၀တီ - Your Trusted Partner

08/05/2020

Facilities စုံလင်တဲ့ Condominium ၀ယ်ဖို့ရှာနေလား?
♦ Downtown နဲ့လည်း အရမ်းမဝေးချင်ဘူး၊ စိတ်ငြိမ်ပြီးသွားလာရလွယ်ကူတဲ့ နေရာမျိုးလိုချင်တယ်ဆိုရင်တော့ အမှတ်(၂၇၇)၊ အရှေ့ဝါယာလက်(၂)လမ်း(ကမ္ဘာအေးဘုရားအနီး)၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင်တည်ရှိသော Grand Wireless Condominium သို့ ကြွလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။

ဘယ်လို Facilities တွေပါ၀င်မလဲ?
♦ ကျယ်၀န်းသော Car Parking (၂)ထပ်နှင့် (၂၄)နာရီ အသုံးပြုနိုင်သော အဆင့်မြင့်ဓါတ်လှေကား (၃)စင်း။
♦ Swimming Pool, Gym.
♦ လှပကျယ်၀န်းသော Lift Lobby.
♦ ကလေးများအတွက် ပျော်ရွှင်ဖွယ်ရာ Kid Play Room.
♦ နေထိုင်သူများ အသုံးပြုနိုင်သည့် Function Room.

ဘာကြောင့် Grand Wireless Condominium ကို ရွေးချယ်သင့်သလဲ ?
♦ ရန်ကုန်မြို့၏ စီးပွားရေးအချက်အချာကျသော နေရာတွင်တည်ရှိခြင်း။
♦ စိတ်ငြိမ်အေးချမ်းသော ပတ်၀န်းကျင်တွင် တည်ရှိခြင်း။
♦ ပိုင်ဆိုင်မှုခိုင်မာသော ဘိုးဘွားပိုင်မြေပေါ်တွင် တည်ဆောက်ထားခြင်း။
♦ Condo Facilities စုံလင်စွာပါ၀င်ခြင်း။
♦ အဆောက်အဦဆောက်လုပ်မည့် Developer ဖြစ်သူမှာလည်း ကန်ထရိုက်လိုင်စင်အမှတ်(LC-2) ဖြင့် ဆောက်လုပ်ရေးနယ်ပယ်၌ နှစ်(၃၀)ခန့် အတွေ့အကြုံရှိသော Developer ဖြစ်ခြင်း။
♦ အဆောက်အဦမှာ (80%)ထိ ဆောက်လုပ်ပြီးစီးပြီဖြစ်၍ (၂၀၁၉)ခုနှစ်တွင် အခန်းပိုင်ဆိုင်နိုင် ခြင်း။
♦ ၀ယ်ယူသူများမှ အရစ်ကျငွေပေးချေမှု့ပုံစံဖြင့် ၀ယ်ယူနိုင်ခြင်း။
♦ အဆောက်အဦအား Earthquake Resistant Design ကို ကျွမ်းကျင် Structure Engineer များ၏ တွက်ချက်မှု့ဖြင့် ခိုင်ခံ့မှု့နှင့် အရည်အသွေးပြည့်မီစွာ တည်ဆောက်ထားခြင်း။
♦ မီးငြိမ်းသတ်စနစ်များပါ၀င်ခြင်း၊ (၂၄)နာရီ လုံခြုံရေးထားရှိပေးခြင်း။

Project ၏ အနီးအနား ထင်ရှားသည့်နေရာများ ?
♦ ကြည်ညိုဖွယ်ရာ Kabaraye Pagoda ကို ဖူးမျှော်နိုင်ခြင်း။
♦ Parami Children Hospital, Private Pharmacy.
♦ Gamone Pwint Shopping Centre.
♦ ပုဂ္ဂလိက Bank များ၊ Okkalapa Golf Course.
♦ Sedona Hotel, Micasa Hotel, Inya Lake Hotel တို့၏ အနီးအနားတွင် တည်ရှိပါသည်။

အခန်းအတွင်း Hall Type ရောင်းတာလား? ဘယ်လို Decoration တွေ ပြုလုပ်ပေးမှာလဲ ?
♦ Unit - (A) (B) (C) (D) - Master Bed Room(1)Nos, Double Bed Room(2)Nos,
Maid Room (1) Nos.
Unit – (E) - Master Bed Room(2)Nos, Double Bed Room(2)Nos,
Maid Room (1) Nos.
♦ 12mm thick laminated Flooring.
♦ Tile flooring & walling for kitchen room , Bath & W/C.
♦ Gypsum board & cornice celling design.
♦ Main for security door with video intercom and bed room for korea ABS door, Iron grilles for doors & widow.
♦ Air con (3) Nos, Kitchen counter & cabinet.
♦ Water heater system, Smoke exhaust in kitchen.
♦ Generator for lift & common area.
♦ Central Type, Transformer, Own motor, Own meter.
♦ CCTV, 24 Hours Security, Fire Extinguishing System.


ရင်းနှီးမြှုပ်နှံချင်သူတွေအတွက်ရော ဘယ်လိုအကျိုးခံစားခွင့်ရှိမလဲ?
♦ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကျောက်မျက်ပြတိုက်အနီးဖြစ်သည့်အတွက် local နှင့် foreign အတွက်ပါ အငှားစျေးကွက် Demond ကောင်းခြင်း၊ စျေးနှုန်းချိုသာစွာ ၀ယ်ယူထားသည့်အတွက်ကြောင့် အငှားနှုန်းထားချို သာမည်ဆိုပါက စဉ်ဆက်မပြတ်အငှားလိုက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ ရေရှည်ခံစားခွင့်ရရှိမည်ဖြစ်သည်။

ဘယ်လိုငွေပေးချေမှုပုံစံလဲ ? ဘယ်လို Gift တွေလဲ?
♦ Down Paymant များများပေးပြီး Promotion Gift ကြီးကြီး ရရှိနိုင်ခြင်း။
♦ Down Paymant နည်းနည်းပေးပြီး အတိုးမဲ့အရစ်ကျနှင့် Promotion Gift ရရှိနိုင်ခြင်း။
♦ ဘဏ်နှင့်ချိတ်ဆက်၍ နှစ်ရှည်အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ခြင်း။

အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များအား ဆက်သွယ်မေးမြန်းနိုင်ပါသည်။

OFFICE ADDRESS;
No(52/54), Daw Thein Tin Road, Mingalar Taung Nyunt Tsp, Ygn.
(951) 394800, 399420, 399419, 383387, 370342, 370380.
(959) 5410436, 450333305, 450333313.

Photos from Lanmadaw River View Tower's post 08/05/2020
Photos from Lanmadaw River View Tower's post 18/04/2020

Decoration 💞💞

06/04/2020

*****လိုရင် ရှာရခက်လို့ 😁*****📋📐📏
12လက်မ = 1 ပေ
3ပေ = 1 ကိုက်
22 ကိုက် = 1 သံကြိုး
10 သံကြိုး = 1 ဖာလုံ
8ဖာလုံ =1 မိုင်
16 အောင်စ = 1 ပေါင်
14 ပေါင် = 1 စတုန်
2 စတုန် = 1ကွာတ
4 ကွာတ = 1 ဟန်ဒရိတ်
20 ဟန်ဒရိတ်= 1 တန်
2 ရွေးကလေး = 1 ရွေးကြီး
4 ရွေးကြီး = 1 ပဲ
2 ပဲ = 1 မူး
2 မူး = 1 မတ်
2 မတ် = 1 ငါးမူး
2 ငါးမူး = 1 ကျပ်
16 ပဲ = 1 ကျပ်သား
၃၆ ပရမာဏုမြူ = ၁ အဏုမြူ
၃၆ အဏုမြူ = ၁ လိက္ခာမြူ
၇ လိက္ခာမြူ = ၁ သန်းဦးခေါင်း
၇ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး
၃ မုန်ညင်းလုံး = ၁ နှမ်းလုံး
၄ နှမ်းလုံး = ၁ ဆန်လုံး
၄ ဆန်လုံး = ၁ ချင်းရွေး
၈ ချင်ရွေး = ၁ ပဲ
၅ ပဲ = ၁ မတ်
၂ မတ် = ၁ ငါးမူး
၂ ငါးမူး = ၁ ကျပ်
၅ ကျပ် = ၁ ပို
၂၀ ပို = ၁ ပိသာ
၃ လက်ဘက်ရည်ဇွန်း = ၁ စားပွဲဇွန်း
၂ စားပွဲဇွန်း = ၁ အရည်အောင်စ
၂လမြူ = ၁ လမြက်
၂လမြတ် = ၁ လမယ်
၂လမယ် = ၁စလယ်
၂စလယ် = ၁ခွက်(၄ဘူး)
၂ခွက် = ၁ပြည်(၈ဘူး)
၄ပြည် = ၁စိတ်
၂စိတ် = ၁ခွဲ
၂ခွဲ = ၁တင်း
၁တင်းခွဲ = ၁အိပ်
စပါး ၂၅တင်း = လှည်းတစ်စီးတိုက်
ဆန်တစ်အိပ် = ၁၀၈ ပေါင်
မြန်မာအတိုင်းအတာအခေါ်များ -
၁၀ ဆံချည် = ၁ နှမ်း
၆ နှမ်း = ၁ မုယော
၄ မုယော = ၁ လက်သစ်
၈ လက်သစ် = ၁ မိုက်
၃ မိုက် = ၁ တောင်
၄ တောင် = ၁ လံ
၇ တောင် = ၁ တာ
၂၀ တာ = ၁ ဥသာဘ
၂၀ ဥသာဘ = ၁ ကောသ
၄ ကောသ = ၁ ဂါဝုဒ်
၄ ဂါဝုဒ် = ၁ ယူဇနာ
၁ ယူဇနာ = ၁၂ မိုင် ၆ ဖာလုံ ၄ သံကြိုး
၁ တောင် =၁ ပေခွဲ
၁ လံ = ၆ ပေ
၁ မိုက် = ၆ လက်မ
၁ ထွာ = ၉ လက်မ
°F = 1.8 °C+32 (°F to °C)
K =°C +273 (K to °C )

1 Bit = Binary Digit
8 Bits = 1 Byte
1024(B) Bytes = 1 Kilobyte (KB)
1024(KB) Kilobytes = 1(MB) Megabyte
1024(MB) Megabytes = 1(GB) Gigabyte
1024(GB) Gigabytes = 1(TB) Terabyte

1 Bit = Binary Digit
8 Bits = 1 Byte
1000 (B)Bytes = 1(KB) Kilobyte
1000(KB) Kilobytes = 1 (MB)Megabyte
1000(MB) Megabytes = 1(GB) Gigabyte
1000 (GB)Gigabytes = 1(TB) Terabyte
1000 millisecond = 1 second
1000000 microsecond = 1second
1000000000 nanosecond = 1second
1 kilohertz = 1000 hertz
1megahertz = 1000 kilohertz
1 gigahertz = 1000 megahertz
A1 594 x 841 mm 23.4 x 33.1 in
A2 420 x 594 mm 16.5 x 23.4 in
A3 297 x 420 mm 11.7 x 16.5 in
A4 210 x 297 mm 8.3 x 11.7 in
A5 148 x 210 mm 5.8 x 8.3 in
A6 105 x 148 mm 4.1 x 5.8 in
A7 74 x 105 mm 2.9 x 4.1 in
A8 52 x 74 mm 2.0 x 2.9 in
A9 37 x 52 mm 1.5 x 2.0 in
A10 26 x 37 mm 1.0 x 1.5 in
Letter 216 x 279 mm 8.5 x 11.0 in 1:1.2941
Legal 216 x 356 mm 8.5 x 14.0 in 1:1.6471

1 centimetre (cm)= 10 millimetres(mm)
1 metre(m) = 100 centimetres(cm)
1kilometre(km)= 1000 metres(m)
1Inch = 2.54 centimeter
1 m = 3.28 ft
1mile = 1.6090 Km
1 gram (g) = 1,000 milligrams(mg)
1 kilogram (kg) = 1,000 grams (g)
1 Liter (L) = 1000 grams(g)
1 Liter (L) = 1000 milliliter(ml)
1 Liter (L)=1.057 quarts(qt)
1 milliliter(ml) = 1 cubic centimeter (cc)
1 gram(g) = 1 cubic centimeter (cc)
1 pound (lb)= 453.59 grams(g)
2.21 pounds = 1 kilograms
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင်
1Gallon = 2 Viss ( ပိသာ )
1 gallon = 4 quarts
သစ် ၁ တန် = ၅၀ ကုဗပေ
၁ ဟန်ဒရိတ် = ၁၁၂ ပေါင်
၂၀ ဟန်ဒရိတ်( CWT ) = ၁ တန်
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ဧက = 0.404686 Hectares
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင် ( ၁ ဟန်ဒရိတ် ၊ 1 CWT)
1 Gross= 12 Dozen
Liquid 1 m3 = 218.67 Gallons
1Drum = 50 Gallons
1 ft3 = 6.24 Gallons
1Gallon = 2 Viss ( ပိသာ )
1CWT = 31.11 Viss
1lb = 0.278 Viss
Water 1Gallon = 8.34 lbs
Glue 1Gallon = 10.70 lbs
1Inch = 2.54 centimeter
1cm = 0.3937 inch
1ft = 0.3048 meter
1 m = 3.28 ft
1 m2 = 10.80 ft2
1 Yard (ကိုက် ) = 0.9144 m
1 m = 1.0940 yards
1mile = 1.6090 Km
1Km = 0.6214 Mile
1 Gallon = 4.54 Liters
1Liter = 0.22 Gallon
1Ounces = 28.53 Grams
1Gram = 0.0352 Ounce
1Kg = 2.2 lb
1lb = 0.4536 Kg
၁ ကျပ်သား = ၁၆.၃၂၉၃ ဂရမ်

၁ ကျင်း = ၁၀၀ ကုဗပေ
အလျားxအနံxအမြင့် မြှောက်ကာ ကျင်းဖွဲ့တွက်သည်။

1 ton = 50 cft
အသား ၅၀ကုဗပေ ကို တစ်တန် ဟုတွက်သည်။
လက်သမားတွက် သစ်တစ်တန်
ထု ၂၀ လက်မ × ဗြက် ၂၀ လက်မ ×အရှည် ၁၈ ပေ
(သို့)
၄၀၀ လက်မ × အရှည် ၁၈ ပေ
ကိုတစ်တန်ဟုတွက်သည်။
(ကျသင့်ငွေ=ထု×ဗြက်×အရှည်×1တန်တန်ဖိုး×အချောင်းရေ÷7200)
ဥပမာ 1တန် 720000ဖြင့် 4" 2" အရှည် 9ပေ အချောင်း 50 တန်ဖိုးရှာရန်
ကျသင့်ငွေ=4×2×9×720000×50÷7200 ကျပ်
=360000 ကျပ်
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ဧကရှိသော စတုရန်းပုံအနားတစ်ဖက် = ၂၀၈.၇၁ပေ(၂၀၉)
၁ ဧကရှိသော စတုရန်းပုံ ပတ်လည်အနား = ၈၃၄.၈၄ ပေ(၈၃၆)
မြေဧက ဖွဲ့နည်း တွက်နည်း နှင့် စိုက်ပျိုးပင် တွတ်နည်း
=============
တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။
နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560
နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560
တြိဂံ = ၀.၅xအခြေxအမြင့် ÷ 43560
တြိဂံ = ½ အခြေxအမြင့် ÷ 43560
ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560
စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560
ပုံသေ မြှောက်ကိန်း ၀.၇၈၅၄
၀.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။
အနား ၅မျက်နှာ ၆မျက်နှာနှင့် အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက်
ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
#ခြံမြေကွက်အကျယ်အဝန်းအရ_စိုက်ပင်_တွက်နည်း
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )
(A) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။
(B) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်း
မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ x .၁၅ = ၆၂
၄၁၆ + ၆၂= ၄၇၈ ပင်
(C) ဧကပြည့် ( ၁ ဧက ) တွက်လျှင်
စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
၄၃၅၆၀ ÷ ၃၆၁ = ၁၂၀
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

Credit... Original Uploader

------------------------------------------------------------------

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Lanmadaw River View Tower

Lanmadaw River View Tower သည် ရန်ကုန်မြို့၏စီးပွားရေးနှင့် သွားလာရေး အချက်အချာကျသော လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်းနှင့် လှည်းတန်းလမ်းထောင့်တွင် တည်ရှိ၍ ခေတ်မီဆန်းသစ်လှပသော်ဒီိဇိုင်း၊ လေ၀င်လေထွက်ကောင်းမွန်၍အလင်းရောင်ရရှိနိုင်သော အခန်းဖွဲ့စည်းပုံများနှင့် အဆင့်မြင့် Decoration ပစ္စည်းများဖြင့် တည်ဆောက်ထားသော အရည်အသွေးပြည့်ဝသော အဆင့်မြင့် Towerဖြစ်ခြင်း၊ ရန်ကုန်မြစ်၏ အလှတရားများကို စီးမျောခံစားရင်း စိတ်အပန်းဖြေစေနိုင်များဖြင့် ပြည့်စုံသောနေထိုင်မှုအတွက် လက်မလွတ်သင့်သော အဆင့်မြင့် Tower ဖြစ်ပါသည်။

Location

Telephone

Address


Yangon
951

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00