16/09/2013
Fair Deal Company Ltd.,( 39/A,40), Yan Naing Swe 2nd Street , Tharketa Industrial Zone, Tharketa Township, Yangon.
Ph: 450010, 450002, 547334, 450649
Normens to Normalize Menstruation Renata -Fair Deal Company Ltd.,
( 39/A,40), Yan Naing Swe 2nd Street , Tharketa Industrial Zone, Tharketa Township, Yangon.
Ph: 450010, 450002, 547334, 450649
16/09/2013
Fair Deal Company Ltd.,( 39/A,40), Yan Naing Swe 2nd Street , Tharketa Industrial Zone, Tharketa Township, Yangon.
Ph: 450010, 450002, 547334, 450649
ပျိုဖော်ဝင်ချိန်နှင့် အပြောင်းအလဲများ
ပျိုဖော်ဝင်ချိန် ဆိုတာ ကလေး ဘ၀ကနေ လူကြီးတစ်ယောက်အဖြစ်ပြောင်းလဲလာဖို့ အတွက် ကြားခံနယ်တစ်ခုပါ။ အပြောင်းအလဲတွေ အများကြီးကိုကြုံတွေ့ ရလေ့ရှိတဲ့အတွက် ကလေးတော်တော်များများဟာ ပျိုဖော်ဝင်ချိန်တွေကို ခက်ခဲပင်ပန်းစွာကျော်ဖြတ်ရလေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ဂရုတစိုက် မထိန်းကွပ်ဘူးဆိုရင် ကလေးတွေဟာ စိတ်ကျရောဂါရခြင်း ၊ မူးယစ်ဆေးစွဲခြင်း၊ အရွယ်မတိုင်ခင် အိမ်ထောင်ကျခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း စတဲ့ စိတ်သာယာမှုကြောင့်ဖြစ်ပေါ်တဲ့ မလိုလားအပ်တဲ့ပြသနာတွေကို ကြုံတွေ့ ရနိုင်ပါတယ်။ ဒါကြောင့် ပျိုဖော်ဝင်ချိန်တွေကို သက်သက်သာသာ ကျော်ဖြတ်ပြီး ထူးချွန်ထက်မြက်တဲ့ သားသမီးရတနာလေးတွေဖြစ်လာစေ ဖို့ အတွက် ပျိုဖော်ဝင်ချိန်မှာဖြစ်တတ်တဲ့ အပြောင်းအလဲများ၊ ကြုံတွေ့  ရလေ့ရှိတဲ့ အခက်အခဲများကို ဗဟုသုတရအောင်တင်ပြလိုက်ရပါတယ်။
၁။ ပျိုဖော်ဝင်ချိန် နှင့် ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများ
ပျိုဖော်ဝင်ချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ပထမဦးဆုံးဖြစ်ပေါ်လာတာကတော့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပါပဲ။
ယောက်ျားလေး ၊မိန်းကလေး နှစ်မျိုးလုံး မှာ အရပ်တွေပိုရှည်လာခြင်း၊ကိုယ်အလေးချိန်တွေတက်လာခြင်း၊ ချိုင်း နဲ့ ဆီးခုံတွေမှာ အမွှေးအမြှင်တွေပေါက်လာခြင်း၊ ခြေလက်တွေမှာ အမွှေးအမျှင်တွေ ထူလာခြင်း၊ ချွေး နဲ့ အဆီတွေပို ထွက်လာတဲ့ အတွက် ၀က်ခြံတွေ ပေါက်လာခြင်းစတာတွေဖြစ်လာတွေ စတင်ကြုံတွေ့ ရလေ့ရှိပါတယ်။
မိန်းကလေးတွေမှာတော့ ရင်သားတွေနဲ့ လိင်အင်္ဂါ တွေစတင်ဖွံ့ ဖြိုးလာပါတယ်။ ခန္ဓာကိုယ်အတွင်းမှာတော့ သားအိမ် နဲ့  သားဥအိမ်တွေ စတင်ဖွံ့ ဖြိုးလာပါတယ်။ နောက်ဆုံးမှာတော့ သားအိမ်တွေပုံမှန် အလုပ်လုပ်ပြီး ရာသီပန်းပွင့် ခြင်းဖြစ်ပေါ်လာပါတယ်။
ယောက်ျားလေးတွေမှာတော့ မျိုးပွါး အင်္ဂါတွေ ဖွံ့ ဖြိုး လာပြီး သုတ်လွှတ်ဖို့ အတွက်အဆင်သင့်ဖြစ်လာပါတယ်။
၂။ ပျို ဖော်ဝင်ချိန်နှင့် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများ
ပျိုဖော်ဝင်ချိန်တွေ မှာစိတ်ပိုင်းဆိုင်ရာအပြောင်းအလဲ တွေကြောင့် မလိုလားအပ်တဲ့ ပြသနာတွေဖြစ်လာတတ်ကြတာပါ။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို အထူးဂရုစိုက်သင့်ပါတယ်။
၁။ အလွန်အကျွံ ဆတ်ဆတ်ထိ မခံ ဖြစ်တတ်ခြင်း
ပျိုဖော်ဝင်ချိန်တွေ မှာ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေအများကြီး ကိုကြုံတွေ့ နေရတဲ့အတွက် နေသားမကျမှုတွေကို ခံစားနေရတတ်ပါတယ်။ ဒါကြောင့် အရာရာကို စိတ်တိုင်းမကျခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ ဆတ်ဆတ်ထိမခံနိုင်ခြင်း နှင့် စိတ်ဓာတ်ကျလွယ်ခြင်းတွေကို ကြုံတွေ့ ရလေ့ရှိပါတယ်။ အဲ့ဒီလို ဖြစ်နေတဲ့ အတွက် မိသားစု၊ သူငယ်ချင်းတွေနဲ့ အဆင်မပြေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီလို အခြေအနေမျိုးတွေကို ကြုံတွေ့ လာရပြီဆိုရင်တော့ ကိုယ်နဲ့  အဆင်ပြေမယ့် ၊ စကားပြောလို့ ကောင်းမယ့် တစ်ယောက်ယောက် နဲ့ တိုင်ပင်တာမျိုး၊ ရင်ဖွင့်တာမျိုးပြုလုပ်သင့်ပါတယ်။ မိသားစု ၀င်တွေအနေနဲ့ လည်း ကိုယ့်ကလေး အခြေအနေကို ဂရုတစိုက်စောင့် ကြည့်ပြီး နွေးနွေးထွေးထွေး ဆက်ဆံသင့်ပါတယ်။
၂။ စိတ်ခံစားမှုအပြောင်းအလဲ မြန်ခြင်း
ပျိုဖော်ဝင်ချိန်တွေမှာ စိတ်ခံစားမှုအပြောင်းအလဲတွေ မြန်နေတတ်ပါတယ်။ ဥပမာ: ပျော်ရွှင်နေရာကနေ မကြာခင်ပဲ ၀မ်းနည်းလာတာမျိုး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေရာကနေ စိတ်ဓာတ်ကျလာတာမျိုး တွေဖြစ်လာတတ်ပါတယ်။ ဒါတွေဟာ ဟော်မုန်းတွေရဲ့  ပမာဏ တည်ငြိမ်မှုမရှိသေးပဲ အပြောင်းအလဲ၊ အတက်အကျတွေဖြစ်နေတဲ့အတွက် စိတ်ခံစားမှုတွေလဲ တည်ငြိမ်မှုမရှိဖြစ်နေရတာပါ။ မိသားစုဝင်တွေ အနေနဲ့ ဒီလို အချက်မျိုးတွေကို နားလည်ပြီးသည်းခံခွင့်လွှတ်ပေးသင့်ပါတယ်။
၃။ ကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်တတ်လာခြင်း
ပျိုဖော်ဝင်ချိန်ရောက်ပြီဆိုတာဟာ လူကြီးတစ်ယောက်ဖြစ်ဖို့ အတွက် အစပြုလာတာဖြစ်တဲ့အတွက် ကလေးတွေဟာ ငါဘယ်လို လူမျိုးဖြစ်တယ်၊ ငါဘာဖြစ်ချင်တယ်၊ ငါဘယ်လို နေရာမျိုးနဲ့ သင့်လျော်မယ်ဆိုတာမျိုးတွေကို စူးစမ်းလေ့လာတတ်လာပါ။ အဲ့ဒီလို အချိန်မျိုးတွေမှာ သူငယ်ချင်း၊ ပတ်ဝန်းကျင်၊ ရွယ်တူတန်းတူတွေ ဟာ သူတို့ ကို အများကြီး လွှမ်းမိုး မှုတွေလုပ်လာနိုင်ပါတယ်။ တစ်ခါတစ်လေမှာ လူကြီးစိတ်တွေဝင်ပြီး မိဘ၊ မိသားစုတွေရဲ့လက်အောက်က လွတ်မြောက်ဖို့ ၊ အမှီအခို ကင်းဖို့ ဆိုတဲ့အတွေးမျိုးတွေ တောင်ဝင်လာတတ်ပါတယ်။ ဒီလို အချိန်မျိုးတွေမှာ အတွေးမမှားဖို့ ၊ လမ်းကြောင်းပျောက်မသွားဖို့ တော့ မိသားစုတွေက နားလည်အောင်၊ နားဝင်အောင် ပြောပြပြီး လမ်းကြောင်းတည့်မတ်ပေးသင့်ပါတယ်။
၎။ပတ်ဝန်းကျင်၏ ဖိအားများကို ခံစားရခြင်း
ပျိုဖော်ဝင်ချိန် ကလေးတွေကို ဖိအားပေးနေတဲ့ပတ်ဝန်းကျင်ဆိုတာကတော့ များသောအားဖြင့် သူတို့ နဲ့  ရွယ်တူ၊တန်းတူတွေဖြစ်လေ့ရှိပေမယ့် မီဒီယာတွေ၊ ရုပ်သံဇာတ်လမ်းတွေဟာလည်း ကလေးတွေကို အနည်းနဲ့ အများတော့ ဖိအားပေးမှုတွေပြုလုပ်နေတာပါပဲ။ ကလေးတွေဟာ အ၀တ်အစား၊ အပြောအဆို၊ အနေအထိုင်၊ အပြုမူ အားလုံးကို ပတ်ဝန်းကျင်ကနေ အတုယူတာမျိုးကို လုပ်တတ်လာပါတယ်။ သူများတွေ ရည်းစားထားရင်ကိုယ်လည်းထားချင်လာတယ်၊ သူများဆေးလိပ်သောက်ရင် ကိုယ်လည်းသောက်ကြည့်ချင်တယ်။ ပတ်ဝန်းကျင်မှာ ကြားနေမြင်နေရတာမျိုးတွေကို စမ်းကြည့်ချင်လာတတ်ကြပါတယ်။ ဒါကြောင့် ပျိုဖော်ဝင်ချိန်ကလေးတွေရဲ့ မိသားစုတွေဟာ ကိုယ့်ကလေးတစ်ယောက်တည်းတင်မကပဲ ကိုယ့်ကလေးရဲ့ပတ်ဝန်ကျင် အခြေအနေတွေကို ပါဂရုစိုက်သင့်ပါတယ်။
၅။ မိမိခန္ဓာကိုယ် အပြောင်းအလဲအပေါ် အလွန်အမင်းစိတ်အနှောင့်အယှက် ဖြစ်တတ်ခြင်း
ပျိုဖော်ဝင်ချိန် ခန္ဓာကိုယ်အပြောင်းအလဲတွေဟာ ကလေးတစ်ယောက်နဲ့ တစ်ယောက်ပုံစံမတူတတ်ပါဘူး။ မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် ပိုပြီးစောစော အပျိုဖော်ဝင်တတ်ကြပြီး ခန္ဓာကိုယ်အပြောင်းအလဲတွေဟာပိုပြီး သိသာထင်ရှားပါတယ်။ ကိုယ့်ခန္ဓာကိုယ် မှာ အပြောင်းအလဲတွေဖြစ်ပေါ်နေပြီး ကိုယ့်သူငယ်ချင်း တွေမှာ အပြောင်းအလဲတွေ မတွေ့  ရတဲ့အခါမျိုး၊ သူငယ်ချင်း တစ်ဖွဲ့ လုံးမှာ ကိုယ်တစ်ယောက်တည်း ထူးထူးခြားခြားပြောင်းလဲနေတာမျိုးတွေကို ကြုံတွေ့ ရတဲ့အခါ ကလေးတွေဟာ အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်တတ်ကြပါတယ်။ ဒါကြောင့်မိဘတွေ အနေနဲ့ ကလေးတွေကို ပျိုဖော်ဝင်ချိန်ရောက်ရင်ကြုံတွေ့ ရမည့် အပြောင်းအလဲတွေအကြောင်း၊ အပြောင်းအလဲတွေဟာ တစ်ယောက်နဲ့  တစ်ယောက်မတူတတ်ပေမယ့် အားလုံးဟာ တစ်ယောက်တစ်မျိုးကြုံတွေ့ ကြရတတ်တယ်ဆိုတဲ့ အကြောင်းများကို ကြိုတင်ပြောပြထားသင့်ပါတယ်။
၆။ ဆန့် ကျင်ဘက် တွေအပေါ် စိတ်ဝင်စားတတ်လာခြင်း။
ပျိုဖော်ဝင်ချိန်ရောက်လာပြီဆိုရင် လူကြီးတစ်ယောက်ကဲ့သို့  လိင်အင်္ဂါတွေဟာစတင်ဖွံ့ ဖြိုးလာပြီဖြစ်တဲ့အတွက် ဆန့်  ကျင်ဘက်တွေအပေါ်စိတ်ဝင်စားမှုတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာတော့ ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် ပိုပြီး စူးစမ်းချင်စိတ်တွေများတတ်ကြပါတယ်။ ရည်းစားထားကြည့်ချင်လာတတ်ကြတယ်။ သူငယ်ချင်းအပေါင်းအသင်းမကောင်းတဲ့ သူတွေနဲ့ ပေါင်းမိရင်တော့ အပျော်အပါးတွေစမ်းသပ်ကြည့်ချင်လာတတ်ကြပါတယ်။ မိန်းကလေးတွေ ကတော့ မှီခိုချင်စိတ်၊ အားကိုးချင်စိတ်တွေနဲ့ အယုံလွယ်ပြီး မဖြစ်သင့်တာတွေဖြစ်တတ်တာမျိုးတွေတွေ့ ရလေ့ရှိပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ၊ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေ အကြောင်းကို နားလည်အောင်ရှင်းပြ၊ ပြောပြထားသင့်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ ပျိုဖော်ဝင်ချိန်ဆိုတာ ကလေးတစ်ယောက်အဖြစ်ကနေ လူကြီးတစ်ယောက်အဖြစ်ပြောင်းလဲဖို့  အတွက်ဘ၀တစ်ဆစ်ချိုးအချိန်ပါ။ ဒီလိုအချိန်တွေကို ကောင်းမွန်စွာကျော်ဖြတ်နိုင်ပြီး ဘ၀တိုးတက်မှုအတွက် လမ်းမှန်ကိုရွေးချယ်နိုင်ခဲ့မယ်ဆိုရင် ထူးချွန်တဲ့ သားသမီးရတနာလေးတွေ ကို ပိုင်ဆိုင်နိုင်မှာဖြစ်သလို၊ ဒီလို အချိန်တွေမှာ လမ်းမှားကို ရွေးမိပြီး ပျက်စီးခဲ့မယ်ဆိုရင်တော့ မိဘတွေအနေနဲ့ ယူကြုံးမရ ဖြစ်ကြရမှာပါ။ ဒါကြောင့် မိမိ ကလေးငယ်လေးတွေ ပျိုဖော်ဝင်ချိန်တွေကို သက်တောင့်သက်သာကျော်ဖြတ်နိုင်စေဖို့ ကူညီပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေ။။။
မေသူ-သံတွဲ (ဆေးဝါးတက္ကသိုလ်)
12/08/2013
Renata -Fair Deal Company Ltd.,( 39/A,40), Yan Naing Swe 2nd Street , Tharketa Industrial Zone, Tharketa Township, Yangon.
Ph: 450010, 450002, 547334, 450649
18/06/2013
1st MM FDA Approved Norethisterone acetate 5 mg Tablet ...
18/06/2013
During your menstrual cycle, GnRH is released first by the hypothalamus. This causes a chemical reaction in the pituitary gland and stimulates the production of FSH and LH. Estrogen, progesterone, and testosterone (yes, the "male" hormone) are produced by the ovaries in reaction to stimulation by FSH and LH. When these hormones work harmoniously, normal menstrual cycles occur.