အမျိုးသားဓာတ်ခွဲခန်း (NAL)၏ ဓာတ်ခွဲတိုင်းတာ ဝန်ဆောင်မှုလုပ်ငန်းများအား (၅-၁၁- ၂၀၂၀)၊ ကြာသပတေးနေ့မှ စတင်၍ ပြန်လည်လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင်-
(၁) လိုအပ်သောစာရွက်စာတမ်းတင်ပြခြင်း- Online ဖြင့် ပေးပို့ရန်
(၂) Analysis Report (Certificate)ထုတ်ယူခြင်း- နံနက် (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအတွင်း ထုတ်ယူရန်
(၃) စမ်းသပ်မည့် နမူနာပစ္စည်း ပေးပို့ခြင်း- နေ့လည် (၁း၀၀)နာရီမှ (၃း၀၀)နာရီအတွင်း ပေးပို့ရန်
လုပ်ငန်းစဥ်
၁။ ဝန်ဆောင်မှု လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်း အပြည့်အစုံကို အမျိုးသားဓာတ်ခွဲခန်း၏ e-mail address: [email protected] သို့ ပေးပို့လျှောက်ထားပြီး၊ ဖုန်းနံပါတ် ၀၁ ၆၆၇ ၂၄၇ (သို့မဟုတ်) ၀၉ ၅၃ ၉၄ ၅၀၃ သို့ ဆက်သွယ်၍ အတည်ပြုချက်ရယူရမည်။
လိုအပ်သော စာရွက်စာတမ်းများ
-ပုဂ္ဂလိက ပြည်ပမှသွင်းကုန်ပစ္စည်းများ (လျှောက်လွှာ, Customer Request Form, COA, MSDS)
- ပုဂ္ဂလိကပြည်တွင်း ထုတ်ကုန်ပစ္စည်းများ (လျှောက်လွှာ, Customer Request Form)
-ကျောင်းသား/ ကျောင်းသူ (လျှောက်လွှာ, Customer Request Form, သက်ဆိုင်ရာကျောင်းမှ ပါမောက္ခချုပ်၏ ထောက်ခံချက်)
- တိုင်းတာမည့် Sample တစ်မျိုးထက်ပိုပါက တစ်မျိုးစီအတွက် PDF File တစ်ခုစီ သီးခြားခွဲပေးရန်
( Customer Request Form, COA, MSDS တို့ တွဲလျှက် PDF File တစ်ခု)
၂။ အမျိုးသားဓာတ်ခွဲခန်းမှ စစ်ဆေးအတည်ပြု၍၊ ဝန်ဆောင်မှုလက်ခံနိုင်ပါက ဝန်ဆောင်မှုအတွက် ကျသင့်သည့် ငွေတောင်းခံလွှာကို e-mail ဖြင့် ပြန်လည်ပေးပို့ပါမည်။
၃။ ငွေတောင်းခံလွှာရရှိပါက ကျသင့်သောဝန်ဆောင်ခအား နီးစပ်ရာဘဏ်မှတစ်ဆင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဉီးစီးဌာန၏ Account No. MD 010396 (မြန်မာ့စီးပွားရေးဘဏ်၊ မြောက်ဉက္ကလာ ဘဏ်ခွဲ)သို့ ပေးသွင်းရမည်ဖြစ်သည်။
ယင်းသို့ငွေပေးသွင်းရာတွင်နည်းလမ်း(၂)မျိုးဖြင့် ပေးသွင်းနိုင်ပါသည်။
- နီးစပ်ရာ မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဉီးစီးဌာန၏ Account No. သို့ ငွေသားဖြင့် တိုက်ရိုက် ငွေလွှဲပေးပို့ခြင်း
- ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန၏ Account No. သို့ အထူး မျဉ်းသားချက် (Crossed Cheque) ကိုသုံး၍ ငွေလွှဲပေးပို့ခြင်း
၄။ ငွေပေးသွင်းပြီးပါက ငွေပေးသွင်းပြီးကြောင်းအထောက်အထားချလန် (Bank Slip)အား ဌာန၏ e-mail သို့ ပြန်လည် ပေးပို့ရပါမည်။
၅။ ပြီးနောက်တိုင်းတာမည့်နမူနာပစ္စည်းများကို ဌာနသို့ သတ်မှတ်အချိန်အတွင်း ပေးပို့ပေးရပါမည်။
၆။ဝန်ဆောင်မှုလုပ်ငန်းပြီးစီး၍ Analysis Report (Certificate) ထုတ်ယူရာတွင် Customer များအနေဖြင့် အမျိုးသားဓာတ်ခွဲခန်းမှ ငွေတောင်းခံလွှာနှင့် Bank Slip (မူရင်း) တို့တင်ပြ၍ ထုတ်ယူရမည်ဖြစ်သည်။
၇။ မရှင်းလင်းသောအချက်များရှိပါက အမျိုးသားဓာတ်ခွဲခန်းရှိ အောက်ပါ ဖုန်းနံပါတ်များ -
၀၁ ၆၆၇ ၂၄၇၊ ၀၉၉၇ ၂၃၆ ၇၇၉၁ နှင့် ၀၉ ၅၃၉၄ ၅၀၃ ၊ ၀၉၄၃၁၃၆၂၇၇ များသို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။
COVID- 19 ကူးစက်ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ဝန်ထမ်းများ (၂)ပတ် ရုံးတက်၊ (၂)ပတ်နားစံနစ် ဖြင့် တာဝန်ထမ်းဆောင်နေပါသဖြင့် ဝန်ဆောင်မှုကာလမှာ အနည်းဆုံး ရက်သတ္တပတ်(၃)ပတ် ကြာမြင့် နိုင်ပါသည်။
Analytical Laboratory
Nal-Dri Myanmar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nal-Dri Myanmar, Government Organization, Ministry of Education, Yangon.
04/09/2020
#အမျိုးသားဓာတ်ခွဲခန်း
#သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန
အမျိုးသားဓာတ်ခွဲခန်း (NAL) ဌာနတွင် စမ်းသပ်ရန် နမူနာပစ္စည်းများကို (8-9-2020) ရက်ေန၊ အဂင်္ါနေ့မနက် (10:00) မှ နေ့လည် (12:00) အတွင်း မှ စတင်၍ Sample များကို လက်ခံပေးမည်ဖြစ်ကြောင်း ကြိုတင် အကြောင်းကြားအပ်ပါသည်။
COVID-19 ကူးဆက်ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် အမျိုးသားဓာတ် ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုများကို ပြန်လည်လက်ခံဆောင်ရွက်ပေးလျှက်ရှိရာ၊ ဝန်ဆောင်မှု လုပ်ငန်းစဉ်များအဆင်မပြေမှုတချို့ဖြင့်ကြုံတွေ့ရပါသဖြင့် အောက်ပါအတိုင်း ပြင်ဆင်ဆောင်ရွက်သွား မည် ဖြစ်ပါသည်။
၁။ ဝန်ဆောင်မှုလျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်း အပြည့်အစုံကို အမျိုးသားဓာတ် ခွဲခန်း၏ e-mail address: [email protected] သို့ ပေးပို့လျှောက်ထားပြီး၊ ဖုန်းနံပါတ် ၀၁ ၆၆၇ ၂၄၇ (သို့မဟုတ်) ၀၉ ၅၃ ၉၄ ၅၀၃ သို့ ဆက်သွယ်၍ အတည်ပြုချက်ရယူရမည်။
လိုအပ်သော စာရွက်စာတမ်းများ
-ပုဂ္ဂလိက ပြည်ပမှသွင်းကုန်ပစ္စည်းများ (လျှောက်လွှာ, Customer Request Form, COA, MSDS)
- ပုဂ္ဂလိကပြည်တွင်း ထုတ်ကုန်ပစ္စည်းများ(လျှောက်လွှာ, Customer Request Form)
-ကျောင်းသား/ ကျောင်းသူ (လျှောက်လွှာ, Customer Request Form , သက်ဆိုင်ရာကျောင်းမှ ပါမောက္ခချုပ်၏ ထောက်ခံချက်)
- တိုင်းတာမည့် Sample တစ်မျိုးထက်ပိုပါက တစ်မျိုးစီအတွက် PDF File တစ်ခုစီဖြင့် ပြင်ဆင်ပေးပို့ပါရန်( Customer Request Form, COA, MSDS တို့ တွဲလျှက် PDF File တစ်ခု)
၂။ အမျိုးသားဓာတ်ခွဲခန်းမှ စစ်ဆေးပြီး၍ သွင်းရမည့် ငွေပမာဏပါသည့် စာရွက်ကို e-mail ဖြင့်ပြန်လည် ပေးပို့ပါမည်။
၃။ ထို့နောက် မိမိတို့အပ်နှံသော ဝန်ဆောင်မှုလုပ်ငန်းအတွက် ကျသင့်သောဝန်ဆောင်ခကို ဘဏ်မှ တစ်ဆင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန၏ Account No. MD 010396, မြန်မာ့ စီးပွားရေး ဘဏ်၊ မြောက်ဉက္ကလာဘဏ်ခွဲသို့ ပေးသွင်းရမည်ဖြစ်သည်။ ယင်းသို့ ပေးသွင်းရာတွင် နည်းလမ်း(၂) မျိုးဖြင့် ပေးသွင်းနိုင်ပါသည်။
(က) နီးစပ်ရာ မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှ ပေးသွင်းမည်ဆိုပါက သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဉီးစီးဌာန၏ Account No. သို့ ငွေသားဖြင့် တိုက်ရိုက် ပေးသွင်းနိုင်ပါသည်။
(ခ) ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ပေးသွင်းမည်ဆိုပါက သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန၏ Account No. သို့ အထူးမျဉ်းသားချက် (Crossed Cheque ) ကိုသုံး၍ ငွေလွှဲခြင်းနည်းလမ်းဖြင့် ပေးသွင်း နိုင်ပါသည်။
၄။ ငွေပေးသွင်းပြီးပါက ငွေပေးသွင်းပြီးကြောင်းအထောက်အထားချလန်မူရင်းနှင့်အတူ တိုင်းတာ မည့် နမူနာပစ္စည်းများကို နံနက် (၁၀) နာရီမှ နေ့လည်(၁၂) နာရီ အတွင်း လာရောက်ပေးပို့ရပါမည်။ အမျိုးသားဓာတ်ခွဲခန်းမှ Job နံပါတ်ပါ သည့် ငွေတောင်းခံလွှာ ပြေစာစာရွက်ပေးလိုက်ပါမည်။
၅။ ဝန်ဆောင်မှုလုပ်ငန်းပြီးစီး၍ Certificate ထုတ်ယူရာတွင် Customer များအနေဖြင့် အမျိုးသား ဓာတ်ခွဲခန်းမှ ပေးလိုက်သည့် Job နံပါတ်ပါသည့် ငွေတောင်းခံလွှာ ပြေစာစာရွက်ဖြင့် တင်ပြထုတ်ယူရ မည်ဖြစ်သည်။
၆။ မရှင်းလင်းသောအချက်များရှိပါက အမျိုးသားဓာတ်ခွဲခန်းရှိ အောက်ပါ ဖုန်းနံပါတ်များ -
၀၁ ၆၆၇ ၂၄၇၊ ၀၉၉၇ ၂၃၆ ၇၇၉၁၊ ၀၉ ၅၃ ၉၄ ၅၀၃ နှင့် ၀၉ ၄၃၁၃၆၂၇၇ တို့သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
----------------------------------------------
Sample of Application Form
Download Link......
https://drive.google.com/file/d/1ppOyVKYvVTq5aexpX92hlaE5rg8olFN1/view?usp=sharing
----------------------------------------------
Test Request Form
Download Link......
https://drive.google.com/file/d/1-n-kS-I2OtXgDYAZXzzcTfpcaHld_oj-/view?usp=sharing
11/06/2020
National Analytical Laboratory
Test Request Form
လုပ်ငန်းအပ်နှံခြင်း အဆိုပြုပုံစံ
Download Link:
👇👇👇
အမျိုးသားဓာတ်ခွဲခန်း၏ ဆက်သွယ်ဆောင်ရွက်ရန် Contact List အားသိရှိနိုင်ပါရန်-
၁။ ဒေါက်တာထွန်းထွန်းမိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်
Ph: +95 1 667231 , 09425275899
Fax: +95 1 667247, Email: [email protected]
၂။ ဒေါက်တာမိုးမဉ္ဇူ ၊ ညွှန်ကြားရေးမှူး
Ph: +95 1 667601 , 0973140164
Email: [email protected]
၃။ ဒေါက်တာလဲ့လဲ့ဝင်း ၊ ညွှန်ကြားရေးမှူး
Ph: +95 1 663129 , 09421182343
Email: [email protected]
၄။ ဒေါက်တာအေးအေးတိုး ၊ ညွှန်ကြားရေးမှူး
Ph: +95 1 667372 , 09792116459
Email: [email protected]
၅။ ဓာတ်ခွဲဝန်ဆောင်မှု့များနှင့်ပတ်သက်၍စုံစမ်းရန်
ဒေါက်တာအင်ကြင်းဖြူ
Ph: +95 1 667247, 095394503
Email: [email protected]
အမျိုးသားဓာတ်ခွဲခန်းမှ ဝန်ဆောင်မှုများကို coustmer များအဆင်ပြေချောမွေ့စေရန်အတွက် (၁-၆-၂-၂၀) မှစ၍ ပုံမှန်အတိုင်း လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အမျိုးသားဓာတ်ခွဲခန်းသို့ နမူနာများလာရောက်အပ်နှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် -
(၁) နမူနာများလက်ခံခြင်းအား နံနက် ( ၁၀ မှ ၁၂ : ၃၀)နာရီ ထိ ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊
(၂) Analysis Report ထုတ်ပေးခြင်းအား နေ့လည် ( ၂ မှ ၄ )နာရီ ထိဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
coustmer များအနေဖြင့် မိမိတို့၏ဓာတ်ခွဲစမ်းသပ်လိုသောနမူနာများနှင့် စာရွက်စာတမ်းများအားယူဆောင်၍ လာရောက်အပ်နှံဆောင်ရွက်ရာတွင် Covid-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက်အောက်ဖော်ပြပါ အချက်များကိုလိုက်နာဆောင်ရွက်ပါရန်မေတ္တာရပ်ခံအပ်ပါသည်။
- မဖြစ်မနေ mask တပ်လာရမည်၊
- လက်ဆေးရန်နှင့် hand sanitizer သုံးရန်
- Social distancing အဖြစ် သတ်မှတ်ထားသော နေရာတွင်သာစောင့်ဆိုင်းရန်
ကျေးဇူးတင်စွာဖြင့်
အမျိုးသားဓာတ်ခွဲခန်း
01667247
25/05/2020
အမျိုးသားဓာတ်ခွဲခန်းမှ တိုင်းတာပေးနိုင်သော ၀န်ဆောင်မှုများနှင့် ဆက်သွယ်စုံစမ်းရန် ဖုန်းနံပါတ်များကို အောင်ဖော်ပြပါ download Link တွင်လေ့လာသိရှိနိုင်ပါသည်။
👇👇👇
https://drive.google.com/file/d/1WYv3Q6q5gywpVFH6r7--Jw_V_E9G-aSg/view?usp=sharing
Analytical Laboratory
of Research and Innovation
20/05/2020
Service Charges ;
SEM တိုင်းတာခသည် တက္ကသိုည်များအတွက် ပါမောက္ခချုပ်ထောက်ခံစာပါရှိမှသာလျှင် ၁၅၀၀၀ ကျပ်ဖြစ်ပါသည်။
Click here to claim your Sponsored Listing.
Location
Category
Website
Address
Ministry Of Education
Yangon
