သွန်းသုခ၏ ရသစာစုများ

သွန်းသုခ၏ ရသစာစုများ

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from သွန်းသုခ၏ ရသစာစုများ, Yangon.

29/11/2025

ကျွန်တော့်ရဲ့ ဒီ page လေးမှာ စာတွေ ၊ ကဗျာ

တွေ မရေးဖြစ်တာ အတော်ကြာခဲ့ပါပြီ။

ကဗျာတွေ စာတွေ နဲ့ စိတ်ကြည်နူးစရာတွေက

လွဲလို့ ဘာအကြောင်းမှ မတင်ချင်တဲ့ page

လေးမို့ စိတ်အစဉ်မပြေတဲ့ အချိန်တွေမှာ

ဘာမှ မရေးဖြစ်ခဲ့တာပါ။

သိပ်မကြာခင် ပျော်ရွှင်ကြည်နူးစရာလေးတွေ

နဲ့ ကျွန်တော် ပြန်လာခဲ့မှာပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။

သွန်းသုခ

29.11. 2025

24/11/2025
06/12/2024

အဖြူရောင်
___________

ကျွန်တော် အဖြူရောင်ကို
အရမ်းနှစ်သက်ပါတယ်။

အဖြူရောင်ဟာ အစွန်းအထင်း အပေ
အတေ မခံပါဘူး။

ဒီတော့ စွန်းထင်းပေကျံနိုင်တဲ့ နေရာ
တွေကို ရှောင်ရတယ်ပေါ့။

သင့်စိတ်ဟာ အဖြူရောင် ဆိုရင်
ကိုယ့်စိတ်ကို စွန်းထင်းပေကျံနိုင်တဲ့
ပတ်ဝန်းကျင်အသိုင်းက လူတွေကို
ရှောင်သင့်တာပေါ့။

သွန်းသုခ
6/12/2024

31/07/2024

မြဘုရား

05/07/2024

အသက်ကြီးလာရင်
သမာဓိအားနည်းလာတာလား၊
စိတ်ဓါတ်တွေ ဖောက်ပြန်လာ
တာလား၊ ကြောက်စိတ်တွေ
ပိုများလာသလား စဥ်းစားရ ခက်လာ
တယ်။
အမှန်တရားအတွက်
လူငယ်တွေလို
သိက္ခာရှိရှိ၊ သစ္စာရှိရှိ ၊ သတ္တိရှိရှိ
ရပ်တည်ရဲတဲ့ လူကြီးတွေကို
တွေ့မြင်လာရတဲ့အခါ။

စဥ်းစားရခက်လာတယ်။

သွန်းသုခ
5.7.2024

20/06/2024

ဘန်ကောက်ည

16/06/2024

လူ့ဂုဏ်သိက္ခာဆိုတာ
ငွေကြေးမဟုတ်ဘူး၊
ကိုယ်တိုင်ကျင့်ရတဲ့ ကိုယ်ကျင့်
တရားကောင်းမွန်ခြင်း ဆိုတာတော့
မင်း သိပါတယ် မစန္ဒာ။

သွန်းသုခ

15/06/2024

ဘဝဆိုတာ
ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေနဲ့
နာကျင်စရာတွေကို တေးသီရင်း အားယူရှေ့ဆက်၊ ပျော်ရွှင်စရာတွေ
ပွေ့ဖတ်နိုင်ဖို့ ကြိုးစားကြရတာပဲ
မဟုတ်လား.....မစန္ဒာ။

သွန်းသုခ

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon