မောင်ပိုးလေး ကျွန်တော့်ကဗျာထားသိုရာ

မောင်ပိုးလေး ကျွန်တော့်ကဗျာထားသိုရာ

Share

mgpoelay

18/06/2025

လင်းေနတဲ့

အွပုံး က လေး

နေမဝငျပါစေနဲ့ အုံးကှယျ...

တ နေ့ 

အေွးမ. နေ စေ ချင် တယ် ။

........

28/05/2024

.,...

၂၁ သိမ်းငှက်များ
။။။။။။။။။

အခုဆို

အတောင် စုံညီပြီ...

အချွန် အထက် အဖွေးသားနဲ့

လှီးဖြတ် သတ်နိူင်တဲ့

လက်နက်လည်း.....

တပ်ဆင်ခဲ့ပြီ... ... ... ... ...။

စကြာဝဠာကနေ

မြေပြင်ကြွက်တွင်းပေါက်ဝလေးကိုတောင်

ချောင်း​မြောင်း လုပ်ကြံနိူင်ပြီ....။

ရေထဲက ငါး တောင် သားကောင်

အဲဒီလို အစွမ်းသတ္တိ

အပြည့်အသိပ် ရှိတဲ့ ငှက်များ....

ပျံ ချီ လာ ပြီ..... .... ....။

***********

သေရဲတဲ့ကောင်တွေရဲ့ အလံ ဟာ

သစ္စာတရားဖြင့် လွှင့်ထူချီတက် ၊

အရာအားလုံးအတွက်

ငါတို့အတောင်ကို ပြင်းပြင်း ခတ်မယ်။

ဟောဒီတောတောင်တွေကို

အံကြိတ်ဝါးစားအလွတ်ရထားတဲ့ကောင်တွေဟာ

မြို့ပြကလာခဲ့တယ် ဆိုတာလည်း

မမေ့နဲ့.....။

သေနေ့စေ့ချင်တဲ့......

သစ္စာဖောက်တွေသွားရာလမ်းကို ပြပေးဖို့...

သိမ်းငှက်တို့ အိမ်ပြန်လာခဲ့မယ်။

ရောင်နီကိုငါတို့အားလုံးအတူကြိုပါစို့........။ ။

မောင်ပိုးလေး..

******************
,

16/12/2023

အလံဖြူ

( သို့မဟုတ်)

ပြည်သူ့အာဏာ သစ္စာခံခြင်း

အ လင်းရောင်ကိုမြင်ရချိန်မှာပဲ
အမှောင်ချခံရတဲ့လူငယ်တွေဟာ
ဟောဒီ့နွေဦးတော်လှန်ရေးကို
အသက်သွေးချွေးနဲ့ဘဝတွေပေး၊
နောက်ဆုံးမျိုးဆက် ဆိုတဲ့ စိတ်ကိုမွေးရင်း....
တောင်တန်းမြေပြင် တန်းတူ
လွတ်လပ်ရေး အတွက်
ခရီးဆက်လျက်ပါပဲ..........။

ဒီတခါစည်းလုံးမှုမျိုး
သမိုင်းမှာ သင်တို့ တွေ့ဖူးကြပါသလား.........
ဘယ်လို အသံပဲ ထွက်ထွက်
လက်တွဲ ထားကြဆဲဆိုတာ သာ ငါတို့ ကြားတယ်။

ရောင်နီဟာ တစ်နေ့
ငါတို့ကို မော်ဖူးရမှာပဲဟေ့.....

ငါတို့အသံကိုသာ ကြားမယ်....
ငါတို့ကို မတွေ့မယ့်သူတွေ.....

ငါတို့ကို မြင်ပြီး
ငါတို့ကို မသိတဲ့သူတွေ.....

ဘယ်လိုကြည့်ကြည့်
သင်တို့ဟာ အရှုံးသမားစစ်စစ်တွေ.....

မိုက်မဲမှု သင်တို့ သေသည့်တိုင်
ကိုးကွယ်သွားမှာပါလား......

ဖခင်ကောင်း
ခင်ပွန်းကောင်း
မိသားစုတစ်ခုခုမှာ
အမှတ်တရကောင်းပေးသူတစ်ယောက်ယောက်
သင်ဖြစ်နေခဲ့ရင်......
ဒီစစ်ပွဲရဲ့
လူယုတ်မာတွေဘက် သင်မပါ ပါစေနဲ့.........။

ငါတို့ ပြန်လိုချင်တဲ့ အလင်းရောင် ကို
သင်တို့နဲ့အတူ ရှာဖွေနိူင်ပါတယ်......။

လက်နက်ချပါ လို့ စစ်မိန့် မပေးလိုဘူး......
ငါတို့လက်နက်တွေ နဲ့ သာ ဦးတည်ရာ တူပါစေ.....

မဖြစ်ခဲ့ရဲ့.....,
သင်တို့အားလုံး......
ငါတို့.............
ပြည်သူ အားလုံး.........
ပြို လဲ ပျက် စီး ကြ ရ လိမ့် မယ်....... ။

အာဏာရှင် တွေအတွက်
ငါတို့ခက်ခဲပင်ပန်းခဲ့ရသလို.....
သင်တို့ခါးသီးကြမ်းတမ်းခဲ့တာပါပဲ...

ဒါ လူတစ်စု......
လက်ခုပ်တစ်ခုပ်စာ
လူတန်းစား တစ်ရပ်အတွက်
သင်တို့ ငါတို့ ပေးဆပ်စတေးနေကြရတာ
တန် ကြ ရဲ့ လား.........

ငါတို့ဟာပြည်သူတစ်ရပ်လုံး
လွတ်မြောက်ရေးအတွက် အမှန်တရားနဲ့........

သင်တို့ဟာ လူတစ်စုစာ
ချုပ်ကိုင်ခြယ်လှယ်နိူင်ရေး အမှားတရားနဲ့........

ဘယ်သူမြတ်သလဲ ဆိုတာတော့
နိူင်တဲ့ဘက် ဟာ ဓမ္မ ပါပဲ။

နောင်တရသူတွေဟာ

သင်တို့ မဖြစ်ပါစေနဲ့.........

ငါတို့လည်းမဖြစ်ပါစေနဲ့..........

အာဏာရှင်တွေသာ ဖြစ်ပါစေ.....။

-မောင်ပိုးလေး

..................,............

" အမိနိူင်ငံတော်တောင်တန်းမြေပြင်

တော်လှန်ရေး မုချ အောင်ရမည်... ။

...............

05/11/2023

ကဗျာတွေ မရေးဖြစ်တာကလည်း
ဒီတော်လှန်ရေးမှာလိပ်ပြာမလုံလို့ပါပဲ...။

25/07/2022

ဇူလိုင်၂၅ရဲ့မတရားစီရင်မှု..

ခေတ်အဆက်ဆက်အာဇာနည်အားလုံးအလေးနီပြုပါတယ်...။

နားခို နှင့်ကြပါ...

အာဏာရှင်စနစ်အမြစ်ဖြတ်ဖို့ ကတိပေးပါတယ်။

အရေးတော်ပုံကို အားသွန် ကူမယ်...

ပြည်သူတို့သွေးပွတ်ပွတ်ဆူကြပါ... ...

ရန်သူဟာ ရန်သူ ပီသပြနေခဲ့လေပြီ...။

07/06/2022

သို့...
အဝေးရောက်ညီငယ်...။

05/06/2022

# # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

ဆောင်းခရေပွင့်ခတ်မှတ်တမ်း
============================

( ၁ )

သစ်ခြောက်ရွက်လေးရဲ့
ကျွန်တော် ခုံမင်ရသော တနင်္ဂနွေမှာ
စကားလုံးမရှိတဲ့ ညနေဝင်ချိန်တွေ
နောက်ကျောပါးပါးလေးကိုငေးရင်း
အိမ်မက်တွေထဲမှာ
သူ… …နတ်သမီး ဖြစ်ခဲ့တယ် ။

မရယ်မောတတ်သော သူရှိရာအရပ်
အရိပ်ကလေးအောက်ကို ရောက်ချိန်တိုင်း
ပုဇင်းရင်ကွဲ အော်သံ ကြားတယ်… …
သူ မလှည့်ကြည့်သော တစ်ခဏများ
သူ မသိသောကျွန်တော်
ပန်း မခူးရတဲ့ ဧဒင်မှာ
အဲဒီလို အချစ်ကို စူးစမ်းဖူးတယ် ။

တိုက်တိုက်ဆိုင်ဆိုင် ။
အိမ်မက်တွေက ကပျာကယာ နိုးတဲ့ နေ့မှာ
အမှတ်မထင် သူနဲ့ ဆုံတော့
လိပ်ပြာလေးတွေရင်ခုန်တယ် ။
သူ့နှုတ်ခမ်းလေးပြုံ းသလိုလို
အဲဒီညများ အိပ်မပျော်တဲ့ အခါ
အခါခါ ရေးခဲ့ စာရွက်တွေလည်း
ကဗျာမဟုတ် ဘာမဟုတ်နဲ့
ကျွန်တော့်နွေဦးများ
လေရူးတွေသာတိုက်ခဲ့တယ်… … …
အဖြူ ရောင် ဒိုင်ယာရီလေး
သူ့ကွယ်ရာမှာ ရေး ခဲ့ တယ်… … …
အဆင်းမဲ့သော ကာလတစ်ခု
အုံပုန်းစိတ်နဲ့ လွန် ခဲ့ တယ်… … …
အဲဒီလိုနဲ့ ရောက်သော ဆောင်းမှာ
သူ နဲ့ ချစ်သူ ဖြစ်ခဲ့တယ်… …
ကျွန်တော် ရယ်သူရယ်
ကမ္ဘာဦးအရပ်ဆီ အတူလက်တွဲပြီး
သွားကြဖို့အတွက် အိမ်မက် ကြည့်တယ်… …
သူ့ဆံပင်ရှည်ရှည်တွေရယ်
လက်သည်းနီပါးပါးးလေးရယ်
ကျွန်တော် ပေးသော ကဗျာတွေနဲ့
အိမ်အတူ ပြန်သော ရက်စွဲတွေ
လက်ခုပ်ထဲမှာ ဖွ ဖွ ရွ ရွ ။

ဒီတုန်းက
အချစ်ရဲ့ သက်ကျော်ရာကျော်ရှည်စေကြောင်းအတွက်
အတူ ဆု တောင်း ခဲ့ကြတယ်… … …။

==========================

( ၂ )

ဆောင်းဥတုတစ်ခုရဲ့
အဲ့ဒီကာလ နေ့ရက်လနှစ်တွေ
သူ့အတွက် ပေးသော
ကျွန်တော့် အ မှတ် တ ရ များ… …
သူမှပေးသော
ကျွန်တော့် အတွက်
အ မှတ် တ ရ များ… …
တခုတ် တရ ထား ခဲ့တယ်… ။

သူ ငိုစဉ်အခါက
ဆောက်တည်ရာမရသလို
ကျွန်တော့် အိမ်မက်ကလေးများ
တွတ်ထိုးစကားတွေ
သူအား ချော့မော့ခဲ့ဖူးတယ် … …။

စံပယ်ရုံတစ်ပင်နား ကပ်လို့
ဝေသထက်ဝေအောင် ပန်းတွေလည်း
ကျွန်တော် သူ့ကို ပန်ပေးတယ်…။

မ နက် ခင်း တွေ
အတူတူလမ်းလျှောက်ထပြေးတာနဲ့
ပန်းအတူ …ကောက်ကာသီရတာနဲ့
စကား အတူ… ပြောမဝ ကြ တာ နဲ့… … …
ကျွန်တော် နဲ့ သူ … …
ကျောင်းရှေ့ ခရေပင်ကြီးတစ်နေရာ
ခုံတန်းပြာလေး တစ်ခုစာ
မြေညီလမ်းတချို့မှာ
နေရာအတူတူ ယူ ဖူး တယ် …။

သူ ဒီပခုံးထက်မှာ မှီတယ်… … …
ကျွန်တော်ရွတ်ပြသော တဂိုးရဲ့ ကဗျာလေးတွေ
သူ ငြိမ့်ငြိမ့်လေး နားထောင်တယ်… …
သက်ပြင်းတိုးတိုးဖွဖွလေးလည်းချ
ဘယ်တော့မှ မမေ့ …ဖို့
ရင်အုံထဲခေါင်းဝှေ့ကာ သူကတိပေးတယ်… …
နွေဦးလမ်းမတွေပေါ်
သင်္ကြန်းမိုး ရွာတုန်းကလည်း
သစ္ဇာရှိတဲ့ ပိ တောက် ကို
သူ သက်သေထား ကျိန်ဆိုတယ်… …
ကျွန်တော်လည်း … …
သူနှင့်ထပ်တူ ညီသောစကားကို ဆိုဖူးရဲ့။

သူက ကျွန်တော့်ရဲ့ ငွေလမင်းဖြစ်ပြီး
ကျွန်တော်က သူရဲ့ ညတစ်ည ဖြစ်သလို… … …
သူ့အတွက် ပန်းဆက်သမားဟာ ကျွန်တော် ဖြစ်ပြီး
ကျွန်တော့်အတွက်
ပန်းဆက်ရသောထိပ်ထားဟာ သူဖြစ်တယ် ။

ဆောင်းနဲ့နှင်းလို လက်ထပ်ထားတဲ့
ကျွန်တော့်နဲ့သူ့ရဲ့ တွဲလက်လေးများ… …
အီဂျစ်မြို့တွေဆီလည်းရောက်တယ်
ရှိတ်စပီးယားပြဇာတ်တစ်ပုဒ် လည်း ကြည့်တယ်
ရိုမီယိုနဲ့ဂျူ လိယက်ကို သနားတယ်
ပုံပြင်တွေလွမ်းသမျှနဲ့သိမ်းရတာကိုရယ်တယ် ။

"ဖက်ဖူးရောင် သူ့ရဲ့နှုတ်ခမ်းလေးကို
လပေါ်က သစ်ပင်ပေါ်မှာ ကျွန်တော် သိမ်းတယ်…" ( …… )
… … … … … … … …
အဲ ဒီ တုန်း က ညမှာပဲ
ပါးနှစ်ဖက်နှင်းဆီရောင် သန်းလို့
ကျွန်တော့်ရင်အုံပေါ်မှာ
သူ့ရဲ့ လက်သည်းပန်းလေး, ပွင့်ခဲ့ … ဖူး ပါ တယ် ။

သည်ဆောင်းတို့ သက်သေရှိခဲ့တယ်
သည်နှင်းတို့ အတိအလင်းသိ
သည်ခရေ သည်လမ်း သည်ခုံတန်းတို့
ကျွန်တော်နှင့် သူ့ကို ကောင်းချီး ပြု တယ် ။

ဒီလို
ကျွန်တော် နှင့် သူ့ရဲ့ ဆောင်းဥတုက
ခမ်းနားခဲ့… ဖူး ပါ တယ်…။

==========================

( ၃ )

" ဘုရားသခင်သည် အချစ်ကို စောင့်ရှောက်တော် မူ၍

အပြစ်ပြုသော လူသားတို့အား ဒဏ်ခတ်တော်မူ၏… "

အိုဘယ့် ဆောင်းတို့
ကျွန်တော့်ဘက် သက်သေမရှိခဲ့… …
သူ့ရဲ့ ပန်းလက်မှာ
ဒီအဆင်းမဲ့ ကျစ်ကြိုးတစ်ချောင်းကို
ဖြတ်တောက်ပစ်နိူင်တဲ့ ဓားတစ်လက်
မာန်နတ်အပ်ခဲ့ပါပြီကော။

သူ့ကို တွေဝေစွာ ကျွန်တော် ကြည့်တယ်… ။

နတ်ဘုရားတို့
ဆေးစီရင်ထားတဲ့သစ်သီး
အတူဆွတ် ခူးစားခဲ့ပြီးမှ
ကျွန်တော့်ရဲ့ လက်ကို သူ ပုတ်ချတယ်။

ကမ္ဘာပျက်နေတဲ့ ဒီတဒင်္ဂမှာ
နှင်းဆီတွေ ဘာကြောင့်မမွှေးသလဲ?… …
သူ့ရဲ့့့့
ရီဝေတဲ့အကြည့်အားလုံး
ကျွန်တော့်ကို မျက်နှာ လွှဲ ထားတယ်… ။

ကျောပေး… ရပ်လိုက်တဲ့သူ့ကို
လဲကျ … …သွားတော့မယ့် ဆောင်းရဲ့
အဖြစ်အပျက်အားလုံးလိုလိုနဲ့
ကျွန်တော် တားမြစ် နေမိတယ်… … …။

အချစ်ကို ပေါင်းနှုတ်မြှောက်စား ထားတဲ့ကဗျာ… …
သူနဲ့ကျွန်တော့်ကြား ရပ်လို့… … …။

ကျွန်တော့်ရဲ့မိုးကုပ်စက်ဝိုင်းကို
မျက်ရည်တစ်စက်နဲ့ ချွေးသိပ်… သူ ထားရစ်ခဲ့တော့မယ်… …
ငှက်တစ်အုပ်လန့်ပျံသွားချိန်မှာ
ကျွန်တော် သူ့ကို လွမ်းရ တော့ မယ်… …
အ…ရာ…ရာ…
အဟောင်းက အသစ်ဖြစ်လို့ နေတော့မယ်… …
ကျွန်တော် သူ့ကို… …မမေ့နိူင်မှာ စိုးတယ်။

အသက်ရှုသံလေးတစ်ခု
သူ့ရဲ့အနီးတဝှိုက်က ကျွန်တော့်ကို
နှုတ်
ဆက်
ထွက်
ခြာ
သွားခဲ့တယ်… … … …။

=================
( ၄ )
ကျွန်တော် ခုံမင်ရသော
သစ်ခြောက်ရွက်ကလေးရဲ့ တနင်္ဂနွေမှာ
အိမ်မက်တွေထဲက
နတ်သမီး ဖြစ်ခဲ့ဖူးသော သူ နဲ့ …ကျွန်တော် ၊
အဲ ဒီ လို… … … … …
… … … … … … … …။

မောင်ပိုးလေး

( နှင်းလဲ့ရည် သို့ )

===============================

13/02/2022

"""""""""""""""""""""

"ဖေဖော်ဝါရီ"
...................



အိမ်မက်သာဖြစ်ချင်ပါသည်ဖေဖော်ဝါရီ...

အိမ်မက်မဟုတ်တော့ခက်သည်။

ပိုခက်သည်က အိမ်မက်ဆိုး ဖြစ်သည်။

"""""

ဖေဖော်ဝါရီကစတင်သော အိမ်မက်ဆိုး လည်း ဖြစ်သည်။

ထိုအိမ်မက်ဆိုးက တစ်နှစ်ကျော် အသက်ရှည်ခဲ့ပြီးဖြစ်သည်။

"""""

သက်ဆိုးရှည်နေသောအိမ်မက်ဆိုးကြောင့်...

လူငယ်တွေ လမ်းပျောက်

လူထုတွေ ခက်ခဲ

ဖေဖော်ဝါရီကြယ်တွေ ပေးဆပ်......

အိမ်မက်ဆိုး.....

ဘယ်တော့မှ နိုးမလဲ ဖေဖော်ဝါရီ....။

""""""""""""

အိမ် ...အေးရိပ်ကို စွန့်ခွာ

အမိ မေတ္တာတရားကို ခွဲခွာ

ချစ်သော လက်တွေ...ချန်ခဲ့

ဖော ဖော် ဝါ ရီ ဒိုင် ယာ ရီ ထဲ မှာ

မမေ့နိူင်တဲ့ အညတရ တွေ .....

သတိရ နေရလိမ့်မယ်ဖေဖော်ဝါရီ.....။

""""""""""""

ကောင်းရာသုဂတိလားပါစေဖေဖော်ဝါရီ......။

""""""""""

အိမ်မက်ဆိုးက လန့်နိုးမယ့်အချိန်ကို

"တနေ့" လို့ ကြွေး​ကြော် တိုက်ပွဲဝင်နေအုံးမည်။

ငါတို့ သန်မာခဲ့ကြ

ငါတို့ညီညွတ်စည်းလုံးခဲ့ကြ

ငါတို့အားလုံး.....

တစ်ယောက်နောက်ကျော တစ်ယောက်ကာကွယ်ခဲ့ကြ

သင် အသိမဟုတ်လား ဖေဖော်ဝါရီ......။

.............

ငါတို့သာ နိူင်ပါစေ......

အာဏာရှင် ကျရှုံးရေးနဲ့

ဖေဖော်ဝါရီသူရဲကောင်းတွေရဲ့

အရေးတော်ပုံ အောင်ပါစေ......။ ။

မောင်ပိုးလေး

'"""""""""""""""""""""""""""

07/02/2022
Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Whnin@mail. Ru
Yangon