31/03/2019
Foggy Spring
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Foggy Spring, Library, Yangon.
31/03/2019
We do it because we care.
04/04/2018
Foggy Spring ရဲ့ Volunteer Program မှာ ပါဝင်လျှောက်ထားပေးသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ လျှောက်ထားတဲ့သူဦးရေ အရေအတွက်များတဲ့ ရွေးချယ်တဲ့ Process က အနည်းငယ် ကြာသွားတဲ့အတွက် အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်။ ရွေးချယ်ခံရသူများကို April 10 ရက်နေ့ နောက်ဆုံးထားပြီး Email ကနေ ဆက်သွယ်သွားပါမယ်..။
22/03/2018
[Scroll Down for English Version]
Foggy Spring က ပြုလုပ်တဲ့ Library in the Park အစီအစဉ်မှာ ကာတွန်းဖတ်ရင်း ပျော်ရွှင်နေကြတဲ့ ကလေးငယ်လေးတွေကို ကြည့်ပါဦး။ Library in the Park "ပန်းခြံထဲက စာကြည့်တိုက်လေး" ဆိုတဲ့ အစီအစဉ်ကိုတော့ နှစ်ပတ်တခါ တနင်္ဂနွေ နေ့တိုင်း မဟာဗန္ဓုလ ပန်းခြံထဲမှာ ပြုလုပ်တာဖြစ်ပါတယ်။ Katrin Ann Orbeta ဆိုတဲ့ စာရေးသူတစ်ဦးကတော့" "Fairy Tales" လို့ခေါ်တဲ့ နတ်သမီးပုံပြင်လေးတွေ၊ ပြီးတော့ ကာတွန်းတွေကို ဖတ်တာဟာ ကလေးငယ်တွေရဲ့ ဘ၀ နဲ့ ပတ်သတ်တဲ့ အတွေးအမြင်တွေကို ရရှိစေနိုင်ပြီး ပြသနာဖြေရှင်းနည်းတွေကို ရှာဖွေရာမှာလည်း ကူညီနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဥပမာ - ပုံပြင်ထဲက မိထွေးဆိုတာဟာ မိခင်တွေကနေ ရရှိလာနိုင်တဲ့ အငြင်းသဘောဆောင်တဲ့ တုံ့ပြန်မှုတွေကို ကိုယ်စားပြုလိမ့်မယ်။ ဒီအချိန်မှာ ကလေးတွေ ဆက်ဆံရေးတစ်ခုကနေ ရရှိနိုင်မယ့် အခက်အခဲတွေ၊ နားလည်မှုလွဲတာတွေကို သူကိုယ်တိုင် ခံစားတတ်လာမယ်။ မကောင်းတာလုပ်တဲ့အခါ ရလာမယ့် အပြစ်အတွက် ကြောက်ရွံ့မှုတွေ ဖြစ်လာပါလိမ့်မယ်။ ဒီ့အတူပဲ မိဘမဲ့ ကလေးတစ်ဦးရဲ့ Character ဟာလည်း ကလေးငယ်ကို မိဘမပါဘဲ မိမိဘာသာ ရပ်တည်ရမယ့် အခြေအနေတွေကို လမ်းပြပေးနိုင်ပါတယ်။ ဘယ်သူ့ကို မှ မမှီခိုပဲ မိမိကိုယ်တိုင် ရပ်တည်လာနိုင်ဖို့ အထောက်အပံ့ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ "
ကလေးငယ်လေးအတွက် စာအုပ်တွေကို အလွယ်တကူ ဖတ်ရှုနိုင်ဖို့အတွက် စာကြည့်တိုက်ကို နှစ်ပတ်တခါ မဟာဗန္ဓုလ ပန်းခြံထဲမှာ 1 နာရီကနေ 5 နာရီ အထိ ဖွင့်ပေးထားပါတယ်။ မိသားစုလိုက် ပျော်ပွဲစားလေး ထွက်လာပြီး ပုံပြင်လေးတွေ လာရောက်နားထောင်ဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။
Childrenenjoying cartoon books at our Library in the Park Program, a biweekly [Sunday] program at Mahabandula Park!
“Fairy tales face problematic aspects of the child’s life and suggest solutions symbolically. For example, a step-mother represents the “bad part” of each mother, that is, the relationship difficulties, misunderstandings, the feeling that the child feels that he has suffered injustice, fear of punishment, etc. Similarly, the orphan is a condition in which children are going to do without the parent, to tolerate their absence and face life without their support to win independence.” [Author : Katrin Ann Orbeta – Mash&Co]
Our library is open on Sundays (biweekly) from 1pm to 5pm. Free entry for everyone. Pack a picnic and listen to our storytellers under the trees.
======
Drop a message for any kind of help you’d like to offer!
21/03/2018
Calling for Volunteers
Position : Bookworms (3 months)
Apply here : https://goo.gl/forms/EJPpyGe3Kpq0Bci63
[Scroll Down for English Version]
Help yourself by helping others.
ကလေးတွေ၊ စာအုပ်တွေနဲ့ အလုပ်လုပ်ရတာ ကြိုက်နှစ်သက်ပါသလား။ Foggy Spring မှ ပြုလုပ်မယ့် လာမယ့် အစီအစဉ်တွေအတွက် Volunteers များ ခေါ်ယူနေပါတယ်။ ဒီ Program လေးက 3လ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီ ၃လ Volunteer Program မှာတော့ ကိုယ့်ရဲ့ Community ကိုလည်း ကူညီရင်းနဲ့ Leadership Skills, Teamwork အလုပ်လုပ်ပုံနဲ့အတူ၊ Library တွေက ဘယ်လိုအလုပ်လုပ်လဲ ဆိုတာတွေ လေ့လာ ပြီးတော့ ကလေးငယ်တွေကို ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်ဖို့အတွက် ကူညီပေးရမှာဖြစ်ပါတယ်။ Foggy Spring နဲ့ ပတ်သတ်ပြီး အတူတူ လက်တွဲကူညီချင်တယ်ဆိုရင်တော့ အောက်ပါ လင့်ကနေ ဖောင်ကို ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါတယ်။ [အသက်အရွယ် ကန့်သတ်ထားခြင်းမရှိပါ။]
၃ လ Volunteer Program မှာ တစ်ပတ်ကို 6 နာရီ ကူညီပေးရပါမယ်။
စာအုပ်ဖတ်ရှုရတာ ၀ါသနာပါတဲ့သူ ဖြစ်ပြီး ကလေးတွေလည်း စာအုပ်ကောင်းတွေ ညွှန်းပေးရပါမယ်။
စာအုပ်စာရင်းပြုစုမှုကို ကူညီရပါမယ်။
Craft တွေကို ပြုလုပ်ရတာ ၀ါသနာပါသူဖြစ်ရပါမယ်။
အောက်ပါလင့်ကနေ မတ်လ 18-28 အထိလျှောက်ထားနိုင်ပြီး ရွေးချယ်ခံရသူများကို မတ်လ 31 ရက်နေ့ နောက်ဆုံးထား၍ email မှ တဆင့် အကြောင်းပြန်သွားမှာဖြစ်ပါတယ်။
Apply here : https://goo.gl/forms/EJPpyGe3Kpq0Bci63
Help yourself by helping others.
Do you like working with books and children? We are looking for volunteers for our upcoming Library Projects in downtown Yangon. Our 3-month volunteering program will creates opportunities for students/young learners to develop leadership skills, learn how libraries work, and most importantly, have fun with kids. For anyone who wants to get involved with Foggy Spring, we have a place. Please fill out the form -
What Is Expected of Me?
1.6 hours contributing per week for 3 months. [ You can choose timelines in Application Form ]
2. Learn about current books and authors and recommend them to kids.
3.Shelving books.
4.Get Crafty.
Important Dates to Remember
March 18 - March 28: Call for Volunteers
March 31: Assignments confirmed by email
Apply here : https://goo.gl/forms/EJPpyGe3Kpq0Bci63
11/03/2018
Foggy Spring ရဲ့ “ပန်းခြံထဲက စာကြည့်တိုက်ကလေး” ဆိုတဲ့ အစီအစဉ်ကို ဒီနေ့ မှာ ဒုတိယအကြိမ် အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ပါတယ်။ အများပြည်သူ စာအုပ်စာပေတွေကို ပိုမိုနှစ်သက်ကျွမ်း၀င်လာစေဖို့ရည်ရွယ်ပြီး Foggy Spring က ဒီအစီအစဉ်လေးကိုစတင်ခဲ့တာပါ။ နောင်ကိုလည်း နှစ်ပတ်တစ်ခါ တနင်္ဂနွေနေ့တိုင်းမှာ ပြုလုပ်သွားမှာပါ။ မတ်လ (၂၅) ရက်နေ့မှာ ထပ်ရှိဦးမှာမို့ အားလုံးလာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
2nd Week in the Park!! "Library in the Park" is a Foggy Spring initiative to bring the books closer to the people. We are opening our Library in Sule Park on Sunday (biweekly). We would like to thank Hla Myintzu Sharon Lok and Teach for ASEANN team for donating us children books, and the volunteers Nitra Khin Soe, Arkar Min Tun, Ei Thawdar Kyaw, Khin May Zin, and La Min Cho, and Rattanaviboonkijja for sponsoring foods and drinks for children. Our next library will operate again on the 25th of March..
See ya soon!
11/03/2018
Getting ready!
25/02/2018
Scroll Down for English version
Foggy Spring ရဲ့ “ပန်းခြံထဲက စာကြည့်တိုက်ကလေး” ဆိုတဲ့ အစီအစဉ်ကို ဒီနေ့ မဟာဗန္ဓုလပန်းခြံမှာ မိတ်ဆက်ခဲ့ပါတယ်။ အများပြည်သူ စာအုပ်စာပေတွေကို ပိုမိုနှစ်သက်ကျွမ်း၀င်လာစေဖို့ရည်ရွယ်ပြီး Foggy Spring က ဒီအစီအစဉ်လေးကိုစတင်ခဲ့တာပါ။ နောင်ကိုလည်း နှစ်ပတ်တစ်ခါ တနင်္ဂနွေနေ့တိုင်းမှာ ပြုလုပ်သွားမှာပါ။ မတ်လ (၁၁) ရက်နေ့နဲ့ (၂၅) ရက်နေ့များမှာ ထပ်မံပြုလုပ်သွားမှာမို့ အားလုံးလာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
We have successfully launched Library in the Park! Library in the Park is a Foggy Spring initiative to bring the books closer to the people. We are opening our Library in Sule Park on Sunday (biweekly). We would like to thank our contributors Ko Maung Maung Soe and Save the Library in Myanmar team for helping us build our ideas, Hintha Business Centres for donating us magazines so that parents can read them while their children are enjoying the story telling, Isabella Sway-Tin and Rotaract Yangon for donating us books, Thaw Htet for donating us children books, and Mark Wai Ling and Teacher Daw Nwenwe Aung for your support and belief in our cause. Our library opening days will be on 11th and 25th in March.. See ya soon.
25/02/2018
Happening now... come read with us... 😊😊😊
14/02/2018
This is what we call a "hot date". Who’s in?? 😂😂😂
Happy Valentines Day! ❤️❤️❤️
12/02/2018
We are so excited to announce our new program very soon... Guess what!!
Stay tuned!!
သားသားမီးမီးလေးတွေအတွက် အစီအစဉ်အသစ်လေးတစ်ခုကို မကြာခင် ကြေငြာတော့မှာမို့ ဒီ Page လေးမှာ စောင့်ကြည့်နေနော်..။ 😍😍
02/02/2018
Water Cycle နဲ့ ပတ်သတ်တဲ့ ပုံကလေးကို ဗဟုသုတအတွက် တင်ပေးလိုက်ပါတယ်..။
ကလေးလေးတွေအတွက် ပန်းခြံတွေထဲမှာ စာကြည့်တိုက်တွေ လုပ်ပေးဖို့အတွက် လည်း စပြီး စီတင်နေပါပြီ..။ ဒီ page လေးကို follow လုပ်ထားပြီးး သတင်းတွေကို အဆက်မပြတ် ကြည့်နေဖို့ ဖိတ်ခေါ်ပါတယ်။
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
Yangon
