အားမာန် Notary and General Service

အားမာန် Notary and General Service

Share

KO HEIN (Notary & General Service)

Photos from အားမာန် Notary and General Service's post 31/05/2026

ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ 😊😊😊 Japan နိုင်ငံမှာ နိုင်ငံသားလျှောက်ဖို့ စာရွက်စာတမ်း လိုအပ်မှု့ရှိခဲ့ရင် အားမာန် Notary and General Service ကိုသတိရပေးပါခင်ဗျာ🙏🙏🙏

#အားမာန်notary
#လက်ထပ်
#နိုင်ငံသား
#မှီခို
#ယာဥ်မောင်း

30/05/2026

Japan နိုင်ငံကို မှီခို Visa နဲ့ ခေါ်ကြမယ်
လက်ထပ်စာချုပ်မရှိလို့ မှီခို Visa လျှောက်ဖို့ အဆင်မပြေဖြစ်နေလား? 😔
ချစ်ရတဲ့သူနဲ့ ဝေးဝေးမနေချင်ဘဲ ဂျပန်နိုင်ငံမှာ အတူတူလက်တွဲ နေထိုင်နိုင်ဖို့ စိတ်ပူနေရပြီလား။
စိတ်မပူပါနဲ့နော်။ 🙅 စာရွက်စာတမ်း မပြည့်စုံတာတွေ၊ အခက်အခဲရှိနေတာတွေ အားလုံးအတွက် အားမာန် Notary @ General Service မှ လူကြီးမင်းတို့ စိတ်တိုင်းကျဖြစ်စေရအောင် အစအဆုံး တာဝန်ယူ စနစ်တကျ ဆောင်ရွက်ပေးနေပါပြီခင်ဗျာ။
လက်ထပ်စာချုပ်မရှိသော်လည်း ဗီဇာလျှောက်ထားနိုင်မယ့် နည်းလမ်းများနှင့် လိုအပ်တဲ့ ကျမ်းကျိန်လွှာ၊ အထောက်အထား စာရွက်စာတမ်းများကို စိတ်ချစိတ်ချဖြင့် လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
ကျွန်ုပ်တို့ဆီမှာ ရရှိနိုင်မည့် ဝန်ဆောင်မှုများ
မှီခိုဗီဇာ (Dependent Visa) အတွက် လိုအပ်သော ကျမ်းကျိန်လွှာများနှင့် အထောက်အထားများ ပြင်ဆင်ပေးခြင်း
စာရွက်စာတမ်းများအား အင်္ဂလိပ်/ဂျပန် ဘာသာပြန်ဆိုပေးခြင်း
Notary Public (နိုတြီပတ်ဘလစ်) လက်မှတ်ရေးထိုး ပေးခြင်း
အသေးစိတ်ကို အခုပဲ ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ပါပြီ ခင်ဗျာ။
Phone: 095404135
Viber: +9595404135
page: အားမာန် Notary @ General Service (Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက် မေးမြန်းနိုင်ပါသည်။)
ချစ်သူနှစ်ဦး အတူတူလက်တွဲပြီး ဂျပန်မြေမှာ အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ အားမာန် က အမြဲ အဆင်သင့်ရှိနေပါတယ်ခင်ဗျာ။
#အားမာန်notary
#လက်ထပ်
#မှီခို

#ယာဥ်မောင်း

Photos from အားမာန် Notary and General Service's post 28/05/2026

Japan နိုင်ငံမှာ ကျောင်းလျှောက်ဖို့အတွက် အရမ်းကြာပြီး စိတ်မရှည် လုပ်ငန်း မကျွမ်းကျင်တယ့် Service နဲ့ကြုံလို့ အခက်တွေ့နေလားမိတ်ဆွေ?
စရံငွေလည်း ကြိုမပေးရ လုပ်ငန်းကျွမ်းကျင်ပြီး မှန်ကန် မြန်ဆန်တယ့် ကျွန်ုပ်တို့ရဲ့ အားမာန် Notary @ General Service ကိုကြွလှမ်းခဲ့ပါ မိတ်ဆွေ

ဆယ်တန်းအောင်လက်မှတ်/အမှတ်စာရင်း
ဘွဲ့လက်မှတ် /တက္ကသိုလ်အမှတ်စာရင်း/အောင်မြင်ကြောင်းထောက်ခံစာ/တတ်ရောက်နေကြောင်း ထောက်ခံစာ/ Notary

လုပ်ငန်းလိုင်စင် / အခွန် ၃ နှစ်စာ /အခွန်နှစ်ချူပ်/Audit/
ဝင်ငွေထွက်ငွေစာရင်း/ ငွေကြေးရှင်းတမ်း/Notary

Bank စာအုပ်/Scan/Balance Sheet /Certificate/Notary

မှတ်ပုံတင်/အိမ်ထောင်စုစာရင်း/ မွေးစာရင်း/Notary

တို့ကို မှန်ကန် မြန်ဆန်တိကျစွာဖြင့် ကျွန်ုပ်တို့ရဲ့ အားမာန် Notary Service မှ ဝန်ဆောင်မှု့ပေးလျှက်ရှိပါသည်ခင်ဗျာ

အားမာန် Notary and General Service
Phone 095404135/Viber. +9595404135/ Cb
#အားမာန်notary


27/05/2026

ဥပဒေအရ🎌🎌 အဓိက သတိထားရမယ့်အချက်များ
၁။ နေထိုင်မှုသက်တမ်း သတ်မှတ်ချက် (အရေးကြီးဆုံးအချက်)
မြန်မာနိုင်ငံမှာ ယာဉ်မောင်းလိုင်စင် ရရှိပြီးနောက် (သို့မဟုတ်) လိုင်စင်သက်တမ်းတိုးပြီးနောက် မြန်မာနိုင်ငံအတွင်း အနည်းဆုံး ရက်ပေါင်း ၉၀ (၃ လ) နေထိုင်ခဲ့ကြောင်း ခိုင်လုံတဲ့ အထောက်အထား (နိုင်ငံကူးလက်မှတ်ပါ ဝင်စာ/ထွက်စာ တံဆိပ်တုံးများ) ပြသနိုင်ရပါမယ်။
အကယ်၍ သတ်မှတ်ရက် မပြည့်ပါက ဂျပန်လိုင်စင်ပြောင်းလဲခွင့် လုံးဝ (လုံးဝ) မရရှိနိုင်ပါ။(သို့သော် မြန်မာနိုင်ငံမှာရှိစဥ်က Company တခုခုမှာ ယာဥ်မောင်းနဲ့ အလုပ်လုပ်ကိုင်ခဲ့ပါတယ်ဆိုတယ့် လုပ်သက်ထောက်ခံစာနဲ့ လက်ခံပေးတာမျိူး ရှိပါတယ်)
၂။ ဘာသာပြန်စာရွက်စာတမ်း တရားဝင်မှု
မြန်မာယာဉ်မောင်းလိုင်စင်ကို ဂျပန်ဘာသာသို့ ပြန်ဆိုရာတွင် JAF (Japan Automobile Federation) သို့မဟုတ် ဂျပန်နိုင်ငံရှိ တရားဝင်အသိအမှတ်ပြု မြန်မာသံရုံးက ထုတ်ပေးတဲ့ ဘာသာပြန်ချက် ဖြစ်ရပါမယ်။ မိမိဘာသာ ပြန်ဆိုထားသော အထောက်အထားများကို လက်မခံပါ။
၃။ စာရွက်စာတမ်း အချက်အလက် ကိုက်ညီမှု
မြန်မာလိုင်စင်ပေါ်ရှိ အမည်၊ မွေးသက္ကရာဇ်၊ လိပ်စာ (အထူးသဖြင့် နိုင်ငံကူးလက်မှတ် ပါတ်စပို့ နှင့် ဂျပန်က နေထိုင်ခွင့်ကတ် ဇိုင်းရူးကတ် - Zairyu Card ပါ အချက်အလက်များ) သည် တစ်လုံးတစ်ပါဒမှ မလွဲချော်ဘဲ ၁၀၀% တ nhtချက်တည်း ကိုက်ညီနေရပါမယ်။
၄။ စာမေးပွဲ အဆင့်ဆင့်ကို ပြင်ဆင်ခြင်း
မျက်စိစစ်ဆေးခြင်း (Eye Test): အမြင်အာရုံနှင့် အရောင်ခွဲခြားနိုင်စွမ်း စစ်ဆေးခြင်း။
စည်းကမ်းစာမေးပွဲ (Written Test): မေးခွန်း ၁၀ ခုဖြေဆိုရပြီး ၇ ခု မှန်ရပါမယ်။ (အင်္ဂလိပ်ဘာသာ သို့မဟုတ် ဂျပန်ဘာသာဖြင့် ဖြေဆိုနိုင်ပါတယ်)။
မောင်းနှင်မှုစစ်ဆေးခြင်း (Driving Driving Test): ဂျပန်ယာဉ်မောင်းစင်တာအတွင်း သတ်မှတ်ကွင်းထဲ၌ လက်တွေ့မောင်းနှင်ရခြင်းဖြစ်ပြီး အမှတ်ပေး အလွန်စနစ်ကျ တင်းကျပ်ပါတယ်။
ရှောင်ကြဉ်ရမယ့်အချက်များ
၁။ သက်တမ်းကုန်လွန်နေသော လိုင်စင်များ တင်ပြခြင်းမှ ရှောင်ကြဉ်ပါ
မြန်မာနိုင်ငံက ယာဉ်မောင်းလိုင်စင်သည် ဂျပန်မှာ လျှောက်ထားသည့်နေ့အထိ သက်တမ်းကျန်ရှိနေရပါမယ်။ သက်တမ်းကုန်ဆုံးနေပါက လျှောက်ထားခွင့် မရှိပါ။
၂။ လက်တွေ့မောင်းနှင်မှု စစ်ဆေးချိန် (Practical Driving Test) တွင် အောက်ပါအချက်များကို အထူးရှောင်ကြဉ်ရပါမယ်။
ဘယ်/ညာ ကွေ့သည့်အခါ အချက်ပြမီး (Sign) နောက်ကျခြင်း: မကွေ့မီ အနည်းဆုံး ၃ စက္ကန့်အလိုကတည်းက အချက်ပြရပါမယ်။
အမြင်အာရုံဖြင့် ဘေးဘီကို သေချာမစစ်ဆေးခြင်း (Safety Check): ကားမှန်ကိုပဲ ကြည့်ပြီး ကွေ့ခြင်း၊ လမ်းပြောင်းခြင်းမျိုး မလုပ်ရပါ။ ခေါင်းကို သိသိသာသာလှည့်၍ မျက်ကွယ်နေရာများ (Blind Spots) ကို စစ်ဆေးရပါမယ်။
Stop Line ( - ခေတ္တရပ်ရန်လိုင်း) များတွင် မရပ်ခြင်း: လိုင်းရှေ့တွင် ကားကို သုညအထိ လုံးဝငြိမ်သက်သွားအောင် ၃ စက္ကန့်ခန့် ရပ်ရပါမယ်။ ဘီးလိမ့်နေရုံဖြင့် အမှတ်လျှော့ခံရ (သို့မဟုတ်) စာမေးပွဲကျရှုံးပါလိမ့်မယ်။
၄။ ကားမောင်းကွင်းအတွင်း အရှိန်ပြင်းစွာ မောင်းနှင်ခြင်း
စာမေးပွဲကွင်းအတွင်း သတ်မှတ်ကွေ့များ (ဥပမာ- S-curve, Crank curve) တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဘောင် (Curb) ကို တိုက်မိခြင်း သို့မဟုတ် ဘီးတင်မိခြင်းမျိုး လုံးဝမဖြစ်စေရပါ။ (ဘီးတင်မိပါက စာမေးပွဲ ချက်ချင်းကျရှုံးတတ်ပါတယ်)။
ဂျပန်နိုင်ငံရဲ့ လိုင်စင်ပြောင်းလဲခြင်း စာမေးပွဲ (အထူးသဖြင့် လက်တွေ့မောင်းနှင်မှု) ဟာ မြန်မာပြည်က အတွေ့အကြုံရှိတဲ့ ဝါရင့်ယာဉ်မောင်းတွေတောင် ၃ ကြိမ်ကနေ ၅ ကြိမ်အထိ ကျရှုံးတတ်ကြပါတယ်။
ထို့ကြောင့် စာမေးပွဲမဖြေဆိုမီ ဂျပန်ယာဉ်မောင်းသင်တန်းကျောင်း (Driving School) များတွင် ကွင်းအတွင်း စမ်းသပ်မောင်းနှင်ခြင်း လေ့ကျင့်ခန်း (Paper Driver Course / Gaimen Kirikae Course) ကို အနည်းဆုံး ၁ နာရီ သို့မဟုတ် ၂ နာရီခန့် ဝယ်ယူပြီး စာမေးပွဲစစ်ဆေးမည့် အမှတ်ပေးစည်းကမ်းများကို ကြိုတင်လေ့ကျင့်ထားခြင်းက အခွင့်အရေး အကောင်းဆုံးဖြစ်ပါလိမ့်မယ် ခင်ဗျာ။
😊😊 ကညန ယာဥ်မောင်းထောက်ခံချက် မြန်မာ Certified /Eng Notary +Mofa /Japan Notary
တို့ကို ကျွန်ုပ်တို့ရဲ့ အားမာန် Notary and General Service မှ တာဝန်ယူဆောင်ရွက်ပေးနေပါသည်ခင်ဗျာ
Phone 095404135
Viber +9595404135
Page Cb သို့ ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါသာ်ခင်ဗျာ။

#အားမာန်Notary
#ယာဥ်မောင်း

#လက်ထပ်

25/05/2026

🇯🇵 ဂျပန်နိုင်ငံတွင် လက်ထပ်မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများ 💍

​ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသားအချင်းချင်းဖြစ်စေ၊ မြန်မာနဲ့ ဂျပန်နိုင်ငံသားဖြစ်စေ လက်ထပ်ထိမ်းမြားတဲ့အခါ ဂျပန်မြို့နယ်ရုံး (City Hall/Ward Office) မှာ မှတ်ပုံတင်တာနဲ့ မြန်မာသံရုံးမှာ လက်ထပ်တာဟာ လုပ်ထုံးလုပ်နည်းနဲ့ အကျိုးသက်ရောက်မှု အတော်လေး ကွာခြားပါတယ်။ အဓိက အချက်များကို အောက်ပါအတိုင်း နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

​1️⃣ ဂျပန်မြို့နယ်ရုံး (City Hall / Ward Office) မှာ လက်ထပ်ခြင်း 🏛️

​ဒါကို ဂျပန်ဥပဒေအရ လက်ထပ်ခြင်း (Legal Marriage under Japanese Law) လို့ ခေါ်ပါတယ်။

​လုပ်ငန်းစဉ်: ဂျပန်အစိုးရရဲ့ မြို့နယ်ရုံးမှာ လက်ထပ်ထိမ်းမြားကြောင်း ဖောင် (Kon-in Todoke) တင်သွင်းတာ ဖြစ်ပါတယ်။

​အကျိုးသက်ရောက်မှု: ဂျပန်နိုင်ငံအတွင်းမှာ တရားဝင် လင်မယား ဖြစ်သွားပါပြီ။ ဒီလက်မှတ်ရမှသာ ဂျပန်မှာ နေထိုင်ခွင့်ဗီဇာ (ဥပမာ - Spouse Visa) လျှောက်ထားခြင်း၊ အခွန်လျှော့ပေါ့ခြင်းနဲ့ လူမှုဖူလုံရေး ခံစားခွင့်တွေ ရမှာ ဖြစ်ပါတယ်။ ✅

​လိုအပ်ချက်: လူပျို/အပျိုဖြစ်ကြောင်း ထောက်ခံစာ Notary Public ထောက်ခံချက် +Eng Notary +Japan Notary /အိမ်ထောင်စုစာရင်း မြန်မာ Certified +Eng Notary +Japan Notary / မွေးစာရင်းမြန်မာ Certified +Eng Notary +Japan Notary

​အားသာချက်: မြန်မာသံရုံးမှာ လက်ထပ်တာထက် ပိုမိုမြန်ဆန်ပြီး ဂျပန်မှာ နေထိုင်သူတွေအတွက် နေ့စဉ်လူမှုဘဝ ကိစ္စရပ်တွေမှာ ပိုမို အရေးပါပါတယ်။ 🚀

​2️⃣ မြန်မာသံရုံး (Myanmar Embassy) မှာ လက်ထပ်ခြင်း 🇲🇲

​ဒါကို မြန်မာနိုင်ငံဥပဒေအရ လက်ထပ်ခြင်း (Legal Marriage under Myanmar Law) လို့ ခေါ်ပါတယ်။

​လုပ်ငန်းစဉ်: မြန်မာသံရုံးမှာ သံအရာရှိရှေ့မှောက်မှာ မြန်မာ့ထုံးတမ်းစဉ်လာ သို့မဟုတ် မြန်မာဥပဒေနဲ့အညီ လက်မှတ်ထိုးတာ ဖြစ်ပါတယ်။လက်

​အကျိုးသက်ရောက်မှု: မြန်မာနိုင်ငံအတွင်းမှာ သင်တို့ဟာ တရားဝင် လင်မယား ဖြစ်ကြောင်း ခိုင်ခိုင်မာမာ သက်သေထူနိုင်ပါတယ်။ မြန်မာနိုင်ငံရှိ အိမ်ထောင်စုစာရင်းသွင်းတာ၊ ပိုင်ဆိုင်မှုခွဲဝေတာနဲ့ အမွေဆက်ခံတာတွေအတွက် ပိုမို တရားဝင်ပါတယ်။ 📜

​လိုအပ်ချက်: သက်သေ (၂) ဦး လိုအပ်သလို၊ သံရုံးက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ (ဥပမာ- အခွန်ဆောင်ထားမှု ရှိမရှိ) ကို စစ်ဆေးတတ်ပါတယ်။လက်ထပ်စာချူပ် တရားဝင် အခွန်တံဆိပ်ခေါင်းကပ်ပြီး + လူပျိူ/အပျိူ (လူလွတ်ဖြစ်ကြောင်း) ကျမ်းကျိန်လွှာ မိမိနေထိုင်ရာ အိမ်ထောင်စုရင်းမှာပါရှိတယ့် လိပ်စာတည်းရှိရာ မြို့နယ် တရားရုံးနှင့်သာ လက်ခံပါတယ်ခင်ဗျာ။အုပ်ထိန်းသူ၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံစာ

​အားသာချက်: နောင်တစ်ချိန် မြန်မာနိုင်ငံကို ပြန်လာတဲ့အခါမှာ သီးသန့် အသိအမှတ်ပြုချက် ထပ်ယူစရာမလိုဘဲ တရားဝင် ဇနီးမောင်နှံ ဖြစ်နေမှာပါ။ 🤝

​⚠️ အထူးသတိပြုရန်

သံရုံးမှာ တရားဝင်လက်ထပ်ထိမ်းမြားရန်အတွက် "လူလွတ်ဖြစ်ကြောင်း ကျမ်းကျိန်လွှာ" လိုအပ်ပြီး၊ ရပ်ကွက်ရုံးမှာ တရားဝင်လက်ထပ်ထိမ်းမြားရန်အတွက်ကတော့ "လူလွတ်ဖြစ်ကြောင်း Notary Public ထောက်ခံချက် (မြန်မာ+Eng+Japan)၊ အိမ်ထောင်စုလူဦးရေစာရင်း (မြန်မာ+Eng+Japan)၊ မွေးစာရင်း (မြန်မာ+Eng+Japan)" တို့ အသီးသီးလိုအပ်ပါသည်ခင်ဗျာ။ 📑

​အခုချိန်မှာတော့ သံရုံးက Passport သက်တမ်းတိုးဖို့အတွက်တောင် အဆက်အသွယ် ကြာမြင့်နေတာကြောင့် အချိန်အများကြီး ပေးရနိုင်ပါတယ်ခင်ဗျာ။ ⏳

​ဂျပန်နိုင်ငံရဲ့ ရပ်ကွက်ရုံး သို့မဟုတ် သံရုံးမှာ လက်ထပ်မှတ်ပုံတင်ခြင်းအတွက် "အားမာန် Notary Service" ကို သတိရလိုက်ပါခင်ဗျာ။ 💼✨

​📞 Phone: 095404135

💬 Viber: +9595404135

📩 Page Cb သို့ ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါသည်ခင်ဗျာ။
#အားမာန်notary

#လက်ထပ်
#ယာဥ်မောင်း

24/05/2026

၁။ အိမ်ငှားရာတွင် မရှိမဖြစ်သိထားရမည့် အသုံးအနှုန်းများ
​Shikikin (敷金 - Security Deposit): အိမ်ပြန်အပ်တဲ့အခါ အိမ်ပြင်ဆင်ခအတွက် နုတ်ယူမယ့် ငွေ (အိမ်ငှားခ ၁-၂ လစာ)။ အိမ်ကို သန့်ရှင်းစွာထားရင် ပြန်ရနိုင်ခြေရှိပါတယ်။
​Reikin (礼金 - Key Money): အိမ်ရှင်ကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးရတဲ့ ငွေ (ပြန်မရပါ)။
​Hoshonin (保証人 - Guarantor): အာမခံသူ။ ငွေကြေးပိုင်းဆိုင်ရာ တာဝန်ယူပေးမယ့်သူ။ (ယခုနောက်ပိုင်းတွင် Guarantor Company ကို ငွေပေးပြီး အာမခံယူတာ ပိုခေတ်စားပါတယ်။)
​၂။ ဆောင်ရန် (အရေးကြီးအချက်များ)
​စာချုပ်ကို သေချာဖတ်ပါ: စာချုပ်မှာ ဖော်ပြထားတဲ့ "အိမ်ငှားခကလွဲပြီး တခြားပေးရမယ့် စရိတ်များ" (ဥပမာ- ရေ၊ မီး၊ ဂတ်စ်၊ အမှိုက်ခွန်၊ အဆောက်အအုံ ပြုပြင်ထိန်းသိမ်းခ) ကို အသေးစိတ် စစ်ဆေးပါ။
​အိမ်ကို အပ်မီရယ် (Initial Inspection) လုပ်ပါ: အိမ်စဝင်တဲ့နေ့မှာပဲ နံရံကခြစ်ရာတွေ၊ ပျက်စီးနေတဲ့နေရာတွေကို ဓာတ်ပုံရိုက်ထားပါ။ အိမ်ပြန်အပ်တဲ့အခါ မိမိမလုပ်ထားတဲ့ ပျက်စီးမှုတွေအတွက် လျော်ကြေးမပေးရအောင် ကြိုတင်ကာကွယ်ခြင်း ဖြစ်ပါတယ်။
​အမှိုက်စွန့်ပစ်နည်းကို လေ့လာပါ: ဂျပန်မှာ အမှိုက်ခွဲခြားစွန့်ပစ်တဲ့ စည်းကမ်းက အလွန်တင်းကျပ်ပါတယ်။ နေထိုင်မယ့် ရပ်ကွက်ရဲ့ အမှိုက်ထုတ်ရက်၊ အမှိုက်ခွဲခြားနည်း စာရွက်ကို အိမ်ရှင် (သို့) အိမ်ပိုင်ရှင်ဆီက တောင်းယူထားပါ။
​အိမ်နီးချင်းများနှင့် ဆက်ဆံရေး: အသံဆူညံမှုက ဂျပန်မှာ အိမ်ငှားပြဿနာ အများဆုံးဖြစ်ပါတယ်။ ညဘက် အသံကျယ်ကျယ်ဖွင့်ခြင်း၊ ပါတီပွဲလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
​၃။ ရှောင်ရန် (သတိပြုရမည့်အချက်များ)
​အိမ်ခွဲငှားခြင်း (Subletting): မိမိအိမ်ကို တခြားသူကို ပြန်ငှားခြင်း (သို့) ခွင့်ပြုချက်မရှိဘဲ သူစိမ်းများ ခေါ်အိပ်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားပါတယ်။
​အိမ်ကို ပြုပြင်မွမ်းမံခြင်း: နံရံမှာ ပိုစတာကပ်တာ၊ သံမှိုရိုက်တာ၊ အိမ်အပြင်အဆင် ပြောင်းလဲတာတွေကို အိမ်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲ မလုပ်ရပါ။
​နောက်ကျပြီး ငွေပေးချေခြင်း: အိမ်ငှားခကို နောက်ကျမှပေးခြင်းက အလွန်ဂုဏ်သိက္ခာကျစေပြီး နောက်တစ်ခါ အိမ်ပြောင်းတဲ့အခါ အာမခံကုမ္ပဏီတွေက သင့်ကို ငြင်းပယ်နိုင်ပါတယ်။
​အိမ်ပတ်ဝန်းကျင်ကို မလေးစားခြင်း: စက်ဘီးကို သတ်မှတ်နေရာမှာ မထားတာ၊ တခြားသူရဲ့ နေရာမှာ ပစ္စည်းထားတာမျိုးကို ရှောင်ပါ။
​၄။ အဆောင်/ရှယ်ယာအိမ် (Share House) ငှားမယ်ဆိုရင်
​Share House တွေက အိမ်ခန်းသီးသန့် ငှားတာထက် စည်းကမ်းပိုများတတ်ပါတယ်။
​Shared Space: မီးဖိုချောင်၊ ရေချိုးခန်းနဲ့ အိမ်သာတွေကို သန့်ရှင်းအောင်ထားပေးဖို့ တာဝန်ရှိပါတယ်။ မိမိသုံးပြီးတိုင်း ပြန်သန့်ရှင်းပေးရပါမယ်။
​စည်းကမ်းချက်: တချို့ Share House တွေမှာ ဧည့်သည်ခေါ်ဖို့ တားမြစ်ထားတာမျိုးရှိပါတယ်။ စာချုပ်မချုပ်ခင် ဒါကို သေချာမေးမြန်းပါ။
​အကြံပြုချက်: အိမ်မငှားခင် အိမ်ရဲ့ တည်နေရာ၊ ဘူတာရုံနဲ့ အကွာအဝေး၊ အနီးအနားမှာ စူပါမားကတ်နဲ့ ဆေးရုံရှိမရှိကို Google Maps မှာ ကြိုတင်စစ်ဆေးပါ။ အိမ်ငှားခက မိမိလစာရဲ့ ၃၀% ထက် မကျော်လွန်အောင် စီစဉ်တာက အကောင်းဆုံးဖြစ်ပါတယ်။

23/05/2026

ဂျပန်ဗီဇာလျှောက်ထားမှုဆိုင်ရာ နောက်ဆုံးရ အခြေအနေများ

အခုလောလောဆယ် စားသောက်ကုန်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဗီဇာတွေ (အထူးသဖြင့် Specified Skilled Worker - SSW) အတွက် လျှောက်လွှာတင်ထားတဲ့ အရေအတွက်က သတ်မှတ်ထားတဲ့ ပမာဏ ပြည့်လုနီးပါး ဖြစ်နေလို့ အောက်ပါအတိုင်း အပြောင်းအလဲတွေ ရှိနေပါတယ်။

၁။ COE (နေထိုင်ခွင့်လက်မှတ်) အသစ် လျှောက်ထားခြင်း

လက်ရှိမှာ လုံးဝ (လုံးဝ) ရပ်ဆိုင်းထားပါတယ်။ (ဗီဇာအသစ် လျှောက်မယ့်သူတွေ ခေတ္တစောင့်ဆိုင်းရပါမယ်။)

၂။ ဗီဇာအမျိုးအစား ပြောင်းလဲလျှောက်ထားခြင်း (Change of Status)
ဒါကတော့ ကိုယ်လက်ရှိကိုင်ထားတဲ့ ဗီဇာကနေ တခြားဗီဇာကို ပြောင်းချင်တဲ့သူတွေအတွက်ပါ။ အခြေအနေ (၃) မျိုး ခွဲထားပါတယ်။

(က) Technical Intern Training (ဆေးရုံ/လူအိုရုံ စားသောက်ကုန်လုပ်ငန်း) မှ ပြောင်းလဲခြင်း

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့ သို့မဟုတ် ယင်းမတိုင်မီ လျှောက်ထားပြီးသားသူတွေဆိုရင် စီစစ်မှုပြီးတာနဲ့ ပုံမှန်အတိုင်း ဗီဇာကျပါမယ်။

(ခ) စားသောက်ကုန်လုပ်ငန်းဆိုင်ရာ Designated Activities ဗီဇာ (SSW No.1 ပြောင်းဖို့ ပြင်ဆင်နေသူများ)

ဒီဗီဇာကို ပထမဆုံးအကြိမ် စတင်လျှောက်ထားတဲ့ရက်စွဲဟာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မတိုင်မီ ဖြစ်ရပါမယ်။ အဲဒီလိုလူတွေပဲ စီစစ်ပြီးရင် ပုံမှန်အတိုင်း ခွင့်ပြုချက်ရမှာပါ။

(ဂ) SSW No.1 (စားသောက်ကုန်) ချင်းတူတူ အလုပ်ပြောင်းချင်သူများ
စားသောက်ကုန်လုပ်ငန်းအချင်းချင်း အလုပ်ပြောင်းတာကတော့ လျှောက်လွှာအားလုံးကို ပုံမှန်အတိုင်း ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

၃။ ဗီဇာသက်တမ်းတိုးခြင်း (Extension of Stay)

ဒါကတော့ စိုးရိမ်စရာမရှိပါဘူး။ လက်ရှိ ဗီဇာသက်တမ်းတိုးထားသူတွေကို စီစစ်မှုအဆင့်ဆင့်ပြီးတာနဲ့ အလှည့်ကျ ပုံမှန်အတိုင်း ဗီဇာအသစ် ထုတ်ပေးနေပါတယ်။

[သတိပြုရန်အချက်များ] ဒါကိုတော့ မဖြစ်မနေ ဖတ်ထားပေးပါနော်!

၁။ စာရွက်စာတမ်းထပ်တိုးတောင်းခံနိုင်ခြင်း
လက်ရှိမှာ ဗီဇာထုတ်ပေးမှုကို ရပ်ဆိုင်းထားတာ ဒါမှမဟုတ် ဆိုင်းငံ့ထားတာ ရှိပေမယ့်လည်း၊ လိုအပ်ရင် လူဝင်မှုကြီးကြပ်ရေးကနေ စာရွက်စာတမ်းတွေ ပြင်ဆင်ခိုင်းတာ ဒါမှမဟုတ် နောက်ထပ် လိုအပ်တာတွေ ထပ်တင်ခိုင်းတာမျိုး လုပ်လာနိုင်ပါတယ်။ (စာရွက်စာတမ်း အဆင်သင့်ပြင်ထားပါ!)

၂။ ဗီဇာကျမယ့် အလှည့်စဥ်
လျှောက်လွှာတင်ထားတဲ့သူ အရေအတွက်ပေါ်မူတည်ပြီး လျှောက်ထားတဲ့ရက်စွဲအလိုက် အစဉ်လိုက် ဗီဇာထုတ်ပေးမှာပါ။ ဒါပေမယ့် ကိုယ်တင်ထားတဲ့ စာရွက်စာတမ်း အစုံအလင်ရှိမရှိနဲ့ အကြောင်းအရာပေါ်မူတည်ပြီး အလှည့်အပြောင်း ဖြစ်သွားနိုင်ပါတယ်။

၃။ Overstay (ဗီဇာကုန်ပြီး တရားမဝင်ဖြစ်ခြင်း) မှ ကာကွယ်ရန်
မိမိဗီဇာသက်တမ်းက ကုန်တော့မယ်၊ ဒါပေမယ့် ဗီဇာအသစ်က ကျမလာသေးဘူးဆိုရင်... Overstay မဖြစ်အောင် လူဝင်မှုကြီးကြပ်ရေးကနေ သင့်ကို Designated Activities (စားသောက်ကုန်လုပ်ငန်း SSW No.1 ပြင်ဆင်မှုဗီဇာ) အဖြစ် ပြောင်းလဲလျှောက်ထားဖို့ ဒါမှမဟုတ် သက်တမ်းတိုးဖို့ ညွှန်ကြားပါလိမ့်မယ်။

မှတ်ချက်: ဒီဗီဇာသက်တမ်းတိုးတာကို (၁) ကြိမ်သာ ခွင့်ပြုပါတယ်။

အကယ်၍ ဒီဗီဇာရပြီးလို့ သက်တမ်းမကုန်ခင် စားသောက်ကုန် SSW No.1 ကို ဆက်လျှောက်ချင်တယ်ဆိုရင် သက်တမ်းမကုန်မီ (၃ လအလိုခန့်ကတည်းက) လျှောက်ထားရပါမယ်။ (အဲဒီအခါကျရင်တော့ လျှောက်လွှာနဲ့ ဓာတ်ပုံပဲ လိုအပ်မှာ ဖြစ်ပါတယ်)။

၄။ ဖုန်းဆက်မမေးပါနဲ့
"ကျွန်တော့်ဗီဇာ ဘယ်တော့ကျမလဲ" ဆိုပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (Immigration)၊ ဒေသဆိုင်ရာ အခြေစိုက်ရုံးတွေ ဒါမှမဟုတ် စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနတွေကို ဖုန်းဆက်မေးရင်လည်း လုံးဝ (လုံးဝ) ဖြေကြားပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

ဂျပန်မှာရှိနေတဲ့ သူငယ်ချင်းများအားလုံး အဆင်ပြေပြေနဲ့ ဗီဇာတွေ အမြန်ဆုံးကျပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Crd..SKE Learning Page မှ ကူးယူဖော်ပြခြင်းဖြစ်ပါငည်ခင်ဗျာ

23/05/2026

မြန်မာယာဥ်မောင်းလိုင်စင်ကနေ ဂျပန်ယာဥ်မောင်းလိုင်စင် ချိန်းကြမယ့် ညီအစ်ကိုများခင်ဗျာ

ကညန ထောက်ခံချက်မြန်မာ Certified+Eng Notary +MOFA/Japan Notary ပြန်ဖို့အတွက် ကြှနျုပျတို့ရဲ့ အားမာန် Notary and General Service သို့ သတိရလိုက်ပါခင်ဗျာ

Agent များအတွက်လည်း အထူးစျေးနှုန်းဖြင့် ဝန်ဆောင်မှု့ပေးခြင်း
Japan နိုင်ငံထိ ပို့ဆောင်ပေးခြင်း
လိုအပ်သည့်စာရွက်စာတမ်းများကို မှန်ကန်မြန်ဆန်စွာဖြင့် ပြုလုပ်ဆောင်ရွက်ပေးခြင်း
တို့ကြောင့် ကျွန်ုပ်တို့ရဲ့ အားမာန် Notary @ General Service သို့ကြွလှမ်းခဲ့ပါခင်ဗျာ

အားမာန် Notary @ General Service
Phone 095404135
Viber +9595404135
Page Cb သို့ ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ပါသည်ခင်ဗျာ။

#အားမာန်notary
#ယာဥ်မောင်း
#မှီခို

#လက်ထပ်

20/05/2026

Japan နိုင်ငံမှာ မှီခိုVisa လျှောက်ဖို့ လက်ထပ်စာချူပ်မရှိလို့ စိတ်ပူနေလား? ထိုင်းအထိ လက်ထပ်စာချူပ် လက်မှတ်သွားထို့စဥ်းစားနေလား? မှီခို Visa လျှောက်ဖို့ ​လက်ထပ်စာချူပ်ကို အားမာန် Notary @ General Service မှာ တာဝန်ယူဆောင်ရွက်ပေးနေပါပြီခင်ဗျာ
အားမာန် Notary @ General Service
Phone 095404135
Viber +9595404135
#အားမာန်notary

#လက်ထပ်
#မှီခို

20/05/2026

ဂျပန်နိုင်ငံသားလျှောက်ဖို့အတွက် မိဘလက်ထပ်စာချုပ် မရှိဘူးလား? 🇯🇵📜 အိမ်ထောင်စုစာရင်းမှာပါတဲ့သူတွေရဲ့ မွေးစာရင်း ပျောက်ဆုံးနေလား? 📋🔍 မြန်မာနိုင်ငံဘက်က လိုအပ်တဲ့ စာရွက်စာတမ်းတွေ မစုံလင်လို့ နိုင်ငံသားလျှောက်ရမယ့် အခွင့်အရေးကို လက်လွှတ်မခံပါနဲ့။ 🙅‍♂️✨
​လူကြီးမင်းတို့ လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စရပ်များအတွက် အားမာန် Notary @ General Service မှ တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ။ 🤝💼
​အလုပ်မအပ်ဖြစ်သေးလို့ မေးမြန်းစုံစမ်းရမှာ အားနာနေလား? 🤔 အားမာန် Notary မှ သိသလောက်၊ မှတ်သလောက်လေးကို စိတ်ရှည်လက်ရှည် ရှင်းပြပေးပါတယ်ခင်ဗျာ။ 💡💬 အခြားဝန်ဆောင်မှုမှာ အပ်ထားပေမယ့် သိချင်တာကို စုံစမ်းချင်တာဆိုလည်း Ok ပါခင်ဗျာ။ 😊😊😊
​မြန်မာနိုင်ငံဘက်မှ လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စရပ်များအတွက် အားမာန် Notary @ General Service ရှိနေပါတယ်ခင်ဗျာ။ 🏠🇲🇲
​အားမာန် Notary @ General Service
📞 Phone: 095404135
📱 Viber: +9595404135
📩 Page Chatbox သို့ ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ပါသည်ခင်ဗျာ။ 📥✨
#အားမာန်notary

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon