06/05/2026
Custiomized order လေးတွေများနေလို့ ပန်းကလေးတွေမတင်ဖြစ်တာနော်...
ပန်းလေးတွေအမျိုးစုံ ရပါတယ်နော်...
စျေးကတော့ ပန်းအမျိုးအစားပေါ်မူတည်ပြီးကွာသလို အစစအရာရာစျေးတက်နေလို့ ပန်းလေးတွေစျေးနဲနဲတက်ပါတယ်ရှင့်...
ပန်းအမျိုးအစား အရွယ်အစားအလိုက်စျေးက ၇၀၀၀ ကနေစရှိပါတယ်ရှင့်....
29/04/2026
ချစ်စဖွယ်baby girlလေးတွေအတွက်👚👕👗🩱👙👡👠
06/01/2026
အမြဲယုံကြည်အားပေးခဲ့တဲ့ရန်ကုန်မှအမှာလေးပါရှင့်
ဘာပစ္စည်းလေးဘဲဖြစ်ဖြစ်လှမယ်ထင်သလိုလေးထိုးပေးပါဆိုပြီးယုံကြည်ပေးလို့ကျေးဇူးပါရှင့်
06/01/2026
မင်္ဂလာပါရှင့်
ခုတလောနေရထိုင်ရခက်နေတာနဲ့postလေးတွေမတင်ဖြစ်တာပါ.ခုအမှာလေးကအစားကြိုက်သူလေးထင်ပါတယ်.ယုံကြည်စွာမှာယူအားပေးလို့ကျေးဇူးအထူးပါရှင့်
15/11/2025
N**e colour ဂါဝန်လေး....
အရမ်းလှသောလေး...
သူလေးကတော့ ချည်ဖိုး၊ လက်ခ အပါ ၂သိန်းပါရှင့်...
ချည်ကတော့ customer ရွေးတဲ့အပေါ်မူတည်ပါတယ်ရှင့်...
18/10/2025
ဒီ sweater လေးက အပ်နေကျ ညီမလေးက သူလိုချင်တဲ့ design နဲ့ နာမည်လေးပါထိုးပေးပါဆိုပြီး အပ်ထားတာလေးပါ...ချည်အကောင်းလိုင်းနဲ့ ချည်ဖိုး လက်ခအပါ ၂သိန်းကျော်ကျပါတယ်ရှင့်....ကိုယ်ကြိုက်တဲ့ design ကိုလဲပုံပြပီးမှာလို့ရပါတယ်....
18/10/2025
အထည်အော်ဒါလေးတွေများနေတဲ့ကြားက
သူငယ်ချင်းက သူ့အိမ်ဘုရားစင်အတွက် ပန်းတိမ်ငိုပန်းလေးတွေနဲ့ သူ့အတွက် ခေါင်းစည်းလေးတွေ ကလစ်လေးတွေလုပ်ပေးပါဆိုလို့ အချိန်လုပြီး လုပ်ပေးထားပါတယ်... $ပုံ keychain လေးကတော့ မေတ္တာလက်ဆောင်ပါ...ငွေတွေများကြီးဝင်ပါစေနော်...
01/10/2025
ဒီရက်ပိုင်း post တွေမတင်ဖြစ်တာ order လေးတွေအရမ်းများနေတော့ အချိန်မှီပြီးအောင်လုပ်ပေးနေရတာမို့နော်...
အနယ်နယ်အရပ်ရပ်ကနေရော တခြားနိုင်ငံကနေရော တကူးတက ဝယ်ယူအားပေးလို့ကျေးဇူးတင်ပါတယ်ရှင့်...
အန်တီလှလှကတော့ Boston ကနေ သူ့စိတ်ကြိုက် လှမ်းမှာတာပါ...
Dubai ကညီမလေးလှလှလေးကတော့ Beach မှာဝတ်ဖို့ အဆင်ပြေသလိုလေးထိုးပေးပါဆိုတာနဲ့ ကိုယ့်ဖာသာစိတ်ကူးပုံဖော်ထိုးပေးလိုက်ပါတယ်...
ဒီညီမလေးကတော့ ရုံးမှာဝတ်ဖို့ granny square လေးရော၊ ထသွားလာသွား ဘာနဲ့တွဲဝတ်ဝတ်လိုက်မယ့်ပုံကို ၂ထည်လောက်ရောလုပ်ပေးပါဆိုတော့ သူကြိုက်တဲ့အရောင်လေးတွေနဲ့သေချာလေးထိုးပို့ပေးလိုက်ပါတယ်...
Switzerland က မမအတွက်ကတော့ Christmas theme sweater လေးပါရှင့်...
ပုံလေးတွေသေချာရိုက်ပို့ပေးလို့ကျေးဇူးတင်ပါတယ်ရှင့်...
စျေးနှုန်းလေးကတော့ ချည်အမျိုးအစားနဲ့design ပေါ်မူတည်ပြီးယူပါတယ်ရှင့်...
11/07/2025
Hello....hello
ဒီရက်ပိုင်း page မှာဘာမှမတင်နိုင်တာကလေ US က အန်တီလှလှလေးမှာတဲ့ order လေးတွေ အချိန်မှီပို့နိုင်အောင် လုပ်ပေးနေရလို့နော်....
အရမ်းအေးတဲ့နေရာမို့ ချည်ကိုပိတ်နေအောင်၊ လေဝင်ပေါက်မရှိအောင်ထိုးပေးထားရပါတယ်...အကောင်းကြိုက်တဲ့သူမို့ ချည်ကိုလဲ premium quality သုံးပေးထားရပါတယ်....
အနွေးထည်၊ စကပ်၊ ဦးထုပ်နဲ့ အိတ် one set ကို ချည်ဖိုးလက်ခအပါ ၅သိန်းပါရှင့်...
Coat အညိုလေးကတော့ ချည်ဖိုး လက်ခအပါ ၁သိန်း၈သောင်းပါရှင့်....
ချည်ကို ကိုယ်သုံးရင်သုံးသလို စျေးကွာပါတယ်ရှင့်