Community voice on 16 Days of Activism to End Violence Against Women and Girls
Myanmar Deaf Community Development Association - MDCDA
Myanmar Deaf Community Development (MDCDA) is formed by Persons with Hearing Loss.
Myanmar Deaf Community Development Association (MDCDA) is independent Non-Government Organization, Non-profits organization, Non-religious and racial based organization formed by 9 Persons with Hearing Loss and 3 social development expert joined later. Aim and objective of MDCDA is to promote legal protection for rights and capacity of all Persons with Disabilities including Persons with Hearing L
International Sign Language Day (September 23, 2021)
မင်္ဂလာပါ
လာမည့် စက်တင်ဘာလ ၂၃ ရက်နေ့သည် International Sign Language Day အပြည်ပြည်ဆိုင်ရာ လက်သင်္ကေတပြ ဘာသာစကားနေ့ ဖြစ်ပါသည်။ လက်သင်္ကေတပြဘာသာစကားသည် နားမကြားသူများ၏ မိခင်ဘာသာစကား ဖြစ်ပြီး အမြင်အာရုံ ဆိုင်ရာ ဘာသာစကားဖြစ်သလို ကိုယ်ပိုင် သဒ္ဒါ ဖွဲ့စည်းတည်ဆောက်ပုံ ရှိပါသည်။
၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ လက်သင်္ကေတပြ ဘာသာစကားနေ့ကို အသိအမှတ်ပြုကြောင်း တရား ဝင် ကြေညာခဲ့ပါသည်။
ပထမဆုံးသော International Sign Language Day ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည်။ အဆိုပါ နေ့သည် International week of the Deaf people အပြည်ပြည်ဆိုင်ရာ နားမကြားသူများ၏ ရက်သတ္တပတ် ထဲမှ တစ်ရက် ဖြစ်ပြီး ကမ္ဘာ့နားမကြားအဖွဲ့ချုပ် World Federation of the Deaf စတင်တည်ထောင်ခဲ့သည့် ၁၉၅၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ကို ဂုဏ်ပြုသည့်အနေဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်နေ့တွင် ကျရောက်မည့် International Sign Language Day ၏ ဆောင်ပုဒ်မှာ “We Sign for Human Right” “ လူ့အခွင့်အရေးအတွက် နားမကြားသူများ၏အသံ” ဖြစ်သည်။ ကျွန်ပ်တို့အနေဖြင့် စက်တင်ဘာ ၂၃ တွင် ကျရောက်မည့် International Sign Language Day ကို လက်ခုတ်တီးပြီး ကြိုဆိုကြပါစို့။
International Week of the Deaf people (September 20~26,2021)
အားလုံးပဲမင်္ဂလာပါ။
နားမကြားသူများ၏ နိုင်ငံတကာရက်သတ္တပတ်အကြောင်းကို အသိပေးမျှဝေချင်ပါတယ်။ ဒါဟာကမ္ဘာ့နားမကြားအဖွဲ့ချုပ် (WFD) မှ နားမကြားသူများအတွက် အမှတ်တရဂုဏ်ပြုသည့်အနေဖြင့် သတ်မှတ်ထားသောရက်သတ္တပတ်ကို ဆိုလိုခြင်းဖြစ်ပြီး စက်တင်ဘာလ၌ သီတင်းတစ်ပတ်ကြာ ဂုဏ်ပြုကျင်းပခြင်းဖြစ်ပါတယ်။ လွန်ခဲ့သော ၁၉၅၈ ခုနှစ်မှ စတင်ကာ ရောမမြို့မှာပထမဆုံးကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ “အပြည်ပြည်ဆိုင်ရာ လက်သင်္ကေတပြဘာသာစကားများနေ့” စက်တင်ဘာ ၂၃ ရက်ကိုသတ်မှတ်ကြောင်း ကုလသမဂ္ဂက တရားဝင်အသိမှတ်ပြု ဂုဏ်ပြုခဲ့ပါတယ်။
ထိုသီတင်းပတ်သည် ကမ္ဘာတစ်ဝှမ်းလုံးရှိနားမကြားသူများ၏ ညီညွတ်မှုနှင့် စွမ်းဆောင်မှုတို့ကို ပြသရန်အရေးကြီးသောကာလဖြစ်ပါတယ်။ နားမကြားသူများ၏ အခွင့်အရေးကိုမြှင့်တင်ပေးရန်နှင့် နားမကြားလူမှုအသိုင်းဝိုင်းမှ အသံများဖြင့် စည်းလုံးညီညွတ်မှုကိုပြသနိုင်ခြင်းကြောင့် ထိုကာလကို ကြိုဆိုဂုဏ်ပြုပေးကြရန် အရေးကြီးပါသည်။ ထို့ပြင်အားလုံးပါဝင်မှုကို မြှင့်တင်ရန်နှင့် မတူကွဲပြားသော အသိုင်းအဝိုင်းများကို အသိအမှတ်ပြုရန် အခွင့်အလမ်းတစ်ရပ်ပင်ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အတွက်ဆောင်ပုဒ်လေးကတော့ “Celebrating Thriving Deaf Communities” ပျော်ရွှင်လှပနားမကြားလူမှုအဖွဲ့အစည်းအတွက် အထိမ်းအမှတ်” ဖြစ်ပါတယ်။ နားမကြားလူမှုအသိုင်းအဝိုင်းသည် တစ်နှစ်ထက်တစ်နှစ် ကျယ်ပြန့်လာပြီး ယခုချိန်မှာတော့ ပြည်တွင်းပြည်ပသာမက နိုင်ငံတကာအဆင့်ထိ နားမကြားသူများ၏ စွမ်းဆောင်ရည်များကို ဂုဏ်ပြုလာကြခြင်းဖြစ်ပါတယ်။ ယခုသီတင်းပတ်ကာလသည် နားမကြားသူများ နားမကြားလူမှုအဖွဲ့အစည်းများ အားလုံးအတွက် အရေးကြီးသောကာလဖြစ်ပြီး အားလုံး၏ပူးပေါင်းပါဝင်ပေးမှုဖြင့် ယခုနှစ်တွင်ကျရောက်သော “နားမကြားသူများ၏ နိုင်ငံတကာရက်သတ္တပတ်” ကို ဂုဏ်ပြုကြိုဆိုကြပါစို့လို့ တိုက်တွန်းဖိတ်ခေါ်လိုက်ရပါတယ်။
COVID-19 ရောဂါကူးစက်ပျံ့နှံမှုမရှိစေရန် ပြည်သူများ နေအိမ်တွင်နေထိုင်ရေးပန်ကြားချက် (၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၉ ရက်)
********************************************************************
မြန်မာနိုင်ငံတွင် (၁၈-၁၁-၂၀၂၀) ရက်နေ့၊ ည (၈း၀၀) နာရီအချိန်ထိ COVID-19 ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၇၃,၃၂၂) ဦးတွေ့ရှိခဲ့ပြီး ဆေးရုံတက်လူနာများ၏ (၇၅) ရာခိုင်နှုန်းသည် ဆေးရုံဆင်းခွင့်ရရှိကာ သေဆုံးသူစုစုပေါင်း (၁,၆၅၀) ဦးရှိခဲ့ပါသည်။
လက်ရှိမြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေမှာ ဆောင်းရာသီသို့ စတင်ကူးပြောင်းချိန်ဖြစ်ပြီး သဘာဝအားဖြင့် ဗိုင်းရပ်စ်ရောဂါပိုးများအတွက် ရောဂါကူးစက်ပြန့်ပွားမှုကို ပိုမိုဖြစ်စေနိုင်သောကာလဖြစ်သည့်အပြင် မကြာခင်ရောက်ရှိလာမည့် ပွင့်လင်းရာသီ အချိန်များနှင့် အများပြည်သူ ရုံးပိတ်ရက်ရှည်များတွင် ပြည်သူလူထုအနေဖြင့် ခရီးသွားလာခြင်းများပြုပါက ရောဂါပိုးကူးစက်မှုများ ပိုမိုပြန့်ပွားစေနိုင်ပါသည်။
၎င်းအပြင် (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲနောက်ပိုင်းဖြစ်ပေါ်ခဲ့သော လူစုလူဝေးများကြောင့် ရောဂါကူးစက်ပြန့်ပွားမှု တိုးမြင့်ခြင်းရှိ/မရှိ စောင့်ကြပ်ကြည့်ရှု ကာကွယ်ထိန်းချုပ်ခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည့်အပြင် အထူးအစီအစဥ်အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ ဦးဆောင်၍ မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ဖြင့် မျက်နှာနှင့် နာခေါင်းစည်း၊ မျက်နှာအကာနှင့် လက်ကမ်းစာစောင်များ အခမဲ့ပေးဝေခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် အသိပေးခြင်းတို့ကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ပိုမိုကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ပြည်သူလူထုအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ခြင်း မပြုဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတို့နေထိုင်ရာ နေအိမ်များတွင်သာ တတ်နိုင်သမျှနေထိုင်ကြရန် တိုက်တွန်းနှိုးဆော် ပန်ကြားအပ်ပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
Credit; MOHS
COVID-19 ရောဂါထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်/ရပ်ကွက်/ကျေးရွာအတွင်းတွင် အိမ်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များ တိကျစွာလိုက်နာရမည့်အချက်များ (Version 1.0)
နေ့စွဲ- ၂၁-၁၁-၂၀၂၀
သတိပြုရန်အချက်များ
- လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင်တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိသောသူများ၏ (၆၅) ရာခိုင်နှုန်းသည် ရောဂါလက္ခဏာတစ်စုံတစ်ရာ မပြသဘဲသာမန်အတိုင်း နေကောင်းကျန်းမာစွာရှိနေသဖြင့် ဆိုင်သို့လာရောက်သူတိုင်းတွင် ပိုးရှိနေနိုင်သည်ကို သတိပြုပါ။
- ကိုရိုနာဗိုင်းရပ်စ်ပိုးပါဝင်နိုင်သည့် အစက်အမှုန်များသည် အသက်ရှူထုတ်ခြင်းမှတဆင့် အနီးပတ်ဝန်းကျင် (၅) ပေခန့်အထိလည်းကောင်း၊ ချောင်းဆိုးခြင်းမှတဆင့် တစ်စက္ကန့်လျှင် (၃၃) ပေနှုန်းအရှိန်ဖြင့် (၆) ပေခွဲခန့်အထိလည်းကောင်း၊ နှာချေခြင်းမှတဆင့် တစ်စက္ကန့်လျှင် (၁၆၄) ပေနှုန်း အရှိန်ဖြင့် (၁၉) ပေခွဲခန့်အထိလည်းကောင်း ပျံ့နှံရောက်ရှိနိုင်ပါသည်။
- သုတေသနတွေ့ရှိချက်များအရ ယခုတစ်ကျော့ပြန်ဖြစ်ပွားသော COVID-19 ဗိုင်းရပ်စ်ပိုးသည် မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ကူးစက်နှုန်း ယခင်ထက် (၁၀) ဆခန့်အထိ ပိုမိုလျင်မြန်ကြောင်းကို တွေ့ရှိရပါသည်။
- ဈေးဝယ်ခြင်း/ ဈေးရောင်းခြင်း ဆောင်ရွက်ရာတွင် COVID-19 ရောဂါထိရောက်စွာ ကာကွယ်ရေးလမ်းညွှန်ချက်များကို တိကျစွာလိုက်နာခြင်းမရှိပါက မိမိထံရောဂါဝင်ရောက်ကူးစက်ရာမှတဆင့် အတူနေမိသားစုဝင်များ/ မိတ်ဆွေများ/ လုပ်ဖော်ကိုင်ဖက်များထံ အဆင့်ဆင့်ဆက်လက်ကူးစက်၍ ရောဂါဖြစ်ပွားသူများပြားကာ ရောဂါကြောင့် နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးများစွာ ခံစားရနိင်ပါသည်။
- အိမ်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များတွင်-
(၁) ဈေးရောင်းချသူများအနေဖြင့် ဖျားနာ/ ချောင်းဆိုး/ နှာချေ/ ရုတ်တရက်အနံ့အရသာ ပျောက်ဆုံးနေပါက အိမ်တွင်သာအနားယူပါ။ ဈေးရောင်းချခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဥ်ပါ။*
(၂) အသက် (၆၀) နှစ်နှင့် အထက်ရှိသူများ/ ဆီးချို/ သွေးတိုး/ နှလုံး/ ကျောက်ကပ်/ အသည်း/ ကင်ဆာစသည့် နာတာရှည်ရောဂါရှိသူများအနေဖြင့် ဈေးရောင်းခြင်းမပြုသင့်ပါ။
(၃) ဈေးရောင်းချသူသည် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) ကို လုံးဝ (လုံးဝ) စနစ်တကျတပ်ဆင်ရပါမည်။*
(၄) ဈေးရောင်းချရာမှ COVID-19 ရောဂါကူးစက်ခံရနိုင်သည်ကို အထူးသတိပြုပါ။ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအကြား (သို့မဟုတ်) ဝယ်ယူသူအချင်းချင်းအကြား ဖြစ်နိုင်သရွေ့ ခပ်ခွာခွာဖြစ်စေရန် စီစဥ်ထားပါ။ * (ဥပမာ- ရောင်းသူ/ ဝယ်သူ နေရာသတ်မှတ်ထားခြင်း၊ အကွက်ချထားခြင်း၊ အကာအရံတန်း/ ကြိုး/ ဝါးလုံးတန်းကာထားခြင်း၊ ခုံနေရာ ခပ်ခွာခွာချထားခြင်း)၊
(၅) ဈေးဝယ်ရာတွင် လူစုပြုံ၍မဝယ်စေရေး အထူးသတိပြုပေးပါ။ *
(၆) ငွေလက်ခံကိုင်တွယ်ပြီးတိုင်း၊ အများသုံးပစ္စည်းတစ်ခုကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း အယ်လကိုဟော (၆0%) နှင့်အထက်ပါဝင်သော လက်သန့်စင်ဆေးရည်ကို ဆောင်ထား၍ အသုံးပြုပေးပါ။ * (သို့မဟုတ်) ဆပ်ပြာနှင့်ရေကို အသုံးပြု၍ စက္ကန့် (၂၀) ကြာအောင် လက်ကိုစနစ်တကျဆေးကြောပါ။
(၇) လက်မဆေးရသေးဘဲ မိမိ၏ နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးတို့ကို ကိုင်တွယ်ခြင်းမှ လုံးဝ (လုံးဝ) ရှောင်ကြဥ်ပါ။
(၈) ရုတ်တရက်နှာချေခြင်း၊ ချောင်းဆိုးခြင်း ပြုသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းကို တစ်ခါသုံးတစ်ရှူး (သို့မဟုတ်) တံတောင်ကွေးဖြင့် လုံခြုံအောင်ဖုံးအုပ်ပါ။ အသုံးပြုပြီးတစ်ရှူးကို အဖုံးပါသည့် အမှိုက်ပုံးသို့ စနစ်တကျစွန့်ပစ်ပါ။ ပြီးလျှင်လက်ကို စနစ်တကျဆေးကြောပါ။
(၉) ဆိုင်တွင်မိမိကိုယ်တိုင်နှင့် ဈေးဝယ်သူများအသုံးပြုနိုင်ရန် ဆပ်ပြာနှင့်ရေ၊ လက်ဆေးရန်နေရာ၊ တစ်ရှူးနှင့် အဖုံးပါသောအမှိုက်ပုံးတို့ကို ထားရှိပါ။ ဖြစ်နိုင်ပါက အယ်ကိုဟောလ် အနည်းဆုံး (၆၀%) ပါသော လက်သန့်ဆေးရည်ကို ထားရှိပေးပါ။
(၁၀) လူအများထိတွေ့လေ့ရှိသောနေရာများ (ဥပမာ - ငွေရှင်းကောင်တာစားပွဲ၊ တံခါးလက်ကိုင်၊ ဈေးဝယ်ခြင်းတောင်းလက်ကိုင်၊ လက်တွန်းလှည်းလက်ကိုင်) စသည်တို့ကို အယ်ကိုဟောလ် ၇၀% မှ ၉၀% ပါသော ပိုးသန့်စင်ဆေးရည်ဖြင့် မကြာခဏ ပွတ်တိုက်သန့်ရှုင်းရေးပြုလုပ်ပါ။ (သို့မဟုတ်) ဆပ်ပြာရည်ကိုအသုံးပြု၍ ပွတ်တိုက်ပြီး (၁၀) မိနစ်မှ မိနစ် (၃၀) အတွင်းရေစိုဝတ်ဖြင့် ပြန်လည်ပွတ်တိုက်ပါ။
(၁၁) ဈေးမှအိမ်သို့ပြန်ရောက်သောအခါ-
(က) ဈေးမှအိမ်သို့ပြန်လည်ရောက်ရှိသည့်အခါတိုင်း ဆပ်ပြာနှင့်ရေကို အသုံးပြု၍ လက်ကိုအနည်းဆုံး စက္ကန့် (၂၀) ကြာအောင်စနစ်တကျဆေးကြောပါ။ ဆပ်ပြာနှင့်ရေ အလွယ်တကူမရနိုင်ပါက အယ်ကိုဟောလ် (၆၀%) နှင့်အထက်ပါဝင်သော လက်သန့်စင်ဆေးရည်ကို အသုံးပြုပါ။
(ခ) ဈေးသွားစဥ်ဝတ်ဆင်သွားသော အဝတ်အစားများကို ဖြစ်နိုင်သရွေ့ အိမ်ရောက်သည်နှင့် ချက်ချင်းလဲလှယ်ပါ။ အဆိုပါအဝတ်များကို ဆပ်ပြာနှင့် (၃၀) မိနစ် စိမ်၍ ချက်ချင်းလျှော်ဖွတ်ပါ။
(ဂ) တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးပေး၍ ရေချိုး၊ ကိုယ်လက်သန့်စင်ခြင်းဆောင်ရွက်ပါ။ အဝတ်အစားမလဲမီ/ ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဥ်ပါ။
(မှတ်ချက်- * ပြထားသောအချက်များကို လုံးဝ(လုံးဝ) မဖြစ်မနေလိုက်နာပေးပါ။)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
(၂၁-၁၁-၂၀၂၀)
Credit; MOHS
ကိုဗစ်-၁၉ကာကွယ်ရေး မိသားစုဝင်များအချင်းချင်း အသိပေး/ သတိပေး ပြောကြားရမည့်အချက်များ(၃၁-၁၂-၂၀၂၀)
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
၁။ ရောဂါပိုးရှိ/မရှိ အမြင်ဖြင့်မသိနိုင်ပါ (၂၅-၁၂-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) ပိုးတွေ့ရှိသူ (၁၂၀,၅၄၆)ဦး အနက် (၆၅) ရာခိုင်နှုန်းခန့်ဖြစ်သည့် (၇၈,၃၅၅)ဦးခန့်သည် ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြသဘဲ သာမန်အတိုင်း နေကောင်း ကျန်းမာစွာတွေ့ရှိခဲ့ရသဖြင့် အမြင်အားဖြင့် မည်သူ့ထံတွင်ရောဂါပိုးရှိသည်ကိုမသိနိုင်ပါ၊ ရောဂါရှိသူများကလည်း မိမိထံ တွင် ရောဂါရှိနေသည်ကို မသိနိုင်ပါ။
၂။ ကိုဗစ်-၁၉ ရောဂါပိုး အဓိကပျံ့နှံ့ကူးစက်ပုံ ကိုရိုနာဗိုင်းရပ်စ်ပိုး ပါဝင်နိုင်သည့် အစက်အမှုန်(Droplets)များသည် အသက်ရှူထုတ်ခြင်းမှတစ်ဆင့် အနီးပတ်ဝန်းကျင် (၅)ပေခန့်အထိနှင့် စကားကိုကျယ်လောင်စွာ ပြောကြားခြင်း၊ သီချင်းဆိုခြင်းဖြင့် ပိုမိုကွာဝေးသည့်အထိ၊ နှာချေခြင်းမှ တဆင့် တစ်စက္ကန့်လျှင်(၁၆၄)ပေနှုန်း အရှိန်ဖြင့်(၁၉)ပေခွဲခန့် အထိပျံ့နှံ့ရောက်ရှိနိုင်ပါသည်။ အထူးသဖြင့် အလုံပိတ် အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်/လေထွက် မကောင်းသောအခန်းများးတွင် ရောဂါပိုးသည် ပိုမို၍လွယ်ကူစွာ ပျံ့နှံ့ကူးစက်နိုင်ပါသည်။
၃။ ကိုဗစ်-၁၉ ရောဂါ အလွယ်တကူ ကူးစက်စေသော အခြေအနေများ ပါးစပ်နှင့် နှာခေါင်းစည်း(mask)တပ်ဆင်ခြင်းမရှိဘဲ တစ်ဦးနှင့်တစ်ဦး(၆)ပေအတွင်း နီးကပ်စွာပြောဆို ဆက်ဆံခြင်း/ အတူစုဝေးစားသောက်ခြင်း/ မျက်နှာချင်းဆိုင် စားသောက်ခြင်း အလုံပိတ်အခန်းများ၊ လေဝင်/လေထွက်မကောင်းသော အခန်းများတွင် အခြားသူများနှင့် နေထိုင်ခြင်းနှင့် လူစုလူဝေးရှိရာသို့ သွားရောက်ခြင်းးတို့ဖြစ်ပါသည်။
၄။ ကိုဗစ်-၁၉ရောဂါ ပြင်းထန်စွာခံစားရနိုင်သူများ (၂၅-၁၂-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါကူးစက်ခြင်းခံရခြင်းကြောင့် သေဆုံးသူ(၂,၅၅၂)ဦးရှိ သည့် အနက် (၂,၁၇၄) ဦးဖြစ်သည့် (၈၅.၂)ရာခိုင်နှုန်းခန့်သည် ဆီးချို၊သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာ စသည့် နာတာရှည်ရောဂါ အခံရှိသူများဖြစ်သည်ကို တွေ့ရှိရပါသည်။ ရောဂါကူးစက်ခံရခြင်းကြောင့် သေဆုံးပြီး မှ ဆေးရုံရောက်လာသူ(၂၇၂)ဦးဖြစ်သည့် (၁၁)ရာခိုင်နှုန်းရှိပြီး ဆေးရုံသို့ရောက်ပြီး (၂၄)နာရီအတွင်း သေဆုံးသူ (၅၆၀)ဦးဖြစ်သည့် (၂၂)ရာခိုင်နှုန်းရှိသည့်အတွက် သေဆုံးသူ(၈၃၂)ဦးဖြစ်သည့် (၃၃)ရာခိုင်နှုန်းမှာ ဆေးရုံသို့ အချိန်မီ ရောက်ရှိခြင်း မရှိသည်ကိုတွေ့ရပါသည်။
၅။ ကိုဗစ်-၁၉ရောဂါ ပြင်းထန်စွာခံစားရပုံ ကိုဗစ်-၁၉ ကူးစက်ခံရသူများအနက် အချို့သည် အသက်ရှူရအလွန်ခက်ခဲသောကြောင့် အထူးကြပ်မတ်ကုသဆောင် တွင် ကုသမှုအမျိုးမျိုး( အောက်ဆီဂျင်ပေးခြင်းး၊ အသက်ရှူကူစက် တပ်ရခြင်း၊ သွေးရည်ကြည်ကုထုံးဖြင့်ကုခြင်း စသည်…..)ခံယူပြီး ရောဂါပြင်းထန်စွာခံစားရကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
၆။ ကိုဗစ်-၁၉ ရောဂါ၏နောက်ဆက်တွဲဆိုးကျိုးများ ကိုဗစ်-၁၉ကူးစက်ခံသူများအနက် အချို့မှာ ရောဂါပြန်လည်ကောင်းမွန်သက်သာလာသော်လည်း နောက်ဆက်တွဲ ရေရှည်ဆိုးကျိုးများဖြစ်သည့် နှလုံး၊ အဆုတ်၊ ဦးနှောက်နှင့် အာရုံကြောရောဂါ၊ သွေးကြောများအတွင်းသွေးခဲခြင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကြီးမားစွာ ခံစားရခြင်း၊ အလွန်အမင်း မောပန်းခြင်း၊ ချောင်းဆိုးခြင်းတို့ကို နာတာရှည် ခံစားရစေနိုင်ပါသည်။
၇။ ကိုဗစ်-၁၉ ရောဂါထိရောက်စွာ မိမိကစ၍ကာကွယ်ပါ တတ်နိုင်သမျှ အိမ်မှာနေပါ၊ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေစနစ်တကျ တပ်ဆင်ပါ။ လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ( face shield)ကိုတွဲဖက်တပ်ဆင်ပါ။ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်းမရှိသော ဈေးသည်များထံမှ ဈေးဝယ်ယူခြင်းကို ရှောင်ကြဉ်ပါ။ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ (၆)ပေအကွာ ခပ်ခွာခွာနေထိုင်ပါ။ လူစုလူဝေးရှောင်ကြဉ်ပါ။ လက်ကို စက္ကန့်(၂၀)ကြာအောင် မကြာခဏ စနစ်တကျဆေးကြောပါ။ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ ၊ လေဝင်/ လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ၊ မိသားစု အချင်းချင်း၊ မိတ်ဆွေအချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပေးပါ၊ သတိပေးပါ။
၈။ ကာကွယ်ရေးနည်းလမ်းတွေကို လူတိုင်း၊ မိသားစုတိုင်းက ပါဝင်ဆောင်ရွက်ရန်လိုပါသည် အထက်ပါကာကွယ်ရေးနည်းလမ်းတွေကို လူတိုင်း၊ မိသားစုတိုင်းမှ တိကျစွာလိုက်နာဆောင်ရွက်ခြင်းမရှိပါက ထန်းချုပ်ရန် ခက်ခဲသော လူအစုလိုက် အပြုံလိုက် ကိုဗစ်-၁၉ဖြစ်ပွားမှုများစွာ ထပ်ခါထပ်ခါ ကြုံတွေ့ရနိုင်ပြီး မိမိတို့ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးစသည့် ဖွံ့ဖြိုးတိုးတက်မှုများကို ကြီးမားစွာထိခိုက်နိုင်ပါသည်။ လူတိုင်း၊ မိသားစုတိုင်းသည်- (၁) ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ပါ။ (၂) တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ။ (၃) လက်ကို မကြာခဏာ ဆေးကြောပါ။ (၄) တစ်ဦးနှင့်တစ်ဦး အသိပေး၊ သတိပေးပါ။ (၃၁-၁၂-၂၀၂၀)
Credit; MOHS
အများပြည်သူအပန်းဖြေရာနေရာများ၊ ပန်းခြံများတွင်ထားရှိရမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတိပြုလိုက်နာရန်အချက်များ (Version 01)
နေ့စွဲ- ၁၃.၁.၂၀၂၁
(၁) ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ထားခြင်းမရှိပါက အများပြည်သူအပန်းဖြေနေရာများ၊ ပန်းခြံများအတွင်းသို့ လုံးဝ (လုံးဝ) ဝင်ရောက်ခွင့်မရှိပါ။
(၂) အများပြည်သူအပန်းဖြေနေရာများ၊ ပန်းခြံများတွင် ရှိနေစဉ်တစ်လျှောက်လုံး ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို အမြဲတပ်ဆင်ထားရမည်။ မိမိနေအိမ်သို့ ရောက်ရှိမှသာလျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို ချွတ်ပါ။
(၃) ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်း၊ အသက်ရှူရခက်ခဲခြင်းစသည့် ကိုဗစ်-၁၉ သံသယလက္ခဏာ တစ်ခုခုကိုခံစားနေရသူများ၊ လွန်ခဲ့သည့် (၁၄) ရက်အတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့ခြင်းရှိသူများအနေဖြင့် အများပြည်သူအပန်းဖြေနေရာများသို့ လာရောက်ခြင်း လုံးဝ (လုံးဝ) မပြုရပါ။
(၄) အသက် (၆၀) နှစ်အထက် အသက်အရွယ်ကြီးရင့်သူများ၊ ဆီးချို/ သွေးတိုး/ နှလုံး/ အသည်း/ ကျောက်ကပ်/ ကင်ဆာစသည့် နာတာရှည်ရောဂါရှိသူများအနေဖြင့် အများပြည်သူအပန်းဖြေနေရာများသို့ လာရောက်ခြင်း မပြုသင့်ပါ။
မဖြစ်မနေလာရောက်သူများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)နှင့် တွဲဖက်၍ မျက်နှာအကာ (Face Shield) များကိုပါ တပ်ဆင်ပါ။
(၅) အခြားသူများနှင့် တတ်နိုင်သမျှ (၆)ပေအကွာ ခပ်ခွာခွာနေထိုင်သွားလာပါ။
(၆) အများပြည်သူအပန်းဖြေနေရာများတွင် စုဝေးစားသောက်ခြင်းကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။ လူအများ ဝိုင်းဖွဲ့၍ ကျယ်လောင်စွာ စကားပြောဆိုခြင်းနှင့် သီချင်းဆိုခြင်းများကို ရှောင်ကြဉ်ပါ။
(၇) အပန်းဖြေနေရာများရှိ အများသုံးပစ္စည်းများကိုတတ်နိုင်သမျှမကိုင်တွယ်ပါနှင့်။ မဖြစ်မနေကိုင်တွယ်ရပါက မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာနှင့်ရေအသုံးပြု၍ လက်ကိုအနည်းဆုံးစက္ကန့် (၂၀) အကြာ စနစ်တကျ ဆေးကြောပါ (သို့မဟုတ်) အယ်ကိုဟောလ် (၆၀%) နှင့် အထက်ပါဝင်သော ရေမလိုလက်သန့်ဆေး ရည်ကိုအသုံးပြုပါ။
(၈) အများပြည်သူအပန်းဖြေနေရာများတွင် အနည်းငယ်ပြင်းထန်သော ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်မည် ဆိုပါက တစ်ဦးနှင့် တစ်ဦး အနည်းဆုံး (၈) ပေခန့်အကွာခွာ၍ ဆောင်ရွက်ပါ။
(၉) အမှိုက်များကို သတ်မှတ်အမှိုက်စွန့်ပစ်ရန်နေရာများ/ အဖုံးပါသောအမှိုက်ပုံးများအတွင်းသို့ စနစ်တကျစွန့်ပစ်ပါ။
(၁၀) ကိုဗစ်-၁၉ ကာကွယ်ရန်အတွက် လူတိုင်း၊ မိသားစုတိုင်းအနေဖြင့် တစ်ဦးနှင့်တစ်ဦး အသိပေး၊ သတိပေးပါ။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တစ်ဦးကို တစ်ဦးအသိပေးခြင်း/ သတိပေးခြင်း မိသားစုစီမံချက် ဆောင်ရွက်လျက်ရှိခြင်းကို အသိပေးခြင်း(၁၉-၁-၂၀၂၁)
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
ရည်ရွယ်ချက်
မိမိ မိသားစုအဆင့်မှ အစပြု၍ မိတ်ဆွေသူငယ်ချင်းများ ဆွေမျိုးများ၊ အိမ်နီးနားချင်းများ၊ လုပ်ဖော်ကိုင်ဘက် များအချင်းချင်း COVID-19 ရောဂါကာကွယ်ရေးအတွက် အသိပေး/ သတိပေးပြောကြားခြင်းဖြင့် အဖွဲ့အစည်း / ဌာနများ / လူမှုပတ်ဝန်းကျင်တို့သို့ ရောဂါကာကွယ်ရေး အမူအကျင့်ကောင်းများ အဆင့်ဆင့်ပျံ့ နှံ့ရောက်ရှိကာ ထိုမှတစ်ဆင့် တစ်နိုင်ငံလုံးပျံ့နှံ့လွှမ်းခြုံမှုနှင့် ပြည်သူအားလုံး၏ အမူအကျင့်ပြောင်းလဲလာ မှုတို့ဖြင့် COVID-19 ရောဂါ အမြန်ဆုံးကာကွယ်၊ ထိန်းချုပ်နိုင်ရန် ရည်ရွယ်ပါသည်။
စီမံချက်ဆောင်ရွက်မည့် ပုံစံ
ပြည်ထောင်စုဝန်ကြီးရုံးများနှင့် ဌာနများ/ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ/ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးများ/ လူမှုရေးအဖွဲ့အစည်းများ/ ပုဂ္ဂလိကကုမ္ပဏီများ/ လုပ်ငန်းများ/ စက်ရုံ အလုပ်ရုံများ/ ပရဟိတ အဖွဲ့အစည်းများ/ အသင်းအဖွဲ့များ( Organizations and Associations) အစိုးရ မဟုတ်သော အဖွဲ့အစည်းများ/ အစရှိသည့်ဌာန/ အဖွဲ့အစည်းများ၏-
ဝန်ထမ်းများသည် ၎င်းတို့၏ မိသားစုဝင်များ မိတ်ဆွေသူငယ်ချင်းများ၊ ဆွေမျိုးများ၊ အိမ်နီးနားချင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် တစ်ဦး နှင့်တစ်ဦးအချင်းချင်းအသိပေး/ သတိပေးပြောကြားရမည့်အချက်များ (version04)တွင် ပါဝင်သည့် အချက်(၈)အား မျှဝေပြောကြားရမည် ဖြစ်ပါသည်။
အထက်ပါ အစု(entity)များသည် အဖွဲ့အစည်းတစ်ခုခု၏ အဖွဲ့ဝင်များဖြစ်ပါက ယင်းအဖွဲ့အစည်း၏ အခြား အဖွဲ့ဝင်များသို့ အဆိုပါအချက်များးကို အသိပေးခြင်း၊လိုက်နာမှုမရှိပါက သတိပေးခြင်းတို့အပြင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာနှင့် အင်တာနက်စာမျက်နှာများကို မပြတ်ကြည့်ရှု လေ့လာစေရန် သတိပေးခြင်းတို့ကို ပြည်သူတစ်ဦး၏ တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါ သည်။
နိဂုံး
ဤရောဂါမှာ ကိုယ်ဖြစ်ကိုယ်ခံမဟုတ်ဘဲ ကိုယ်ဖြစ်ပါက မိမိ၏ အနီးပတ်ဝန်းကျင်ရှိလူများအား ကူးစက်နိုင် သည်ဆိုသည့်အချက်ကို ပြည်သူအားလုံး မိသားစုဝင်အားလုံးသိရှိနားလည်ရန် အရေးကြီးပါသည်။ တစ်ဦးမှအများသို့ ရောဂါမကူးစက်စေရေးအတွက် အချင်းချင်း အသိပေး/ သတိပေးပြောကြားခြင်းဖြင့် COVID-19 ကပ်ရောဂါ ကို အမြန်ဆုံး ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
Credit; MOHS
အထူးသတိပြုရမည့် မျိုးဗီဇပြောင်း SARS-CoV-2 မျိုးကွဲသစ်များ
(၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
• အင်္ဂလန်နိုင်ငံ၊ တောင်အာဖရိကနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့တွင် စတင်တွေ့ရှိခဲ့ပြီး ယခုအခါ ကမ္ဘာ့နိုင်ငံများ၌ တွေ့ရှိနေရသော ပိုမိုလျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်သည့် မျိုးဗီဇပြောင်း SARS-CoV-2 မျိုးကွဲသစ်များ ဖြစ်သည့် VOC-2020 12/01 (lineage B.1.1.7)၊ 501.V2 နှင့် P681H တို့ကို မြန်မာနိုင်ငံတွင် ယခုအချိန်အထိမတွေ့ရှိရသေးပါ။
• သို့ရာတွင် COVID-19 ကို ဖြစ်စေသည့် SARS-CoV-2 သည် ဗိုင်းရပ်စ်၏ သဘောသဘာဝအရ မျိုးဗီဇပြောင်းလဲနိုင်ပါ၍ မြန်မာနိုင်ငံအတွင်း လက်ရှိကူးစက်ပျံ့နှံ့နေသော SARS-CoV-2 ဗိုင်းရပ်စ် သည်လည်း ပိုမိုကူးစက်မြန်သော ဗိုင်းရပ်စ်ပိုးမျိုးကွဲအသစ်အဖြစ်သို့ အချိန်မရွေး ပြောင်းလဲသွား နိုင်သည်ကို အထူး သတိပြုကြရမည် ဖြစ်ပါသည်။
• COVID-19 ကူးစက်ဖြစ်ပွားသူ အရေအတွက်များပြားပါက SARS-CoV-2 ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲရန် အခွင့်အလမ်းပိုမိုများပြားပြီး ကူးစက်ဖြစ်ပွားသူအရေအတွက် နည်းပါးပါက မျိုးဗီဇပြောင်းလဲရန် အခွင့်အလမ်းနည်းပါသည်။
• သို့ဖြစ်၍ ပြည်သူများအနေဖြင့် COVID-19 ကာကွယ်ရေးစည်းကမ်းများကို တိကျစွာ (တိကျစွာ) လိုက်နာကြရန် အရေးကြီးပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
Credit; MOHS
14/03/2021
English version below:
ပဲခူးမြို့၌
ကျဆုံးသွားသည့်
နားမကြားသူ ဇော်ဇော်အောင် (ခ) ရွှေအ အသက် (၃၃) နှစ်
အတွက် မြန်မာနိုင်ငံနားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ MDCDA က နာရေးအကူငွေ ပေးအပ်ခြင်းနှင့် ကျန်ရစ်သူမိသားစုအား နှစ်သိမ့်ဆွေးနွေးပေးခြင်း တို့ကို အဖွဲ့၏ အစီအစဉ်အကြံပေးက ဦးဆောင်လျက် ၁၃-၃-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် အိမ်တိုင်ရာရောက် သွားရောက် လုပ်ဆောင်ပေးခဲ့ပါသည်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးမြို့၌ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည့် ဆန္ဒပြနေသူများအား လက်နက်ကိုင် အဖွဲ့အစည်းများမှ အကြမ်းဖက်နှိမ်နှင်းခဲ့ရာ အကြားအာရုံ မသန်စွမ်းသူ ဇော်ဇော်အောင် (ခ) ဇော်အောင်လေး (ခ) ရွှေအ အသက် (၃၃) နှစ် မှာ ဦးခေါင်းကို ကျည်ထိမှန်လျက် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
မိမိတို့ အဖွဲ့အနေဖြင့် ဇော်ဇော်အောင် (ခ) ရွှေအ သေဆုံးမှု အပေါ် များစွာ ဝမ်းနည်းစိတ်မကောင်းဖြစ်မိပြီး အေးချမ်းစွာ ဆန္ဒပြနေသည့် လက်နက်မဲ့ ပြည်သူများအပေါ် စစ်ကောင်စီ၏ ရက်စက်စွာ အကြမ်းဖက် ဖြိုခွဲမှု နှင့် လူ့အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး ချိုးဖောက်မှုများအပေါ် အပြင်းအထန် ရှုံ့ချပါသည်။
Myanmar Deaf Community Development Association (MDCDA) paid a visit this morning to contribute financial support for the funeral service and give counseling to the survivor family members led by Program Advisor for the deaf person
Zaw Zaw Aung @ Shwe Aa
33 years old
A victim from Bago during the uprising
The deaf person Zaw Zaw Aung@Zaw Aung Lay @ Shwe Aa (33 years old) was shot to the head and deceased on spot during the violent crackdown to the peaceful protestors in the morning of March 11th, 2011.
We are heartbroken over the loss of Zaw Zaw Aung@ Shwe Aa and strongly condemn the brutal crackdown and serious violations of human rights and disabled rights to the unarmed peaceful protestors by the Military Council.
March 13, 2021
လက်ရှိ နိုင်ငံရေးအခြေအနေတွင် လူတိုင်း အကြပ်အတည်းများနှင့် ကြုံတွေ့ရလျက် ရှိရာ အိမ်တွင်း အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခံရမှုများ မြင့်တက်လာမည်ကို စိုးရိမ်ပူပန်လျက်ရှိပါသည်။
အကယ်၍ မသန်စွမ်းအမျိုးသမီးများအနေဖြင့် အိမ်တွင်း အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုများ၊ ကျား၊ မ အခြေပြုခွဲခြားဆက်ဆံခံရမှုများ ကြုံတွေ့ရပါက အောက်ပါ ဖေ့ဘွတ်စာမျက်နှာ သို့သွားရောက်လျှက် ဥပဒေပိုင်းဆိုင်ရာ အကြံဉာဏ်များကို အခမဲ့ တိုင်ပင် ဆွေးနွေး ရယူနိုင်ပြီ ဖြစ်ပါသည်။
https://www.facebook.com/hotline4wwd.mm
Click here to claim your Sponsored Listing.
Location
Contact the business
Telephone
Website
Address
Yangon
11062
