13/03/2026
Myanmar Lethwei Federation
Myanmar Lethwei Federation
13/03/2026
မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ Myanmar Fight ပွဲစဉ်အမှတ် (၃၀) ကို မတ်လ (၁၅)ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး တွဲဆိုင်းများကို မတ်လ (၉) ရက်နေ့နံနက်တွင်တွဲမည်ဖြစ်ပါသည်။
ဝင်ရောက်ယှဉ်ပြိုင်လိုသော ကလပ်များသည်မတ်လ(၉)ရက်နံနက်(၈း၃၀)နာရီအရောက်သိမ်ဖြူရုံသို့လာရောက်စာရ င်းပေးကြပါရန်အကြောင်းကြားအပ်ပါသည်။
28/02/2026
မြန်မာ့ရိုးရာလက်ဝှေ့ဒိုင်လူကြီးသင်တန်းဆင်းပွဲကျင်းပ
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကဖွင့်လစ်သောဒိုင်လူကြီးသင်တန်း(၁/၂၀၂၆)သင်တန်းဆင်းပွဲကိုဖေဖော်ဝါရီလ၂၈ရက်နံနက်ကသိမ်ဖြူရိုးရာလက်ဝှေ့ခမ်းမတွင်ကျင်းပခဲ့သည်။
27/02/2026
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ရိုးရာဒိုင်များ နိုင်ငံတကာ အဆင့်ထွက်ပေါ်လာစေရန်် ၁/၂၀၂၆ ဖြင့် စတင် ဒိုင်အခြေခံ သင်တန်းဖွင့်လှစ်ခဲပီးကဏ္ဍအလိုက် နိုင်ငံတကာ အတွေ့ကြုံရှိ နည်းပြ/ဒိုင်၊ ဆေးဖက်ဆိုင်ရာ ဆရာဝန်၊ ကျင့်ဝတ်ဆိုင်ရာဆရာ များမှ သင်တန်းပို့ချနေပါသည်။ ဆက်လက်၍ အဆင့်မြှင့်သင်တန်းများနှင့် အခြေခံသင်တန်းများကိုလည်း ဖွင့်လှစ်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ရိုးရာ အခြေခံ နည်းပြသင်တန်းများလည်းဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါသည်။
25/02/2026
"မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ဝင်ကြေးအခမဲ့ဖြင့် မည်သူမဆို ကြည့်ရှုနိုင်"
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့်MMAG တို့မှ ပူးပေါင်းစီစဉ်တင်ဆက်သည့်
လစဉ်ကျင်းပလျက်ရှိသော မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး၏ ပွဲစဉ်(၂၉) ကို
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်(စနေနေ့)၊ နေ့လယ် ၁ နာရီအချိန်၊ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့ခန်းမ၌ ကျင်းပသွားဖြစ်ကြောင်း သတင်းကောင်းပါးအပ်သည်။
စုစုပေါင်းလက်ဝှေ့တွဲဆိုင်းပေါင်း (၁၄) တွဲ ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်သည်။
1️⃣🟥 သွင်သမိုင်း (ကျားမနိုင်) Vs 🟦 ကောင်းမြတ်သူ (Smart Fight)
2️⃣🟥 ကောင်းဆက်မင်း (ရန်ကြီးအောင်) Vs 🟦 ထက်မြတ် (ဇာမနည်မောင်)
3️⃣🟥 ကောင်းခန့်ကျော် (ပဲခူးကလပ်) Vs 🟦 ထွန်းလင်းအောင် (Smart Fight)
4️⃣🟥 ဖရန်ဆစ် (Nine Club) Vs 🟦 မြတ်ကျော်သူ (Strong Wrestler)
5️⃣🟥 ဖြိုးမင်းသန့် (ပဲခူးကလပ်) Vs 🟦 စောအယ်ဟဲစိုး (Warriors)
6️⃣🟥 ဆန်းထူးအောင် (ရွှေမန်းကလပ်) Vs 🟦 အင်းသွေးခန့် (တောင်ဇလပ်)
7️⃣🟥 နိုင်ဖြိုးအောင် (Ray Club) Vs 🟦 အောင်နိုင် (MK-2)
8️⃣🟥 ရွှေထက်အောင် (ကျားမနိုင်) Vs 🟦 အောင်ပြည့်စုံ (Smart Fight)
9️⃣🟥 ဖိုးခွားစီး (ပဲခူးကလပ်) Vs 🟦 စောလင်းထက်နိုင် (ဓနုဖြူ)
1️⃣0️⃣ 🟥 စထက်လင်း (MK-2) Vs 🟦 ပြည့်ဖြိုးဦး (Strong Wrestler)
1️⃣1️⃣ 🟥 ဟိန်းထက်အောင် (ဓနုဖြူ) Vs 🟦 ဆွေသူ (ရွှေကျင်မြေ)
1️⃣2️⃣ 🟥 ကောင်ကြီး (ရွှေကျင်မြေ) Vs 🟦 သဲမောင် (ကျားမနိုင်)
1️⃣3️⃣ 🟥 ဗိုလ်ရာစိုင်း (ရွှေမန်းကလပ်) Vs 🟦 ရွှေထီး (YMA)
1️⃣4️⃣ 🟥 ဗညားဦး (Strong Wrestler) Vs 🟦 ကောင်းထက်ဇော် (STL) စသည့် တွဲဆိုင်းများ ဖြစ်သည်။
📢ပြိုင်ပွဲကို ဝင်းကြေး-အခမဲ့အဖြစ် ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို လာရောက်အားပေးကြည့်ရှုနိုင်ပါသည်။ မြန်မာရိုးရာလက်ဝှေ့ကို ချစ်မြတ်နိုးသော ပရိသတ်များအား မျိုးဆက်သစ်လက်ဝှေ့မောင်များကို အားပေးနိုင်ရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
15/01/2026
မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ဝင်ကြေးအခမဲ့ဖြင့် မည်သူမဆို ကြည့်ရှုနိုင်
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့်MMAG တို့မှ ပူးပေါင်းစီစဉ်တင်ဆက်သည့်
လစဉ်ကျင်းပလျက်ရှိသော မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး၏ ပွဲစဉ်(၂၈) ကို
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်(တနင်္ဂနွေနေ့)၊ နေ့လယ် ၁ နာရီအချိန်၊ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့ခန်းမ၌ ကျင်းပသွားဖြစ်ကြောင်း သတင်းကောင်းပါးအပ်သည်။
စုစုပေါင်းလက်ဝှေ့တွဲဆိုင်းပေါင်း (၉) တွဲ ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်သည်။
1️⃣🟥ဝင်းထွဋ်သူရ (Eagle) Vs 🟦ရဲခေါင် (အဖြူရောင်သွေးသစ်)
2️⃣🟥ကောင်းစက်မင်း (ရန်ကြီးအောင်) Vs 🟦အောင်အောင် (ဇာမဏီမောင်)
3️⃣🟥အယ်ဂွန်ဂျာ (အဖြူရောင်သွေးသစ်) Vs 🟦စောကီးဒိုး (Nine)
4️⃣🟥နိုင်းနိုင်း (ဇာမဏီမောင်) Vs 🟦ထွန်းလင်းအောင် (Smart Fight)
5️⃣🟥တာတေ (တော်ဝင်ဧရာ) Vs 🟦မိုက်ခဲလေး (MK1)
6️⃣🟥သက်ကို (တော်ဝင်ဧရာ) Vs 🟦တိုးလုံး (MK1)
7️⃣🟥နေလှိုင်း (အဖြူရောင်သွေးသစ်) Vs 🟦အဲရိုးဂျင်း (STL)
8️⃣🟥ဝင်းလှိုင်ထွန်း (Nine) Vs 🟦ဇွဲရန်နိုင်လင်း (တွံတေး)
9️⃣🟥ကောင်းထက်ဇော် (STL) Vs 🟦နော်အောင် (DOJO 9) စသည့် တွဲဆိုင်းများ ဖြစ်သည်။
📢ပြိုင်ပွဲကို ဝင်းကြေး-အခမဲ့အဖြစ် ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို လာရောက်အားပေးကြည့်ရှုနိုင်ပါသည်။ မြန်မာရိုးရာလက်ဝှေ့ကို ချစ်မြတ်နိုးသော ပရိသတ်များအား မျိုးဆက်သစ်လက်ဝှေ့မောင်များကို အားပေးနိုင်ရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
11/01/2026
မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ် မှ ရိုးရာလက်ဝှေ့ အား ချစ်မြတ်နိုးသူများ ပိုမို လွယ်ကူစွာ ကြည့်ရှု့နိုင်ရန် အတွက် Telegram channel အား ဖွင့်လှစ်လိုက်ပီး အောက်ပါ link မှ လာရောက် Join နိုင်ပါပီ။
https://t.me/myanmarlethweifederation
11/01/2026
[Myanmar translation of Mr. Nick’s remark]
BKFC နှင့် မစ္စတာ Nick Chapman တို့လမ်းခွဲမှုနှင့်ပတ်သက်၍ ဖေ့(စ်)ဘုတ်ရှိ မြန်မာအားကစားသတင်းပေ့(ချ်)တစ်ခုအောက်တွင် မန့်ထားသော မစ္စတာ Nick ၏ မှတ်ချက်အား အောက်ပါအတိုင်းဘာသာပြန်ပေးထားပါသည်။
"ကျနော်သည် BKFC နှင့် နှစ်ပေါင်းများစွာလက်တွဲအလုပ်လုပ်ခဲ့ပါသည်။ သို့သော် ကမ္ဘာပေါ်တွင် လက်ဝှေ့သည် ကိုယ်ပိုင်လွတ်လပ်သောပုံရိပ်ရှိရန် ထိုက်တန်သည့်အတွက် လေးနက်သောစဉ်းစားမှုများ ပြုလုပ်ပြီး လမ်းခွဲရန်ရွေးချယ်ခဲ့ပါသည်။ လက်ဝှေ့သည် အနှစ် ၁၀၀၀ ကြာပြီဖြစ်သော မြန်မာသူရဲကောင်းတို့၏ ကိုယ်ခံပညာအားကစားဖြစ်ကာ ၎င်းကိုအခြားအဖွဲ့အစည်းတစ်ခု၏ ပုံရိပ်နှင့် စည်းမျဉ်းစည်းကမ်း များအောက်တွင် မထားသင့်ဟုယူဆမိပါသည်။
ယခုအခါ စတင်ထူထောင်စဉ်ကတည်းက လက်ဝှေ့၏သမိုင်းကိုလေးစားမှု၊ မြန်မာလူမျိုးများ၏ ပါဝင်ပတ်သက်မှုတို့ဖြင့် သီးခြားလွတ်လပ်သော လက်ဝှေ့ပြိုင်ပွဲစနစ် (Promotion) ထူထောင်ပြီဖြစ်ပါသည်။ ကျနော့်တွင် လက်ဝှေ့ကိုကမ္ဘာ့စင်မြင့်သို့တင်ရန် အပြည်ပြည်ဆိုင်ရာကွန်ယက်၊ ရုပ်သံလွှင့်အဖွဲ့အစည်း အဆက်အသွယ်နှင့် အရင်းအမြစ်များရှိပြီး၊ လူထုအများ၏ထောက်ခံမှုရရှိရန်သာလိုအပ်ပါသည်။ 🙏🏼🇲🇲"
I have worked with BKFC for many years, but after serious consideration I chose to step away because Lethwei deserves its own independent brand and global platform. It is a 1,000-year-old warrior sport of Myanmar, and I didn’t feel it should sit under another organisation’s brand and guidelines.
This is now a fully independent Lethwei promotion, built with respect for its history and with the people of Myanmar involved from the start. I have the international network, broadcast reach and resources to take Lethwei to the world, we just need the support of the people. 🙏🏼🇲🇲
10/01/2026
78 နှစ်မြောက်ကချင်ပြည်နယ်နေ့အထိမ်းအမှတ်ရိုးရာလက်ဝှေ့ပြိုင်ပွဲသို့အဖွဲ့ချုပ်မှတာဝန်ရှိသူများသွားရောက်အားပေး
23/12/2025
ထိုင်း နိုင်ငံ တွင် ကျင်းပခဲ့သော 33rd SEA games တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ သော Myanmar Kickboxing ကစားသမားများ မှ နိုင်ငံတော်အတွက် ငွေတံဆိပ် ၂ ခု ဆွတ်ခူးရရှိခဲ့😄
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
Yangon
