Oversea Medical Services

Oversea Medical Services

Share

We provide hospital services for your family .

07/11/2024

dr kh mg lwin
၁၈၆၄ ခုနှစ်မတိုင်မီကတော့ Chlorophyll ဟာ တစ်မျိုးတစ်စားတည်းလို့ ထင်ခဲ့ကြတယ်။ ၁၈၆၄ ခုနှစ်နောက်ပိုင်းကျမှ Stroke ဆိုတဲ့သိပ္ပံပညာရှင်က Chlorophyll ဟာတစ်ခုတည်းမဟုတ်ဘူး။ နှစ်ခုရှိတယ်ဆိုတာ စတင်ဖော်ထုတ်ခဲ့ပါတယ်။ ၁၉၁၂ ခုနှစ်ရောက်တော့ Will Statter ဆိုတဲ့ သိပ္ပံပညာရှင်နဲ့အဖွဲ့ဟာ အပင်တွေမှာရှိတဲ့ Chlorophyll ၂ မျိုးကို Molecular နဲ့တကွ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီ Chlorophyll တွေကို a နဲ့ b ဆိုပြီး ခွဲခြားသတ်မှတ်ခဲ့တယ်။
ဒါပေမယ့် ဒီနေ့အခါမှာ Chlorophyll ကို c နဲ့ d ဆိုပြီး ထပ်မံတွေ့ရှိလို့ အခုဆိုရင် ကမ္ဘာပေါ်မှာ Chlorophyll (၄) မျိုးရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် c နဲ့ d ကတော့ ပင်လယ်မှာရှိတဲ့အဆင့်နိမ့်အပင်နဲ့ ပင်လယ်သတ္တဝါတွေမှာသာရှိပြီး ကုန်းပေါ်မှာရှိတဲ့အပင်တွေကတော့ a နဲ့ b ပဲ အဓိကပါဝင်ပါတယ်။ a နဲ့ b ပါဝင်မှုကတော့ အပင်တစ်ပင်နဲ့တစ်ပင် မတူညီကြပါဘူး။ အချို့က a ချည်း ပဲပါပြီး အချို့က b ချည်းပဲပါတယ်။ အများစုကတော့ a နဲ့ b နှစ်မျိုးစလုံးရောပြီး ပါဝင်လေ့ရှိပါတယ်။ ပါဝင်မှုအချိုးအစားကျတော့လဲ အပင်အမျိုးအစာပေါ်မူတည်ပြီး ကွာခြားမှုရှိပါတယ်။ a ပါတာများတာက ပိုကောင်းပါတယ်။
Chlorophyll a နဲ့ b ကတော့ စားလို့ရပါတယ်။ ဒါပေမယ့် အသီးအရွက်တွေမှာ Chlorophyll တစ်ခုထဲရှိတာ မဟုတ်ပါဘူး။ ကျန်တဲ့ဓာတ်ပစ္စည်းတွေလဲ အများအပြားပါဝင်ပါသေးတယ်။ ဒါပေမယ့် အစိမ်းရောင်ကလွှမ်းမိုးထားလို့ ကျန်တာတွေကို မမြင်ရခြင်းဖြစ်ပါတယ်။ အခြားဓာတ်ပစ္စည်းတွေအားလုံးပါ လူအတွက်အန္တရာယ်မဖြစ်ပါမှ စားသုံးလို့ရမှာဖြစ်ပါတယ်။
ဥပမာ- ကန်စွန်းရွက်ဆိုရင် Chlorophyll a ရော b ပါ ပါဝင်ပါတယ်။ ကျန်တဲ့ဓာတ်ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင် အေ တို့၊ ဗီတာမင် စီ တို့ သတ္တုဓာတ်တွေဖြစ်တဲ့ Organic iron တို့ဟာ လူနဲ့အားလုံးတည့်တဲ့အတွက် စားလို့ရခြင်းဖြစ်ပါတယ်။ အလားတူပါပဲ။ ဒီနေ့ ကျွန်တော်တို့ နေစဉ်စားနေကျဖြစ်တဲ့ ချဉ်ပေါင်ရွက်တို့၊ ကင်ပွန်းချဉ်ရွက်တို့၊ ဆလပ်ရွက်၊ မြင်းခွာရွက်၊ မုန်ညင်းရွက် စတဲ့အရွက်တွေမှာပါတဲ့ Chlorophyll နဲ့အတူပါဝင်နေတဲ့ဓာတ်ပစ္စည်းတွေဟာ လူကိုဒုက္ခမပေးလို့ စားသုံးနိုင်ခြင်းဖြစ်ပါတယ်။ အချို့တွေကျတော့ သစ်ရွက်စိမ်းဖြစ်ပေမယ့် လူကိုဒုက္ခပေးနိုင်တဲ့ ပစ္စည်းတွေပါတာတို့၊ အစာအိမ်ကချေလို့မရတာတို့၊ အူကစုပ်ယူလို့မရတာတို့ကြောင့် စားသုံးလို့မရနိုင်ပါ။
Chlorophyll a နဲ့ b ပါတဲ့အသီးအရွက်တိုင်းဟာ ကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။
(၁) သွေးအားနည်းရောဂါ ကာကွယ်၊ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။
(၂) ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တယ်။
(၃) ကင်ဆာရောဂါတွေကနေ ကာကွယ် ကုသရာမှာ အထောက်အကူပြုနိုင်တယ်။
(၄) ခန္ဓာကိုယ်ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No 57, Corner Of Khattar Street And Baho Road , Sanchaung Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00