18/02/2018
ပင်လယ်ပြင်မှာ လူတယောက် တက်နဲ့လှေလှော်ပြီးသွားမယ်
သူ့ရည်ရွယ်ချက်က ရောက်ချင်ရာရောက်ဆိုပြီးလှော်မယ်.
နောက်တယောက်က လှမ်းမြင်ရမယ့် ကမ်းတခုခု ဒါမှမဟုတ်
ကျွန်းတခုခုကို ရည်ရွယ်ပြီးလှော်ခတ်မယ်.
ရည်ရွယ်ချက်နဲ့ တဖြေးဖြေးလှော်ခတ်ရင် တနေ့သူရောက်ချင်တဲ့
ပန်းတိုင်ကိုရောက်မယ်.
ရောက်ချင်ရာရောက်ဆိုတဲ့ ရည်ရွယ်ချက်မဲ့သူရဲ့ ပန်းတိုင်က
ဘာဖြစ်မလဲ? ရောက်တော့ရောက်မယ် ပန်းတိုင်မရှိတဲ့လူတယောက်
လို ကြုံတဲ့နေရာမှာ အဓိပ္ပါယ်မဲ့သတ်သတ်နဲ့
ဘဝအချိန်တွေ အလကားအသုံးချနေသလိုဖြစ်နေမယ်.
ဘဝတခုကို ရည်ရွယ်ချက်ရှိရှိဖြတ်သန်းချင်တယ်ဆိုရင် အစကတည်းက
ဖြစ်ချင်တဲ့ အိမ်မက်နဲ့ အကောင်အထည်ဖော်ရမယ့် ပြင်းပြတဲ့
စိတ်ဓါတ်ထားရှိဖို့လိုအပ်ပါတယ်။
.FR
17/02/2018
"ဘယ်တော့မှ..မလျှော့လိုက်ပါနဲ့..''
ငယ်ငယ်က လိုချင်တာကို မရမကပူစာတတ်ကြတယ်..
မရရင် စိတ်ဆိုး စိတ်ကောက်တတ်သေး..
အခုတော့ လိုချင်တာမရသေးရင် စိတ်ကောက်ဖို့ဝေးစွ
ရအောင်ယူတတ်ရမှာ ကိုယ်နဲ့ဘဲ ဆိုင်တာမို့
ကိုယ်မရသေးရင် ကိုယ်ညံ့နေသေးလို့ပါပဲ..
ကိုယ်လိုချင်တာတွေ မရသေးချိန်ကာလပတ်လုံးက
ကိုယ့်ရဲ့ ကြိုးစားနေချိန်နဲ့ ပြင်ဆင်ချိန်လေးပါ..
ပြင်ဆင်ချိန်နဲ့ ကြိုးစားချိန်က အမြဲလွန်ဆွဲနေတယ်
ပြင်ဆင်ချိန်လည်း အရမ်းကြာရင်အဆင်မပြေသလို..
ကြိုးစားချိန်လည်း အချိန်အရမ်းနှောင့်နှေးနေရင်
လိုချင်တာရဖို့ ကြာတတ်ပါတယ်..
ငယ်ငယ်ကစိတ်လို ခုလိုချင် ခုချက်ချင်းရဖို့ မသေချာတော့
ပါဘူး။ ငယ်ငယ်ကလို အလိုလိုက်မယ့်သူလည်း မရှိပါဘူး။
ဖြစ်ချင်တာကို ကိုယ်ကိုယ်တိုင် ကြိုးစားရယူမှ ရပါမယ်။
အသက်အရွယ်ကြီးလာရင် ကိုယ့်ခြေထောက်ပေါ်ရပ်ရတော့
ပါမယ်။ ကိုယ့်ခြေထောက်ပေါ်မှ မရပ်တည်နိုင်သေးရင်..
သင်တခုခု ချို့ယွင်းနေလို့ပဲ ဖြစ်ပါလိမ့်မယ်။
ငယ်ရွယ်စဉ်ကမရပ်နိုင်သေးတာ အပြစ်မဟုတ်ပါဘူး..
ကြီးတဲ့အထိ မရပ်တည်နိုင်သေးရင်တော့ လူပိုတယောက်
ဖြစ်သွားလိမ့်မယ်။
သင်က အကောင်းပကတိအတိုင်း ရှိနေပြီး ဒီအချိန်ထိ
ကိုယ့်ခြေထောက်ပေါ် မရပ်တည်နိုင်သေးဘူးဆိုရင်..
'နစ်ဘွိုင်းယစ်ချစ်' ကလှောင်ရီနေပါလိမ့်မယ်။
ဘာလို့လဲဆိုတော့ 'နစ်'ဆိုတဲ့သူက မွေးကတည်းက ခြေလက်
အစုံမပါဘဲ..မွေးဖွားလာသူဖြစ်လို့ပါပဲ။
ခြေလက်အင်္ဂါမစုံလို့ အထင်မသေးလိုက်ပါနဲ့..သူကအခုဆို
သာမန်လူတွေ လုပ်နေတဲ့အရာ အကုန်လုပ်နိုင်သလို လက်ရှိ..
ကမ္ဘာပေါ်မှာ ဘဝကိုအရှုံးမပေးသူ လူသားအဖြစ်သတ်မှတ်ခံရပြီး
သူလုပ်ပြခဲ့တဲ့အရာတွေ သင်သိရင် ပိုပြီးအံ့သြသွားရလိမ့်မယ်။
အံ့သြနေဖို့ထက် သင်ဟာ ခြေလက်အစုံရှိလျက်နဲ့ ဘာကြောင့်များ
ကိုယ့်ခြေထောက်ပေါ်မရပ်နိုင်သေးလဲ..အဖြေကရှင်းပါတယ်.
သင်စူးစူးစိုက်စိုက် မကြိုးစားသေးလို့ပါပဲ.. နစ် လိုအားမလျှော့ပဲ
ကြိုးစားမယ်ဆိုရင် သင်က နစ်ထက်တောင်သာနိုင်ပါတယ်..
မရပ်နိုင်သေးတာ မရပ်ကြည့်သေးလို့ပဲ ဖြစ်ပါတယ်။
.FR
16/02/2018
"နာမည်ကြီး..''
နာမည်ကြီးလေ အလုပ်ပိုလုပ်ရလေ..
အခြေခံလူတန်းစားဘဝက ရေသာခိုလုပ်လို့ရတယ်.
နာမည်ကြီးသူတယောက် အလုပ်ကိုအပြည့်အဝ
အလုပ်လုပ်ရတယ်..ပိုကြိုးစားရတယ်..။
ဘာလို့လဲဆိုတော့ အောင်မြင်တဲ့လူတွေက
အောင်မြင်တဲ့ ရလဒ်ကို စံစားရသလို ရပြီးသား..
အောင်မြင်မှုကို ဆက်ထိန်းထားရတယ်.။
ပိုတိုးတတ်လာအောင် ကြံဆောင်ရပါတယ်..
အောင်မြင်မှု့တန်ဖိုးကို သိသွားသူဖြစ်လို့ ကျရှုံးမှာကို
ပုံမှန်လူတယောက်ထက် ပိုကြောက်တယ်..။
ပုံမှန်လူတယောက်က အောင်မြင်မှုရှာနေဆဲ..
အပေါ်မရောက်သေးတော့ လေတိုက်သိမ့်မခံရသေးဘူး။
ဥပမာ ဘာနဲ့တူလဲဆိုတော့ သာမန်လူတယောက် လိုင်းကား
တိုးစီးရတာ ပုံမှန်အတိုင်း ဘာမှမပြောင်းလဲဘူး..
အောင်မြင်ပြီးသား လူတယောက် နောက်ဆုံးပေါ်ကားစီးနေတာ
ကနေ..လိုင်းကားစီးရမယ်ဆို သူ့ဘဝအတွက် သေတာကတောင်
ပိုကောင်းမယ်လို့ တွေးသလိုမျိုးပါပဲ။
ဒါကြောင့် နာမည်ကြီးသူတွေ အောင်မြင်မှုကို ဆက်တိုက်ရှာနေဆဲပဲ..
ကျွန်ပ်တို့ သာမန်ဝန်ထမ်းဘဝက နေ့စဉ်ပုံမှန်အလုပ်လုပ်နေရင်ရတယ်..
ပိတ်ရက်တိုင်း အနားလည်းရသေးတယ်..အေးဆေးပဲ..မအေးဆေးတာ
အဲ့ဘဝက မတတ်ကြတာ..
သူဌေးတယောက်ကြတော့ ကိုယ်တွေပိတ်ရက်တောင် သူတို့အလုပ်လုပ်
နေတတ်တယ်..(အလုပ်ကိစ္စ တဦးတယောက်နဲ့တွေ့တာမျိုး)
လစာသိန်းဂဏန်းတခုသာရှာဖွေသူနဲ့ သိန်းရာထောင်ချီရှာဖွေသူ
နှစ်ယောက်ရဲ့..ခေါင်းစားရတာခြင်းကလည်း မတူနိုင်ပါဘူးလေ..။
.FR
05/11/2017
"သူငယ်ချင်း...ငါတို့ ကျောင်းတက်တာခြင်းတူတယ်
တူညီတဲ့ဘာသာရပ်နဲ့ တူညီတဲ့လက်မှတ်တစ်ခုကို
ရတာခြင်းအတူတူ..
မင်းက မင်းမိသားစု မင်းဘဝအတွက် ရုန်းကန်တယ်..
ငါက ငါ့မိသားစု ငါ့ဘဝအတွက် ရုန်းကန်တယ်..
မင်းလည်း မင်းအခက်အခဲနဲ့..
ငါလည်း ငါ့အခက်အခဲနဲ့..
တိုက်နေတာခြင်းတော့တူတယ်
ဒါပေမယ့် ငြိမ်းချမ်းရေးစစ်ပွဲတော့မဟုတ်ဘူး.
ဘဝစစ်ပွဲ တပွဲကိုနွှဲနေတာ..
ကျ ရှုံးတာရှိမယ်.. အောင်မြင်တာရှိမယ်..
ရောက်ချင်တဲ့ နေရာခြင်းလည်းတူရင်တူလိမ့်မယ်
သွားနေတဲ့လမ်းကတော့ တလမ်းစီပဲ..
ပျော်ရွှင်တာရှိမယ် ဝမ်းနည်းတာတွေရှိမယ်..
ဘာပဲဖြစ်ဖြစ် အားအင်အပြည့်နဲ့ရှေ့ဆက်နေရမှာ..
ဒါက ငါတို့ရဲ့ ရှေ့တန်းမျက်နှာပြင်ပဲ။''
"ငါတို့..ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိရင်
ဘာမှဆက်လုပ်လို့မရနိုင်ဘူး..
ယုံကြည်ချက် ခွန်အားလေးသာ
ပြန်ပေးပါ...
အဲ့.ဘဝတိုက်ပွဲကို..အသေခံတိုက်ချင်လို့..''
Tan
24/09/2017
In house သင့်ကုမ္ပဏီအတွင်းက အားနည်းနေသည့် ဌာန
တနည်းအားဖြင့် Strong မဖြစ်တဲ့ အဖွဲ့ရှိတယ်ဆိုရင် ရေရှည်
အဆင်ပြေဖို့မလွယ်ပါ။ ကျွမ်းကျင်ဝန်ထမ်းခေါ်ရင်တနှစ်ပတ်လုံး
လစာပေးထားရမည်ဖြစ်၍ Investment ပိုကုန်မည်ဖြစ်သည်။
ဒါကြောင့် Outsource ပြင်ပမှာ အထူးပြုဖွဲ့စည်းထားတဲ့အဖွဲ့ကို
ငှါးရမ်းလုပ်ဆောင်နိုင်ပါတယ်။
ဥပမာ. Finance ငွေစာရင်းဌာနအတွက် တနှစ်တခါစာရင်းစစ်
အဖွဲ့ငှါးလိုက်သလိုမျိုး။
It နည်းပညာအတွက် ပြင်ပအိုင်တီသမားများ ခတ္တခေါ်ယူဆောင်ရွတ်
သလိုမျိုးဖြစ်ပါတယ်။ ကိုယ်မလုပ်ဆောင်နိုင် အားနည်းတယ်ဆိုရင်
Outsource လုပ်ဆောင်ခြင်းဖြစ် cost ကိုတနည်း
လျော့ချလိုက်သလိုဖြစ်၍ လုပ်ငန်းလည်းပိုတိုးတတ်လာမှာပါ။
.FR
17/09/2017
*ကျနော်တို့ လစာဘာလို့မလောက်လဲ--?*
"လစာတစ်လ ၃ သိန်းလောက်က ကောင်းမွန်တဲ့လစာလား?" ...ဒီမှာ တွေ့ရတာက ရန်ကုန်မြို့လိုနေရာတစ်ခုမှာ အလုပ်လုပ်ရတာက အများစုအနေနဲ့ မလောက်ဌဘူး ဆိုတာပါပဲ...တစ်ချို့ကတော့ သုံးသိန်းဆိုတာ သုံးလောက်ရုံပဲ ရှိတယ်လို့ ပြောပါတယ်...
သေချာတာတစ်ခုက တစ်လ သုံးသိန်းရရင် သုံးသိန်းလောက်သုံးတဲ့နေရာ ရောက်သွားတာကိုက မလောက်ဌခြင်းရဲ့အစဖြစ်ပါတယ်…. ဒီနေရာမှာ ကျနော်တို့တွေးရမှာက ၃ သိန်းလောက်လေးကိုပဲ မှိန်းပြီးယူနေမှာလား..ဒါမှမဟုတ် အဆင့်မြင့်သင်တန်းတွေတက်၊လုပ်ငန်းကျွမ်းကျင်အောင် သင်ယူပြီး အခွင့်အလမ်းနဲ့ လစာပိုကောင်းတဲ့ နောက်အလုပ်တစ်ခုပြောင်းမလားဆိုတာပါပဲ…ဒါတောင် မသေချာပါဘူး…”ကျားကြီး ခြေရာကြီး” သဘောလိုပါပဲ.. လစာ ၃ သိန်းကနေ ၅ သိန်းလောက်ရ လည်း မလောက်မဌဖြစ်နေကြဦးမှာပဲ…
လစာများလာရင် များလာသလောက် လူတွေက ကိုယ်ထိုင်တဲ့ဆိုင်တွေ၊ သွားတတ်တဲ့နေရာတွေ ကွာသွားတယ်.. ပေါင်းတဲ့ဘော်ဒါပုံစံတွေ ကွာသွားတယ်...လက်ဖက်ရည်ဆိုင်ကနေ ဘီယာဆိုင်ပြောင်း ထိုင်တယ်...ဘီယာဆိုင်ထိုင်တဲ့သူ ကလည်း Bar တွေပြောင်းထိုင်တယ်.. တစ်ပတ်တစ်ရက်လောက် Night out ထွက်ချင်လာတယ်..
ကျွန်တော်ကိုယ်တိုင်လည်း ထိုနည်းလည်းကောင်းပါပဲ…အရင်က တစ်လ ၃သိန်း ခွဲလောက်ရချိန်က တစ်လ ၅ သိန်းလောက်ဆို ငါကောင်းကောင်းလောက်တယ်လို့ ထင်ခဲ့မိတယ်…တကယ်လည်း အဲ့လောက်ရရော မလောက်တော့ပြန်ဘူး…အခုလည်း အဲ့ထပ်မက ရပါတယ် ဒါလည်း ကျပ်တည်း နေတုန်းပဲဖြစ်နေပြန်ပါတယ်..အရင်းကိုပြန်စစ်လိုက်တော့ မလိုတာတွေအရမ်းသုံးနေမိတာပဲ… ဥပမာ..ဘဏ်မှာ credit card လျှောက်တယ်..card ရပြီးနောက်ပိုင်း ပစ္စည်းတွေ လွယ်လွယ်ဝယ် တယ်..မရှိရင် ATM ထဲက အကြွေးထုတ်သုံးတယ်..လလည်းကုန်ရော အဲ့ card ထဲ ပိုက်ဆံပြန် ထည့်ရ..အခြားအကြွေးတွေဆပ်ရနဲ့ သံသရာကိုလည်နေရောပဲ…
အရင်က ရိုးရိုးဘီယာဆိုင်ထိုင်ရာကနေ အခု Bar မဟုတ်ရင် မထိုင်ချင်ဘူး… သောကြာနေ့၊ စနေနေ့ရုံးပိတ်ရက်တွေဆို တနေရာရာမှ မသွားရရင် တစ်ခုခုလိုနေသလိုမျိုး..စာဖတ်သူတွေလည်း အဲ့လိုခံစားချက်တွေ ခံစားဖူးမှာပါ။ အဲ့လိုပြောလို့ သုံးသိန်းဆို အရမ်းကြီးလောက်ဌတယ်လို့ တဖက်သတ် ပြောချင်တာမဟုတ်ပါဘူး။ တစ်ဖက်က တရိပ်ရိပ် မြင့်တက်လာတဲ့ကုန်ဈေးနှုန်းကလည်း ရှိနေသေးတာကိုး။ အခုဆို ဘယ်ဆိုင်ထိုင်ထိုင် စားသလောက် အခွန်ဆောင်ရပါတယ်…ဒါ့ပြင် ရေခွန်၊ မီးခွန်၊ အဆောင်ဌားခစသဖြင့် နယ်ကလာပြီး အလုပ်လုပ်တဲ့သူတွေဆို ပိုသိမှာပါ… ကိုယ့်ဟာကိုယ် တောင် “ဈေးနှုန်းကြီးမြှင့်တဲ့ ရန်ကုန်မြို့”မှာမနည်းလောက်အောင် နေနေရတဲ့အချိန်မှာ အိမ်ကို ပြန်ပို့ဖို့ဆိုတာ အတော်လေးမလွယ်တဲ့ ကိစ္စတစ်ခုပါ။ ဘာမဟုတ်တဲ့ ကန်စွန်းပလိန်းတစ်ပွဲတောင် ၁၅၀၀ ပေးစား နေတဲ့ခေတ်ဆိုတော့ ဒီတစ်လသုံးသိန်း မလောက်တာ မဆန်းပါဘူး။
ကုန်ဈေးနှုန်းကို အတော်အသင့်နေရာတစ်ခုမှာသာ ထိန်းထားနိုင်မယ်ဆိုရင် တစ်လ သုံးသိန်းဆိုတာ မနည်းတဲ့ပိုက်ဆံပါ…အခုက မထိန်းနိုင်တော့ လူတွေက တစ်ခါတစ်လေ အပြင်ထွက်ရမှာတောင် ကြောက်နေကြတဲ့အဖြစ်ပါ…ဟိုနားဒီနားသွားရင်တောင် ငွေ ၁ သောင်း၊ ၁ သောင်းခွဲက ခဏလေး ပြောင်ပါတယ်….ရုပ်ရှင်တစ်ခါကြည့်ရင်တောင် ငွေ ၅ ထောင်လောက်အသာလေးကုန်ပါတယ်။ Taxi ကားခက ၁ ထောင်ခေတ်ကုန်သွားပါပြီ…ဟိုနားဒီနား ၁၅၀၀၊ နည်းနည်းလေးလှမ်းတာနဲ့ ၂၀၀၀ ခေတ်ပါ။ ဖုန်းဘေလ်ကလည်း အခုချိန်ထိဈေးနှုန်းတွေ မြင့်မားနေဆဲ…..ဒါက လက်ရှိကျနော်တို့ တွေ့နေရတဲ့ အခက်အခဲပါ…
တကယ်တော့ ခုမှအလုပ်စလုပ်မဲ့လူတစ်ယောက်အတွက်၊ ဘွဲ့အခုမှရပြီး အလုပ်လျှောက်မဲ့ လူတစ်ယောက်အတွက်တော့ ဒီတစ်လ ၂သိန်းခွဲ၊ ၃ သိန်းဟာ မက်လောက်စရာပါ။ ယနေ့ခေတ် အလုပ်လျှောက်တဲ့ လူတွေရဲ့အဓိက ပြဿနာက ဒီကုမ္ပဏီမှာ ငါဘာတွေ သင်ယူနိုင်မလဲ၊ ငါ့အရည်အချင်းနဲ့ ဒီကုမ္ပဏီတိုးတက်အောင်ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာထက်၊ ငါလစာဘယ်လောက်လိုချင်တယ်ဆိုတာကို အရင်ပြောဖို့လောက်ပဲ တွေးနေတော့လည်းခက်ခက်ပဲ။ မြန်မာနိုင်ငံမှာ Professional worker သိပ်ရှားပါတယ်…တော်တဲ့လူတွေကို ကုမ္ပဏီတွေက အလုအယက်မက်လုံးပေးပြီး ခေါ်နေရတဲ့ခေတ်ပါ..ကိုယ့်ဘက်သာ အရည်အချင်းပြည့်မှီအောင် ပြင်ဆင်ထား ကုမ္ပဏီတွေက ကိုယ့်ကို ပြန်လိုက်ရှာမဲ့ခေတ်ဆိုတော့ သင်လိုချင်တဲ့လစာကောင်းတဲ့ အလုပ်ကိုရဖို့ အလှမ်းမဝေးပါဘူး…
နောက်တစ်ချက်က သင်တန်းတက်တဲ့ကိစ္စပါ..တစ်ချို့တွေသင်တန်းတွေလျှောက်တက်ပြီး အချိန်ကုန်နေကြတယ်…ကိုယ့်ဝါသနာက ဘာမှန်းမသိဘူး..အဖော်ကောင်းရင် လိုက်တက် လိုက်တာပဲ..အဲ့မှာအချိန်တွေမလိုအပ်ပဲအများအပြားကုန်သွားတာမျိုးလည်းရှိပါတယ်… သင်တန်း တက်တော့လည်း ဒီက Certificate ရရင် အလုပ်ရမှာလားဆိုတာကမျိုးကလည်း ရှိသေးရဲ့… ဒါကတော့ ကိုယ့်ကြိုးစားမှုနဲ့ပဲ ဆိုင်မယ်ထင်ပါတယ်..သင်တန်းဆရာကတော့ အကောင်းဆုံး နည်းလမ်းတွေချပေးမှာပဲလေ..” ဒီသင်တန်းက စာရွက်ရလို့ လစာဘယ်လောက်ရမှာမို့လို့လဲ” ဆိုတာကတော့ မိမိနဲ့ပဲဆိုင်မယ်ထင်ပါတယ်။
ဒါကြောင့် ကိုယ်ဝါသနာပါတဲ့သင်တန်းတွေတက်ရောက်သင်ယူပြီး ကိုယ်တကယ်စိတ်ဝင်စားတဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရရှိကြပါစေလို့ဆုတောင်းရင်း………
-: #
16/09/2017
Jack Ma ပြောတဲ့စကားတွေထဲမှာ ကြိုက်မိတာ
တစ်ခုရှိသေးတယ်။
ငယ်ရွယ်တဲ့ အချိန် အလုပ်လုပ်တဲ့အခါ
Company အကြီးကြီးတွေမှာ လုပ်မယ့် အစား Start up
သို့မဟုတ် Small Company တွေမှာ လုပ်ဖို့ အကြံပေးခဲ့
တယ်။
Company ကြီးတွေမှာ အလုပ်လုပ်တဲ့အခါ မိမိဟာ
ယန္တရားကြီးတစ်ခုရဲ့ အစိတ်အပိုင်းသေးသေးလိုဖြစ်နေတတ်
ပါတယ်။
Start up တွေ၊ Small Company တွေမှာ အလုပ်
လုပ်တဲ့ အခါမှာတော့ Passion ဆိုတဲ့အရာကို ထိတွေ့ခွင့်
ရမှာပါ။
Dream ဆိုတဲ့ စိတ်ကူးအိမ်မက်တွေနဲ့လည်း အနီးစပ်
ဆုံးနေခွင့်ရမှာ ဖြစ်ပါတယ်။
ငယ်ရွယ်စဉ်မှာ ဘယ် Company
မှာ အလုပ်လုပ်တာလဲ ဆိုတာထက် ဘယ် Boss ကို သင်
Follow လုပ်လဲ ဆိုတာ အရေးကြီးပါတယ် လို့ Jack Ma
ပြောခဲ့ ဘူးပါတယ် ။
Start up တွေမှာက လူနည်း
တော့ မိမိရဲ့ အခန်းကဏ္ဍ၊ မိမိရဲ့ အတွေးအခေါ်က အရမ်း
အရေးပါပါတယ်။
မိမိဟာ အရေးပါသူတစ်ယောက်လို ခံစား
ရပါတယ်။
Start up တွေမှာ Budget သိပ်မရှိတဲ့အတွက်
ပိုကြိုးစားရပါတယ်။
ငယ်ငယ်တုန်းက ကျူရှင်မတက်နိုင်တဲ့
ကလေး တစ်ယောက်လိုပါပဲ။
သူများထက် ပိုကြိုးစားမှ
ရင်ဘောင် တန်းနိုင်မှာ ဖြစ်ပါတယ်။
သူများထက် ပိုကြိုးစား
တော့ သူများထက် ပိုတိုးတက်ပါတယ်။ ေ
နာက်Start up
တွေမှာက မိမိ Try ချင်တာလေးတွေ Try ခွင့်ရှိပါတယ်။
မိမိ အိုင်ဒီယာလေးတွေ လုပ်ပြခွင့် ပိုရပါတယ်။
ဒါပေမယ့် ဒီစာလေးက ပြောချင်တဲ့ အဓိက အချက်က
အလုပ်စလုပ်တဲ့ အခါ ဘယ်လို Companyကြီးအတွက်
လုပ်နေလဲ ဆိုတာက သိပ်အရေးမကြီးပါဘူး။
မိမိလုပ်နေတဲ့
အလုပ်မှာ မိမိဘယ်လောက် သင်ယူနိုင်လဲ၊ မိမိ လုပ်ပိုင်ခွင့်
ဘယ်လောက်ရှိလဲ ၊ မိမိရဲ့ ဖန်တီးနိုင်စွမ်းတွေ ဘယ်လောက်
ထုတ်ဖော်ပြသခွင့်ရလဲက ပိုအရေးကြီးပါတယ်။
Company
ကြီးမှာ အလုပ်လုပ်၊ လစာလေးတော့ ကောင်းပါရဲ့။
ခိုင်းတာ
ပဲလုပ်ဆိုရင်တော့ သင်ဟာ ငွေတစ်ခုထဲအတွက် အသက်
ရှင်နေတာ ဖြစ်ပြီး Career Development အတွက်
ကောင်းမှာ မဟုတ်ပါဘူး။
ငယ်ရွယ်စဉ်မှာ မိမိရဲ့ တန်ဖိုးကို
မြှင့်တင်ရမှာ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာ မိမိတန်ဖိုးကို
အရောင်တင်ရမှာ ဖြစ်ပါတယ်။ တန်ဖိုးကြီးသွားရင် ငွေဆို
တာ အလိုလျောက် လိုက်လာပါလိမ့်မယ်။
ဒီစာလေး အရမ်းကြိုက်လို့ မူရင်း ရေးသားသူကို credit ပေးပီး အရမ်းမှန်တဲ့ အတွေးအခေါ်လို့ ချီးကျူးချင်ပါတယ် ။
10/09/2017
Expire မဖြစ်တာဆိုလို့ ကျွန်တော်တို့စိတ်ကူးနဲ့
အိမ်မက်တွေဘဲ ရှိပါတယ်။
31/08/2017
Upgrade yourself.
တခါတလေ ကျွန်တော်တို့ လခစားဝန်ထမ်းတွေ ဘာနဲ့တူ
လဲဆိုတော့ Taxi အဌားကားမောင်းနေတဲ့ ယာဉ်မောင်း
လိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ အလုပ်လုပ်
မယ့်ဝန်ထမ်းတွေပေါတယ်။ အလုပ်လက်မဲ့တွေအများကြီး
ရှိနေတယ်။ ကုမ္ပဏီတခုမှ အင်တာဗျူးဝင်တဲ့အခါ ကိုယ်
အတွေ့အကြုံ အများရှိနေလို့ ဒီလစာတော့ တောင်းလို့ရ
တယ်ထင်ပြီး အများကြီးမတောင်းနဲ့။ ခန့်မှာဟုတ်ဘူး။
သူတို့ကခေါင်းခေါက်ပြီး ကြို က်တဲ့သူရွေးလို့ရတယ်။
အတွေ့အကြုံ ရှိမယ် လစာငွေတောင်းထားတာနည်းမယ့်
သူတွေ Second choice အနေနဲ့ ရှိပြီးသား။ ညှိနှိုင်းဆိုရင်
တော့ တမျိုးပေါ့လေ။ ကိုယ့်ကိုလည်းသဘောကျ တယ်ဆို
ရင်တော့ ညှိရင်ညှိနှိုင်းပြီးခန့်နိုင်တယ်။
ကုမ္ပဏီတိုင်းတော့ မဆိုလိုပါဘူး။ တချို့ တွေလည်းပေးနိုင်
ကြပါတယ်။ စကားပြန်ဆက်ရရင်..
ဟိုးအရင်းက Taxi တွေဆို ခရီးသည်ကို သူတို့စိတ်ကြို က်
ခေါ်တင်လိုရတယ်။ အခုမရတော့ဘူး Taxi တွေပေါနေတဲ့
ခေတ်။ ကိုယ်မတင်လည်း တင်ချင် လိုက်ချင်တဲ့ကားတွေ
တန်းစီလို့။ ကားလမ်းတွေတောင်ကြပ်တယ်။
အဲ့လိုပဲ ကိုယ်တွေဝန်ထမ်းတွေလည်း အတွေ့အကြုံ ရှိတယ်ဆိုပြီး
တင်းခံနေလို့မရတော့ဘူး။ တကယ်အလုပ် လုပ်ချင်တယ်ဆိုရင်
သူတို့ပေးတဲ့အခြေခံလစာနဲ့ ကိုယ်လိုချင်တဲ့လစာကို
ညှိနှိုင်းမှ အဆင်ပြေနိုင်မယ်။ တွေးထားရမှာကကိုယ့်နောက်မှာ
ကိုယ့်လိုပဲ အလုပ်လျှောက်မယ့်သူတွေအများကြီးဆိုတာ။
ကိုယ်လိုချင်တဲ့လစာရတဲ့အထိ စောင့်နိုင်တယ်
အဆင်ပြေတယ်ဆိုရင်တော့ အေးဆေးရှာပေါ့။
ကိုယ်လိုချင်တဲ့လစာရဖို့က အမြဲတမ်းကိုယ့်ကိုကိုယ် upgrade
လုပ်နေမှပဲ။ အဆုံးမရှိတဲ့ အတွေ့အကြုံ နဲ့ ပညာတွေကို ရတဲ့အချိန်
ရသလို အမြဲကြိုးစားမြှင့်တင်နေမှသာ အားလုံးရှေ့က ပြေးနိုင်မှာပါ။
31/08/2017
Attitude စိတ်နေသဘောထား
မိတ်ဆွေ
သင့်ရဲ့စိတ်နေသဘောထားကို ဈေးနှုန်းတခုကပ်မယ်ဆိုရင်သင်ကိုယ်တိုင် ၎င်းဈေးနှုန်းရဲ့တန်ဖိုးကိုဘယ်လို သတ်မှတ်မလဲ? ဒါကကိုယ့်ရဲ့စိတ်နေစိတ်ထားAttitude ပါဘဲ။ ဘဝမှာအောင်မြင်ဖို့အတွက်လည်းAttitude ဟာ
၁၀၀ရာခိုင်နှုန်းအပြည့်ပါဝင်ပါတယ်။ သင့်ရဲ့စိတ်နေစိတ် ထားကရောဘယ်လိုလဲ? သင်အောင်မြင်ချင်တာလား? ပုံမှန်ဘဝမှာဘဲပျော်ပျော်နေပြီး ကုန်ဆုံးမှာလား? သင့် ကိုယ်သင်ပြန်မေးပါ အရမ်းအရေးကြီးပါတယ်၊ လူအရေ အတွက် ၉၀ ရာခိုင်နှုန်းက အောင်မြင်ချင်တာပေါ့လို့ဘဲ ဖြေကြမှာပါ။ Ok ဒါဆိုသင့်ရဲ့စိတ်နေသဘောထား တယူသန်စိတ်၊မမှန်မကန်အရိုးစွဲနေသောအစွဲလမ်းစိတ် တွေကိုစွန့်လွတ်ဖို့လိုပါမယ်။
နဂိုရှိပြီးသားစိတ်တွေကို ပြောင်းလဲအားပြုပေးဖို့အချက် (၆)ချက်နဲ့ဖော်ပြချင်ပါတယ်။
(၁) အမွှေးရနံ့အသုံးပြုပေးခြင်း။
ယနေ့ခေတ်မှာ Aromatherapy ဆိုတဲ့ရနံ့ကုထုံးလေးတွေပေါ်လာပါပြီ။ ၎င်းရနံ့တွေက သင့်ရဲ့မှတ်ဉာဏ်အား ကောင်းဖို့နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့အတွက်အကောင်းဆုံးပြောင်းလဲမှုတခုဖြစ်လာမှာပါ။
ဥပမာ Lavendor, Vanilla, Lemon ဒါမှမဟုတ်သင်ကြိုက်နှစ်သက်သည့် ရေမွှေးတမျိုးအားအသုံးပြု ခြင်းတို့ ဖြစ်သည်။
(၂) မိမိမှတ်ဉာဏ်ကို အလုပ်များများလုပ်ခိုင်းပါ။
မှတ်ဉာဏ်သည်သင့်ရဲ့စိတ်နေသဘောထားပြောင်းလဲဖို့ ရာအလျင်မြန်ဆုံးအဓီကကူညီပံ့ပိုးပေးမှာဖြစ်ပြီး အလွန်အရေးပါတဲ့စွမ်းအင်လည်းရစေမှာပါ။
(၃) သီချင်းနားထောင်ပါ။
ဂီတသည် မိမိတို့ရဲ့စိတ်ကိုတက်ကြွလာအောင်ကူညီ လှုပ်ဆော်ပေးသည်။ ဥပမာကျွန်ပ်စိတ်ကိုလှုပ်ဆော်ပေး သောတေးသီချင်းသည် Titanium နှင့် I Try ဖြစ်သည်။
စသည့်တေးသီချင်းများလည်း မိမိတို့စိတ်ကိုပျော်ရွှင်ကြည်နူးစေသည်။ စိတ်ကိုအဓီကပြောင်းလဲပေးရာတွင် တေးဂီတသည်လည်း အခန်းကဏ္ဏတခုအနေဖြင့်ပါဝင်ပါသည်။ စိတ်ညစ်နေချိန်တွင် အားဖြင့်စေမည့်သီချင်း ၃ ၄ ပုဒ်လောက်နားထောင်ပေးပါ။ မပျော်သေးဘူးလား? ၎င်းသီချင်းကိုအော်ဆိုလိုက်ပါ။ ဖွင့်ထုတ်မြူးကြွလိုက်ပါ ကခုံလိုက်ပါ သင်သေချာပေါက်ပျော်ရွှင်လာပါလိမ့်မယ်။
သင့်ကိုစိတ်ဓါတ်ကျစေမယ့်သီချင်းတော့ နားမထောင်မိစေဖို့ဂရုပြုပါ။
(၄) ရယ်မောခြင်းကသင့်ရဲ့ဆေးတခွက်ပါ။
ရယ်မောတယ်ဆိုတာလည်းလွယ်မလိုနဲ့ခက်ခဲပါသည်။ ဘာကြောင်လဲ?သင်ကိုယ်တိုင်မသင်ရဘဲရယ်မောတက် ပါသည်။ ဒါပေမယ့်သင် ရယ်မောခြင်းမရှိပါ။ မိမိကိုယ်ကိုရယ်မောအောင်မစွမ်းဆောင်တက်သေး၍ဖြစ်ပါသည်။ဒါဆို ဒီနည်းလမ်းလေးတွေသုံးကြည့်ကြစို့။ အားလပ်ချိန်မှာဟာသကားကြည့်ပါ၊ ဟာသကာတွန်းတွေဖတ်ပြီး တွေးရယ်ကြည့်ပါ၊ သင့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းများ အားရယ်စရာများများပြောပါ။ သင်လည်းရယ်သလို သင့်သူငယ်ချင်းမိတ်ဆွေများလည်း ရယ်မောတက်အောင်ဝေမျှပါ။ တချိန်သင်ရယ်တက်လာတဲ့အချိန် သင်အကောင်းဆုံးသိလာပါလိမ့်မည်။ ရယ်မောခြင်းသည်အကောင်းဆုံးဆေးတခွက်ဆိုတာ..
(၅) သင့်ရဲ့လက်ရှိအလုပ်ကအားရမှုရှိရဲ့လား။
အလုပ်ဆိုသည်မှာ သင့်ရဲ့မိသားစုစားဝတ်နေရေး အတွက်နေ့စဉ်လုပ်နေရသောအလုပ်ကိုဆိုလိုသည်။ ဒီနေရာမှာစွန့်စားမှုလေးတွေတော့ရှိရပါမည်။ သင်ဘယ်လိုအလုပ်မျိုးလုပ်ချင်တာလဲ? သင့်ရည်ရွယ်ချက်ကရောဘာလဲ? သင့်ကိုသင်ပြန်မေးပါ။ ငါအခုဘယ်နေရာရောက်နေတာလဲ? ဘယ်နေရာကိုသွားချင်တာလဲ? ဘယ်နေရာရောက်ရင်ငါကျေနပ်ပြီလဲ? စသည့်ဖြင့်မေးခွန်းများမေးပါ။ အချက်(၃)ချက်လောက်မေးပြီးပြောင်းလဲသင့်ရင် ပြောင်းလဲပါ။ စွန့်စားပါ မတွေဝေပါနှင့်။ ထိုစွန့်စားမှုကပဲ သင်အောင်မြင်မှုရရှိဖို့အတွက်လမ်းစဖြစ်နေမှာပါ။ရွေးချယ်တက်ဖို့တော့ အကောင်းဆုံးလိုအပ်ပါသည်။
(၆) တီထွင်ဖန်တီးပါ။
တီထွင်ဖန်တီးသည့်အရာသည်လူတိုင်းမလုပ်နိုင်ပါ။ ၁၀၀မှာ ၁ယောက် ၁ထောင်မှာတယောက် တသောင်းမှာတယောက်သာရှိသည်။ ဒါပေမယ့်စိတ်အားမငယ်ပါနှင့်။ သင့်မှာလူတွေမမြင်နိုင်တဲ့ ပင်ကိုယ်စွန်းအားက မွေးကတည်းကကပ်ပါလာပြီးသားဖြစ်သည်။ ဒါကြောင့် သင်လည်းနောက်မကျသေးပါ။ တီထွင်ဖန်တီးဖို့အမျှော်အမြင်ရှိဖို့လိုသည်။ စာများများဖတ်ပါ။ သတင်းအချက်တွေနဲ့အနီးဆုံးမှာနေပါ။ ခေတ်နောက်မကျအောင်နေပါ။ ကမ္ဘာပေါ်တွင် မပေါ်လာသေးသည့် မရှိသေးသည့်အရာများ များစွာရှိသေးသည်။ ကိုယ်တိုင်တီထွင်ကြံဆပြီး မရှိသေးသည့်အရာကိုဖော်ထုတ်ပါ။ သင်တီထွင်လိုက်သည့် အရာကို လူအများလက်တွေ့မှာ
သုံးနေပြီဆို သင်ဘယ်လောက်ဝမ်းသာမလဲ? ဒါလူတိုင်းမလုပ်နိုင်ပေမယ့် လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်အားထက်သန်မှုထားခြင်းဖြင့် တခုခု တော့သင်ဖြစ်လာမှာပါ။ မဖြစ်နိုင်တာမရှိပါ မလုပ်သေး တာဘဲရှိပါသည်။
ကဲ ဒီအချက်(၆)ချက်ထဲက သင်ဘယ်အချက်တွေလုပ်ဆောင်နိုင်ပြီလဲ ကျန်သေးတဲ့အချက်တွေကို သင်ကြိုးစား လုပ်ဆောင်ခြင်းဖြင့်သင့်ရဲ့စိတ်နေစိတ်ထားသဘော ထားတွေပြောင်းလဲပြီး အောင်မြင်မှုပန်းတိုင်ဆီ သင်ရောက် လာမှာပါ။ စိတ်ရှည်သည်းခံဖို့တော့လိုတယ်နော်။
23/08/2017
Zero To Hero. #
ကိုယ့်ဘဝကို ဇီးရိုးဆိုပြီး စိတ်ဓါတ်မကျပါနဲ့..
ဇီးရိုး ကနေ ဟီးရိုး ဖြစ်ခဲ့ကြသူတွေ
အများကြီးရှိတယ်ဆိုတာ
သင်လည်းသိမှာပါ။
ဒါကြောင့် အားမလျှော့ပဲ ဆက်လျှောက်ပါလေ။ ➡
Zero to Hero
23/08/2017
ဘဝမှာ ပြဿနာတွေ သိပ်များနေမယ်. ပြဿနာက ကြီးလွန်းလို့
မဖြေရှင်းနိုင်ဘူးထင်ပြီး အရှုံးမပေးပါနဲ့။
ပြဿနာကို ကြီးရာကနေ သေးအောင် ခွဲခြမ်းစိတ်ဖြာပြီး ဖြေရှင်း
တက်အောင် ကြိုးစားရပါမယ်။
သင် ပြဿနာတစ်ရပ်ကို အေးဆေးတည်ငြိမ်စွာ ဖြေရှင်းကြည့်ပါ။
ဘယ်လောက်ခက်ခဲနေပါစေ..
အရာအားလုံးအတွက် အဖြေကရှိပြီးသားပါ။