28/02/2023
30th April 2023 ထိသာ
We specialize in FIRE ALARM SYSTEMS both conventional and addressable. We offer our customers BIG VA
28/02/2023
30th April 2023 ထိသာ
13/01/2021
ကရင်တိုင်းရင်းသူ/သားများအတွက်
ပျော်ရွှင်စရာ " ကရင်နှစ်သစ်ကူးနေ့ " ဖြစ်ပါစေကြောင်း မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
04/01/2021
🇲🇲 မြန်မာ့လွတ်လပ်ရေးနေ့
တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ပင်လုံစိတ်ဓာတ်များကြောင့် ပုံပေါ်ခဲ့ရသော လွတ်လပ်ရေးနေ့သည် ယခုအခါ (၇၃) နှစ်တိုင်ခဲ့ပါပြီ
၇၃ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အား GFA မှ လှိုက်လှဲစွာဖြင့် ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လွတ်လပ်ရေးတည်တံ့ခိုင်မြဲဖို့ လူတိုင်းကိုယ်စီအလုပ်လုပ်ကြပါစို့
31/12/2020
ကျနော်များ GFAမှ ဆန္ဒပြင်းစွာပြုလိုက်ရပါတယ်
၂၀၂၁ နှစ်သစ်မှအစပြုလို့
အားလုံးသောလူသားတွေ ကပ်ကြီးသုံးပါးမှ အမြဲတစေ ကျော်လွန်မြောက်ကြပါစေ
သူလည်းဝမ်းသာ ငါလည်းရွှင်ပြုံး
ဗြဟ္မစိုရ်တရားလက်ကိုင်ထားလို့ လောကလူသားအားလုံး စိတ်နှလုံးတစ်ခွင် ပြုံးပျော်ကြည်လင်နိုင်ကြပါစေ
မိမိကိုယ်တိုင်ကျန်းမာရေးအတွက် စိတ်ချမ်းသာကြပါစေ
မိမိချစ်သောလူသားတိုင်းအတွက် စိတ်ချမ်းသာကြပါစေ
မိမိအသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် စိတ်ချမ်းသာကြပါစေ
တစ်ဦးချင်းတစ်ဦးချင်း မိမိပါတ်ဝန်းကျင်အတွက်လည်း ကောင်းကျိုးများစွာပြုနိုင်ပြီး နေ့ရောညပါ၊အခါမလပ် စိတ်နှလုံးကြည်လင် ချမ်းသာနိုင်ကြပါစေသတည်း...
24/12/2020
ပျော်ရွှင်စရာ Merry Christmas လေးပါ။
အခုလို ခရစ်စမတ် ရုံးပိတ်ရက်လေးမှာ မိတ်ဆွေတို့ရော ဘယ်လိုဖြတ်သန်းကြလဲ ကောမန့်လေးမှာ ဖြေခဲ့ပေးပါဦး🥰
Global Fire Alarm မိသားစုလေးကတော့ မိတ်ဆွေတို့အတွက် ပျော်ရွှင်ဖွယ် Merry Christmas နေ့လေး ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။😍
09/12/2020
ကိုလိုနီနယ်ချဲ့လက်အောက်မှ ပြန်လည်လွတ်မြောက်ရေးအတွက် အမျိုးသားရေးစိတ်ဓါတ်အပြည့်နဲ့ နယ်ချဲ့တော်လှန်ရေးကြီးကိုစတင်ခဲ့တဲ့နေ့...
#မြန်မာတို့ရဲ့အမျိုးသားနေ့ ..
ဒီနေ့မှာတော့ နှစ်တစ်ရာတိုင်ခဲ့ပါပြီ
အဲ့ဒီနေ့ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် (၁၉၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၊ ၅ ရက်) မှာစတင်ပျိုးထောင်ပေးလိုက်တဲ့ စစ်မှန်တဲ့အမျိုးသားရေးစိတ်ဓါတ်တွေကို တောက်လျောက်သယ်ဆောင်လာပြီး အကြိမ်ကြိမ်တော်လှန်ရေးလုပ်ရာက ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့မှာလွတ်လပ်ရေးကိုရှိခဲ့ခြင်းဖြစ်ပါတယ်။
ဒါကြောင့် လွတ်လပ်ရေးရဲ့အရင်းအမြစ် တော်လှန်ရေးနေ့ကြီးဆိုလည်းမမှားပါဘူး။
29/11/2020
🙏 တန်ဆောင်မုန်းလပြည့်နေ့ (ဝါ) သာမညဖလ အခါတော်နေ့တွင် ခုနှစ်ရက်သားသမီးများ စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ချစ်ခင်ရသောမိသားစုများနှင့်အတူကုသိုလ်ကောင်းမှု့များ ပြုလုပ်နိုင်ပြီး ကြည်နူးပျော်ရွှင်ဖွယ်အမှတ်တရနေ့ကလေးအဖြင့် ဖြတ်သန်းနိုင်ပါစေကြောင်း GFA မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပပြုလုပ်ကြသော
🙏ကထိန်သင်္ကန်း အလှူပွဲတော် ~~~
🙏သာမညဖလအခါတော်နေ့ပွဲတော် ~~~
🙏တန်ဆောင်တိုင် မီးထွန်းပွဲတော် ~~~
🙏မသိုးသင်္ကန်း ရက်လုပ်ပွဲတော် ~~~
--- ကျီးမနိုးပွဲတော် (သို့) သူခိုးကြီးည ~~~
🙏မဲဇလီဖူးသုပ် ဝေငှသောပွဲတော် များဟူ၍ ရိုးရာပွဲတော်များဖြင့် ကျင်းပပြုလုပ်ရင်း ပျော်ရွှင်ဖွယ်အမှတ်တရနေ့ကလေးအဖြင့် ပိုင်ဆိုင်နိုင်ကြပါစေ။
15/11/2020
ပါဆယ်စနစ်ဖြင့် စတုဒီသာ လှူဒါန်းခြင်း
ယနေ့ ၁၅.၁၁.၂၀၂၀ ( တနင်္ဂနွေနေ့ ညနေ ၃:၀၀နာရီ) တွင်
ကမ္ဘာအေးစာတိုက်အနီး
အမှတ် (၈၇၀), မဟာဘောဂလမ်း, ၈ရပ်ကွက်,
မရမ်းကုန်းမြို့နယ် ရှိကျနော်များ၏ရုံးရှေ့တွင်
ဧည့်ပရိတ်သတ်များက သတ်မှတ်ထားသော Distancing (၆)ပေအကွာဖြင့်တန်းစီးခဲ့ကြပြီး စတုဒီသာကို ပါဆယ်စနစ်ဖြင့်အားပေးခဲ့ကြပါတယ်။
လူအယောက် ၆၅၀ အတွက် တိုကင်ဖြင့်သက်မှတ်ထားခဲ့သော်လည်း
အယောက် (၁၀၀၀) နီးပါးကို လှူဒါန်းနိုင်ခဲ့ပါတယ်။
လှူဒါန်းရာတွင်
ဘဲဥ ပဲကုလားဟင်း
ငါးခြောက်ကြော်
ငါးပိကြော်
ရွှေဘိုပေါ်ဆန်းထမင်း
ဆိတ်သားဟင်းတို့ကို HDPE ဗူးများဖြင့် ထုပ်ပိုး၍ လှူဒါန်းခဲ့ကြတဲ့အပြင်
ပထမရောက်လာသူ (၆၅၀)ကို
Mask များ နှင့်
ချိတ်ပါလက်သန့်ဆေး Spray တောင့်များ ကိုလည်းလက်ဆောင်ပေးအပ်ခဲ့ပါတယ်။
Live Video တင်ထားခြင်းကို ကြည့်နိုင်ရန်
https://m.facebook.com/story.php?story_fbid=1352016908523758&id=100011463840986
အလှူတစ်ခုအောင်မြင်စွာပြီးမြောက်ခြင်းအတွက် ဝမ်းသာအားရမိတဲ့အပြင်၊ အဖက်ဖက်မှ ကူညီလုပ်ဆောင်ပေးကြသော အကျိုးဆောင် ပုဂ္ဂိုလ်တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ်။
မြန်မာပြည်သူပြည်သားအားလုံးလည်း Covid-19ကပ်ရောဂါမှကင်းဝေး၍ သက်ရှည်ကျန်းမာစိတ်ချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါရတယ်ခင်များ🙏🙏🙏
01/11/2020
GFA ဝန်ထမ်းများရဲ့
သတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့
ဆီမီးပူဇော်ခြင်း ဖန်တီးမှုအနုပညာ
31/10/2020
🙏🙏🙏 အဘိဓမ္မာ အခါတော်နေ့ 🙏🙏🙏
အဘိဓမ္မာအခါတော်နေ့ဆိုသည်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် မယ်တော်မိနတ်သားကိုကျေးဇူးဆပ်ရန် တာဝတိံသာနတ်ပြည်သို့ကြွချီတော်မူ၍ မယ်တော်မိနတ်သားအပါအဝင် နတ်ဗြဟ္မာအပေါင်းတို့ကို အဘိဓမ္မာတရားတော်ကိုဟောကြားပြီး လူ့ပြည်ဖြစ်သော သင်္ကဿနဂိုလ်မြို့သို့ပြန်ဆင်းသက်ကြွချီတော်မူရာ လူ့ပြည်မှ မင်းနှင့်တကွ ပရိသတ်အပေါင်းတို့က မြတ်စွာဘုရားရှင်ကို ဆီမီးတိုင် ပန်းနံ့သာများဖြင့်ထွန်းညှိပူဇော် ကြိုဆိုခဲ့ကြသောနေ့ဖြစ်ပါသည်။
၁၃၈၂ သီတင်းကျွတ်လပြည့်(အဘိဓမ္မာ အခါတော်)နေ့တွင်
ကမ္ဘာသူကမ္ဘာသား ခုနှစ်ရက်သားသမီးအပေါင်းတို့သည်
စိတ်ရွှင်လန်း၍ ကပ်ရောဂါဘေးမှလည်းအမြန်ဆုံးကင်းဝေးလွတ်မြောက်ကြပြီး ကိုယ်ကျန်းမာစိတ်ချမ်းသာနိုင်ကြပါစေကြောင်း Global Fire Alarm Co., Ltd မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
.,Ltd
03/08/2020
ဒုတိယ ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့)တွင် (၇)ရက် သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ စီးပွားလာဘ်လာဘ တိုးပွားခြင်းများနှင့် ပြည့်စုံပြီး မင်္ဂလာအပေါင်း ခညောင်းပါစေဟု
Global Fire Alarm မိသားစု မှ ဆုမွန်ကောင်း
တောင်းပေးလိုက်ပါသည်။
29/07/2020
ယနေ့ ဝါဆိုသင်္ကန်းကပ် အလှူတော်
---------------------------
Global Fire Alarm Co.,Ltd မှ နှစ်စဉ်လုပ်မြဲဖြစ်သော ဝါဆိုသင်္ကန်းကပ်အလှူတော်အခါသမယ၏ မှတ်တမ်းပုံရိပ်တစ်ချို့ပါ။
ဒီကုသိုလ်ကြောင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီး အမြန်ဆုံးချုပ်ငြိမ်း၍ ကမ္ဘာသူ/သား အားလုံးကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။
အဝေးရောက်ဝန်ထမ်းများနှင့်
ဗြမ္မာ၊ နတ်၊ လူ သတ္တဝါအားလုံး
ဝမ်းမြောက်နုဘော် သာဓုခေါ်ကြပါစေသော် 🙏 🙏 🙏
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |