Jungle Walk

Jungle Walk

Share

A nice camping site for nature lover....

16/09/2023

ချုပ်နှောက်ထားရတဲ့ တိလေးတွေ အကုန်လုံး ဘေးမဲ့ပေးလိုက်ပါတော့မယ်။

သဘာဝအတိုင်းနေနိုင်မည့်ကလေးတွေကို သင့်တော်တဲ့ နေရာမှာလွှတ်ပီး လူမွေးမှအစဥ်ပြေမည့်အိမ်မွေးအမျိုးအစားတွေကို အမှန်တကယ်ကိုယ်တိုင်မွေးနိုင်သူများကိုမွေးစားခွင့်ပေးပါမည်။

ဝါသနာအရ ချစ်လို့မွေးထားပေမည့် သူတို့လေးတွေနဲ့အမြဲတူတူမနေနိုင်တော့ ဒုက္ခပေးသလိုဖြစ်ရတယ်။

ခြံထဲမှာ လူစောင့်လျှောက်စရာမလိုဘဲ နေနိုင်မည့်ကလေးတွေကို လမ်းလျှောက်တုန်းဖြတ်သွားဖြတ်လာ မြင်တွေ့ရရင်ကျေနပ်ပီ။

11/08/2023

ဒီပုံလေးရိုက်ခဲ့ရတာနောက်ဆုံးပါလားလို့တကယ်မသိခဲ့ရတာပါ။
အအေးမိနေတယ် အာရုံကြောအားနည်းနေတယ်ဆိုပီး ပြုစုနေရင်က JW လာတဲ့လူတိုင်းရဲ့အချစ်တော် ဗိုက်ပူလေး ဒီနေ့မနက် 6:17 AM မှာ ဘဝတပါးကူးသွားပါပြီ။

ငါ့သားအတွက်ငါမငိုဘူး မင်းနောက်ဘဝလူဖြစ်မှာပါကွာ။

10/08/2023

ဂိုင်းချုပ် ဇိုးနှစ်ကောင် ချစ်ကြည်ရေးရသွားသောအခါ လူတွေအမွှေးပြောင်ပီပဲ 😅

04/08/2023

အကောင်ထိန်းလုပ်ချင်သူ တစ်ယောက်အလုပ်ခေါ်နေပါတယ်ခင်ဗျာ။

ဝါသနာပါပြီး အမှန်တကယ် အကောင်လေးတွေကိုတာဝန်ယူမှု ရှိပီး ချစ်တတ်သူဖြစ်ရပါမယ်။ ( အကောင်လေးတွေထိန်းသိမ်းမှုနှင့်လက်တွေ့စစ်ဆေးမှု Practical exam ကျွန်တော်နှငိ့အတူ ခြံထဲမှာ တစ်ပတ်နေပီး Exam ရှိပါမယ်)

ချစ်လို့မွေးထားတာဖြစ်တဲ့အတွက် အမှန်တကယ် အကောင်လေးတွေနဲ့နေနိုင်ပီး စောင့်ရှောက်နိုင်သူဖြစ်ဖို့အရေးကြီးပါတယ်။

ကိုယ်တိုင်စီမန်ခန့်ခွဲနိုင်ပီး လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ အကြောင်းကြားနိုင်ရပါမည်။ ( အမြဲလိုက်ပြောနေမှာမဟုတ်တဲ့အတွက် ကိုယ်တိုင် တာဝန်ယူတတ်သူဖြစ်ဖို့လိုပါမယ်။)

Jungle Walk မှာ နေထိုင်နိုင်သူဖြစ်ရမည်။ ခွင့်ရက်များကိုကြိုတင်အကြောင်းကြားပီး Admin နှင့်လူချိန်းစောင့်​ရှောက်ရမှာဖြစ်တဲ့အတွက် ခွင့်ခနခနယူ၍မရပါ။

အရက်သေစာ နေစဥ် သောက်စားသူမဖြစ်ရပါ။

နေစရိတ်စားစရိတ်ငြိမ်းစီစဥ်ပေးပါမည်။ ( နေစရာ တိုင်ခန်းတစ်ခန်း 2 ယောက်နေရမှာဖြစ်ပီး စားစရိတ်အတွက် ကုန်ကျစရိတ် တင်ပြပီး ကြိုက်ရာ ဝယ်ယူနိုင်အောင်စီစဥ်ပေးထားပါမည်)

အခြေခံလစာ တစ်ခု ရှိမှာဖြစ်ပီး မိမိလုပ်ဆောင်ချက်အတိုင်း Bonus အနေဖြင့်ရမှာဖြစ်ပါတယ်။ ( အမှန်တကယ် စွမ်းဆောင်နိုင်သူဖြစ်ပါက Jungle Farm Share တစ်ခုအနေနှင့်ပေးထားမှာပါ)

ခြံထဲတွင်အလုပ်လုပ်စဥ် ကျန်းမာရေး လိုအပ်ချက်များ အတွက် ချိတ်ဆက်ထားသောဆရာဝန်ဆီတွင်အခမဲ့ ဆေးကုသစရိတ်ပေးထားမှာဖြစ်ပါတယ်။

***
အကောင်လေးတွေအသက်နှင့်သက်ဆိုင်သောကြောင့် အမှန်တကယ် ဝါသနာပါပြီး စောင့်ရှောက်နိုင်မှ လျှောက်ထားစေလိုပါတယ်ခင်ဗျာ။

***

09771419401 Viber or CB မှ CV လေးပို့ပီး ခံစားခွင့်များ စိတ်ကူးများ တာဝန်ယူနိုင်မှုများအတွက် အသေးစိတ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

Edit: လူရသွားပါပြီခင်ဗျာ စိတ်ဝင်စားသူများအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။

23/06/2023

များများသိအောင် ကူညီပေးကြပါဦး။
ထိန်းသိမ်းစောင့်ရှောက်သူများအားလုံးကိုကျေးဇူးတင်ပါတယ်။
သူတို့လေးတွေအသက်ရှင်ပီး ကောင်းကောင်းမွန်မွန်နေရအောင် ဝိုင်းဝန်းကြိုးစားကြပါစို့။



https://fb.watch/llBwVLtcYr/?mibextid=Nif5oz

07/06/2023

ခြံထဲသဘာဝအတိုင်းလွှတ်ထားတဲ့ လိပ်တွေ ဘယ်တုန်းကဥလဲတော့မသိ ပိစိတွေထွက်လာခါမှ လိုက်ကောက်ရတာ ပျော်စရာ။ 😍

07/06/2023

Powerline ကို မြေကြီးပေါ်ကသွားမိတာ လူတွေကိစ္စ ဆော့ဖို့ကမျောက်မျောက်တို့အလုပ် 😒

19/05/2023

မျက်လုံး မျက်ခုံးတွေက ရှက်ပြုံးလေးတွေနဲ့။

18/05/2023

JW မှာ လွတ်လပ်စွာသွားလာခွင့် Visa ပိတ်ခံထားရသော အမှုသည်များ။

အမှု 1: ကြက်ဥ ခိုးမှု။
အမှု 2: သေချာသိမ်းထားသော စာရွက်စာတမ်း မှတ်ပုံတင်ကအစ ဖြဲမှု။
အမှု 3: ရွာထဲမှအိမ်များအား ထမင်းငတ်သည်ထိ အိုးလှန်မှု။
အမှု 4: ကလေးတွေ မိန်းခလေးတွေ ဆံပင်ဆွဲမှု။
အမှု 5: ကြက်အစ လိပ်အဆုံး မြင်းဖင်ပါမချန် နှိုက်မှု။

Photos from Jungle Walk's post 15/05/2023

ဒီမျက်လုံးတွေကြောင့် တောထဲနေရတဲ့ဘဝလေး ကျေနပ်နေရတာ။😍

18/04/2023

Farm Worker 2 ဦး အလိုရှိပါတယ်ခင်ဗျာ။

စိုက်ပျိုးမွေးမြူရေးအတွေ့အကြုံရှိပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိသူဦးစားပေးမည်။

Jungle Walk မှာနေနိုင်သူဖြစ်ရမည်။ နေ့စဥ် Viber မှာတစ်ရက်တာလုပ်ဆောင်မှု့များပို့ပေးရမည်။

နေစရိတ် စားစရိတ်ငြိမ်းဖြစ်ပီး ခန့်မှန်းလစာနှင့် မိမိ အချက်အလက်များ 09771419401 Viber သို့ လျှောက်ထားနိုင်ပါသည်။

16/04/2023

Under Water က Bro Mone Chang နဲ့ခပ်ချောချောအကိုကြီးတွေ တစ်ဖွဲ့လုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ အချိန်ရရင်လာခဲ့ဦးနော် လမ်းလျောက်ဖို့တွေကျန်သေးတယ် 😁

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


32. 6 Miles
Yangon
C9CC+87