Radiation Oncology Department, YGH

Radiation Oncology Department, YGH

Share

ဓာတ်ရောင်ခြည်ဆေးကုဌာန ရန်ကုန်ပြည်သ

23/08/2021

ဓါတ်ရောင်ခြည်ကင်ဆာဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး

ဓါတ်ရောင်ခြည်ကုသမှုခံယူရန် စာရင်းထုတ်ပေးခြင်း

၂၅/၁/၂၀၂၁ အထိ ဓါတ်ရောင်ခြည်ကုသမှုခံယူရန်စာရင်းသွင်းထားသူများ(ရင်သားလူနာများမပါ)ဓါတ်ရောင်ခြည်ကုသမှုအတွက် လာရောက်ပြသနိုင်ကြောင်း အသိပေးအပ်ပါသည်။

ရင်သားလူနာများ
သက်ဆိုင်ရာ ဆရာဝန် အခန်းတွင် ပြန်လည်ပြသပါရန် အသိပေးအပ်ပါသည်။

04/02/2021

World Cancer Day
February 4

07/01/2021

ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်နေ ကွယ်လွန်သူ မိခင်ကြီး ဒေါ်တင်အေး(၇၂)နှစ် အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ဆေးကုဌာနသို့ Wheelchair တစ်စီး လာရောက်လှူဒါန်းခြင်းအား ဝမ်းမြောက်စွာ သာဓုခေါ်ပါသည်။ ကွယ်လွန်သူ မိခင်ကြီး ကောင်းရာဘုံဘဝမှ သာဓုခေါ်ဆိုနိုင်ပြီး အလှူ့ရှင်မိသားတစ်စု စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကပ်ဘေးကင်းစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

03/01/2021

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ဆေးကုဌာန ထုတ်ပြန်ကြော်ငြာချက် (3.1.2021)

၁။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ဆေးကုဌာနရှိ စက်ခန်း ၃ အနီး ပင်မ main Server ကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးသော ဘက္ထရီတလုံး ပလပ်ခေါင်းချောင်ရာမှ မီးလောင်ကျွမ်းမှုတစ်ခု ၂၀.၁၂ ၂၀၂၀ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သဖြင့် ဓာတ်ရောင်ခြည်ကုသမှုများ ရပ်ဆိုင်းထားခဲ့ရပါသည်။

၂။ မီးလောင်ရာတွင် မီးငြိမ်းသတ်မှုအတွင်း စက်ခန်း ၃နှင့် ၄၊ စက်ခန်း Control rooms များနှင့် CT simulator room အတွင်းသို့ ရေဝင်ရောက်ခဲ့မှုများလည်း ရှိခဲ့ပါသည်။ ထို့အပြင် ဓာတ်ရောင်ခြည် စက်ခန်းများအချင်းချင်းနှင့် Main server တို့ကြား data cable များနှင့် wire ကြိုးများသည် Concrete မြောင်းများအတွင်းမှ ဖြတ်သန်းဆက်သွယ်ရသည့် လမ်းကြောင်းများတွင်လည်း ရေဖုံးလွှမ်းခဲ့ပါသည်။

၃။ မီးလောင်မှု ဖြစ်စဥ် ဖြစ်ပွားပြီးသည့် နောက်တနေ့ မနက်မှ စ၍ စက်ခန်းများ အမြန်ဆုံး ပြန်လည်ကောင်းမွန်စေရေးအတွက် ခရစ်စမတ် ပိတ်ရက်၊ နှစ်သစ်ကူးရုံးပိတ်ရက်များတွင်ပါ သက်ဆိုင်ရာ စက်ခန်းအလိုက် Duty ချ၍ ပြင်ဆင် မွမ်းမံမှုများကို ဆောင်ရွက်ခဲ့ပါသည်။

၄။ ထို ပြင်ဆင်ထိန်းသိမ်းရေး ​ဆောင်ရွက်ခဲ့မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(က) မီးလောင်မှု ဖြစ်ပွားရာ နေရာတဝိုက်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်း၊
(ခ) Data cable နှင့် Electric Wire များ ဆက်သွယ်ရာ မြောင်းတလျှောက် ရေစုပ်ထုပ်ခြင်းနှင့် ပြင်ပ ထိခိုက်မှု ရှိမရှိ စစ်ဆေးခြင်း၊ အခြောက်ခံခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဂ) Main data server အား ရေငွေ့နှင့် carbon dust များကြောင့် ပျက်စီးမှု မရှိစေရေး အတွက် စနစ်တကျ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် Hardware များ ပျက်စီးထိခိုက်မှု ရှိ မရှိ စစ်ဆေးခြင်း၊
(ဃ) Control ခန်းများနှင့် planning ခန်းများ အတွင်းရှိ ကွန်ပြူတာနှင့် ထိန်းချုပ် ခလုတ်များ ရေငွေ့နှင့် Carbon dust များကြောင့် ပျက်စီးမှု မရှိစေရေး စနစ်တကျ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် Hardware များ ပျက်စီးထိခိုက်မှု ရှိ မရှိ စစ်ဆေးခြင်း၊
(င) CT simulator အခန်း၊ စက်ခန်း ၃ နှင့် ၄ အတွင်း အပြင်၊ Planning အခန်းနှင့် Control room များအတွင်း မီးခိုးမှိုင်းများကြောင့် နံရံများ တံခါးများ အတွင်းအပြင် သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊
(စ) စက်ခန်း ၃ အတွင်း စက်ဆင်ထားရာ အောက်ခြေ Base plate အတွင်း ရေဝင်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှု မများစေရန် ရေစုပ်ထုပ်ခြင်း၊ အခြောက်ခံခြင်းနှင့် treatment couch များ ရေငွေ့ကြောင့် သံချေးတက် ပျက်စီးခြင်း မရှိစေရန် သန့်စင်ဆေးရည်များဖြင့် သန့်ရှင်းရေးကို စနစ်တကျ ထိန်းသိမ်းပြုလုပ်ခြင်း၊
(ဆ) မျက်နှာနှင့် လည်ပင်းပိုင်းဆိုင်ရာ ရောင်ခြည်ကုထုံးယူနေသော လူနာများအတွက် အသုံးပြုသည့် ပုံသွင်း Thermoplastic Cast များကို တခုချင်းစီ သန့်ရှင်းရေး ပြုလုပ်ရခြင်းနှင့် စနစ်တကျ ပြန်လည် ထိန်းသိမ်းရခြင်း၊
(ဇ) စက်များ ပြန်လည် မောင်းနှင်နိုင်ရေးအတွက် လိုအပ်သော Electric Wire များ ပြန်လည် ချိတ်ဆက် တပ်ဆင်နိုင်ရေးအတွက် လမ်းကြောင်းများ ပြန်လည်ရေးဆွဲခြင်း လုပ်ငန်း ​ဆောင်ရွက်ခြင်း၊

၅။ ယခုအခါ လျှပ်စစ် Wire ကြိုးများ ပြန်လည်ချိတ်ဆက်နိုင်ရေး စီစဥ်ထားလျှက် ရှိပါကြောင်းနှင့် ချိတ်ဆက်မှုပြီးစီးပါက စက်များမှ ရောင်ခြည်ကုထုံး စတင်နိုင်ရေးအတွက် သတ်မှတ် ရောင်ခြည်စံနှုန်း ကိုက်ညီမှု ရှိ မရှိ စစ်ဆေးနိုင်ရေးလုပ်ငန်းများ အမြန် စတင်နိုင်ရေး စီမံထားရှိကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ဆေးကုဌာန ဝန်ထမ်းများ အနေဖြင့် ကင်ဆာဝေဒနာရှင် လူနာများအတွက် ဓာတ်ရောင်ခြည်ကုသမှုများ အမြန်ဆုံး ပြန်လည် စတင်ပေးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါသည်။

ဓာတ်ရောင်ခြည်ကုထုံးများ ပြန်လည်စတင်နိုင်မည့် နေ့ရက်ကို ဤ page မှ အချိန်နှင့်တပြေးညီ ကြော်ငြာ ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ဓာတ်ရောင်ခြည်ဆေးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး

29/12/2020

covid ကာလတွင် တက်ရောက်ကုသနေသော လူနာများ၏ အထွေအထွေ အသူံးစရိတ်အတွက် ရန်ကုန်မြို့ ဗဟန်းမြို့နယ်နေ ဦး နိုင်မင်းဦး( မြန်မာနိုင်ငံ စားသောက်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ ရန်ကုန်ဇုန်) ‌+ဒေါ်ကေခိုင်( ဆန်းသစ်စားဖွယ်စုံနှင့် စားသောက်ဆိုင်လုပ်ငန်း)မှ ငွေကျပ်၁သိန်း လှူဒါန်းကြောင်း ဓါတ်ရောင်ခြည်ကင်ဆာဌာနမှ မှတ်တမ်းတင်ဂုဏ်ပြုပါသည်။

20/12/2020

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဓာတ်ရောင်ခြည်ဆေးကုဌာန ထုတ်ပြန်ကြော်ငြာချက်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ဆေးကုဌာန၊ ဓာတ်ရောင်ခြည် စက်ခန်း (၃) (Linear Accelerator) စက်ရှိ သက်တမ်းလွန် battery တစ်လုံး ပလပ်ခေါင်းချောင်ရာမှ အသေးစား မီးလောင်မှု တစ်ခု ယနေ့ (၂၀.၁၂ ၂၀) ညနေတွင် ဖြစ်ပွားခဲ့ပါသည်။ ထိုမီးလောင်မှု ဖြစ်စဥ်ကြောင့် ပျက်စီးခဲ့သော wire များပြန်လည် စစ်ဆေးခြင်း၊ စက်ပိုင်းဆိုင်ရာ ကြံခိုင်မှု စစ်ဆေးခြင်း၊ CT Simulator functioning ဖြစ်/မဖြစ် ပြန်လည် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသဖြင့် ဓာတ်ရောင်ခြည် ကုထုံးနှင့် ဓာတ်အပ်စိုက်ကုထုံးများ ခေတ္တရပ်နားထားမည် ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
ကုထုံးများ ပြန်လည်စတင်နိုင်မည့်ရက်ကို ထပ်မံ ကြော်ငြာပေးပါမည်

23/11/2020

ဓါတ်ရောင်ခြည်ကင်ဆာဆေးကုဌာနပြင်ပလူနာကြည့်ခြင်းအား(၂၄.၁၁.၂၀၂၀)ရက်မှစ၍ ဖုန်းဖြင့်OPD Booking လက်ခံပြီးမှလူနာကြည့်ခြင်းအားပယ်ဖျက်လိုက်ပါသည်။ သို့ရာတွင် နံနက်၁၁နာရီအထိစာရင်းသွင်ထား‌ သောလူနာများသာလက်ခံကြည့်ပေးမည်ဖြစ်ပါသည်။

11/11/2020

ပါမောက္ခဒေါက်တာဒေါ်ခင်ချိုဝင်းမှဓါတ်ရောင်ခြည်ဆေးကုဌာနမှ လုပ်ဖော်ကိုင်ဖက်မောင်နှမများအသုံးပြုရန်အတွက် ငွေကျပ်နှစ်သိန်းနှင့်ညီမျှသော COVID ကာကွယ်ရေးပစ္စည်းများဝယ်ယူရန် စေတနာသုံးတန်ပြဌာန်း၍လှူဒါန်းပါသည်။
သာဓု သာဓု သာဓု ပါ 🙏🙏🙏

Photos from Radiation Oncology Department, YGH's post 20/10/2020
Photos from Radiation Oncology Department, YGH's post 20/10/2020

ရန်ကုန်မြို့နေ ကွယ်လွန်သူ ဦးဟုတ်စိန်အား ရည်စူး၍ ဇနီးဖြစ်သူ ဒေါ်ပိုးကြည်နှင့် သားသမီးတစ်စုတို့မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ဆေးကုဌာနသို့ Covid 19 ကာကွယ်ရေးအထောက်အကူပြုစေရေး ရည်သန်၍ ကာလဒါနအလှူအဖြစ် Surgical Gowns (level II PPE) အစုံ တစ်ရာ (တန်ဖိုး ၁၆၀၀၀၀) ကို လာရောက်လှူဒါန်းခြင်းအား ဝမ်းမြောက်စွာ သာဓုခေါ်ပါသည်။ အလှူ့ရှင်မိသားတစ်စု စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကပ်ဘေးကင်းစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Bo Gyoke Aung San Road, Latha Township
Yangon