06/10/2025
" သီတင်းကျွတ် လပြည့်နေ့ " တွင်
မြန်မာပြည်သူ ပြည်သား အပေါင်းနှင့်
ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံနိူင်ကြပါစေ
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aye Chan Say, No(1237), Zwekapin Street, 10 Ward, near Pearl Junction, Shwepyithar, Yangon.
06/10/2025
" သီတင်းကျွတ် လပြည့်နေ့ " တွင်
မြန်မာပြည်သူ ပြည်သား အပေါင်းနှင့်
ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံနိူင်ကြပါစေ
11/08/2025
မိခင်ကြီး ဒေါ်ကျင်စန်း ၏
(၇၇)နှစ်ပြည့် မွေးနေ့အလှူ
အေးချမ်းစေ မိသားစု နှင့်
သင်တန်းသူ သင်တန်းသားများ အမှတ်တရ
09/07/2025
🚨 ခြင်ကျား အန္တရာယ် ကြိုတင်ကာကွယ် 🚨
ကျန်းမာရေးဝန်ကြီးဌာန (မြန်မာနိုင်ငံ) မှ Aedes mosquito (ခြင်ကျား- သွေးလွန်တုတ်ကွေးဗိုင်းရပ်စ်ပိုးကိုသယ်ဆောင်) ခြင်ကျားများ ပေါက်ဖွားမှုကို ထိထိရောက်ရောက်ကာကွယ်နိုင်ရန် (ဖုံး၊ သွန်၊ လဲ၊ ခပ်၊ စစ်) ဆိုသည့် (၅ ချက်) အရေးကြီးကြောင်းကို သတိပေးထားပါသည်။
ဤအချက် (၅) ချက်သည် ခြင်ကျား ပေါက်ဖွားခြင်းကိုတားဆီးရာတွင် အထူးအရေးပါတဲ့ ကာကွယ်မှုများဖြစ်ပြီး၊ အလွယ်တကူ မှတ်မိစေရန်အတွက် စကားလုံးတစ်လုံးစီဖြင့်ဖော်ပြထားခြင်းဖြစ်သည်။
🛡️ ခြင် ပေါက်ဖွားခြင်း ကာကွယ်ရေး ၅ ချက် – (ဖုံး၊ သွန်၊ လဲ၊ ခပ်၊ စစ်)
1️⃣ ဖုံး
🚫 ရေရှိတဲ့အိုးခွက်များ၊ ဗူးများ၊ ရေလှောင်ကန်များ၊ ရေအိုးရေခွက်များကို ဖုံးအုပ်ထားရန်
(အပေါက်ဖွင့်ခြင်းမရှိအောင် ပိတ်ထားခြင်းသည် ခြင်မပေါက်ဖွားနိုင်အောင်ကာကွယ်ပေးသည်။)
2️⃣ သွန်
🛢️ ရေပုံး၊ ရေတိုင်ကီ၊ အိုး၊ ဗူးများကို အနည်းဆုံး တစ်ပါတ်တစ်ကြိမ် သွန်ပြီး သန့်ရှင်းအောင် ဆေးကြောပေးပါ။
(ပိုးလောက်လန်းများကို သေစေနိူင်သည်။)
3️⃣ လဲ
🏺ဘုရားပန်းအိုးများ၊ အလှပန်းအိုးများရှိ ရေကို မကြာခဏ လဲလှယ်ပေးပါ။
4️⃣ ခပ်
📢 အသုံးမပြုသောအိုးဟောင်းများ၊ အမှိုက်ပုံးများ မှရေကို ခပ်ပြီး ဖယ်ရှားပေးပါ။
(ခြင် ပေါက်ဖွားနိုင်သောရေအရင်းအမြစ်များ ကို ဖျက်စီးခြင်း)
5️⃣ စစ်
🔍 မိမိအိမ်နှင့်အိမ်ခြံဝန်းတွင် ရေတွေတင်နေသောနေရာများ၊ ခြင်ဖွားနိုင်သောနေရာများကိုစဉ်ဆက်မပြတ်စစ်ဆေးခြင်း
(လတ်တလောတွင်ခြင်အမြောက်အများဖြစ်နေသလားစစ်ရန်)
---
📌 အရေးကြီးချက်
ထိုအချက် (၅) ချက်သည် ခြင်ကြောင့်ဖြစ်သော သွေးလွန်တုတ်ကွေးရောဂါ ၊ ဆင်တုတ်ကွေးရောဂါ (Chikungunya)၊ Zika virus စသည့် ခြင်မှတဆင့် ကူးစက်နိူင်သောရောဂါများကို ကာကွယ်ရန်အတွက် အသုံးဝင်သော နေ့စဉ်သုံး လုပ်ထုံးလုပ်နည်းများဖြစ်ပါသည်။
09/07/2025
🦟 မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုတ်ကွေးရောဂါ (Dengue Fever)
သွေးလွန်တုတ်ကွေးရောဂါသည် Aedes mosquito (ခြင်ကြား) ကိုက်ခံရခြင်းကြောင့် Dengue virus ကူးစက်သော ဗိုင်းရပ်စ်ရောဂါတစ်ခုဖြစ်သည်။ များသောအားဖြင့် မြန်မာနိုင်ငံ၌ မုတ်သုန်မိုးရာသီ အတွင်း ရောဂါပျံ့နှံ့ဖြစ်ပွားမှု မြင့်မားသည်။
👶👶 ကလေးများတွင် ဖြစ်ပွားမှုများပြားသည်။
---
✅ ပုံမှန်ကူးစက်ပြီးနောက် ပေါ်လာနိုင်သော ရောဂါလက္ခဏာများ (Symptoms)
(သတိပြုရန် - လက္ခဏာများသည် ဗိုင်းရပ်စ်ဝင်သွားပြီး 4-10 ရက်အတွင်း ပေါ်လာလေ့ရှိသည်)
🌡️🤒 အဖျားအရမ်းကြီးခြင်း (ကိုယ်အပူချိန်သည် 39°C/102°F ကျော်ပြီး
တောက်လျှောက် ဖျားတတ်သည်)
🤢 ခေါင်းကိုက်ခြင်း
👁️ မျက်စိ ကိုက်ခဲနာကျင်ခြင်း
💪🦴 ကြွက်သား နှင့် အရိုးများ နာကျင်ကိုက်ခဲခြင်း
ဗိုက်အောင့်၊ ဗိုက်နာခြင်း
❌🥣 အစားသောက်ပျက်ခြင်း (loss of appetite)
အရေပြားတွင် အဖုအပြောက်များ၊ အနီစက်များ ထွက်ခြင်း (rashes)
😟 ပင်ပန်းနွမ်းနယ်ခြင်း
----------------------------------------------------------------------------------------------------------------------------
⚠️ အန္တရာယ်ဖြစ်စေနိုင်သောလက္ခဏာများ (Danger Signs) ⚠️
(ဤလက္ခဏာများ တွေ့ရှိရပါက နီးစပ်ရာ ဆေးခန်း၊ဆေးရုံ များတွင် ချက်ခြင်းပြသပြီး ကုသမှုခံယူရမည်။)
⚠️ မခံမရပ်နိူင်အောင် ဗိုက်နာခြင်း (ကလေးသည် ဗိုက်ကိုအထိမခံနိူင်ခြင်း)
⚠️ ဆိုးဆိုးရွားရွား အဆက်မပျက်အန်ခြင်း (serious vomiting)
⚠️ ကော်ဖီရောင် ကဲ့သို့ အညိုရောင်များအန်ခြင်း (coffee ground vomiting)
⚠️ ခန္ဓာကိုယ်အတွင်း သွေးယိုစိမ့်သည့် လက္ခဏာများ တွေ့ရခြင်း
(ဥပမာ- နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း၊ ချောင်းဆိုးသွေးပါခြင်း)
⚠️ ဝမ်းမည်းမည်း ပျစ်ချွဲချွဲသွားခြင်း (malena stool)
⚠️ ခြေဖျား၊ လက်ဖျား အေးပြီး အသားအရေဖြူဖျော့ခြင်း
⚠️ အရမ်းနှုံးခြင်း၊ နွမ်းနယ်ခြင်း၊ အရမ်းမှိန်းလွန်းခြင်း
-------------------------------------------------------------------------------------------------------------------------------
🏡 အိမ်တွင် ပြုစုစောင့်ရှောက်ရန်အချက်များ (Take Home Care Tips)
သွေးလွန်တုတ်ကွေးရောဂါ မပြင်းထန်သော ကလေးငယ်များကို အိမ်တွင်လည်း ပြုစုစောင့်ရှောက်နိူင်ပါသည်။
💦 ရေနဲ့ ဆားဓါတ်များ များများပြန်လည်ဖြည့်ဆည်းပေးပါ။
(ဥပမာ- ဓါတ်ဆားရည် များများတိုက်ပါ)
🌡️🤒 အပူချိန်ကြီးပြီးဖျားလျှင် Paracetamol ဆေးကိုသာသုံးပါ။
(Aspirin, Ibuprofen စသော ဆေးများမသုံးပါနှင့် (သွေးယိုမှုပိုဆိုးနိုင်သည်))
💧 ရေပါတ်သေချာတိုက်ပေးပါ။
🛌 ပြည့်ပြည့်ဝဝ အနားယူပါ။
🍵 ကလေး အစာမစားချင်လဲ အရည်များပြီး အာဟာရဖြစ်စေသော အစာများကို
နည်းနည်းနှင့် အကြိမ်ရေများများ တိုက်ကျွေးပေးပါ။
(ဥပမာ- ဆန်ပြုတ်၊ ကြက်ပေါင်းရည်)
❌ အရောင် ညိုမဲသော အစာများမကျွေးပါနှင့်။ (ဥပမာ- ချောကလက်၊ ကော်ဖီ)
(ကလေးအန်လျှင် အစာအိမ်သွေးကြောပေါက်ပြီး အန်သော အညိုရောင်အရည်
များ နှင့် ခွဲခြားရ ခက်ခဲစေသောကြောင့် ဖြစ်သည်။)
⚠️ အန္တရာယ်ဖြစ်စေသော လက္ခဏာများ ရှိ၊မရှိ မကြာခဏ စစ်ဆေးကြည့်ပါ။
လက္ခဏာအပြင်းအထန်ဖြစ်ပါက နီးစပ်ရာ ဆေးရုံသို့ ပြသ၍ ချက်ခြင်းကုသပါ။
------------------------------------------------------------------------------------------------------------------------------
🛡️ ဆောင်ရန် / ရှောင်ရန်အချက်များ (Prevention Tips)
ဆောင်ရန် –
🔔 အိမ်မှာ ရေထည့်ထားတဲ့ အိုး၊ ဗူး၊ ရေပန်းများအား ဖုံးပိတ်ထားပါ။
🔔 ကလေးများ ဘယ်အချိန်အိပ်အိပ် ခြင်ထောင် ထောင်၍ သိပ်ပေးပါ။
🔔 အိမ်အနီး ခြင်ခိုအောင်းနိူင်သော ခြုံပုတ်များ၊အမှိုက်များ ကိုရှင်းလင်းဖယ်ရှားပါ။
🔔 မိသားစုဝင်များအား ခြင်ကင်းရှင်းစေရန် DEET ပါသော ခြင်ဆေးများကို ဖျန်းပါ။
ရှောင်ရန် –
❌ ရေစီးရေစက်ကျန်နေစရာ မထားပါနှင့်။
❌ မနက်ခင်းနဲ့ ညနေမှာအပြင်ထွက်လျှင် သတိထားပါ (ခြင် အများဆုံးအချိန်)
❌ ကလေးများကို အနက်ရောင် စသော အရောင်မှိန်သောအဝတ်အစား ဝတ်ဆင်ပေးခြင်းမှ ရှောင်ပါ (အနက်ရောင်သည် ခြင်များကို ဆွဲဆောင်နိူင်သောကြောင့် ဖြစ်သည်။)
📌 သတိပေးချက် – သွေးလွန်တုတ်ကွေးသည် ကလေးသေဆုံးမှုကိုဖြစ်စေနိုင်သောရောဂါတစ်ခုဖြစ်သောကြောင့် လက္ခဏာများပေါ်လာလျှင် ချက်ချင်း ကျွမ်းကျင်သော ဆရာဝန်၊ ဆရာမ၊ ကျန်းမရေးဝန်ထမ်းများကို ပြသ၍ ကုသမှုခံယူပါ။
16/05/2025
အေးချမ်းစေ
သူနာပြုအကူ သင်တန်း (မိသားစု)
သင်တန်းသူ၊ သင်တန်းသားများ
နှင့် (၇) ရက် သားသမီးများ၏
ငလျှင်ဘေးသင့်ဒေသရှိ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ပရဟိတဂေဟာများအတွက်
လှူဒါန်းမှုစာရင်း နှင့် မှတ်တမ်းပုံများ
(မေတ္တာပါရမီ- သီလရှင်ကျောင်း ဆရာလေးများ
မှတဆင့် လှူဒါန်း)
06/04/2025
" မိဘမေတ္တာဆရာတော် "
(ရွှေပြည်သာ) ထံသို့
အေးချမ်းစေ-သူနာပြုအကူသင်တန်း (မိသားစု) မှ
ငလျှင်ဘေးသင့် ဒေသများသို့
အလှူငွေ နှင့် ဓါတ်ဆားထုပ်များ လှူဒါန်း
05/04/2025
" စစ်ကိုင်း နှင့် မန္တလေး မြို့များ" ရှိ
ငလျှင်ဒဏ်ခံရသော ရဟန်း၊ရှင်လူများအတွက်
အေးချမ်းစေ- အထူးကုဆေးခန်း
နှင့်
အေးချမ်းစေ- သူနာပြုအကူ သင်တန်း
မိသားစုများမှ
ဓါတ်ဆားမှုန့်ထုပ်များ လှူဒါန်း။
(အားလုံး ဘေးဒုက္ခ အန္တရယ်များမှ အမြန်ဆုံးကင်းစင် ပြေပျောက်ကြပါစေ)
05/04/2025
အေးချမ်းစေ
သူနာပြုအကူ သင်တန်းမှ
ငလျှင်ဒဏ်ခံရသော
သီလရှင်ကျောင်းများအတွက်
အရေးပေါ် ရေစုပ်စက်လှူဒါန်း
20/12/2024
#အပါတ်စဉ်တိုင်း
ပရဟိတ ဆေးကု #
04/10/2024
# # # လစဉ် တန်းခွဲသစ်များ ဖွင့်လှစ်သင်ကြားလျှက်ရှိပါသည်။ # # #
အေးချမ်းစေ (ACS) မှ
👨⚕ အထူးကုဆရာဝန်ကြီးများနှင့် ဝါရင့်အငြိမ်းစား ဆရာမကြီးများကိုယ်တိုင် ဦးစီးသင်ကြားပေးနေသော
- သူနာပြု အကူကျွမ်းကျင် သင်တန်းနှင့်
👩⚕ ဆေးဆိုင်ဖွင့်လှစ်လိုသူများအတွက် ဆေးဝါးဗေဒပါရဂူ ဆရာဝန်ကြီးများကိုတိုင်ကြားပေးနေတဲ့
- ဆေးဝါး ကျွမ်းကျင် သင်တန်း များကို
စာတွေ့လက်တွေ့ သင်ကြားပေးနေပါသည်။
# ဘယ်လိုလူတွေ တတ်သင့်လဲ❓
မိသားစု ကျန်းမာရေးအတွက် စောင့်ရှောက်ပေးလိုသူများ၊ ဆေးပညာဝါသနာပါသူများ၊ ကိုယ်ပိုင်ဆေးခန်း ဖွင့်လိုသူများ၊ အလုပ်အကိုင်အခွင့်အလမ်းသစ်များကို ဖန်တီးလိုသူများ အားလုံး တတ်ရောက်သင့်ပါတယ်။
# သင်တန်းကာလတွေက ဘယ်လိုရှိမလဲ❓
သူနာပြု အကူကျွမ်းကျင် သင်တန်း
--------------
သင်တန်းကာလ (၃)လ
{စာတွေ့ (၂)လ၊ လက်တွေ့ (၁)}
ဆေးဝါးကျွမ်းကျင်သင်တန်း
--------------
သင်တန်းကာလ (၂လ)
# ပို့ချမည့် ဘာသာရပ်တွေကရော ဘာတွေပါဝင်လဲ❓
သူနာပြု အကူကျွမ်းကျင် သင်တန်း
--------------
(၁) သူနာပြု အဓိဌာန်နှင့် သူနာပြုကျင့်ဝတ်များ၊
(၂) ခန္ဓာဗေဒ (Anatomy) နှင့် ဇီဝကမ္မဗေဒ (Physiology)
(၃) အခြေခံ သူနာပြုစုမှုပညာ (Basic Nursing Science)
(၄) မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု (Maternal & Child Health Care)
(၅) သက်ကြီးရွယ်အိုနှင့် နာတာရှည်လူနာများ ပြုစုမှုပညာ (Elderly & Chronic ill Patient Care)
(၆) အခြေခံဆေးဝါးပညာ (Basic Pharmacology)
(၇) ရှေးဦးသူနာပြုစုခြင်းပညာ (First Aid Training)
- သင်တန်းတက်ရန် ဝတ်စုံ (၁)စုံ ပေးမည်။
- လက်တွေ့ဆင်းရန်အတွက် BP Cuff, Sthetoscope, Thermometer ပါပြီး။
ဆေးဝါးကျွမ်းကျင်သင်တန်း
--------------
(၁) မြန်မာနိုင်ငံ ဆေးဝါးဥပဒေ (Myanmar Drugs Laws)
(၂) ဆေးဝါးများ၏ အခေါ်အဝေါ်နှင့် အဓိပ္ပါယ်များ (Terminlogy)
(၃) ရောဂါအလိုက် ဆေးဝါးများ ခွဲခြားပုံ၊ ဆေးအုပ်စု အမျိုးအစား (Medicines Clasification)
(၄) ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ (Side Effects)
(၅) ဆေးဝါးများထိန်းသိမ်းမှုပညာ
(၆) ဆေးဆိုင်စီမံခန့်ခွဲမှုပညာ
- ပညာအရည်အချင်း (၈)တန်းမှ ဘွဲ့ရအထိ တတ်ရောက်နိုင်ပါသည်။
- မိမိအဆင်ပြေရာ သင်တန်းချိန်များကို ညှိနှိုင်းအပ်နှံနိုင်ပါသည်။
# ဘယ်လိုသင်ကြားပေးမှာလဲ❓
* သင်တန်းများအားလုံးကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် စာတွေ့ရော လက်တွေ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
* သင်ထောက်ကူ ပစ္စည်းများ စုံလင်စွာဖြင့် လွယ်ကူစွာ နားလည်သဘောပေါက်စေဖို့ ရှင်းလင်းပြသပေးသွားမှာပါ။
# သင်တန်းပြီးဆုံးလျှင် ဘယ်လိုအကျိုးအမြတ်တွေရနိုင်သလဲ❓
- ပြည်တွင်း၊ ပြည်ပတွင် အသုံးပြု၍ရသော သင်တန်းဆင်းလက်မှတ် (Certificate) ပေးမည်။
- ပြည်တွင်း၊ ပြည်ပမှ အလုပ်အကိုင်များကို လွယ်ကူစွာ ရရှိစေဖို့အတွက် ကူညီ ဆောင်ရွက်ပေးသွားပါမည်။
- ဆေးဝါးကျွမ်းကျင် သင်တန်းပြီးပါက ဆေးဆိုင် ချက်ချင်း ဖွင့်နိုင်သည်အထိ ကူညီပေးသွားပါမည်။
- ဆေးဝါးများအကြောင်းကို အမှန်အကန် နားလည်စေရမည်။
🏠 သင်တန်းလိပ်စာ - အေးချမ်းစေ-အထူးကုဆေးခန်း၊ အမှတ် (၁၂၃၇)၊ ဇွဲကပင်လမ်း၊ (၁၀)ရပ်ကွက်၊ ပုလဲလမ်းဆုံအနီး၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။
☎ ဆက်သွယ်ရန်ဖုန်း - ၀၉-၅၄၁၆၆၈၅, ၀၉-၇၆၅၄၁၆၆၈၅
19/07/2024
၁၉ ဇူလိုင် မမေ့နိူင်။
အာဇာနည်မျိုးမသေရိုး။
12/07/2024
ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ
မဖြစ်စေရန်
သန့် (၄) သန့်။
၁။ သောက်သုံးရေသန့်ခြင်း၊
၂။ အစားအစာသန့်ခြင်း၊
၃။ လက် သန့်ရှင်းခြင်း၊
၄။ အိမ်သာသန့်ခြင်း။