22/11/2023
- Ayeyar Hinthar Holdings Co.,Ltd. ဝန်ထမ်းမိသားစုများ၏ စုပေါင်းကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ ၂၂ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်းများနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြကာ အန္တရာယ်ကင်း ပရိတ်တရားတော်များနာကြားခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါသည်။
20/03/2023
ဧရာဟင်္သာဟိုလ်းဒင်းကုမ္ပဏီလီမိတက် ဝန်ထမ်းမိသားစုများ၏ အပန်းဖြေပုဂံဘုရားဖူးခရီးစဥ်အတွင်း ညစာစားပွဲ အခမ်းအနား ( Dinner Party ) ကို Bagan Thiripyitsaya Sanctuary Resort တွင် ၂၀၂၃ ခုနှစ် မတ်လ ၄ရက် နေ့ ညနေက ပြုလုပ်ခဲ့ပါသည်။
ညစာစားပွဲအခမ်းအနားတွင် ဝန်ထမ်းအချင်းချင်း ချစ်ခင်ရင်းနှီးမှုရှိစေရန် ဂိမ်းကစားခြင်းနှင့် လက်ဆောင် ပစ္စည်းများ အပြန်အလှန်လဲလှယ်ခြင်း၊Unplugged တေးဂီတဖြင့် ဝန်ထမ်းများမှ သီဆိုဖျော်ဖြေခြင်း၊ကုမ္ပဏီမှ ငွေသားနှင့် အိမ်သုံးပစ္စည်းများအား ကံစမ်းမဲ ဖောက်ပေးခြင်း၊ Photo Booth များထားပေးပြီး အလှဓာတ်ပုံ နှင့်အမှတ်တရဓာတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဝန်ထမ်းမိသားစုများမှ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ဧရာဟင်္သာဟိုလ်းဒင်းကုမ္ပဏီလီမိတက် ဝန်ထမ်းမိသားစုများ၏ ၂၀၂၃ခုနှစ် မတ်လ ၂ရက်မှ ၅ရက်နေ့အထိ အပန်းဖြေပုဂံခရီးစဥ်အတွင်း ပုဂံဒေသရှိတန်ခိုးကြီးဘုရားများအားဖူးမျှော်ခြင်း၊ ဆွမ်းနှင့်ဆီမီးကပ်လှူခြင်း၊ ဘုရားပုရဝဏ်အတွင်း သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ဖြင့် စုပေါင်းကုသိုလ်ပြုလုပ်ခဲ့ကြပြီး လက်ပန်းချီရေးဆွဲခြင်း၊ နေဝင်ချိန် ( Sun set )အလှကြည့်ရှုခြင်းနှင့်အလှဓာတ်ပုံရိုက်ကူးခြင်းများကိုလည်း ပုဂံရောက် အမှတ်တရ အဖြစ် ပြုလုပ်ခဲ့ပါသည်။
16/03/2023
ဧရာဟင်္သာဟိုလ်းဒင်းကုမ္ပဏီလီမိတက် ဝန်ထမ်းမိသားစုများသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြို့နယ်၊ ငှက်ပစ်တောင်ရပ်၊ ‘ဇေတဝန်’ ဘုန်းတော်ကြီးသင်ပညာရေး (မူလတန်းလွန်) ကျောင်း- ကျောင်းအုပ်ဆရာတော် အရှင်အာဒိစ္စ အားအမှူးပြု၍ ကျောင်းရှိရဟန်းသံဃာနှင့် ကိုရင်သာမဏေ များအား မတ်လ (၄)ရက်နေ့က နေ့ဆွမ်းဆပ်ကပ်ခြင်း၊ ကျောင်း၌ လိုအပ်သည်များ အသုံးပြု နိုင်ရန်အတွက် နဝကမ္မအလှူငွေများ လှူဒါန်းခြင်း၊ အန္တရာယ်ကင်း ပရိတ် တရားတော်များနာကြားခြင်းနှင့် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ထို့ပြင် အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ဆရာ၊ ဆရာမတို့အား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။
13/03/2023
ဧရာဟင်္သာဟိုလ်းဒင်းကုမ္ပဏီလီမိတက် ဝန်ထမ်းမိသားစုများသည် ပုဂံဒေသရှိ တန်ခိုးကြီးဘုရားများ၌ လူမှုအကျိုးပြုလုပ်ငန်း Corporate and Social Responsibility (CSR) Activities များကို ၂၀၂၃ခုနှစ် မတ်လ ၃ရက်နှင့် ၄ရက်နေ့များတွင် နှစ်ရက်တာပြုလုပ်ခဲ့ပါသည်။
မတ်လ ၃ရက်နေ့တွင် ရွှေစည်းခုံဘုရားရင်ပြင်တော်ပေါ်၌ ဆွမ်းကပ်လှူဒါန်းခြင်းနှင့် ညနေပိုင်းတွင် ဗူးဘုရား၌ ဆီမီးတစ်ထောင်ကပ်လှူပူဇော်ခြင်း၊ မတ်လ ၄ရက်နေ့တွင် အလိုတော်ပြည့်ဘုရား၌ ပတ်ဝန်းကျင်သန့်ရှင်းရေး အဖြစ် စုပေါင်းတံမြက်စည်းလှဲခြင်း ၊ အမှိုက်ကောက်ခြင်း၊ဘုရားရင်ပြင်တော်ပေါ်တွင် သန့်ရှင်းရေးပြုလုပ်ခြင်း စသည့်ကုသိုလ်မှုများနှင့်လူမှုအကျိုးပြုလုပ်ငန်းများကို ဝန်ထမ်းမိသားစုများမှ ပြုလုပ်ခဲ့ကြသည်။
ဧရာဟင်္သာဟိုလ်းဒင်းကုမ္ပဏီလီမိတက် အနေဖြင့် ဝန်ထမ်းများလုပ်ငန်းခွင်အတွင်း ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်နှင့် အချင်းချင်းချစ်ခင်စည်းလုံးမှုရှိစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ မတ်လ ၂ရက်မှ ၅ရက်နေ့ အထိ ဝန်ထမ်း ၁၀၀ ကျော်အား အပန်းဖြေပုဂံဘုရားဖူးခရီးစဥ်ကို ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
26/05/2022
" Ayeyar Hinthar Holdings Co., Ltd.” က ကျင့်သုံးလိုက်နာဆောင်ရွက်လျက်ရှိသော ISO 9001:2015 Quality Management System (QMS) နှင့် Hazard Analysis and Critical Control Points (HACCP) စနစ်များကို ၂၀၂၂ ခုနှစ်၊ မေလ ၂၄ နှင့် ၂၅ ရက်များတွင် Global Greatness Co., Ltd. ၏ External Main Auditor များမှ ကုမ္ပဏီရုံးချုပ်နှင့် ရုံးခွဲများသို့ လာရောက်စစ်ဆေးခဲ့ပါသည်။
လာရောက်စစ်ဆေးပေးခဲ့သော ISO & HACCP External Auditor များနှင့် စစ်ဆေးမှုခံယူခဲ့သော သက်ဆိုင်ရာဌာနအသီးသီးမှ ဌာနတာဝန်ခံများ၊ ဝန်ထမ်းမိသားစုများအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
26/05/2022
Ayeyar Hinthar Holdings Co., Ltd. မိသားစု မှ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာရှိ အဝါရောင်မျိုးဆက်သစ်ကလေးများ စောင့်ရှောက်ရေးကျောင်း (YGW) မိဘမဲ့ကလေးငယ်များအတွက် ဆန်အိတ်နှင့် အဝတ်ပိတ်လိပ်များအား ၂၀၂၂ ခုနှစ်၊ မေလ (၂၀) ရက် သောကြာနေ့ တွင် သွားရောက်လှူဒါန်းခဲ့ကြပါသည်။
06/01/2021
Ayeyar Hinthar Holdings Co.,Ltd. သည် ရန်ကုန်ဆေးရုံကြီးတွင် Covid-19 ရောဂါကုသရေး ဆောင်ရွက်ပေးနေသော ဆရာ၀န်များ၊သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် နေ့လည်စာ ထမင်းဗူး (၁၅၀) အား ၂၀၂၁ ခုနှစ်၊ ဇန်န၀ါရီလ၊ (၅) ရက် (အင်္ဂါနေ့) တွင် လှူဒါန်းခဲ့ပါသည်။
03/01/2021
ယနေ့ ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် (၇၃) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား Ayeyar Hinthar Holdings မိသားစု မှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုကြိုဆို လိုက်ပါသည်။
25/12/2020
🎄 🎄 Merry Christmas & Happy New Year 🎄 🎄
ပျော်ရွှင်စရာ Christmas ကာလမှာ မိတ်ဆွေများအားလုံး စီးပွါးလာဘ်လာဘများ တိုးတက်ပြီး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း Ayeyar Hinthar Holdings Company Limited မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🏻🙏🏻
08/12/2020
“အမျိုးသားနေ့ တို့မမေ့”
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သည့် နှစ် (၁၀၀) ပြည့် “ အမျိုးသားနေ့” ကို Ayeyar Hinthar Holdings မှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
27/11/2020
တန်ဆောင်မုန်းလပြည့် အချိန်အခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်း စီးပွားလာဘ်လာဘများရွှင်လန်းပြီး ကောင်းကျိုးချမ်းသာအရာရာ ပွားများပါစေကြောင်း ဧရာဟင်္သာဟိုးလ်ဒင်းကုမ္ပဏီလိမိတက်မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏🏻🙏🏻
23/11/2020
Covid ရောဂါခံစားရပြီး Oxygen Therapy လိုအပ်သောလူနာများအတွက် ယနေ့ နိုဝင်ဘာလ ၂၃ ရက်တွင် Ayeyer Hinthar Holdings၊ A Bank ၊ ပုသိမ်စက်မှုမြို့တော် နှင့် ဝိတိုရိယဆေးရုံ တို့ မှ ရန်ကုန်ဆေးရုံကြီးရှေ့ ကားပါကင်ဝန်းအတွင်း ကုန်ကျငွေ ကာလတန်ဖိုး ကျပ် သိန်း(၂၀၀၀) ခန့် ရှိသော ကုတင် (၁၀၀) ဆံ့ HDU အရေးပေါ်ယာယီတိုးချဲ့ဆောင်နှင့် ဆရာဝန်သူနာပြုများ ယာယီနားနေဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။
A Bank နှင့် ဝိတိုရိယဆေးရုံကြီး အနေဖြင့်လည်း Covid 19 ရောဂါတိုက်ဖျက်ရေးတွင် တစ်တပ်တစ်အားပါဝင်ကုသပေးလျက်ရှိသော ဆရာဝန် သူနာပြုများ အတွက် အထွေထွေရန်ပုံငွေ ကျပ် သိန်း (၂၀၀) ကို ထပ်မံလှူဒါန်းခဲ့ပါသည်။