East Dagon People security force

East Dagon People security force

Share

စစ်အာဏာရှင်ဆန့်ကျင်ရေး အရှေ့ဒဂုံြ?

06/08/2021

"ငါတို့အားလုံးဆီ ရောက်လာတော့မယ့်နေ့တနေ့အကြောင်း"

မြို့ကြီးတွေကို စစ်မြေတလင်းလို စိစိညက်ညက်အချေခံခဲ့ရ
ပြီးတဲ့နောက် တစစနဲ့ ပြန်လည်လှုပ်ရှားအသက်ဝင်လာတာကို ပုံမှန်ပြန်ဖြစ်သွားပြီလို့ ပုံဖော်နေကြသူတွေ ရှိတယ်။

တော်လှန်ရေးဆိုတာ ဒါပါပဲကွာလို့ သမိုင်းအဆွေးကြီးထဲက ရုန်းမထွက်ချင်ကြသူတွေက အတိတ်ကာလကို ပုံတူယူပြီး အနာဂတ်ကို စိတ်ကူးယဉ်ပြီး ပုံဖျက်ပြောဆိုနေကြတာတွေလည်း ရှိတယ်။

အဲဒီလို စစ်ဖိနပ်ကို ခါးချိအောင်ကုန်းပြီး လျှာနဲ့ လျက်နေကြသူတွေအကြားမှာ ငါတို့ဟာ ငါတို့အလုပ်ကို နေ့စဉ်မပြတ် လုပ်နေကြတယ်။

ငါတို့ဟာ ငါတို့ ခရီးကို ငါတို့အင်အားနဲ့ ငါတို့ ဆက်နေကြတယ်။

မြို့ပေါ်က လူက မြို့ပေါ်မှာ ဆက်ပြီး ဆန့်ကျင်နေကြတယ်။
တောထဲက လူက တောတွင်းမှာ လေ့ကျင့်နေကြတယ်။
လွတ်မြောက်နယ်မြေက လူကလည်း ရသလို ဖီဆန်နေကြတယ်။

နွေဦးတော်လှန်ရေးဟာ...
မုန်တိုင်းထဲမှာပဲ ရှေ့သို့ တဆင့်ပြီး နောက်တဆင့်။

ငါတို့ဟာ တခုတည်းသော ယုံကြည်ချက်ပေါ် အားလုံးစုစည်းညီညွတ်စွာ အင်အားအပြည့် တလှမ်းချင်း နောက်မဆုတ်စတမ်း ခိုင်ခိုင်ကြည်ကြည် လျှောက်လှမ်းနေကြတယ်။

ဒီမြေမှာ ...
စစ်အာဏာရှင် စနစ် အမြစ်ပြတ် ကျရှုံးပျောက်ကွယ်စေရမယ်။

ဒီမြေမှာ...
လူတစုကောင်းစားရေးအတွက် ပြည်သူကို ရန်သူသဖွယ် သတ်ဖြတ်နှိမ်နင်းနေတဲ့ အသုံးချခံ စစ်တပ်ကို အပြီးပြတ် ချေမှုန်းသုတ်သင်ဖျက်သိမ်းပစ်ရမယ်။

ဒီမြေမှာ...
ပြည်သူကို သစ္စာမခံ၊ မစောင့်ရှောက်ဘဲ နီးရာဓားကြောက်၊ နှလုံးသားမှာ လောက်ပေါက်နေတဲ့ ဝန်ထမ်းတွေနဲ့ မောင်းနှင်နေတဲ့ အုပ်ချုပ်ရေး ယန္တရားတခုလုံးကို တစစီပျက်သုဉ်းနိဂုံးချုပ်စေရမယ်။

ငါတို့ အမိမြေကို အကျည်းတန်စေတဲ့ အဓမ္မဝါဒီ မိစ္ဆာကောင်တွေရဲ့ အာဏာငရဲမီးကို နောက်ဆုံးမီးတောက်အဖြစ် ငါတို့ ငြိမ်းသက်ကြမယ်။

ငါတို့ လွတ်မြောက်ကြရမယ်။
တရားမျှတမှု ပြန်ရကို ရရမယ်။
ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ကို ဖြစ်ရမယ်။

အဲဒီ ယုံကြည်ချက်တွေနဲ့ ပေးဆပ်စွန့်လှူခဲ့ကြတဲ့ ငါတို့ ပြည်သူတွေရဲ့ သွေးကြွေးကို ပြန်ရယူမယ့်နေ့။

ငါတို့အားလုံးရဲ့ ရင်ခေါင်းထဲလာတဲ့ အသံနက်ကြီးနဲ့ ...
"စ..............."
ဆိုပြီး တနိုင်ငံလုံး ညာသံပေး တိုက်ပွဲခေါ်သံပေးမယ့်နေ့။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကြီးနဲ့အတူ ငါတို့ ပြည်သူအားလုံး ရရာလက်နက်ဆွဲကိုင်ပြီး တနိုင်ငံလုံး DDay တိုက်ပွဲခေါ်မယ်နေ့။

အဲဒီနေ့ကို...
ငါတို့ အားလုံး နားစွင့်နေကြတယ်။
ငါတို့ အားလုံး အသင့်ရှိနေကြတယ်။
ငါတို့ အားလုံး စောင့်စားနေကြတယ်။

အဲဒီနေ့ဆီ ...
ငါတို့ အားလုံး ချီတက်နေကြတယ်။

D Day နေ့မှာ ရာဇဝင်သစ်
ငါတို့ခေတ် ဖြစ်စေရမယ်။

ငါတို့ခေတ်ကို ရောက်ကို ရောက်စေရမယ်။
------------------
Naing Think Myat -နိုင်သင့်မြတ်

06/08/2021

ပြည်သူ့ကာကွယ်ရေးတပ်မတော်။

( ပြည်သူ့စစ်သား People Defense force)

05/08/2021

မပြီးဆုံးသေးတဲ့ ၈ လေးလုံး
လူထုလွတ်မြောက်ရေး တို့အတူရုန်း
_______________________

၁၉၆၂ ဆဲဗင်းဂျူလိုင်၊ ၇၄-၇၅-၇၆ ကျောင်းသားလှုပ်ရှားမှုတို့ကစတင်ခဲ့တဲ့ စစ်အာဏာရှင်တော်လှန်ရေး ခရီးရှည်ကြီးဟာ ယခု ၂၀၂၁ နွေဦးတော်လှန်ရေးကာလတိုင်အောင် မပြီးဆုံးသေးပါဘူး။ လူထုဟာ ၁၀ နှစ်တာ ရွှေရည်စိမ်ဒီမိုကရေစီကိုသာခံစားခဲ့ရဖူးပြီး စစ်အာဏာရှင်လက်အောက်ကျရောက်ခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ရှိခဲ့ပါပြီ။

စစ်အာဏာရှင်စနစ်ကို လူထုလူတန်းစားတရပ်လုံးက တခဲနက်ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ၈ လေးလုံး အရေးတော်ပုံကြီးဟာလည်း လာမယ့် ဩဂုတ်လ ၈ ရက်နေ့မှာ ၃၃ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တို့ရဲ့ လူထုအပေါ် အဖက်ဖက်က မတရားဖိနှိပ်မှုချုပ်ချယ်မှု၊ ခေါင်းပုံဖြတ်မှုတွေကြောင့် ပေးဆပ်ခဲ့ရတဲ့ အသက်သွေးချွေးတွေဟာလည်း မရေမတွက်နိုင်အောင်ရှိနေပါပြီ။

ဒါကြောင့် အဖိနှိပ်ခံလူထုတရပ်လုံးသွေးစည်းညီညွတ်ပြီး မိမိတို့ကိုဖိနှပ်ခြယ်လှယ်နေတဲ့ စစ်အုပ်စုကို ကျူပင်ခုတ် ကျူငုတ်မကျန် တခါတည်းရှင်းလင်းပစ်ဖို့ အချိန်တန်ပါပြီ။ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ဖို့၊ ဖိနှိပ်သူအပေါင်းကို တွန်းလှန်ကြဖို့၊ ကမ္ဘာသစ်တခုကို အတူတူတည်ဆောက်ကြဖို့အတွက် ဖိနှိပ်ခံလူထုတရပ်လုံး အတူတူရုန်းကန်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

#၈လေးလုံး

#အရှေ့ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ
#ဗကသများအဖွဲ့ချုပ်

03/08/2021

ဒေသ အသီးသီးမှ နွေဦးတော်လှန်ရေး တပ်ဖွဲ့များ ရဲဘော်များ ခင်ဗျား

မိမိတို့၏ တော်လှန်ရေး အမည်နာမများ ၊ ကုဒ်သင်္ကေတများ အသုံးပြု၍သော်လည်းကောင်း ၊ ဆက်သွယ်ရေးများတွင်လည်း signal , telegram, viber ကဲ့သို့ app များ အသုံးပြု၍သော်လည်းကောင်း (ဖွင့်ထားသော မူလဆင်းကဒ်များ ဖြုတ်ထားရန်လိုအပ်) ဆောင်ရွက်စေလိုပါသည်။

မည်သည့် အကြောင်းနှင့်မျှ မိမိအဖွဲ့ မဟုတ်သော အခြားအဖွဲ့မှ တစုံတဦး ကို မိမိ အခြေချရာ နေရာနှင့် ပတ်ဝန်းကျင်ကို အသိပေးခြင်း ချိန်းဆိုခြင်း မပြုလုပ်ရန် လိုအပ်ပါသည်။

အဖမ်းအဆီး သတင်း တစုံတရာ ကြားသိ ရှိခဲ့၍ မိမိ အဖွဲ့သား တစုံတယောက် (သို့မဟုတ်) အဆက်အသွယ်ပြုဘူး သူ ပါဝင်လျှင် သိရလျှင် သိရခြင်း မှ အချိန် ၂ရက် အတွင်း ရွေ့ပြောင်း တပ်ဖျောက်ခြင်း ပြုစေချင်ပါသည်။ အဖမ်းခံရသူ အနေဖြင့် စစ်ကြောရေး ဒါဏ်ကြောင့် ၂ရက်ကျော်လျှင် ဖွင့်ဟထုတ်ဖော်ခြင်းများ ဖြစ်လာနိုင်ပါသည်။

PDF အပါအဝင် သင်တန်းဆင်း တပ်ဖျောက်ရဲဘော်များ အနေဖြင့် သဘာဝကျစွာနေထိုင်စေလိုပါသည်။ တပ်ဖျောက်ထားရန်ကိုက တာဝန် ဆိုတာ မမေ့လျော့ရန် လိုအပ်ပြီး ၊ မလိုအပ်ပဲ မိမိတို့ ကြုံဆုံ ဖြတ်သန်းခဲ့ရသည်များကို မည်သူကိုမှ သဘောရိုးပြောခြင်းမှ အစ ၊ ကြွားဝါခြင်း အဆုံး မပြုလုပ်ပဲ နှုတ်စောင့်ထိန်းပေးကြရန် လိုအပ်ပါသည်။

သင့်၏ လုံခြုံရေးသည် သင်၏ ကိုယ် နှုတ် အမူအရာ ပေါ်တွင်လည်း များစွာ တည်ရှိပါသည့် အကြောင်း ၊ အန္တရာယ် ဘေးကင်းစေရန် အလို့ငှာ တိုက်တွန်း သတိပေးအပ်ပါသည်။

လေးစားစွာဖြင့်
ပြန်လည်မျှဝေပါသည်
A.B.I.A

31/07/2021

မြောက်ဒဂုံနှင့် အရှေ့ဒဂုံက “ရဲ”များမြင်ကြပါစေ

“ရဲဘော်တို့ ပတ်ဝန်းကျင်မှာ ရဲဆိုပြီး
ဂုဏ်ယူရမယ့် နေ့ရက်တွေ မရှိတော့ဘူး-
ရဲဘော်တို့ ကိုယ်တိုင် ရဲဖြစ်နေတာ ရှက်နေရလိမ့်မယ်—
ပြည်သူနဲ့အတူရုန်းထွက်ကြတော့—ရဲဆိုရင် အပေါ်စီးကဖိနှိမ်ထားတဲ့စစ်အာဏာရှင်အဖွဲ့ကို ပြန်တွန်းလှန်ကြတော့-ဒီအချိန်ဟာ စစ်ခွေးတွေခိုင်းသမျှလုပ်ရမယ့်အချိန်မဟုတ်တော့ဘူး— ”

ရဲမှူးကြီးတင်မင်းထွန်း(CDM)
ရဲ၅၁၃၅ - ရန်ကုန်တိုင်းဒေသကြီး

Photos from East Dagon People security force's post 31/07/2021

တော်လှန်ရေးအဆုံးအဖြတ် သို့မဟုတ် PDF

PDF ကိုလေ့လာကြည့်တဲ့အခါ အပိုင်း ၃ ပိုင်းတွေ့ရပါတယ်

တောထဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူ နေထိုင်တိုက်ပွဲဝင်နေသူတွေ

သင်တန်းရက်တိုတက်ပြီး ပြည်တွင်းမြို့ပေါ်တွေမှာ
ကိုယ်တိုင်လုပ် လက်လုပ်ဗုံး လုပ်သေနတ်လေးတွေ
နဲ့ UG လုပ်နေသူတွေ

ဘယ်သင်တန်းမှမတတ်ပဲ ကိုယ့်ရပ်ကိုယ်ရွာတွေမှာ
အင်အားတွေစု ရရာလက်နက်နဲ့ စခတွေကို တော်လှန်နေသူတွေ

ဒီသုံးမျိုးတွေ့ရပါတယ်
ခက်တာက သူတို့ရင်ဆိုင်နေရတာက Goverment
Army ကိုပါ ခေတ်မှီလက်နက်တွေတပ်ဆင်ထားပြီး
ပရိုအဆင့်ကို ရရာလက်နက်နဲ့တော့တိုက်လို့မရပါဘူး
ဒါပေမယ့် အသက်စွန့် ရအောင်တော့တိုက်ကြပါတယ်

KNU ,KIA တို့နဲ့ တွဲတိုက်တဲ့ နယ်ဘက်တွေဆို အသာ
ရတာများပါတယ် လက်နက်ချင်းကသိပ်မကွာတော့
ကြောက်စရာမလိုပါဘူး
အင်အားကတော့ ပြောစရာမလိုပါဘူး အကုန် PDF
ပါပဲ

ပြောချင်တာက လက်နက်ပါ
အခုတော်လှန်ရေးကို တစ်နိုင်ငံလုံး ဦးဆောင်နေသူ
တွေက ပြည်တွင်းက PDFတွေကို လက်နက်သာပံပိုးပေးနိုင်ရင် တော်လှန်ရေးဟာ ခရီးရောက်တာကြာပါပြီ

တစ်ဖက်က M 16 AK47 ရိုင်ဖယ်တွေနဲ့ အတွဲလိုက်
ပစ်နေတာကို ယမ်းထောင်းတူမီး သေနတ်လေးနဲ့ တစ်ချက်ပစ် တစ်ခါယမ်းထည့်နဲ့ အဆင်မပြေပါဘူး စိတ်ဓာတ်တစ်ခုထဲနဲ့ စစ်တိုက်လို့အနိုင်ရစတမ်း
ဆို အင်္ဂလိပ်တွေမြန်မာပြည်ကို မသိမ်းနိုင်ဘူး

ပါးစပ်ကအာမနေကြပါနဲ့ အခုအသေခံတိုက်နေသူ
တွေ ဘယ်သူမှလွှတ်တော်ထဲ မတတ်ဘူး တိုင်းပြည်
အတွက် စခတွေကို အသက်နဲ့ရင်းတိုက်နေတာ
သူတို့တကယ်လိုအပ်နေတဲ့ လက်နက် ရိက္ခာတွေခင်
ဗျားတို့သာ ပံပိုးပေးလိုက်စမ်းပါ
နေပြည်တော်ကို တက်မသိမ်းနိုင်ရင် ကြိုက်သလိုပြော

ခင်ဗျားတို့တွေလဲ PDF ဘေးကင်းပါစေ အောင်မြင်ပါစေ အလကားရတိုင်း ကီးဘုတ်ကနေမန့်နေမယ့်
အစား ၅၀၀၀ ၁၀၀၀၀ လှူပေးလိုက်ကြပါလားဗျာ
လူ ၁သန်းပဲ တစ်ယောက် တစ်သောင်း PDF ကိုထောက်ပံ ပွဲမြန်မြန်ပြီးတယ်

တော်လှန်ရေးရဲ့အဆုံးအဖြတ်နဲ့ မြန်မာပြည် အနာဂတ် ကို အဆုံးအဖြတ်ပေးမှာ နိုင်ငံအတွက်
ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံ ဘဝတွေစတေးနေတဲ့
PDF ဆိုတဲ့ လူငယ်တွေပဲဖြစ်ပါတယ်

သူတို့အားကောင်းဖို့လိုပါတယ် သူတို့ကို ကူညီကြပါ
ပံပိုးပေးကြပါ ကဗ္ဗည်းအတင်မခံရပေမယ့် သူတို့
တောင် အသက်စွန့်ပေးနေတာ ပြည်သူတွေအနေနဲ့
ထောက်ပံပေးစေချင်ပါတယ်

တိုင်းပြည်အတွက်တစ်ကယ်လိုအပ်တာဘာလဲ
အမှန်ကို အမြန်ဆုံးမြင်တတ်ကြပါစေ # crd

Photos from East Dagon People security force's post 31/07/2021

ကျွန်တော်တို့အရှေ့ဒဂုံတွင်ရှိသော ပြည်သူများ ခင်ဗျာ။ ကျွန်တော်တို့ အရှေ့ဒဂုံမြို့နယ်တွင် ရှိသော စ က စ လက်ပါးစေ သတင်းပေးဒ လန် လောက်ကောင်များ ကို ကျွန်တော်တို့ ( East Dagon People Defense force ) မှ အပြတ်ရှင်းလင်းသုတ်သင်တော့မည်ဖြစ်ပါကြောင်းပြည်သူများကိုကြိုတင်အကြောင်းကြားအပ်ပါသည်။ မိဘပြည်သူများ အနေဖြင့် ကျွန်တောတို့ Team ကို လောက်ကောင်ဒလန်တွေရဲ့ အချက်အလက(် Data )များကို သိရှိပါက ကျွန်တော်တို့ Team ရဲ့ page ( CB )မှာ ပို့ပေး၍ကူညီပူးပေါာင်းပေးကြပါခင်ဗျာ

31/07/2021

ပြည်သူများအားလုံး ယခု ဖြစ်ပွားလျကှ် ရှိသော် Covid -19 ကပ်ရောဂါဆိုးမှ ကင်းလွတ်၍ အကြမ်းဖက် စစ် ခွေး အာဏာရူးများ ၏ အန္တာရယ် မှလည်း ကင်းကွာ ၍ အသက်ရှည်ကျန်းမာစွာ စိတ်ချ လုံခြုံ နေထိုင် ရပါစေ လို့ ကျွန်နော်တို့ East Dagon People Security Force မှ လေးလေးနက် ဆုတောင်းပေးပါတယ်ခင်ဗျာ အရေးတော်ပုံ အောင်ရမည်။ စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်။ Leader & တာဝန်ခံ ဗိုလ် အာကာ။

31/07/2021
31/07/2021

သူရဲကောင်း အလိုရှိသည်
*****************
လူပင်ကောင်းလျက်
မူကောင်းမရှိ တွေဝေဘိက
မြှော်သည့်ပန်းနှင့် ဝေးချိမ့်မည် ။

မူပင်ကောင်းလျက်
လူကောင်းမရှိ ဖောက်ပြန်ဘိက
မြှော်သည့်ပန်းနှင့် ဝေးချိမ့်မည် ။

ပညာတတ်လျက်
ခိုကပ်စိတ်ထား ကျင့်ပျက်ပြားလျှင်
တို့များ မလိုချင်ပါပေ ။

ရာထူးရှိလျက်
အသိမဝင် လာဘ်ကိုမင်က
တွင်တွင် ခေါင်းခါရမည်ပင် ။

ဥစ္စာရှိလျက်
ဇာတိစိတ်ထား လှည့်ဖြားဆိုးယုတ်
သွေးစုတ်ချယ်လှယ် အမြစ်တွယ်က
ဖယ်ကာ ချန်လှပ်ရမည်တည်း ။

တွေးခေါ်မြော်မြင် ဆင်ခြင်မှုကင်း
သွေဖည်ရင်းနှင့် လူချင်းပူးကပ်
အသေသတ်မည့် လုပ်ရပ်မမှန်
ဖောက်ပြန်အားစု ရန်ဘက်ပြုမူ
မည်သူ့မဆို အလိုမကျ
ဘယ်မျှတော်တော် မသင့်လျော်ပြီ
တွေ့သော် ချေမှုန်းရမည်တည်း ။

တိုင်းပြု ပြည်ပြု
ထူထောင်မှုနှင့် လူမှုလူရေး
မြှော်တွေးသိမြင် ကုန်စင်တတ်မြောက်
မဖောက်မပြန် ခံယူစိတ်ဓာတ်
မြင့်မြတ်ရိုးသား ဖြစ်ပါငြားမူ
နည်းပါးပညာ ဥစ္စာနုံနဲ့
ရာထူးမဲ့စေ မိတ်ဖွဲ့ကမ်းလှမ်း
ဝမ်းပန်းတသာ လက်တွဲပါမည်
မြှော်ရာပန်းသို့ ရောက်သည့်တိုင် ။ ။

ပုသိမ်အေးကျော်
credit

31/07/2021

အခုစဝင်တဲ့ညီများနဲ့ လေ့လာနေတဲ့ညီများစစ်တိုက်နည်း လမ်းညွှန်

၁. သေနတ်ပစ်ရင် အနေအထား သုံးမျိုးရှိ။ လဲလျောင်းပြီး ပစ်ရင် လက် အတည့်ဆုံးဖြစ်။ ထိုင်ပစ်ရင် ဒုတိယ အကောင်းဆုံး။ မတ်တပ်ရပ်ပြီး ပစ်တာဟာ ပစ်မှတ်ကို အတိအကျ ထိဖို့ အခက်ဆုံးဖြစ်။ လဲပြီး ပစ်တာနဲ့ ထိုင်ပြီးပစ်တဲ့အခါ တံတောင်ဆစ် နဲ့ ဒူးပေါ် လက်ထောက်ထားနိုင်လို့ ချိန်ရင် ပိုတိကျ။

၂. အရာဝတ္ထု object တွေမှာ top view, side view, bottom view, isometric view တွေဆိုတာ ရှိတယ်။ အရာဝတ္ထု ကို အပေါ်က မြင်ရပုံ, ဘေးက မြင်ရပုံ, အောက်က မြင်ရပုံ, 3D မြင်ရပုံ စသည်ဖြင့်။ ဥပမာ လူကို အပေါ်တည့်တည့်ကကြည့်ရင် ခေါင်းနဲ့ ပုခုံးပဲ မြင်ရမယ်။ ရှေ့တည့်တည့် မှတ်တတ်ရပ် မြင်ရင် တစ်ကိုယ်လုံးကို မြင်ရမယ်။ ဘေးတိုက်ဆိုရင် ရှေ့တည့်တည့်က မြင်ရတာထက် အရွယ်အစား နည်းနည်းသေးသွားမယ်။ စစ်တိုက်တဲ့အခါ ရန်သူရဲ့ ပုန်းနေတဲ့ ခန္ဓာကိုယ် အနေအထားပေါ် မူတည်ပြီး ပစ်မှတ်ဟာ ကြီးတာ, သေးတာ ကွာသွားတယ်။ ကိုယ့်ကို ရန်သူဘက်က မြင်တာလည်း ကိုယ့် body positions တွေပေါ် မူတည်တယ်။ ရန်သူဘက်က ကိုယ့်ကို ကြည့်ရင် သေးနိုင်သလောက် သေးအောင် လုပ်ရတယ်။ ပစ်မှတ်သေးသွားလေ ထိဖို့ ခက်လေ။

၃. သာမန်မြေ အနေအထားမှာ စစ်တိုက်ကြရင်, ကိုယ့်ဘက်က လက်နက်အင်အား လူအင်အားဟာ ဟိုဘက် ရန်သူဘက် နဲ့ တူရင်, ဘတစ်ပြန် ကျားတစ်ပြန်ချ။ ကိုယ့်ဘက်က များရင်, အတင်းထိုးတိုက် ချေမှုန်း။ ကိုယ့်ဘက် အားနည်းရင် နောက်ဆုတ်။

၎. ကိုယ့်ဘက်က မြေအနေအထား, သစ်ပင်အနေအထား ပိုကောင်းရင် ကိုယ့်ထက် အင်အားများတဲ့ ရန်သူတွေကို တိုက်နိုင်။

၅. အလင်းအမှောင်ဟာ object အရာဝတ္ထု တွေကို မြင်တဲ့နေရာမှာ အကျိုးထိရောက်မှု ရှိ။ သစ်ပင်အရိပ်မှာ ထိုင်နေ, နားနေတာဟာ အရိပ်မကျတဲ့ နေရာမှာထက် ရုတ်တရက် မြင်ဖို့ခက်။ သစ်ကုလားအုတ် တွေ နားနေတဲ့ ပုံကို ကြည့်ပါ။ အကျွန်ုပ် ဆိုလိုချက်ကို တွေ့ရမည်။

၆. ရှေ့တန်းမှာ စစ်တိုက်ရင် ကျည်ကွယ် မျက်ကွယ်လား? ဆိုတာကို သိရမယ်။ ခြုံတွေနောက်မှာ ရှိတဲ့ သစ်ပင်ကြီးနောက်မှာ ပုန်းတာဟာ ကျည်ကွယ် မျက်ကွယ် ဖြစ်တယ်။ သစ်ပင်မရှိတဲ့ ခြုံထဲ ပုန်းတာဟာ မျက်ကွယ်ဖြစ်တယ်။ ကျည်ကွယ်မဟုတ်။ ရန်သူဘက်က သေနတ်နဲ့ ဆွဲမွှေပစ်ရင် ခြုံထဲပုန်းနေသူကို ကျည်ထိနိုင်။

၇. ကျည်ကုန်လာရင် ဆုတ်ပြေးတဲ့ အချိန် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ နောက်ဆုံးကျည်တွေကို ချန်ထားပါ။ ကျည်ကုန်လာလို့ ဆုတ်တဲ့ အချိန်ဟာ အရမ်း အရေးကြီး။ နေ့ခင်း ၁ နာရီလောက်မှာ ဆုတ်ရင် နေဝင်ဖို့ အင်မတန် ဝေးသေးတဲ့ အတွက် ရန်သူဟာ ကိုယ့်ဘက်ကို ထပ်ချပ်မခွာ လိုက်လာနိုင်တဲ့အတွက် ဆုတ်ကျည် များများ ချန်ထားရမယ်။ နေဝင်ခါနီး ဆုတ်ရင်တော့ မှောင်တော့မှာမို့ ဆုတ်ကျည် အများကြီး မရှိရင်လည်း okay လောက်တယ်။

၈. ရန်သူကို အငိုက်တိုက် ambush လုပ်တဲ့ နည်း အများကြီးထဲက V shape ambush, L shape ambush တွေကို အသုံးများတယ်။

၉. ရေကူး သင်ထားပါ။ မိုးရာသီဆိုရင် ရေတွေ ဖြတ်ရမယ်။

၁၀. ဘယ်နေရာ ရောက်ရောက် သောက်ရေ နဲ့ အစားအစာဟာ အရေးအကြီးဆုံး ဆိုတာကို မှတ်ထားပါ။ ဗိုက်ဆာ ရေဆာရင် စစ်တိုက်ဖို့ အင်မတန် ခက်မည်။

၁၁. ရန်သူကို သတ်နိုင်ရင် အလောင်းတွေကို စိမ်ပြေနပြေ သွားမကြည့်နှင့်။ သိမ်းယူစရာရှိတာ မြန်မြန်ယူပြီး ထွက်သွားပါ။ မနစ်မြို့စရာတွေ တွေ့ဖန်များရင် စိတ်ဒဏ်ရာ ရလာနိုင်။

၁၂. ရန်သူကို ပစ်သတ်နိုင်ရင် လူသတ်မိလို့ အပြစ်ရှိသလို ခံစားရလာနိုင်။ အဲဒီလိုမျိုး feeling ကို တိုက်ထုတ်ပါ။ Block လိုက်ပါ။ အများကိုကာကွယ်ဖို့အတွက်၊ အများကောင်းဖို့အတွက် မဖြစ်မနေလုပ်ရသောကိစ္စဟု စိတ်နှလုံးထဲ အမြဲသွင်းပြီးနေပါ။

၁၃. စစ်ပွဲနှင့် မဆိုင်သူများကို မည်သည့်အခါမှ ဒုက္ခမပေးပါနှင့်။ ရန်သူ မများစေနှင့်။ မိတ်ဆွေ များပါစေ။

၁၄. အစာရေစာ ပြတ်လို့ ပြည်သူတွေဆီက အရေးပေါ် ရိက္ခာယူရရင်တောင် ငွေရှိက ဝယ်ယူပါ။ ငွေမရှိက တောင်းပန်ပြီး ယူပါ။

၁၅. ရှေ့တန်း စစ်မျက်နာတွင် ရန်သူနှင့် အချိန်မရွေး ထိတွေ့မှု ဖြစ်နိုင်သည်ကို သတိရပါ။ ပျော်ပွဲစားထွက်သည်မဟုတ်။

၁၆. ရန်သူ့နယ်မြေတွင် စစ်ကြောင်းသွားလျင် ခပ်ခွာခွာလျှောက်ပါ။ မြေမြုပ် မိုင်း အများစုသည် လူတစ်ယောက် ခြေတောက်ကို ပြတ်ရုံသာ ပြင်းအားရှိ။ မိုင်းထိရင် တစ်ယောက်တည်းသာ ထိမည်။ ရန်သူ့ နယ်မြေမှာ လျှောက်ရင် လမ်းဘေးက လျှောက်တာ ဘေးအကင်းဆုံး။ မိုင်းရှောင်ခြင်းဖြစ်။ ရန်သူ့ စခန်းရှေ့မှာတော့ ရှေ့ထွက်မိုင်း claymore mine တွေ ရှိနိုင်။ လူအများကြီးကို သေဆုံး ဒဏ်ရာ ရစေတဲ့ မိုင်းမျိုးဖြစ်။

၁၇. အရောင်တောက်သော အဝတ်အစားများကို အဝေးကပြင် မြင်နိုင်သည်ကို လူတိုင်းသိသော်လည်း ပြန်ပြီး သတိရစေလို။

၁၈. ပုန်းစရာ သစ်ပင် ခြုံနွယ် ပါးသော နေရာ, ကွင်းပြင်များ၌ အင်အားပိုများသော ရန်သူကို ရှောင်ပါ။ နေ့ခင်းတိုက်က ဝိုင်းဝန်းပိတ်ဆို့ခြင်းကို ခံရနိုင်။

၁၉. Asian တွေ, အရှေ့ အလယ်ပိုင်းက လူတွေ, အာဖရိက က စစ်သားတွေဟာ Geneva Convention စစ်သုံ့ပန်း ဥပဒေ ကို မလိုက်နာ သူတွေ များတယ်။ အဖမ်း မခံရအောင် သတိထား။ KIA ကတော့ စစ်သုံ့ပန်း ဥပဒေကို လိုက်နာကြောင်း ဖတ်ရတယ်။ ပုံတွေမှာလည်းတွေ့တယ်။

၂၀. Live today, fight tomorrow ဆိုတာကို သတိရပါ။ မနက်ဖြန် ဆက်တိုက်ဖို့ ဒီနေ့အသက်ရှင်ဖို့ အရေးကြီး

၂၁. အထက်ဖော်ပြပါ နည်းတွေဟာ စစ်သင်တန်းမတက်နိုင်တဲ့သူတွေအတွက်ဖြစ်။ ဒီအချက်တွေကို သိရင် အရေးပေါ် သေနတ် ကိုင်နိုင်ပြီ။

၂၂. စစ်တိုက်တယ် ဆိုတာ စိတ်ခံစားမှု emotion များတဲ့အရာ ဖြစ်တယ်။ War crimes စစ်ရာဇဝတ်မှု မကျူးလွန်မိအောင် သတိထားပါ။ Local laws, constitutional laws, international laws တွေဟာ စစ်ပွဲတွေ ပြီးသွားရင်လည်း ဆက်ရှိနေမှာ ဖြစ်တယ်။ စစ်ရာဇဝတ်မှု ကျူးလွန်ပြီးမှ ဥပဒေ က နောက်မှလိုက်တယ်။

မပေါ့ဆကြပါနဲ့ခင်ဗျား ....

စစ်သားဆိုတာ အမိန့်နာခံတတ်ဖို့လိုတယ်
ပုံ - စာ 💢

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon