Ye Tay Za Kyaw - နည်းပညာနှင့်Software

Ye Tay Za Kyaw - နည်းပညာနှင့်Software

Share

Welcome To My Page >>Ye Tay Za Kyaw (နည်းပညာနှင့်Softwares)

Da Surface 20/09/2017

New blog - www.dasurface.blogspot.com

Da Surface ရသများ,ဗဟုသုတ,နည်းပညာများ,ဗေဒင်ပညာရပ်,ချစ်သူ့ ရေးရာ,သီချင်းများ,မှော်ပညာရပ်များ,ကျန်းမာရေး,ထူးဆန်းထွေလာ,ဓမ္မရံသီစာမျက်နှာ,ဆက်သွယ်ရန် ,Ghost storys , Musics , Mp3 Songs , Love Novel , Knowledges , Magics , Technologys , Damma , Ye Tay Za Kyaw , Myanmar , Business Outsources Solutions Services Boss ,

Photos 06/02/2016

"Administrator တိုင်း သိထားသင့်သည့် Windows 7 Command Line (၁၀) ခု"

Windows 7 operating system ကို အသုံးပြုနေကြသူတွေ အတွက် command line တွေဟာ တစ်ခါတစ်ရံမှာ အကောင်းဆုံး ပြဿနာ ဖြေရှင်းနည်းတွေ ဖြစ်နေတတ်ပါတယ်။ Windows 7 desktop ပြဿနာကို လျင်မြန်စွာ ဖြေရှင်းနိုင်ဖို့ အခြေခံ အကျဆုံး command line (၁၀) ခုကို တင်ပြပေးလိုက်ပါတယ်။

(1) System File Checker

Manlicious software ဟာ ကွန်ပျူတာ စနစ် တစ်ခုလုံးကို ထိန်းချုပ်ဖို့ အတွက် အဓိက system file တွေ နေရာမှာ အစားထိုး နေရာယူလေ့ ရှိပါတယ်။ ဒါကြောင့် Windows system file တွေ မှန်ကန်မှု ရှိ၊ မရှိ ဆိုတာကို system file checker နဲ့ အသုံးပြုပြီး စစ်ဆေးကြည့်သင့်ပါတယ်။ System File Checker ကို ခေါ်ယူ အသုံးပြုနိုင်တဲ့ command ကတော့ "sfc/scannow" ဖြစ်ပါတယ်။

(2) File Signature Verification

System မှန်ကန်မှု ရှိ၊ မရှိ ဆိုတာကို စစ်ဆေးဖို့အတွက် သေချာတဲ့ နည်းလမ်း တစ်ခုကတော့ system file တွေ အားလုံးကို ဒီဂျစ်တယ်နည်းနဲ့ အမှတ်အသား ပြုလုပ်ဖို့ပါပဲ။ ဒီလို ပြုလုပ်ဖို့အတွက် File Signature Verification tool ကို အသုံးပြုနိုင်ပါတယ်။ ဒီ tool က command line နဲ့ ခေါ်ယူရတာ ဖြစ်ပေမယ့် GUI interface နဲ့ အသုံးပြုရမှာ ဖြစ်ပြီး ဘယ် system file တွေက အမှတ်အသား ပြုလုပ်ထားတယ်၊ မထားဘူး ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ File Signature Verification tool ကို "sigverif" ဆိုတဲ့ command line နဲ့ ခေါ်ယူနိုင်ပါတယ်။

(3) Driverquery

မှားယွင်းနေတဲ့ device driver တွေဟာ system ပြဿနာ အချို့ကို ဖြစ်ပေါ်စေပါတယ်။ Windows 7 system မှာ ဘယ်လို driver တွေ ထည့်သွင်းထားတယ် ဆိုတာကို driverquery tool နဲ့ ခေါ်ယူ ကြည့်ရှုနိုင်ပါတယ်။ ဒီ tool ကိုတော့ "driverquery" command နဲ့ ခေါ်ယူနိုင်ပြီး အချက်အလက်တွေ ပိုမို ပြည့်စုံစွာ သိရှိလိုတယ်ဆိုရင် "driverquery-v" နဲ့ driver ရဲ့ signature ကို သိလိုတယ် ဆိုရင်တော့ "driverquery-si" ဆိုပြီး ခေါ်ယူနိုင်ပါတယ်။

(4) Nslookup

Nslookup tool ကတော့ DNS name resolution မှန်ကန်စွာ အလုပ်လုပ်ခြင်း ရှိ၊ မရှိ ဆိုတာကို စစ်ဆေးဖို့ ကူညီပေးနိုင်ပါတယ်။ စစ်ဆေးလိုတဲ့ host name ကို nslookup နဲ့ run လိုက်တဲ့အခါ ဒီ tool က ၎င်း host name နဲ့ ပတ်သက်ပြီး ဖြေရှင်းပေးမှာ ဖြစ်သလို lookup ပြုလုပ်နေစဉ်အတွင်း အသုံးပြုလိုက်တဲ့ DNS server ကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မှန်ကန်မှု မရှိတော့တဲ့ DNS record တွေနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေကို အဖြေရှာရာမှာ အလွန် အသုံးဝင်ပါတယ်။ ဒီ tool ကို အသုံးပြုဖို့ အတွက်က်တော့ nslookup command ထဲကို ဝင်ရောက်လိုက်ပြီး ဖြေရှင်းလိုတဲ့ host name ကို နောက်ကနေ ထည့်ပေးလိုက်ရုံပါပဲ။ ဥပမာ "nslookup dc1.contoso.com" ဆိုပြီး ဖြစ်ပါတယ်။

(5) Ping

Ping ကတော့ ကွန်ပျူတာ ချွတ်ယွင်းချက်ကို အဖြေရှာတဲ့ command တွေထဲမှာ အရိုးရှင်းဆုံး ဖြစ်ပါတယ်။ Network host ရဲ့ အခြေခံ TCP/IP ချိတ်ဆက်မှုတွေကို ကြည့်ရှုဖို့အတွက် အသုံးပြုနိုင်ပြီး ping command ထဲမှာ စမ်းသပ်လိုတဲ့ IP address ကို ရိုက်ထည့်လိုက်ရုံပါပဲ။ ဥပမာ "ping 192.068.1.1" ဆိုတာမျိုးပါ။ ဒီ command အသုံးပြုတဲ့အခါ တစ်ခု သတိထားရမှာက ICMP traffic လို့ခေါ်တဲ့ Internet Control Message Protocol ကို ကွန်ပျူတာ firewall က ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။

(6) Pathping

တကယ်လို့များ firewall က ICMP traffic ကို ခွင့်မပြုတာကြောင့် ping ရဲ့ လုပ်ဆောင်ချက် မအောင်မြင်ခဲ့ဘူးဆိုရင် pathping utility ကို အသုံးပြုပေးနိုင်ပါတယ်။ Pathping ကိုတော့ host တွေအကြားမှာ ရှိတဲ့ တစ်ခုထက်ပိုတဲ့ router တွေရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေး ကြည့်ရှုဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဒီ command ကိုလည်း ping ကို ခေါ်ခဲ့တဲ့ အတိုင်း "pathping 192.168.1.1" ဆိုပြီး ခေါ်ယူနိုင်ပါတယ်။

(7) Ipconfig

ကွန်ပျူတာ တစ်လုံးရဲ့ IP address တွေကို ကြည့်ရှုဖို့အတွင် ipcofig command ကို အသုံးပြုနိုင်ပါတယ်။ Windows 7 system တစ်ခုလုံးရဲ့ IP configuration အပြည့်အစုံကို သိရှိလိုတယ်ဆိုရင် "ipconfig/all" ကို အသုံးပြုနိုင်ပြီး လက်ရှိ အသုံးပြုနေတဲ့ IP address ကို အသစ် ပြန်လည် ပြုလုပ်လိုတယ် ဆိုရင်တော့ "ipconfig/release ipconfig/renew" ဆိုပြီး ခေါ်ယူနိုင်ကာ DNS resolver cache ကို ဖော်လိုတယ် ဆိုရင်တော့ "ipconfig/flushdns" ဆိုပြီး ခေါ်ယူနိုင်ပါတယ်။

(8) Repair-bde

တကယ်လို့ Bitlocker နဲ့ encrypt ပြုလုပ်ထားတဲ့ drive ပြဿနာ ဖြစ်လာခဲ့မယ်ဆိုရင် repair-bde command ကို အသုံးပြုပြီး အချက်အလက်တွေကို ပြန်လည် ရယူနိုင်ပါတယ်။ ဒီ command ကို အသုံးပြုဖို့အတွက် အချက်အလက်တွေကို သိမ်းဆည်းပေးမယ့် destination driver တစ်ခုရဲ့ အမည်နဲ့ BitLocker recovery key ဒါမှမဟုတ် recovery password တို့ လိုအပ်ပါတယ်။ ခေါ်ယူနိုင်တဲ့ command ကတော့ "repair-bde-rk|rp" ဖြစ်ပါတယ်။ ဥပမာ "repair-bde c:d:-rk e:\recovery.bek"နဲ့ "repair-bed c:d:-rp 111111-111111-111111-111111-111111-111111" ဆိုပြီး ဖြစ်ပါတယ်။

(9) Tasklist

Tasklist command ကတော့ Windows 7 system မှာ အသုံးပြုနေတဲ့ လုပ်ဆောင်ချက်တွေရဲ့ အချက်အလက်တွေကို ကြည့်ရှုတာပါ။ "tasklist" command မှာ အခြား ရွေးချယ်စရာ ခေါ်ယူစရာ function တွေလည်း များစွာ ရှိပါတယ်။ ဥပမာ လုပ်ဆောင်ချက် တစ်ခုနဲ့ ပတ်သက်ပြီး ၎င်းနဲ့ ဆက်စပ်နေတဲ့ DLL module တွေ အားလုံးကို ဖော်ပြစေချင်တယ်ဆိုရင် "tasklist-m" ကို အသုံးပြုနိုင်ပြီး လုပ်ဆောင်ချက် တစ်ခုချင်းစီကို ထောက်ပံ့ပေးထားတဲ့ ဝန်ဆောင်မှုတွေကို သိလိုတယ် ဆိုရင်တော့ "tasklist-sve" ဆိုပြီး ခေါ်ယူ ကြည့်ရှုနိုင်ပါတယ်။

(10) Taskkill

Taskkill command ကတော့ လုပ်ဆောင်ချက် တစ်ခုချင်းစီကို အမည်နဲ့ ဖြစ်စေ၊ process ID နဲ့ ဖြစ်စေ ခေါ်ယူပြီးတော့ ပိတ်နိုင်စေမှာ ဖြစ်ပါတယ်။ "taskkill" ဆိုတဲ့ command ရဲ့ အနောက်မှာ မိမိ အဆုံးသတတ်လိုတဲ့ လုပ်ဆောင်ချက် တစ်ခုကို ၎င်းရဲ့ အမည် ဒါမှမဟုတ် process ID ဒါမှမဟုတ် ပုံရဲ့ အမည် အစရှိသဖြင့် ထည့်သွင်း ဖော်ပြပြီးတော့ အဆုံးသတ်နိုင်ပါတယ်။ ဥပမာ process ID နဲ့ ခေါ်ယူမယ်ဆိုရင် taskkill command ရဲ့ နောက်မှာ -ipd(process ID) ကို ထည့်သွင်းပြီး ခေါ်ယူနိုင်သလို ပုံနာမည်နဲ့ ခေါ်ယူချင်တယ် ဆိုရင်လည်း -im(image name) ကို taskkill ရဲ့ နောက်ဖက်မှာ ထည့်သွင်းပြီး ခေါ်ယူနိုင်ပါတယ်။
ကျနော် ဘယ်ဆိုဒ်က ယူပြီးသိမ်းထားခဲ့သလဲဆိုတာ မမှတ်မိတော့ အတွက် မူရင်းဆိုဒ်အမည်ကို မဖော်ပြပေးနိုင်တာ ကိုနားလည်ခွင့်လွတ်ပေးစေချင်ပါတယ် ။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ ။

Ye Tay Za Kyaw (နည်းပညာ)

Photos 13/10/2015

"အိမ်အရောက်ကွန်ပျူတာသင်ကြားပေးခြင်း"
IT နည်းပညာတွေ ပေါများလာတဲ့ ဒီခေတ်ကြီးထဲ.မှာ သင်...Computer နှင့် အကျွမ်းတ၀င်ရှိရန်လိုအပ်ပါသည်။
သင့်ရဲ့  ကိုယ်ပိုင် အရည် အချင်းတွေကို ထုတ်မသုံးရဲတာကတကြောင်း...အပြင်မှာ သင်တန်းဈေးတွေကြီးနေတာကတကြောင်း
မိမိ အရည်အချင်း၊ မိမိဝါသနာ တွေ ကို အကောင်အထည်မဖော် ရလို့ စိတ်မညစ်ပါနှင့် ...။
ပုံမှာပေးထားတဲ့ သင်ရိုးများအပြင် မည်သည့် Course မဆို IT Knowledge နှင့် အခြားသော နည်းပညာရပ်များ ကို ပါထည့်သွင်းသင်ကြားပေးပါသည်။
လက်မှတ်...လိုချင်ရင် သင်တန်းကျောင်းသွားပါ......လက်တွေ ကျွမ်းကျင်မှုလိုချင်မှသာ ကျွန်ုပ်ဆီကိုလာပါ။
(နည်းပညာ တခု သင်ယူတော့ မယ် ဆိုရင် ကျောင်းမှာ သင်ယူသလို စာတွေ့  မဟုတ်ပါ.....လက်တွေလုပ်ဆောင်မှု..၊စိတ်ပါဝင်စားမှု၊ စမ်းသစ်တွေးခေါ် နိုင်မှု၊ မိမိလုပ်ဆောင်ခဲ့သမျှကို မှတ်သားတတ်မှု၊ဇွဲကောင်းမှု၊ စသည့် အချက်နဲ့ တင်
သင်ဟာ ကျွန်ပျူတာ ကျွမ်း ကျင် တဲ့ သူတယောက်ဖြစ် လာနိုင်ပါတယ်...။)
သင်ယူ မည်ဆိုပါက......သင့်ထံတွင်............
- ကိုယ်ပိုင် PC (သို့ ) Laptop ရှိရပါမည်..။
- သင်တန်းကြေး ညှိနိုင်းနိုင်သည်.။။..။
- လက်ရှိတွင် သင်တန်းသားများရှိသော ကြောင့် သင်အားလပ်သော အချိန်အားကြိုတင်ညှိနှိုင်းထားနိုင်ပါသည်။

"နည်းပညာ ရဲ့ ခေါ်ရာနောက်မလိုက်နှင့် နည်းပညာကို ပြန်ခေါ်သွားပါ"
နည်းပညာလမ်းကြောင်းပေါ်က ညီအကိုမောင်နှမများအား
လေးစားစွာဖြင့်...
YeTayZaKyaw
(Switch Messager APP Creater)
www.monsterwebfighter.blogspot.com
www.monstertroubleshooter.blogspot.com

Photos 12/09/2015

"Switch APP.. "
Switch(ဆွစ်) ဆိုတဲ့ နာမည်လေးနဲ့ ..၆ လတာ ကျွန်တော့် ကြိုးစားမှု...လေ့ လာမှုတွေ အောင်မြင်စွာ....သင်တို့ အရှေ့ ကို အရောက်လာ ခဲ့ ပါပြီ...
ကမ္ဘာ အမြန်ဆုံး စာပို့  စနစ် ဖြစ်တဲ့ Telegram Messager ကနေ link များယူထားသောကြောင့် စာပို့ရာတွင် မြန်ဆန်လွန်းလှပါသည်..။
Switch သည် App new version ဖြစ်ပါသည်။
loading... မရှိသောကြောင့် MB မစား..Kb လောက်သာ တက်ပါသည်.။ သုံးရတာလွယ်ကူပေါ့ ပါးပြီး Chatting ချစ်သူတွေ အတွက်တော့  အဆင်ပြေစေပါတယ်..။
ကောင်း မကောင်းက တော့ သုံးကြီးမှ သိမှာပါ....။ တချို့ User တွေကတော့ သူ့ ချစ်သူနဲ့ ပြော နေကြ Viber ကို uninstall လုပ်လိုက်တယ် ဆိုပဲ...
ဒါကတော့ သုံးစွဲသူတွေ အပေါ် မူတည် ပါတယ်။
သုံးစွဲ ပုံ....
၁။.ဒီ Software ကို အသုံးပြူဖို့  ဘာတွေ လိုအပ်လဲ ?
သင့် မှာ ဗေ 0 ထက်များနေလျှင် (ဥပမာ - ၂ ၊ ၃ကျပ်) တို့ နဲ့ တင်ဖွင့် လို့ ရပါသည်။
ပုံမှန်အတိုင်း Software ကို Installed လုပ်ပြီးတာနဲ့ Viber account ၀င်သလို ဖုန်းနံပတ် ရိုက်ထည့် ရမှာပါ..။
Code ကိုရရှိ ဖို့  ၂ မိနစ်အတွင်း Telegram ကနေ မဖြစ်မနေ reply ပြန်ပေးမှာပါ.. .။
ကုတ်ရ ပြီဆိုရင်လည်း ရိုက်ထည့် စရာ မလို ပဲ သင့် ဖုန်းသို့ Message ရောက်လာ တာ နဲ့  Auto Log in ၀င်သွားပါလိမ့် မည်။
သင် သုံးမယ့်  သင့် နာမည်ကို ရေး ပြီးတာနဲ့  စတင်အသုံးပြူလို့ ရနိုင် ပါတယ်..။ မျဉ်းသုံးကြောင်း ထပ်ထားတဲ့ Menu Key ကို နှိပ်ပါ... အောက်တွင်...
Setting ဆိုတာတွေံ ပါလိမ့် မည်.။..နိုပ်လိုက်ပါ profile photo & တခြားသော အရာများစုံ လင်စွာ စိတ်ကြိုက်ပြုပြင်လို့ ရပါလိမ့် မည်။
၂။ ဘယ်လို အသုံးပြူရမလဲ ၊ ဘယ်လို Share ပေးရမလဲ..?
သင် အကောင့် ၀င်ဝင် ခြင်း သူငယ်ချင်း ရှိမှာ မဟုတ်ပါဘူး ....ခုမှ Software အသစ်ဖြစ်တာ ကြောင့် သင့် အသုံး ပြုလို သူထံ Share ပေးရပါမယ်။
သင့် သူငယ် ချင်းများကို Share ပေးရန် ဘေးက Menu key တွင် Invite ဆိုတာ ထည့်သွင်းပေးထားပြီးသားပါ။
Google Play link ဖြစ်နေတာကြောင် Download လုပ်ရန် ခက်ခဲနေပ်ါလိမ့် မယ်..။
Switch Number 09799952335 ကို အရင်ဆုံး Contant မှတ်ထားပေးပါရန်။
Switch App ထဲတွင်ပေါ် လာပါလိမ့် မည်။ ထိုမှတဆင့် အကူအညီတောင်းခံ နိုင်ပါသည်။
သင့် အား အများ နှင့် ရင်နှီးစွာပြောဆိုရန် (သို့) အသုံးပြုနေသူ အားလုံးနှင့်  ဆက်သွယ်နိုင်ရန်.Swith Users Group သို့  ထည့် သွင်းပေးပါမည်။
၃။ အကောင့် ဘယ်လို အပ် ရမလဲ?
အကောင့် အပ်စရာမလို ပါ ..Viber အသုံးပြုနည်းလို ပါပဲ .သင့် Contant ထဲတွင်ပြောလို သူ ဖုန်းနံပတ်ကို Save လိုက် ရင် ထိုသူ နှင့် Chat လို့ ရပါပြီ..။
မှတ်ချက်။ ။ တခြား တယောက်ဆီ မှာ Switch App ရှိရပါမယ်...။ Share Software (သို့ ) အောက်ကလင့်ကို Message ပေး ပို့ လိုက်ရပါမည်.။
ဒီလင့် ကို Share ပါ Free Download link - http://www.mediafire.com/download/4imnddsaonubo65/_Switchs.apk
၎။ ဘယ်လို အားသာ ချက်တွေ ရှိလဲ ဘာတွေ အကျိုးရနိုင်လဲ?
မြန်ဆန်တဲ့ စာပို့ စနစ်......
lock Software သုံးစရာ မလို ..Lock Function ပါရှိခြင်း (Setting ထဲက >>Privacy & Security >> 4 Password >>Confirm ထဲကနေ၀င်လုပ်နိုင်ပါသည်။)
Sticker ကြီး၊ သေး သုံးနိုင်ခြင်း (message box တွင် သင်ကြိုက် နှစ်သက် သည့်  Smile icon လေးတွေ ကို တခု ထောက်လိုက်ပါ..အပေါ်တွင် ပုံအကြီးပေါ်လာပါလိမ့် မယ်)
Chart Background ချိန်းခြင်း (Setting >>>Chart background )
လက်ရှိသုံးနေတဲ့ ဖုန်းမှ မိမိ Chart နေတဲ့ သူ မပျောက်ပျက်ပဲ Auto Ph No နောက်တမျိုး ချိန်းနိုင်ခြင်း (Setting >>> Change Ph No>>>ok>>Change)
Group Chart or Secret Chart ပြုလုပ်နိုင်ခြင်း
မိမိ Ph Contant ထဲမှ မည်သူတွေ သုံးနေပြီလဲဆိုတာ...သိရန်... Switch ၀င်ဝင် ခြင်း ခဲတံပုံ အ၀ိုင်းလေးကို နိပ်ပါ...။(သုံးနေ လျှင် နာမည် နှင့်  ပုံ ရယ်ပေါ်လာပါလိမ့်မည်)
အသံဖိုင်ကြည် လင်ပြတ်သား ခြင်း ၊ Video ဖိုင် အကန့် အသတ်မရှိ ဇာတ်ကားတကားလုးံစာ ပို့ နိုင်ခြင်း...၊(အင်တာနက်ဗေကုန်နိုင်လျှင်ဘယ်နှစ်ကားမဆို ပို့ နိုင်ပါသည်)
ပုံကြည် လင်ခြင်း (Profile ချိန်ရာတွင် နှစ်သတ်ရာ အရွယ်အစား.နှင့် ပုံပြင် ရန် ပါရှိခြင်း)
Switch Software အား Download လုပ်ယူရန် ... http://www.mediafire.com/download/4imnddsaonubo65/_Switchs.apk
Switch App နှင့် ပတ်သတ်ပြီး ပုံနှင့် တကွ အသေးစိတ်သိလို လျှင် ၊ မေးမြန်းလိုလျှင်...
page - https://www.facebook.com/pages/Switch/1617590118500973 တွင်ဝင်ကြည့် နိုင်ပါသည်။
သူငယ်ချင်း များအား လက်ဆင့် ကမ်း Share ပေးခြင်းဖြင့် နှေးကွေးနေတဲ့ အင်တာနက်စာပို့ စနစ်တွေကို အန်တုလိုက် ကြ ပါ စို့ ။
ှSwitch Creater - Ye Tay Za Kyaw
(Ph 09799952335)

03/09/2015

မကြာမီ သင်တို့ အတွက် ကောင်းမွန်သော Software app တခုနဲ့ မိတ်ဆက်ပေးပါမယ် ။
coming soon

Photos 01/08/2015

"The Social Network"မကြည့်ရသေးသူတွေအတွက်

ကျနော်တို့ရဲ့ ကျေးဇူးရှင်ကြီးဖြစ်တဲ့ Facebook တည်ထောင်သူ
Mark Zuckerberg အကြောင်းကို ရိုက်ကူးထားတဲ့
The Social Network (2010 ခုနှစ်) ကို မြန်မာစာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်..
ဒီဇာတ်မှာ တွေ့ရမယ့် သာမန်ကျောင်းသားလေးတယောက်ကနေ
သူ့စိတ်ကူးတွေကိုဘယ်လို အကောင်ထည်ဖော်ခဲ့တယ်..။
အခက်အခဲတွေ မနာလိုမှုနှင့် အောင်မြင်သူတယောက်ရဲ့
ရပ်တည်မှုနဲ့ သူ့ ဒဿန...စသဖြင့် ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ..
မကြည့်ရသေးရင် ကြည့်ဖြစ်အောင်ကြည့် ကြည့်ပါလို့တိုက်တွန်းလိုက်ပါရစေ

pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ရန် - https://my.pcloud.com/publink/show?code=pAN
Download လုပ်ရန် - https://my.pcloud.com/publink/show?code=pAN
မြန်မာ စာတန်းထိုး အတွက် ကိုချမ်းငြိမ်းကို ကျေးဇူး အထူးတင်ပါတယ်။
ကာရံငယ်
www.yetayzakyaw1500.blogspot.com

Photos 03/07/2015

(Internet Explorer နေရာမှာ အစားထိုးမယ့် Project Spartan ကို မိတ်ဆက်ပြသ)
Microsoft ကုမ္မဏီ ဟာ သူ့ရဲ့ ကိုယ်ပိုင် Browser တစ်ခုဖြစ်တဲ့ Internet Explorer ကို အသုံးပြုမှု ရပ်နားလိုက်ပြီး Internet Explorer နေရာမှာ အစားထိုးမယ့် Project Spartan ကို မိတ်ဆက်ပြ သခဲ့ပါတယ်။

Project Spartan ဟာ ၀က်ဘ်ဆိုက် ရှာဖွေရေး ဆော့ဖ်ဝဲလ်တစ်ခုဖြစ်ပြီး လာမယ့်နွေရာသီမှာ ထုတ်လုပ် မယ့် Microsoft ရဲ့ နောက်ဆုံးပေါ် မျိုးဆက် OS တစ်ခုဖြစ်တဲ့ Windows 10 မှာ ပါဝင်မှာဖြစ်ပါတယ်။ Project Spartan ဟာ ပိုမို မြန်ဆန်တဲ့ ရှာဖွေရေး ဆော့ဖ်ဝဲလ်တစ်ခု ဖြစ်သလို ၀က်ဘ်စာမျက်နှာတွေ မှာလည်း မှတ်စု တွေရေးသာနိုင်မယ့် လုပ်ဆောင်ချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

“ဒါဟာ ပိုမိုမြန်ဆန်ပြီး နှိုင်းယှဉ်ကြည့်လို့ရမယ့် မော်ဒန် ၀က်ဘ်တွေအတွက် တည်ဆောက်ထားတာပါ။ ဒါဟာ ရှာဖွေရေး ဆော့ဖ်ဝဲလ် တစ်ခု ဖြစ်ပြီး အလွယ်တကူ ဝေမျှဖို့ ၊ စာဖတ်ဖို့ ၊ ရှာဖွေလေ့လာဖို့ နဲ့ အွန်လိုင်းမှာတင် အရာအားလုံးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်လိုက်နိုင်အောင် ဖန်တီးထားတာပါ” လို့ Microsoft ကုမ္မဏီရဲ့ Operating System ဌာနမှာ ဒုတိယ ဥက္ကဌ ဖြစ်သူ Joe Belfiore က ဆိုပါတယ်။

Project Spartan ကို Windows 10 မှာ default browser အဖြစ် ပါဝင်စေမှာဖြစ်ပေမယ့်လည်း အရင် ရှာဖွေရေး ဆော့ဖ်ဝဲလ်ဖြစ်တဲ့ Internet Explorer ကိုလည်း Install ပြုလုပ်ပြီး အသုံးပြုလို့ ရနိုင်မယ်လို့ သိရပါတယ်။

Internet Explorer ရဲ့ နောက်ဆုံး ဗားရှင်းဖြစ်မယ့် Internet Explorer ကို သီးသန့် ထုတ်လုပ်ထားပြီး Windows 7 ၊ Windows 8.1 နဲ့ Windows 10 တို့မှာလည်း Install ပြုလုပ်ပြီး အသုံးပြုနို င်မည် ဖြစ်သလို Group Policy ကနေတစ်ဆင့် Default Browser အဖြစ်လည်း သတ်မှတ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Mario

05/03/2015

TeamViewer ကတော့ လူတိုင်းနီးပါး သိကြမှာပါ ကွန်ပြူတာမှာ မရှိမဖြစ်အရေးကြီးပြီး အသုံးဝင်တဲ့ဆောဝဲ ဆိုလည်း မမှားပါဘူး။ မသိသေးသူအတွက် ရှင်းပြပါမယ်။ TeamViewer က ဥပမာ ကို့ ရဲ့ စက် တခုခု ဖြစ်လို့ ကိုက ပြန်မပြင်တတ် အဲလိုဆိုရင် အဝေးမှာရှိတဲ့ သူငယ်ချင်းတွေကို အကူညီတောင်း ၀င် ပြင် ခိုင်း လို့ရတဲ့ ဆောဝဲလေးပါ။...
Read More >>>>
http://yetayzakyaw1500.blogspot.com/…/activated-teamviewer-…

24/02/2015

Copy and Tranafer အတွက် Windows မှာ ပါလာပြီးသားပါ.. ဒါကို သိပ်နှေးတယ်လို့ခံစားရနေသူများအတွက် Windows Default ကို မသုံးဘဲ Third Party Software တစ်ခုခုကို သုံးချင်တယ်ဆိုရင်တော့ TeraCopy က အမြန်ဆုံးဖြစ်ပါလိမ့်မယ်.. Default ထက် အဆတော်တော်များများ မြန်ဆန်ပြီး Resume စနစ်လည်းပါဝင်ပါတယ်.. TeraCopy Pro v3.0 Alpha 2 ကို ကီးနဲ့တကွ တင်ပေးလိုက်ပါတယ်.
Downloadလုပ်ပြီးသုံးကြည့်ကြပါ..
https://userscloud.com/yhsbz2rx2m8h

23/02/2015

Ye Tay Za Kyaw နည်းပညာဆိုဒ်မှာ့အခု wifi to wifi ချိတ်နည်းကိုမကြာခင်တင်းပေးပါမည်...သိသမျှအရာအားလုံးခွဲဝေပေးသွားပါမည်.....

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


Hlaing
Yangon
111111