အမျိုးသားတစ်ယောက်
နာမည်က " ကိုမျိုး " တဲ့ဗျ ၊
တစ်ညနေမှာပေါ့ ငယ်သူငယ်ချင်းတွေဆုံဖြစ်ကြတယ်ပေါ့ဗျာ
သိတဲ့အတိုင်း ယောက်ျားလေးဆိုတော့အသောက်အစားလေးက ပါတာပေါ့ ။
ကိုမျိုးက သောက်တော့မသောက်တာများပေမယ့် အပေါင်းသင်းတွေဆုံရင် ပါတီပွဲတွေရှိရင်တော့ မူးအောင်သောက်တတ်တာက သူ့အကျင့်လိုဖြစ်နေတယ်ဗျ ။
အဲ ညဥ့်နက်လာတော့ ပြန်တဲ့သူကပြန်ကြနဲ့ လူတွေပါးလာတော့ ကိုမျိုးလည်း သူငယ်ချင်းတွေကိုနှုတ်ဆက်လို့ အိမ်ကိုပြန်လာတာပေါ့
ခြံရှေ့ရောက်တယ်ဆိုရင်ပဲ -
" ဟ မိန်းမကတော့ ခြံတံခါးကြီး ပိတ်ထားပါလား ငါပြန်လာတာတောင်မသိဘူး ၊ အိပ်များအိပ်နေလား မသိပါဘူး " ဟု
ပြောရင်း ခြံတခါးဖွင့်ပြီး မူးမူးနဲ့ အိမ်ထဲတန်းဝင်လာတာပေါ့ ။
အိပ်ချင်နေတာနဲ့ အိပ်ခန်းထဲတန်းဝင်လိုက်တယ်ဆိုရင်ပဲ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ကိုမျိုးအမျက်ချောင်းချောင်းထွက်လေပြီ ။ သူ့မိန်းမဖြစ်သူက ကုတင်ထက်မှာ အခြားယောက်ျားတစ်ယောက်နဲ့ ဖြစ်နေတာလေ ။
အိပ်ခန်းထဲမှလူနှစ်ယောက်လည်း ကိုမျိုးကို ကြောင်ကြည့်ရင်း မှင်သက် ၊ အံ့သြနေတာပေါ့ ။
ကိုမျိုးလည်းဒေါသထွက်ထွက်နဲ့ ကုတင်ပေါ်ကယောက်ျားကို ထိုးတော့တာပေါ့ ၊ အဲ့ဒီမှာမိန်းမက " ရှင်ဘာလုပ်တာလဲ " ဆိုတော့ " မင်းကပါအလိုတူအလိုပါပဲ " ဆိုဆက်ပြီး ထိုးကျိတ်နေတယ် ၊
မိန်းမ လုပ်သူလည်းတားမရတဲ့အဆုံး ထအော်လိုက်တယ်
" ကယ်ကြပါဦးရှင် ကျွန်မယောက်ျားကို လူတစ်ယောက် ဝင်နှိပ်စက်နေလို့ပါရှင် ကယ်ကြပါဦး "
ဒီအသံကြားမှ ကိုမျိုး မိန်းမဖြစ်သူကိုသေချာကြည့်မိလေပြီ
" ဟိုက် . . . ငါအိမ်မှားဝင်လာမိပြီ " ဟု
ရေရွတ်ရင်း ဖဝါးနှင့် တင်းပါးတစ်သားတည်းကျအောင်ပြေးထွက်ခဲ့ရလေ၏ ။
#
(ဖတ်ဖူးတာလေး rewriting)
Smiling For You
may happy!
(ရှူးအရင်ပေါက်ပြီးမှ ဖတ်ပါဗျို့).......
သာအေးသို့ပေးစာ (အတိုအထွာ)
*********************************´***
"ကိုသာအေး"
"ဟေ ဘာလဲမိန်းမ"
"ရွာက ရှင့်ညီမဆီက စာလာတယ်"
"ဟာ ပြဿနာပဲ။ ငါ့မျက်မှန်ကွဲနေတာ အသစ်မလဲရသေးဘူး။ ဒီလိုလုပ်ကွာ မင်းငါ့ကိုဖတ်ပြ"
"မဖြစ်နိုင်ပါဘူးတော်။ ရှင့်ညီမက စာရေးရင် တောင်တစ်လုံး၊
မြောက်တစ်လုံး။ကျမကလည်း သူငယ်တန်းစာတောင် နှာနှပ်သင်ထားရတာ"
"ငါက မြို့ထဲသွားမှ မျက်မှန်ဝယ်ရမှာ။ ရပါတယ်ကွာ။ အဆင်ပြေအောင် နားထောင်ရမှာပေါ့"
"ရှင်ဖတ်ပြဆိုလို့ ဖတ်ပြမှာနော်။ပြီးတော့မှ အရင်တစ်ခါတုန်းကလို
ကျွန်မကို မကန်နဲ့"
"အေးပါကွာ။ဖတ်မှာသာဖတ်စမ်းပါ"
"ပြီးရော။ အဟမ်း ဖတ်ပြီ။ သို့.... ခိုချီးနေကောင်းလား"
"ကိုကြီးနေကောင်းလား ဟုတ်ပြီ။ ဆက်ဖတ်"
"ဘုန်ကြီးလည်း ခိုချီးကိုမျှော်နေတယ်"
"ဘုန်းကြီးလည်း ကိုကြီးကိုမျှော်နေတယ်"
"အပျိုကြီးလာတုန်းက ခြင်ထောင်ထဲ ငှက်ပျောသီးတွေ ထည့်ပေးလိုက်တယ်
ဖာကောင်းမရှိလို့"
"အပျိုကြီးလာတုန်းက ခြင်းတောင်းထဲ ငှက်ပျောသီးတွေထည့်ပေးလိုက်တယ်။ လက်ဆောင်ထည့်ပေးလိုက်တာ ပြောတာပေါ့။ ဖာကောင်းမရှိလို့ အင်း သူ့ဆီမှာ
ထည့်ပေးစရာ ဖာကောင်းကောင်းမရှိလို့နေမှာ"
"အိမ်သာတွေ ကျွေးလိုက်နော်"
"အိမ်သားတွေ ကျွေးလိုက်နော်"
"ရှေ့အပတ် ကျယ်မလာဖို့ လုပ်ကြည့်သေးတယ် နာလို့ မရဘူး"
"အဲ..အဲတာဘာပါလိမ့်။ဪ သိပြီ။
ရှေ့အပတ် ကျွန်မလာဖို့ လုပ်ကြည့်သေးတယ် နားလို့မရဘူး။
ဒါပြောတာကိုး ဆက်ဖတ်"
"ကျယ်မသားက ရယ်လိုက်ရင် မေ့လုံးလေး ပလေကပ် ပလေကပ်နဲ့"
"ကျွန်မသားက ရယ်လိုက်ရင် မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့"
"ခိုချီး ဝက်တွင်းထဲလူးချင်ရင် လာခဲ့လေ"
"ဟာ ဘယ့်နှယ့် ငါ့ကို ဝက်တွင်းထဲလူးခိုင်းနေတာတုန်း။ ဪ
ကိုကြီး ဝါတွင်းထဲလှူချင်ရင်လာခဲ့လေ။ အင်း တော်ပါသေးရဲ့"
"ခွေးမသားလေး"
"ဟာ ဆဲတယ်ကျန်း"
"သူက အဲလိုပဲရေးထားတာလေ"
"နင်က တစ်ဆက်တည်းဖတ်မှပေါ့"
"ခွေးမသားလေး ကောင်ပေါက်တယ်တော်"
"ဪ..ခွေးမ သားလေးကောင်ပေါက်တယ်တော်။ ဒီလိုနေမှာပါ
ဆက်ဖတ်"
"စောက်တုန်းက မအေလိုး ညည အပြင်ထွက်အိပ်တယ်"
"တောက် ငါနော် ရူးချင်လာပြီ ဟင်း။ စဉ်းစားစမ်း..စဉ်းစားစမ်း
ဪ ဆောင်းတုန်းက မအေးလို့ ညည အပြင်ထွက်အိပ်တယ်။
ဟူး တော်သေးတာပေါ့ ဆက်ဖတ်"
"မေလိုး"
"ဟာ"
"မြို့ထဲရောက်ရင်လိုး"
"ဟာ"
"ရှင်းဝယ်ခဲ့"
"မေ့လို့ မြို့ထဲရောက်ရင် လိုးရှင်းဝယ်ခဲ့။
တောက်....တော်ပါတော့ ဘော်စမန်မရယ် နင့်ဆက်ဖတ်ခိုင်းရင်
ငါပါ ဖာတန်းရောက်တော့မယ်"
ကိုသာအေးသည် သူ့မိန်းမအား ပိတ်ကန်လိုက်လေတော့သည်။
crd:နတ်စောင်း
(Copy လေးပါ ရယ်ရအောင်လို့ မလာတယ်)
" e " 😂
__________
` ဘူ…………
"ကိုကို"
"ချစ် အီးပေါက်တာမွှေးလားဟင်"
"ထွီးး အီးပေါက်တာပဲ မွှေးစရာလား"
"ချစ် ဒညင်းသီး နဲနဲစားလာလို့ပါ ကိုကိုရဲ့"
"ချစ်ရာ နောက်ကို ဒညင်းသီး မစားပါနဲ့လားကွာ
ကိုကို အဲ့အနံ့ကြီးမခံနိုင်လို့ပါ"
"အင်းပါ ကိုကိုရဲ့ ဒါနဲ့…လေ ချစ်အီးပေါက်တဲ့အကျင့်
ကိုဖျောက်ပြစ်ချင်တယ် ကိုကိုရယ်…ဒီ အီးပေါက်တာကြောင့်ပဲ အလုပ်ပြောင်းခဲ့ပေါင်းလည်းမနည်း သူများ အီးပေါက်တာတွေ အ့လောက်မနံဘူး ချစ် အီး ကပိုနံနေသလို
(ကောင်မလေးစကားမဆုံးမီ)
"ဒီမှာ ချစ် မင်းဒီနေ့ တစ်နေကုန် အီး အကြောင်းပဲ
ပြောနေတော့မှာလား အလုပ်နားရက်လေး ပန်းခြံမှာ
လာတွေ့ပါတယ်ဆိုခါမှ တစ်နေကုန် အီး ထည်းကကိုမထွက်နိုင်ဘူး"
(ကောင်လေး စိတ်တိုတိုဖြင့်ပြောသည်)
"သြော် ခုနကတော့ ဟိုကိုင်ချင် ဒီပွတ်ချင်တော့ တစ်မျိုး
ခုတော့ ဒီစကားပြောပြီပေါ့ သွား လုံးဝလာမခေါ်နဲ့"
"ချစ် ကဒီ အီးအကြောင်းပဲပြောနာကို လို့စ်"
"ဒီမှာ ကိုကို ချစ်နဲ့ကိုကို စတွေ့တာလည်း အီးပေါက်တဲ့အကြောင်းနဲ့ဆုံဖြစ်ကြတာ
ကိုကို့ ကို ချစ်အဖြေပေးတုန်းကလည်း အီးပေါက်ပြီးပေးခဲ့တာ
ချစ်နဲ့ကိုကို ဘုရားပွဲမှာ လူချင်းကွဲသွားတုန်းလည်း ချစ်အီးပေါက်တဲ့အနံ့နဲ့ ကိုပြန်တွေ့ခဲ့တာ အို…ကွာ ချစ်အီးပေါက်တဲ့ အနံ့ ကလေးက ကိုကိုနဲ့ချစ်ရဲ့ အရာရာကို အဆင်ပြေစေခဲ့တာ အဲ့တော့ အီးနံ့ ခံနိုင်မှ ကိုကိုချစ်နဲ့ ဆက်တွဲပါ"
"အင်းပါကွာ ကိုကို ချစ်ရဲ့ အီးနံ့ ကိုခံနိုင်ပါတယ်ကွာ နော်ချစ်"
"တစ်ကယ်နော် ကိုကို ဟီးဟီး"
*ဘူ…*" မွှေးနေတာပဲကွာ အါ့ကြောင့် ချစ်ကို ချစ်နေရတာ"
±±±± ချစ်သူအပြစ်မယူ အီးရှု±±±±
# ပလွတ်ကျတ်
(Copy လေး ကူးလာဘီ ရယ်ရလို့)
😂 ဂုတ် = z 😂
--------------------
ကျောင်းတစ်ကျောင်းမှာ ပါ
ကျောင်းကမူလတန်း ကျောင်းလေးပေါ့ ၊ ဆရာဆရာမတွေကလည်းသိပ်မများဘူး ၊ ကျောင်းသားကလည်းနည်းနည်းရယ်ပေါ့ ။
အဲ အဲ့အထဲမှာမှ မောင်အေးဆိုတဲ့ သူငယ်တန်းကျောင်းသားလေးကအရမ်းထုံအရမ်းအတယ် တဲ့ ဘယ်လောက်တောင် ထုံအလဲဆိုရင် လက်နှစ်ဖက်ကိုလေထဲဝှေ့ယမ်းပြီး ဘယ်နဲ့ညာဘယ်ဟာလဲမေးရင် တောင်မနည်းစဉ်းစားဖြေရတယ်တဲ့ဗျာ
အဲ အဲ့လိုနဲ့ တစ်နေ့
ပညာရေးဌာန ကပညာရေးမှူးကြီးတွေ ကျောင်းကိုလာရောက်စစ်ဆေးကြတာပေါ့
အဲ့မှာတင် အကြီးတန်းတွေက စ စစ်လာတာ သူငယ်တန်းကိုရောက်လာတာပေါ့
ပညာရေးမှူးကြီးကအခန်းထဲရောက်တယ်ဆိုရင်ပဲ
"ကဲ . သားတို့သမီးတို့မင်္ဂလာပါ" လို့နှုတ်ဆက်တယ်
တပည့်တွေကလည်း "မင်္ဂလာပါဆရာကြီး"ဆိုပြီးသံပြိုင်နှုတ်ဆက်ကြတယ်
ပညာရေးမှူးကြီးဟာ တစ်ယောက်ပြီးတစ်ယောက်မေးလာလိုက်တာ အဆင်ကိုချောနေတာပဲတဲ့
လေးငါးယောက်မြောက်ကျတော့ မောင်အေး အလှည့်ရောက်လာတာပေါ့
ပညာရေးမှူးကြီးက blackboard မှာ "Z"ဆိုတဲ့ english အက္ခရာကိုရေးပြပြီး မောင်အေးကိုမေးလိုက်တယ်
"ဒီ အက္ခရာကို ဘယ်လိုခေါ်လဲ သား"
မောင်အေး ဖင်ကုပ်ခေါင်းကုပ်ဖြစ်ကုန်ပြီ ၊ အတန်းပိုင်ဆရာကိုလည်းလှမ်းကြည့်နေတယ်အားကိုးရမလားလို့ပေါ့ ၊ အတန်းပိုင်ဆရာလည်း အမူအရာလုပ်ပြတဲ့အနေနဲ့ ဇက်ကိုပုတ်ပြလိုက်တယ်
မောင်အေးဝမ်းသာအားရထပြောလိုက်တယ် " 'ဂုတ်' ပါဆရာကြီး"
ငိ ငိ ငင့် 😂
😂😂😂😂😂
😂 e ခလုတ်မှန်းမသိလို့ 😂
--------------------------------
ပဲ အရမ်းများတဲ့ အပျို ကြီး တစ်ယောက်ဟာ သူ့ကို ချစ်ခွင့်ပန်တဲ့သူတိုင်း အိုက်တင်အရမ်းခံပြီး ငြင်းပယ်ရင်းနဲ့
အသက် ၅၀ ကျော်သွားတော့ သူ့ကို ကြိုက်မဲ့သူမရှိတော့ဘူး
ဒါနဲ့ နောက်ဆုံး ရှားရှားပါးပါး ၁၆ နှစ်သားကောင်လေး ချစ်သူတစ်ယောက်ရလိုက်တယ် ။။
**-**
တိုတိုပြောရရင်
ကောင်လေးရဲ့ချိန်ဆိုမှုနဲ့အတူ ကန်ဘောင်ပေါ်ကို
အပျိုကြီးတစ်ယောက် ရောက်လာပါတော့တယ် ။
ဒါနဲ့ကန်ဘောင်မြက်ခင်းပေါ် စကားစပြော
တစ်ယောက်နဲ့တစ်ယောက် ဘယ်ဘဝထိ ချစ်ကြမည် ဖြစ်ကြောင်း စသဖြင့်ပေါ့-----
ထီးလေးကွယ်ရင်း ကောင်လေးက
အပျိုကြီးကို အနမ်းတွေပေးပြီး အရမ်းဖက်ထားတော့တယ်
*******
ပြသနာ က အဲ့မှာ စပြီ
အပျိုကြီးတစ်ယောက် ရည်းစားမထားခဲ့ဖူးဘူးတော့
ရှက်သွေးတွေဖျာ နေတော့တယ် ။
အဆိုဆုံးက ညက အပျိုကြီးတစ်ယောက် TV ကြည့်ရင်း ပဲကြီးလှော်စားခဲ့တယ် ။
မနက်လာခါနီးတော့ ကြက်ဥပြုတ်လေးလည်းစားခဲ့မိတော့ အပျိုကြီးခမျာ ဗိုက်က ရစ်ပြီး လေလည်ချင်တော့တာပဲ ။
ကောင်လေးကလည်း အပျိုကြီးကို အတင်းဖက်ထားတော့ ရင်ခွင်ထဲကနေ ရုန်းမရဘူး ။
ဒါနဲ့ အပျိုကြီးတစ်ယောက် မျက်စိကိုမှိတ် အံကိုကြိတ်ပီး လေမလည်မိအောင် တောင့်ခံရင်းနဲ့ ချွေးသီးချွေးပေါက် တွေပါကျလာတော့တယ် 😁
ကောင်လေးကလည်း တင်းကြပ်စွာဖက်ထားတော့
အပျိုကြီးတစ်ယောက် အံကြိတ်နှုတ်ပိတ်ယုံဖြင့်မကပဲ
အခြေအနေမဟန်တော့မှန်း သိတော့
သူရဲ့ခြေမလေးပါ အားအကုန် ကွေးထားတော့တယ်
ဒါကို ကောင်လေးက အလိုက်မသိပဲ
ကွေးထားတဲ့ အပျိုကြီးရဲ့ခြေမလေးကို မြင်တော့
"ချစ်မရယ် ဒီလောက်လှတဲ့ ခြေမလေးတွေကို
ဘာလို့ ကွေးထားတာလဲပြောတော့"
အပျိုကြီးခမျာ အံကြိတ် ချွေးသီချွေးပေါက်ကျရုံမကပဲ
မျက်လုံးပြူးပြီး ခေါင်းပါခါတော့သည်
(ဆိုလိုချင်တာကတော့ သွားမထိလိုက်နဲ့ပေါ့ )
ဒါနဲ့ကောင်လေးကို မပြောမဆိုနှင့်
ကွေးထားတဲ့ အပျိုကြီးရဲ့ခြေမလေးကို ဆွဲဆန့်လိုက်တော့တယ်
"ဗူးးးးးးးးးးးးးးးးးး"
ပွတ်🎳
(သွားပီ လေလည်သံက အကျယ်ကြီးနှင့် အရှည်ကြီး
အနံ့ဆိုးဆိုးဖြင့် ထွက်သွားတော့သည်)
အပျိုကြီးခမျာ အရှက်ဗြမ်းဗြမ်းကွဲပြီ
ခေါင်းလည်းမဖော်ဝံ့တော့ပါ
ဒါနဲ့ ကောင်လေးခမျာဘာလုပ်လို့ လုပ်ရမှန်းမသိ
အပျိုကြီးမရှက်အောင်လို့ ဤသို့ပြောမိပြောရာ စကားတစ်ခွန်း ပြောထွက်လိုက်တော့သည်
"စောရီး ချစ်မရီးရယ် မရှက်ပါနဲ့
ဒီခလုတ်က
အီးခလုတ်မှန်းမသိလို့ပါ မှားနှိပ်မိတာ
နောက်မနှိပ်တော့ဘူးနော် " ဟူ၍ ပြောချတော့သည်😂😝
ကျနော့ postကို Copy ယူ၍Credit ပေးနိုင်ပါသည်
စိတ်ညစ်စရာတွေခဏတာမေ့ပြီး ရယ်မောပျော်ရွှင် နိုင်ကြပါစေဗျာ
Copy by >
😂 ပူစီရယ် ကြွက်ဆိုရင်လဲ နားရွက်ပါမှာပေါ့ 😂
---------------------------------------------------
ဦးလေးကြီးတစ်ယောက်အရက်သောက်ပြီး အိမ်ပြန်လာတာပေါ့
အိမ်ရောက်တော့ "မိန်းမရေ တံခါးဖွင့်ပါဦး" ဆိုတော့သူ့မိန်းမက လာဖွင့်ပေးတာပေါ့
ဦးလေးကြီးလည်းဘာမှမပြောဘဲအိပ်ခန်းထဲတန်းဝင်သွားတယ်
အိပ်ခန်းကလဲ ဖယောင်းတိုင်အလင်းလေးနဲ့မှိန်မှိန်လေးပေါ့
အိပ်ခန်းထဲရောက်တာနဲ့ ပုဆိုးတွေ အင်္ကျီတွေတောင်မလဲဘူး
ဖျာပေါ် တန်းလှဲတာပေါ့
မူးလာတာဆိုတော့သိတဲ့အတိုင်း ဟိုလှိမ့်ဒီလှိမ့်နဲ့ ပြီးမှ ပက်လက်လှန်ပြီးမှေးနေတယ်
သူ့မိန်းမကလဲဘေးမှာဝင်လှဲနေတာပေါ့
သိပ်မကြာဘူး အိပ်မပျော်တပျော်လောက်ကျ "ခွီး ခွီး " နဲ့ ခြေရင်းဘက်ကကြားလို့ မိန်းမကကြည့်တော့ သူတို့အိမ်မှာ
မွေးထားတဲ့ကြောင်ဖြစ်နေတယ်
မိန်းမလုပ်သူကမောင်းတာမရဘူး ဘယ်ရမလဲ ကြောင်ကအမှောင်ထဲမှာမဲမဲနဲ့အရာတစ်ခုကိုမြင်နေရတာလေ
ဒါနဲ့ဦးလေးကြီးကခေါင်းထောင်ကြည့်တယ် ပြီးတော့ ပြောလိုက်တဲ့စကားကြောင့် မိန်းမလုပ်သူမျက်လုံးပြူးသွားတယ်
ဦးလေးကြီးပြောလိုက်တဲ့စကားက
"ပူစီရယ်ကြွက်ဆိုရင်လဲ နားရွက်ပါမှာပေါ့ " တဲ့
ဦးလေးကြီးက အောက်စလွတ်နေတာလေ 😂😂😂
😂😂😂
😂 ချားနှင့်ပါ 😂
-------------------
အဖေ၊ အမေ နဲ့ သား ရယ် မိသားစုသုံးယောက်ရှိတဲ့မိသားစုမှာပေါ့ ၊
တစ်ည သားလုပ်တဲ့သူကမိန်းမခိုးလာတယ်။
အဖေနဲ့အမေက မသိကြဘူး။ မနက်ရောက်တော့ သားလုပ်သူကထမင်းဝိုင်းမှာပြောတယ်။
သား - "ဖေနဲ့မေသားညကမိန်းမခိုးလာတယ်..."
အဖေနဲ့အမေ အံ့သြသွားတယ် "ဟေ"ဆိုပြီး သံပြိုင်ထွက်သွားတာပေါ့ ၊
အမေ - "ဒါဆိုခေါ်လိုက်မယ်လေ သား ၊ သမီးရေ လာလေ မနက်စာစားရအောင် ..." လို့ခေါ်လိုက်တော့ အခန်းထဲကအသံတစ်သံထွက်လာတယ်
ချွေးမ - "အမေတို့ ချားနှင့်ပါ" တဲ့
အဖေနဲ့အမေတွေးမိသွားတာပေါ့ ၊ "သားခိုးလာတဲ့မိန်းမက စကားတောင်မပီသေးဘူးပဲ တော်တော်ငယ်တာဖြစ်မယ် ၊ အသံကလည်းတုန်နေတာ ရှက်နေလို့ဖြစ်မယ်" လို့တွေးပြီး သားအတွက်ဝမ်းသာနေတာပေါ့
နေ့လယ်ရောက်တော့နေ့လယ်စာ စားတော့အဖေလုပ်သူက
အဖေ - "သားမင်းမိန်းမပါခေါ်လိုက်လေထမင်းအတူစားရအောင်လို့" ဆိုတော့ သားလုပ်သူက
သား - "သူဆာမှစားပါလိမ့်မယ်ရှက်နေလို့နေမှာပါ "တဲ့
အမေ - "ခေါ်လိုက်ပါသားရဲ့ အမေတို့လည်းတွေ့ချင်လှပြီ၊ အသက်ကတော်တော်ငယ်မှာပဲနော် သား ..." တဲ့
အဲ့ကျမှ ချွေးမကထွက်လာတယ်
ချွေးမ - "တစ်ခါတည်းဝင်ချားလိုက်မယ်နော် "တဲ့
ကြည့်လိုက်တော့ ချွေးမက အသက် ၆၀ လောက် သွားကျိုးနေတဲ့ အဘွားကြီးဖြစ်နေရော ။ ။
pီးpါpီ 😂😂😂
ကျွန်တော်လေ
ခေါင်းတွေလည်းကိုက်တယ်
ခြေထောက်တွေလည်းကိုက်တယ်
လည်ချောင်းတွေလည်းကိုက်တယ်
Show to feeling. 👆👆👆
😜😜😜😁😁😁😂😂😂
ငါလား အသားမဲတာ မဟုတ်ပါဘူး ...😊
နက်ပြာရောင်လေး သန်းနေတာပါ ...😝😂
😂 ကြိုက်တာယူ ၅၀၀၀ 😂
-------------------------------
အထည်ဆိုင်တစ်ဆိုင်မှာပေါ့၊
အဝင်ဝမှာ ဆိုင်းဘုတ်တစ်ခုချိတ်ထားတယ်၊ ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက် ဆိုင်းဘုတ်ရှေ့မှာရပ်ကြည့်နေတယ်။
ပြီးတော့ သိပ်မကြာဘူးအထဲကိုဝင်ချသွားတယ်ဗျ။
သိပ်မကြာဘူး တစ်အောင့်နေတော့ပြန်ထွက်လာတယ်၊ မျက်နှာမှာလည်း ယောင်ကိုင်းလို့၊ ငိုမဲ့မဲ့လေးနဲ့။
သွားမေးကြည့်လိုက်တယ်
"ညီလေးဘာဖြစ်တာလဲ ..." ဆိုတော့
"အကိုမြင်တယ်မို့လား ဟိုးက ကြိုက်တာယူ ၅၀၀၀ ဆိုတဲ့ဆိုင်းဘုတ်ကို"
"အေးမြင်တယ်လေဘာလို့လဲ ..." အဲ့တော့မှ
"သူတို့ကကြိုက်တာယူ ၅၀၀၀ ဆိုလို့ ကျွန်တော်လည်း counter မှာ ၅၀၀၀ တန်ပေးပြီး တပ်ထားတဲ့ aircon လေးတပ်ဖြုတ်မိတာ ကျွန်တော့်ကိုဝိုင်းရိုက်ကြတယ်ဗျာ ကျွန်တော်ဘာမှားလို့လဲ အကိုရယ် ... " တဲ့
သေရော ဟုတ်သားသူလဲမမှားပါဘူး :-p 😂😂😂
😂😂😂
😂😂😂😂😂
😂 ရှင်လဲစီးတာပဲ 😂
------------------------
အမျိုးသမီးတစ်ယောက် Taxi တစ်စီး စီးလာတယ်၊ တစ်နေရာရောက်တော့-
အမျိုးသမီး - "ဟိုး ... ဆရာ ရောက်ပြီ၊ ဘယ်လောက်ကျလဲ"
Taxiသမား - "၅၀၀၀ ပါအမ"
အမျိုးသမီး - "ရော့ ... ဒီမှာ"
Taxi သမားလည်းပိုက်ဆံ လှမ်းယူရင်း ကြောင်သွားတယ်၊ Taxi သမားက-
Taxiသမား - "အမ ၅၀၀၀ လေ၊ အမပေးတာ ၂၅၀၀ တည်း"
အမျိုးသမီး - "ရှင်လည်းစီးတာပဲ တစ်ယောက်တစ်ဝက်ပေါ့"
တဲ့သေရော 😂😂😂
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Yangon
