နိုင်ငံရေးအပေါ်ရှုထောင့်စုံမှအမြင်များ။

နိုင်ငံရေးအပေါ်ရှုထောင့်စုံမှအမြင်များ။

Share

ပြည်သူ့အာဏာ ပြည်သူ့ထံပြန်ရရန်!

02/04/2017

ပြည်သူတစ်ယောက်ရဲ့ အမြင်!

"၂၀၁၇ ကြားဖြတ်က ပေးလိုက်တဲ့ သင်ခန်းစာက
တော့ ရွေးကောက်ပွဲ ဆိုတဲ့အပေါ်မှာ ပြည်သူတွေ
အာရုံစိုက်မှုနည်းပါးလာခြင်းပါပဲ။၂၀၂၀ အထွေထွေ
ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေအဖို့
၂၀၁၅ ထက်ကပင် လူထူအကြားစိမ့်ဝင်အောင်
ဆောင်ရွက်နိုင်ကြဖို့ပါပဲ. . . . မဟုတ်ရင် ကျရှုံးမှု
တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်. . . "

(ထင်သာ)
2.4.17

Photos 25/02/2017

ရွှေမန်းကို သမ္မတ နေရာပေး . . . .

တပ်ကိုစည်းရုံး. . . . .

၇၆% ရမှ ပြင်လို့ရမယ် ဆိုတဲ့ နာဂစ်ခြေဥ ပြင်မယ် ဆိုတဲ့ သဘောလား?

မင်္ဂလာရှိပါစေ ဗမာပြည်!

( ထင်သာ )
25.2.17

20/11/2016

ဒီမိုကရေစီစစ်လာလေလေ

အာဏာရှင်ဆန်လာလေလေ. .

များလားလို့တွေးမိရင်း!

( ထင်သာ )
20/11/16
06:44am

Photos 06/06/2016

နိုင်ငံရေးသမားဆိုတာ. . . . . . . . ?

08/04/2016

ပထမဆုံးအရွေ့
***********
NLDအစိုးရသစ်တာဝန်ယူပြီး(၈)ရက်မြောက်နေ့၊
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ဒေါ်အောင်
ဆန်းစုကြည်တာဝန်ယူပြီး(၂)ရက်မြောက်နေ့အ
ရွေ့အဖြစ်နိုင်ငံရေးအကျဉ်းသာများနှင့်အမှုရင်
ဆိုင်နေဆဲကျောက်းသားများကိုလွတ်ပေးခြင်း
ဖြင့်စတင်လိုက်ပါသည်။
ကြိုဆိုပါ၏'. . . . .

(ထင်သာ)
08/04/16

Photos from နိုင်ငံရေးအပေါ်ရှုထောင့်စုံမှအမြင်များ။'s post 07/03/2016

NLDအစိုးရသစ်နှင့်မဏ္ဍိုင်သုံးရပ်အပေါ်အမြင်
********************************
တင်ပြမည့်အကြောင်းအရာတွေကဖြင့်
အတော်အတန်သိပြီးတဲ့အကြောင်းတွေဖြစ်ပါတ
ယ်။အဓိကအခြေအနေမှာ ၂၀၀၈ခြေဥကိုမပြင်
ဆင်နိုင်ခဲ့ကစပြီးသုံးသပ်ရပါလိမ့်မယ်။လက်ရှိအ
ခြေအနေအရဒေါ်အောင်ဆန်းစုကြည်ကသမ္မတ
ဖြစ်နိုင်ချေမရှိသေးပါဘူး။
ဒါကြောင့်အစိုးရသစ်မှာ မဏ္ဍိုင်သုံး
ရပ်အပေါ်ဘယ်လောက်လွမ်းမိုးနိုင်မလဲဆိုတာ
တင်ပြပါရစေ။
ဥပဒေပြုရေးမဏ္ဍိုင်
*************
ပါလီမန်မှာ ကာကွယ်ရေးဦးစီး
ချုပ်ကအမည်စာရင်းတင်သွင်းထားသည်တပ်မ
တော်သားကိုယ်စားလှယ် ၂၅%ပါဝင်နေခြင်းက
ဥပဒေပြုရေးမဏ္ဍိုင်တွင်ရာနှန်းပြည့်ဥပဒေပြုခွင့်
မရခြင်း။
အုပ်ချုပ်ရေးမဏ္ဍိုင်
*************
ဧပြီလ(၁)ရက်နေ့တွင်စတင်တါ
ဝန်ထမ်းဆောင်မည့်အစိုးရအဖွဲ့တွင် ကာကွယ်
ရေး။ပြည်ထဲရေး။နယ်စပ်ရေးရာဝန်ကြီးတွေကို
ကာချုပ်ဦးဆောင်တဲ့ကာ/လုံရွေးချယ်ခန့်အပ်ရ
မှာလို့အတိအလင်းပြဌာနးထားပါတယ်။(ကာလုံ
နဲ့ပါတ်သက်လုံးအသေးစိတ်ပိုစ့်တစ်ခု ထင်သာ
ဝေါကတင်ပြခဲ့ဖူးပါသည်)
ထိုအခြေအနေအရ အုပ်ချုပ်ရေးမဏ္ဍိုင်တွင်လ
လည်းရာနှန်းပြည့်အစိုးရဖွဲ့ခွင့်မရခြင်း။
တရားစီရင်ရေးမဏ္ဍိုင်
****************
NLD ဦးဆောင်မည့်အစိုးရသ
စ်သည်လက်ရှိတာဝနါထမ်းဆောင်နေသော
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူ
ကြီးတွေဟာ ၂၀၀၈ခြေဥ အရအသက် (၇၀)အ
ထိတာဝန်ထမ်းဆောင်ခွင့်ရရှိမှာဖြစ်ပါတယ်။
ခြေဥ၂၀၀၈ အရ ပြည်နယ် တိုင်းဒေသကြီးတ
ရားသူကြီးချုပ်တွေဟာ အသက် (၆၅)အထိတာ
ဝန်ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် အစိုးရသစ်
ရဲ့သမ္မတဟာ တရားစီရင်ရေးမဏ္ဍိုင်အပေါ်မှာ
ရာနှန်းပြည့်ဆုံရှံးပြီလားဆိုတဲ့အမေးနဲ့သာ. . . .
အစိုးရသစ်အနေနဲ့မဏ္ဍိုင်သုံး
ရပ်မှာာနန်းပြည့်မရတဲ့အပြင် တရားစီရင်ရေးမ
ဏ္ဍိုင်မှာရာနန်းပြည့်ဆုံးရှုံးနေခြင်းဟာတဖက်
သတ်ရေးဆွဲထားသော နာဂစ်ခြေဥအရဖြစ်ပါ
ကြောင်း။ ဒေါ်အောင်ဆန်းစုကြည်ကိုသီးသန်
ကန့်သတ်ထားသော ၅၉(စ) အပြင် ပုဒ်မ(၄၃၆)ကိုပြည်သူအားနဲ့ပြင်ဆင်နိုင်မှသာလျှင်၂၀၁၈မှာ
မှာကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲမှသာ
ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာနိုင်ပါ
ကြောင်းနှင့် မဏ္ဍိုင်သုံးရပ်တွင်လုပ်ကိုင်နိုင်အနေ
သို့ရောက်ရှိမည်ဖြစ်ပါကြောင်း. . . .
နိဂုံးချုပ်ရသောယခုလက်ရှိ
အခြေအနေအရ NLD အစိုးရသစ်အနေဖြင့်ဒေါ်
အောင်ဆန်းစုကြည်၏ဦးဆောင်မှုအောက်မှာအ
ခြေအနေနှင့်အချိန်အခါကိုကြည်၍တိုင်းပြည်အ
ရေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းစေတနာဖြင့်မြင်တွေ့ရသမျှတင်ပြလိုက်ရပါသည်။

(ထင်သာ)
07/03/16

04/02/2016

သမ္မတအသစ်နှင့်ခုံရုံးအဖွဲ့ဝင်သစ်များရွေးချယ်
ခန့်အပ်ပြီးချိန်မှသာ!

လွှတ်တော်သစ်စချင်း ၅၉(စ)ကိုဆိုင်းငံ့ရမရဆို
တဲ့အတွေးတစ်ခုတင်ပြခဲ့ဘူးပါတယ်။တကယ်
တော့လက်ရှိသမ္မတသက်တမ်းမကုန်သေးသ
ရွေ့ ၅၉(စ) နဲ့အခြားခြေ/ဥတွေကိုပြင်ဆင် ဆိုင်း
ငံ့ဖို့ဆိုတာမဖြစ်နိုင်သေးပါဘူး။
တကယ်လို့များယခုလွှတ်တော်အသစ်ကအရေး
ကြီးအဆိုတစ်ခုတင်သွင်းလိုက်ပြီဆိုပါဆို့။လက်ရှိ
သမ္မတကအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ဖွဲ့စည်း
ပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်းရှိမရှိတင်ပါလိမ့်
မယ်။အခြေခံဥပဒေခုရုံးက ညီညွတ်မှုမရှိဟုဆုံး
ဖြတ်ပါကလွှတ်တော်၏ဆောင်ရွက်ချက်သည်
ပျက်ပြယ်ပါလိမ့်မည်။
အဘယ်ကြောင့်ဆိုသော်လက်ရှိသမ္မတနှင့်အေ့ခြ
ခံဥပဒေဆိုင်ရာခုံရုံးသည်ယခင်အနိုင်ရပါတီပြည်
ခိုင်ဖြိုးမှတင်မြှောက်ထားသူများဖြစ်နေသေးသေါ
ကြောင့်ဖြစ်ပါသည်။
သိုပါ၍ ၅၉(စ) ရပ်ဆိုင်ခြင်း ၂၀၀၈ ခြေ/ဥပြင်ဆ
င်ခြင်းလုပ်ငန်းများကိုနောက်သမ္မတအသစ်နှင့်
ပြည်ထောက်စုအဆင့်အဖွဲ့ဝင်များအသစ်ရွေးချယ်ပြီးချိန်မှသာဆက်လက်ဆောင်ရွက်ကြပါလျှင်
လျော်ကန်သင့်မြတ်မည်ဟုထင်မြင်ယူဆမိပါ
ကြောင်းတင်ပြလိုက်ရပါသည်။
အသေးစိတ်ကိုပညာရှင်များမှဆွေးနွေး
တင်ပြကြလျှင်ပို၍လျှော်ကန်သင့်မြတ်မည်ဖြစ်ပါ
ကြောင်းထပ်မံတင်ပြလိုက်ရပါသည်။

ပညာရှင်များအားလုံးကိုလေးစားလျှက်

(ထင်သာ)
04/02/16
10:49am

16/12/2015

၅၉(စ)ကိုဆိုင်းငံ့ထားလို့ရမရ. . . .

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ဟာ
၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့မှာစတင်
ရမှာဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်
စားလှယ်တွေကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ
ဒေပါ ပုဒ်မ ၅၉(စ)ကိုဆိုင်းငံ့ထားဖို့အရေးကြီးဆို
တင်သွင်းပြီး မဲခွဲဆုံးဖြတ်တဲ့အခါ ၅၀% ကျော်က
ထောက်ခံအတည်ပြုပါမယ်။
အဲဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ
သမ္မတဖြစ်နိုင်ချေရှိတယ်လိုသုံးသပ်မိပါတယ်။
ထိုထက်အသေးစိတ်ကိုတော့ဥပဒေပညာ
ရှင်များကသုံးသပ်တင်ပြတာကိုမျှော်လင့်မိပါ
တယ်ခင်ဗျာ။

13/11/2015

လေ့လာမိသမျှ
***********
၂၀၁၅ အထွေထွေရွေးကောက်ပြီးအပြီးလက်ရှိလွှတ်တော့်သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ
တွင်ကုန်ဆုံးပါမည်။လွှတ်တော်အသစ်သို့တာဝန်များ
လွဲပေးရမည်ဖြစ်ပါသဖြင့်လက်ရှိလွှတ်တော်ဥက္ကဌများမှလွှတ်တော်ခေါ်ယူပေးရေပါမည်။
အစိုးရသစ်ဖြစ်ပေါ်လာစေရေးအတွက်လွှတ်တော်ကို
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းခေါ်ယူရမည်ဖြစ်
ပါသည်။
လက်ရှိအစိုးရ၏ သက်တမ်းသည် ၂၀၁၆ ခုနှစ်မတ်
လ ၂၉ ရက်နေ့တွင်ကုန်ဆုံးမည်ဖြစ်ပါသည်။
သို့ပါ၍ အစိုးရသစ်သည် ၂၀၁၆ ခုနှစ်ဧပြီ ၁ ရက်နေ့
မှစ၍တာဝန်ထမ်းဆောင်ကြရပါမည်ဖြစ်ကြောင်းလေ့
လာမိသမျှတင်ပြလိုက်ရပါသည်။

(ထင်သာ)
13/11/15
11:58am်

01/11/2015

ပြည်ခိုင်ဖြိုးရဲ့အောက်လုံးများနှင့်2015အထွေထွေရွေး
*************************************
ကောက်ပွဲ
*******

(8/11/2015)နေ့. . . .အပြောင်းအလဲကိုလ
က်ခံချင်ပြောင်းလဲချင်သူတွေနဲ့ဆက်လက်ဆုပ်ကိုင်
ထားချင်သူအာဏာရှင်တွေထိပ်တိုက်တွေ့ဆုံမယ့်ပွဲ
ပါ။ 8 ရက်နေ့မှာ ဖြစ်နိုင်ချေရှိတဲ့အောက်လုံးအစီအမံ
တွေကိုမှန်းပြပါ့မယ်။
(1) မဲပေးပိုင်ခွင့်အချိန်ဟာမိနစ် ၆၀၀ ထက်မပိုပါဘူး
ဒါကြောင့်ပြည်ခိုင်ဖြိုးကသူ့လူတွေကိုအရှေ့က
နေတန်းစီစေပြီးအချိန်ကုန်စေရန်အချိန်ဆွဲထား
နိုင်ပါတယ်။
(2) စွမ်းအားရှင်တွေက မဲရုံအနီးတဝိုက်မှာ nld ပါတီ
ရဲ့ ဝတ်စုံတွေဝတ်ဆင်ပြီး ပါတီကိုပြသနာဖြစ်စေ
နိုင်ပါတယ်။
(3) မဲရေတွက်တဲ့အခါ nld ကိုပေးတဲ့မဲဆိုရင် ပယ်မဲ
မဖြစ်ဖြစ်အောင်လုပ်ဆောင်ပါလိမ့်မယ်။
(4) မဲရုံပါတ်ဝန်းကျင်မှာnld ပါတီဝင် ဒါမှမဟုတ် nld
ကိုမဲပေးမယ့်သူတွေကိုပြသနာဖြစ်အောင်ဖန်တီး
နိုင်ပါတယ်။
(5) နောက်ဆုံးအဆင့်က nld ဟာ တစ်နိုင်ငံလုံးအပြ
တ်အသတ်အနိုင်ရခဲ့ရင် ၁၉၉၀ အခြေအနေအ
တိုင်းအကြောင်းပြ ဖန်တီးလာနိုင်ပါကြောင်းအသိ
ပေးတင်ပြလိုက်ရပါသည်။

မှတ်ချက်။ ။အားလုံးအစစသတိရှိကြပါစေ!

(ထင်သာ)

(ထင်သာ)ွ

Mobile uploads 10/10/2015

မြင်တာလေးပြောပါရစေ. . . .

အာဏာရပါတီအနေနဲ့လက်တလောအနေအထားမှာ
မဲကွဲအောင်ခွဲထုတ်နေတာလို့မြင်မိပါတယ်။ဗမာပြည်
ရဲ့မဲပေးနိုင်သူ ၃၃သန်းရှိတဲ့အနေအထားမှာအတိုက်
အခံပါတီအနေနဲ့အရင်ကထက်ပိုပြီးကျစ်လစ်အောင်
စုစည်းနိုင်ဖို့ကလည်းအလွန်အရေးကြီးလာပါပြီ။တစ်
ခြားပါတီ ၉၀ ကျော်ကလည်းသူဟာနဲ့လှုပ်လျှားနေတဲ့
အတွက်ဒီ ၃၃ သန်းထဲကဘဲပဲ့ထွက်ဦးမှာပါ။
အတိုက်အခံအနေနဲ့ ၉၀ တုန်းကလိုပြတ်ပြတ်
သားသားအောင်နိုင်ရေးအတွက် စည်းလုံးညီညွတ်စွာ
ဖြင့်ရှေးကထက်ပိုပြီးလုပ်ဆောင်နိုင်ပါစေလို့ဆုတောင်းရင်း. . . . .

" အာဏာရှင်စနစ်ကလွတ်မြောက်ဖို့

N L D ကိုမဲပေးစို့. . . "

(ထင်သာ)
10/10/15
08:27pm

14/08/2015

ပါတီကြီးတစ်ခု၏ထိပ်ပိုင်းအပြောင်းအလဲနှင့် အနာဂ
တ်ဗမာပြည်. . . .

ပြည်သူလွှတ်တော်ဥက္ကဌ၊ပြည်ထောင်စုလွှတ်
တော်နာယက၊လက်ရှိအာဏာရပါတီရဲ့ဥက္ကဌဦးရွှေ
မန်းကိုပါတီဥက္ကကနေဖယ်ရှားလိုက်တယ်ဆိုတဲ့သ
တင်းတွေတွေ့ရတဲ့အခါ ဉာဏ်မှီသလောက်စဉ်းစား
မိခဲ့တာများအားတင်ပြပါရစေ။
သာမန်အားဖြင့်ကြည့်ပါက ပါတီတွင်းဥက္ကအပြေ
ာင်းအလဲဖြစ်၍အထူးသတိထားရန်မလိုသော်လည်း
ဆက်စဉ်းစားမိတဲ့အခါ။
ဦးရွှေမန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဖြူး
မြို့နယ်မဲဆန္ဒနယ်မှရွေးချယ်ယှဉ်ပြိုင်ရန်အမည်တင်
သွင်းထားသူ။ဒေါ်အောင်ဆန်းစုကြည်အပါအဝင်လ
က်ရှိnldလွှတ်တော်ကိုယ်စားလှယ်များနှင့်ပြေပြစ်သူ၊
လက်ရှိသမ္မတအလွန်တွင်သမ္မတတာဝန်ထမ်းဆော
င်ရန်စိတ်ထက်သန်သူ။အဖြစ်တွေ့မြင်ရမည်ဖြစ်ပါ
သည်။
ထိုထက်ပို၍စဉ်းစားသော်၂၀၁၅election နှင့်
တွဲ၍စဉ်းစားရမည်ဖြစ်ပါသည်။
အမှန်တကယ်ရွေးကောက်ပွဲကျင်းပဖြစ်ပါက
လက်ရှိအာဏာရပါတီရော အတိုက်အခံပါတီရော
မဲအပြတ်အသတ်နိုင်ခြေမရှိကြောင်းတွေ့ရှိရမည်
ဖြစ်ပါသည်။အဆိုပါအခြေအနေနှင့်ကြုံတွေ့သော်
မဲအများဆုံးရပါတီများစုပေါင်း၍ညွန့်ပေါင်းအစိုးရ
ဖွဲ့ရပါလျှင်၂၀၀၈ခြေဥ အရ nld ဥက္ကဌ ကော့မှူး
ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်
သမ္မတတာဝန်ဆောင်ရွက်ရန်မဖြစ်တော့သည့်အေ
ခြအနေအရ usdp ဥက္ကဌ ဖြူးကိုယ်စားလှယ် ဦးရွှ
မန်းအားသမ္မတတာဝန်ယူစေကာ ဗမာပြည်၏ဒီမိုက
ရေစီစနစ်အားသဘောထားပျော့ပြောင်းအဆင်ပြေ
မည့်ဦးရွှေမန်းနှင့်ဒေါ်အောင်ဆန်းစုကြည်တို့မှဆောင်
ရွက်သွားနိုင်မည့်အခြေအနေဟုထင်မြင်မိပါသည်။
အဆိုပါအခြေအနေအနေအားပိုအားကောင်းစေ
သောအချက်တစ်ချက်မှာဒေါါ်အောင်ဆန်းစုကြည်၏
နေပြည်တော်ခရီးစဉ်တွင်ဖြူးဒေသခံများအားနုတ်
ဆက်ခြင်းမရှိသည်ကလည်းသတိပြုမိစရာဖြစ်ပါသ
ည်။
ထိုအခြေအနေကိုရိပ်စားမိသောလက်ရှိ
သမ္မတနှင့်ကာချုပ် usdp မှထိပ်ပိုင်းခေါင်းဆောင်
များမှကြိုတင်လက်ဦးမှုရယူသွားခြင်းဖြစ်ပါကြောင်း
လေ့လာတင်ပြလိုက်ရပါသည်။

(ထင်သာ)
14/08/15
10:56am

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon