[English below]
ဇွန်လ ၁ ရက်နေ့က Pride Month ရဲ့ လ အစ ဖြစ်ပါတယ်။ အခုလို အချိန် အခါသမယမှာ နယ်သာလန်နိုင်ငံရဲ့ ဝန်ကြီးချုပ် Rob Jetten က အောက်ပါ ဗီဒီယိုနဲ့ သတင်းစကား ပါးလိုက်ပါတယ်။
ချစ်ခြင်းမေတ္တာတရားဆိုတာ ပုံစံမျိုးစုံနဲ့ ပေါ်ထွန်းနိုင်သလို လူတိုင်းဟာ မိမိရဲ့ ဖြစ်တည်မှု အလျောက် လွတ်လပ်စွာ နေထိုင်ခွင့် ရသင့်တယ်ဆိုတာ ကမ္ဘာကြီးကို ပြသနိုင်ဖို့ အရေးကြီးကြောင်း ဝန်ကြီးချုပ်က အလေးပေး ပြောကြား သွားပါတယ်။ ဥရောပရဲ့ နွေရာသီ ဖြစ်တဲ့ ဇူလိုင်၊ သြဂုတ်လမှာ အမ်စတာဒမ်မြို့မှာ World Pride ပွဲကို လက်ခံကျင်းပသွားမှာမို့ နယ်သာလန်နိုင်ငံအနေနဲ့ ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ LGBTIQ+- တို့ရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံက ဆက်လက် ထောက်ခံ အားပေး သွားမှာ ဖြစ်ပါတယ်။
Yesterday the 1st of June marked the start of Pride Month. On the occasion, the Prime Minister of the Kingdom of the Netherlands, Rob Jetten, has shared the following video message, highlighting the importance of showing the world that love comes in many different forms and that everyone should be free to be themselves. We are proud to be hosting World Pride in Amsterdam this summer, and continue to advocate for LGBTIQ+-rights around the globe, including in Myanmar.
"ကမ္ဘာမှာ ပထမဦးဆုံး ဖြစ်တဲ့ တန်းတူ ထိမ်းမြားခွင့်ဆိုင်ရာ ဥပဒေကို နယ်သာလန်နိုင်ငံမှာ ပြဌာန်းခဲ့တာ ယခုနှစ် ဆိုရင် ၂၅ နှစ် တိတိ တိုင်ခဲ့ပါပြီ။ ဒါက တကယ့် သမိုင်းမှတ်တိုင်ပါပဲ။ ဓါတ်ပုံတွေလည်း ကမ္ဘာအနှံ့ ပျံ့နှံ့သွားတယ်။ ဒါပေမယ့် သတင်းစာ ခေါင်းကြီးပိုင်းမှာ ဒီသတင်းအကြောင်း ပါတာထက် ပို အရေးကြီးတာက ဒါတွေရဲ့ နောက်ကွယ်က သတင်းစကား တစ်ခုပါပဲ။ မိတ်ဆွေက တခြားသူတွေနဲ့ တန်းတူပါပဲ။ ဒီ သတင်းစကားက ကျွန်တော့်ကို နေ့စဥ် တွန်းအား ပေးနေတာပါပဲ။ လူတိုင်းဟာ မိမိရဲ့ ဖြစ်တည်မှုအတိုင်း လွတ်လပ်စွာ နေထိုင်ခွင့်ရှိတယ်ဆိုတဲ့ သတင်းစကားနဲ့ ကိုယ်ရွေးချယ်တဲ့သူအပေါ် မေတ္တာ ထားခွင့် ရှိတယ် ဆိုတာပါပဲ။ ဒါဟာ သိသာထင်ရှားတဲ့ အကြောင်း တရားပဲလို့ ထင်ရပေမယ့် တချို့နေရာတွေမှာတော့ ဒီလို အခြေအနေမျိုး မရှိသေးပါဘူး။ ဒါကြောင့် Pride Month က အလွန်ပဲ အရေးကြီးပါတယ်။ ချစ်ခြင်းမေတ္တာတရားဆိုတာ ပုံစံမျိုးစုံနဲ့ ပေါ်ထွန်းနိုင်ပြီး လတိုင်းရဲ့ နေ့တိုင်းမှာ ဒါကို အသိအမှတ်ပြု အထိမ်းအမှတ် ပြုသင့်တယ် ဆိုတာ ပြသဖို့ ဒီနှစ် (ဥရောပ) နွေရာသီမှာ World Pride ကို အမ်စတာဒမ် မြို့မှာ လက်ခံ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်၊ ကျွန်တော့် အတွက်တော့ လတိုင်းက Pride Month ပါပဲ။”-ဝန်ကြီးချုပ် Rob Jetten
Embassy of the Netherlands in Myanmar
Welcome to the Embassy of the Kingdom of the Netherlands in Myanmar.
17/05/2026
[English below]
လိင်တူချစ်ခြင်းကို မနှစ်သက်ခြင်း၊ လိင်တူ၊ လိင်ကွဲချစ်ခြင်းကို မနှစ်သက်ခြင်းနှင့် လိင်ခွဲစိတ် ပြောင်းလဲထားသူများကို ကြောက်ရွံမုန်းတီးခြင်းများအား ဆန့်ကျင်ရေး နိုင်ငံတကာနေ့ အခါသမယတွင် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် သံရုံး 🇳🇱နှင့် အခြား 🇦🇺 🇨🇦 🇨🇿 🇪🇺 🇫🇷 🇩🇪 🇳🇴 🇪🇸 🇨🇿 🇸🇪 🇨🇿 🇬🇧 မိတ်ဖက်သံရုံးများက LGBTIQ+ များ၏ အခွင့်အရေးကို ကာကွယ်ရန်နှင့် ၎င်းတို့အပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုပုံစံအားလုံးကို တိုက်ဖျက်ရန် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုပါသည်။
လိင်တူ ချစ်သူများကို ပစ်မှတ် ထားခြင်းသည် လူနည်းစု ကိစ္စ တစ်ခုမျှသာ မဟုတ်ဘဲ အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဏ မှေးမှိန်စေခြင်း၊ မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်လာခြင်း၊ အကျင့်ပျက် ခြစားမှုများလာခြင်းနှင့် ဒီမိုကရေစီနည်းကျ အဖွဲ့အစည်းမျာကို အင်အား ချိနဲ့အောင် လုပ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ပိုမိုကျယ်ပျံ့သည့် အနေအထားတစ်ရပ်၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်ပါသည်။
၂၀၀၁ ခုနှစ်မှ စ၍ လိင်တူလက်ထပ်ခွင့်နှင့် ကလေးမွေးစားခွင့်များကို ပထမဆုံး တရား၀င် ခွင့်ပြုခဲ့သည့် နယ်သာလန် နိုင်ငံ အနေဖြင့် အဆိုပါ ပုဂ္ဂိုလ်များ အများနည်းတူ အခွင့်အရေးများ တန်းတူရရှိရေးကို ကာကွယ် မြှင့်တင်ရန်အတွက် မားမားမတ်မတ် ရပ်တည်လျက်ရှိပြီး လူတိုင်းအတွက် တန်းတူ ညီမျှရေးကို ကာကွယ်ရန် အခြားသော မိတ်ဖက်နိုင်ငံများနှင့် အတူ လက်တွဲ ဆောင်ရွက် လျက်ရှိပါသည်။
မည်သူမဆို မည်သူ့ကို စုံမက်သည် ဖြစ်စေကာမူ မိမိ၏ ဖြစ်တည်မှုကို လွတ်လပ်စွာ ခံယူခွင့် ရှိသင့်ပါသည်။
On the occasion of the World Day Against Homophobia, Biphobia and Transphobia, the Embassy of the Netherlands 🇳🇱 in Myanmar and 🇦🇺 🇨🇦 🇨🇿 🇪🇺 🇫🇷 🇩🇪 🇳🇴 🇪🇸 🇨🇿 🇸🇪 🇨🇿 🇬🇧 reiterate their commitment to defending the rights of le***an, gay, bisexual, transgender, q***r and intersex (LGBTIQ+) people and the fight against all forms of violence and discrimination against them.
The targeting of LGBTIQ+ persons is not a minority issue but a part of a broader trend of shrinking civic space, restrictions on press freedom, growing corruption and the undermining of democratic institutions.
As the first country that adopted marriage equality and adoption rights for same-sex couples in 2001, the Netherlands stands firmly for the protection and promotion of equal rights for LGBTIQ+ persons and works together with other countries to defend equality for everyone.
Everyone should be able and free to be themselves, no matter who they are and who they love.
07/05/2026
[English below]
စက်သုံးဆီချွေတာဖို့ ခြေလှမ်းတစ်ရပ်အနေနဲ့ စက်ဘီးစီးတဲ့ သံတမန်တွေ။
ဖေဖော်ဝါရီ လကုန်ပိုင်းက စပြီး မြန်မာနိုင်ငံမှာ စက်သုံးဆီတွေ စျေးတက်ပြီး ပြတ်လပ်မှုနဲ့ ကြုံခဲ့ရပါတယ်။ လူအများစုက ကားဆီဖြည့်ဖို့အတွက်၊ ကောက်ပဲ သီးနှံ ရိတ်သိမ်းဖို့အတွက်နဲ့ သူတို့ရဲ့ ထွက်ကုန်တွေကို စျေးအရောက် ပို့ဖို့ သယ်ယူပို့ဆောင်ရေးအတွက် ဆီဝယ်ဖြည့်နိုင်ဖို့ ရုန်းကန်ကြရပါတယ်။
နယ်သာလန်သံရုံးရဲ့ ဒုတိယ သံရုံး အကြီးအကဲ မစ္စတာ ၀င်းမ် ဗန်ဒွေါန်က စက်သုံးဆီ ချွေတာဖို့အတွက် ရုံးသွားရင် တတ်နိုင်သလောက် စက်ဘီးစီးသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ကျွန်တော် မြန်မာနိုင်ငံရောက်ကတည်းက စက်ဘီးစီးဖို့ စဥ်းစားခဲ့ပါတယ်။ နေပူတာရယ်၊ ဘေးကင်းပါ့မလားလို့ မေးခွန်းထုတ်မိတာရယ်၊ အစည်းအဝေးတွေသွားဖို့ ကုတ်အင်္ကျီ ဝတ်ဖို့ လိုတာတွေရယ်ကြောင့် စက်ဘီးမစီး ဖြစ်ခဲ့ဘူး။ ဒါပေမယ့် စက်သုံးဆီ အကျပ်အတည်းကြောင့် ဖြင်ပေါ်လာရတဲ့ အခက်အခဲတွေကို မြင်ရတဲ့အခါ ကျွန်တော်လည်း တစ်ခုခုတော့ လုပ်ပေးချင်ခဲ့မိတယ်။”
နယ်သာလန်နိုင်ငံမှာတော့ စက်ဘီးနဲ့ ရုံးတက်တာက ပုံမှန်ပါပဲ။ ငါးကီလိုမီတာ ပတ်လည်အတွင်းဆိုရင် ရာသီဥတု ဆိုးနေရင်တောင် လူအများစုက ရုံးကို စက်ဘီးစီး သွားကြတယ်။
“ကျွန်တော် မြန်မာနိုင်ငံ မလာခင်တုန်းက နေ့တိုင်း ရုံးကို စက်ဘီးစီး သွားတယ်။ မိုးပဲ ရွာရွာ နှင်းပဲ ကျကျ ကျွန်တော်က ရေလုံတဲ့ ဝတ်စုံ ဝတ်ပြီး စက်ဘီးစီး ရုံးတက်တယ်။
"မြန်မာနိုင်ငံမှာတော့ စက်ဘီးစီး ရုံးတက်နိုင်ဖို့ တခြားနည်းတွေကို သုံးဖို့ လိုပြန်ပါတယ်။ ဒီမှာက စက်ဘီးနင်းသူတွေအတွက် သီးသန့် သတ်မှတ်ပေး ထားတဲ့ လမ်းမရှိတော့ ကားကြပ်တဲ့ လမ်းမကြီးတွေကို ရှောင်ဖို့ လမ်းသွယ်လေးတွေကို သုံးရတယ်။ အိမ်ကနေ စောစောထွက်ရတယ်။ အားကစား ဝတ်စုံဝတ်ရတယ်။ ရုံးမှာ ရေချိုးလို့ ရတော့ ကံကောင်းတယ်။ ရုံးကလူတွေ မရောက်ခင် ကျွန်တော် ရေမိုးချိုး၊ အဝတ်အစားလဲ ကုတ်အင်္ကျီ ဝတ်ပြီး အလုပ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ။
"စက်ဘီးစီးတာ စက်သုံးဆီ ချွေတာရာလည်း ရောက်တယ်။ ဆီမရမှာလည်း သိပ်မပူရဘူး။ ငွေကုန်လည်း သက်သာသလို ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘူး။ နောက်ပြီး လမ်းပေါ်က လူတွေရဲ့ နေ့စဥ် ဘဝတွေကိုလည်း ပိုမြင်တွေ့ခွင့် ရတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ ၂၅ မိနစ်လောက် စက်ဘီးစီးတာက ကျွန်တော့်အတွက် နေ့စဥ်လေ့ကျင့်ခန်း တစ်ခု ဖြစ်နေပြီ။
"ကျွန်တော်လုပ်ပေးနိုင်တာလေးက မပြောပလောက်ဘူး ဆိုပေမယ့် စက်သုံးဆီ အခက်အခဲကြောင့် ရုန်းကန်နေရတဲ့ လူတွေနဲ့အတူ ရှိတယ် ဆိုတာ ပြသနိုင်တယ်လို့တော့ ကျွန်တော် ယုံတယ်။ စက်သုံးဆီ အသုံး လျှော့ချဖို့ လုပ်ဆောင်ချက်လေးတွေ များလာရင် အကျိုးသက်ရောက်မှုကြီး ဖြစ်လာမှာပါ" လို့ ဝင်းမ်က ပြောပါတယ်။
မိတ်ဆွေရော စက်သုံးဆီ ချွေတာဖို့ ဘာတွေ လုပ်ဆောင်နေပါပြီလဲ။ အောက်က ကော့မန့်ထဲမှာ ရေးခဲ့ပါဦး။
Cycling diplomats: a small step to reduce fuel use
Since the end of February, Myanmar is facing steep fuel price increases and shortages. Many people are struggling to pay for fuel in their car, to harvest their crops or to transport their goods to markets. Reducing fuel use was one of the reasons our Deputy Head of Mission, Wim van Doorn, has decided to go to the office by bicycle as much as possible: “I had been thinking about cycling to work since I arrived in Myanmar. The heat, questions about safety, and needing to go to meetings in my suit were some of the reasons that I never did it. However, when I saw the impact of the fuel crisis, I felt I needed to contribute something as well.”
Cycling to work is normal in the Netherlands. More than half of the people that live within 5 kilometers of their work go there by bicycle even in bad weather.
Wim said, “Before coming to Myanmar, I also cycled to work every day. For rain or snow, I would have waterproof gear with me. In Myanmar, I need to adapt in other ways: as there are no bike lanes, I use small streets and avoid the busy main roads. I leave home early and dress in a sports outfit. I am lucky that I can shower in the office. Before everybody else arrives, I get dressed up in my suit, ready for the day. Cycling uses less fuel, reducing pressure on fuel availability. It saves money and is better for the environment. I also see more of daily Myanmar life in the streets, and it is healthy: the 25 minute bike ride is my daily exercise”.
“I know it is only a small contribution, but I believe that it shows solidarity with the people that are really struggling. Every little step to reduce fuel consumption can add up.”
What are you doing to reduce fuel use? Let us know in the comments.
03/05/2026
03/05/2026
[English below]
လွတ်လပ်၍ အမှီအခိုကင်းသည့် မီဒီယာများကို ကာကွယ်စောင့်ရှောက်ခြင်းသည် အားလုံး ပါဝင်ပြီး ငြိမ်းချမ်းသည့် ဒီမိုကရေစီကျသော လူ့အဖွဲ့အစည်းများ ဖြစ်ထွန်းရေးအတွက် အခြေခံကျသော အကြောင်းရင်းတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့်မှာ ဖိအားများစွာနှင့် ရင်ဆိုင်နေရသည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း၌ အမှီအခိုကင်းသည့် မီဒီယာများ ပိတ်သိမ်းလိုက်ရခြင်း သို့မဟုတ် နိုင်ငံမှ ထွက်ခွာသွားရခြင်းတို့ ဖြစ်ပေါ်ခဲ့ရသည်။ သတင်းထောက်များနှင့် မီဒီယာလုပ်ငန်းလုပ်ကိုင်နေသူများသည် ၎င်းတို့၏ အလုပ်ကို လုပ်ကိုင်ရုံမျှဖြင့် ခြိမ်းခြောက် ခံရခြင်း သို့မဟုတ် ဖမ်းဆီးခံရခြင်းများနှင့် ကြုံတွေ့ ကြရသည်။ ၎င်းတို့အနက်မှ သတင်းဓာတ်ပုံဆရာ စိုင်းဇော်သိုက်သည် ၂၀၂၃ ခုနှစ် ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းပြင်းတိုက်ခတ်ခဲ့ပြီးနောက် အခြေအနေများကို သတင်းသွားရောက် ယူရုံမျှဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည်။ မျှတသည့် တရားစီရင်မှုလည်း မရရှိခဲ့ပါ။ မကြာသေးမီကလည်း ချင်းပြည်နယ်ရှိ တိုင်းရင်းသားမီဒီယာများ အပါအဝင် လွတ်လပ်သော မီဒီယာများ၏ ထုတ်ဝေခွင့် လိုင်စင်များကို ရုပ်သိမ်းလိုက်သည့် သတင်းများကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရသည်။
ယခုနှစ်အစောပိုင်း လွတ်ငြိမ်းချမ်းသာခွင့်များတွင် သတင်းသမားအချို့ လွတ်မြောက်လာခဲ့သည်ကို ကျွန်ုပ်တို့ အသိအမှတ်ပြုသော်လည်း အကျဉ်းထောင်များအတွင်း ဆက်လက် ထိန်းသိမ်းခံနေရဆဲ သတင်းသမားများနှင့် မီဒီယာလုပ်သားအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တိုက်တွန်းပါသည်။
သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အားပေးထောက်ခံသည့် နိုင်ငံ ဖြစ်သည့် နယ်သာလန် နိုင်ငံအနေဖြင့် မြန်မာနိင်ငံနှင့် အခြားသော နိုင်ငံများတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ဆက်လက် ပံ့ပိုးသွားမည် ဖြစ်ပါသည်။
Safeguarding free, independent and diverse media- both online and offline-is fundamental to the development of inclusive, peaceful and democratic societies.
In Myanmar, press freedom is under severe pressure. Since 2021, independent media have been forced to close down or leave the country. Journalists and media workers have been threatened or arrested just for doing their work. Among them, Sai Zaw Thaike, a photojournalist, has been serving a long prison term merely for covering the situation aftermath of a devastating cyclone in Rakhine in 2023, without due process. Recently, we have also seen worrying reports of revocation of publishing licenses of several independent media which include ethnic media outlets in Chin State.
While we acknowledge the release of some journalists in the amnesties early this year, we call for the release of all journalists and media workers who still remain in prisons.
As a strong advocate for press freedom, the Netherlands remains committed to supporting the freedom of the press in Myanmar and elsewhere.
21/04/2026
ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ ပြောရေး ဆိုခွင့်ရှိသူ Anitta Hipper ၏ တွစ်တာမှ
‘’ဥရောပသမဂ္ဂသည် ဦးဝင်းမြင့်နှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့် ပေးသည့် ကြေညာချက်နှင့် သေဒဏ်ချမှတ် ခံထားရသူ အများအပြားအား ပြစ်ဒဏ် လျှော့ပေါ့ ပေးခြင်းကို ကြိုဆိုပါသည်။ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသူ အားလုံးကို ခြွင်းချက် မရှိ လွှတ်ပေးရန် ကျွန်ုပ်တို့ ဆက်လက် တောင်းဆိုလျက်ရှိသည်။’’
Tweet from the spokesperson from the Foreign Affairs and Security Policy of the EU, Anitta Hipper
“The EU welcomes the announcement of the release of U Win Myint and other political prisoners, and the commutation of several death sentences. We continue to demand the unconditional release of all arbitrarily detained persons, including Daw Aung San Suu Kyi.”
https://www.facebook.com/share/p/18M1D8gWjS/
[English below]
မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး သာယာချမ်းမြေ့တဲ့ သင်္ကြန်အခါ သမယဖြစ်ပါစေကြောင်း နယ်သာလန် နိုင်ငံသံရုံး အကြီးအကဲ မစ္စတာ ကေ့စ် ဘန်စီမာနဲ့ ဒုတိယ အကြီးအကဲ မစ္စတာ ၀င်းမ် ဗန်ဒွေါန်
တို့က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
Head of Mission of the Embassy of the Netherlands, Mr Cees Bansema and the Deputy Head of Mission, Mr Wim van Doorn wish the people of Myanmar peaceful and blessed Thingyan.
28/03/2026
[English below]
အင်အား ၇.၇ ရှိသော မြေငလျင်ကြီး မြန်မာနိုင်ငံအလယ်ပိုင်း တွင် လှုပ်ခတ်သွားသည်မှာ ယနေ့ မတ်လ ၂၈ ရက်နေ့တွင် တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်ပါသည်။ မြေငလျင်ကြီးကြောင့် လူပေါင်း ၃,၈၀၀ ကျော် သေဆုံးခဲ့ပြီး ၅,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံခန့် ပျက်စီးဆုံးရှုံးခဲ့ရ ပါသည်။ ယနေ့တွင် ဘေးအန္တရာယ်ဆိုးကြီးကြောင့် သေဆုံးခဲ့ရသူများအတွက် အထိမ်းအမှတ် အဖြစ်နှင့် ယင်းကြောင့် ထိခိုက်နစ်နာ ခဲ့ရသူများအတွက် ရပ်တည်လျက်ရှိ ကြောင်း 🇳🇱နယ်သာလန် သံရုံးက ပြောကြားအပ်ပါသည်။
🇳🇱နယ်သာလန်အစိုးရ၏ ငွေကြေးထောက်ပံ့မှုဖြင့် 🇳🇱Dutch Relief Alliance သည် ငလျင်လှုပ်ပြီး ၄၈ နာရီအတွင်း မြေပြင်သို့ ရောက်ရှိသွားပြီး ထိခိုက်နစ်နာသူများအား အကူအညီပေးခဲ့ပါသည်။ ယင်းအထောက်အပံ့ဖြင့် လူထောင်ပေါင်း များစွာအတွက် ရောဂါမဖြစ်ပွားစေရန် သောက်ရေသန့်နှင့် အစားအသောက်များ၊ နေစရာများ ပံ့ပိုးနိုင်ခဲ့ပါသည်။
ငလျင်ဒဏ်ခံရသူများ မိသားစုဘဝ ပြန်လည်တည်ဆောက်ရေးအတွက် စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများပေးရန် အရေးကြီးလှပါသည်။ မိမိတို့၏ ချစ်ခင်သူများ သို့မဟုတ် နေအိမ်များ သို့မဟုတ် ဝင်ငွေအရင်းအမြစ်များ ဆုံးရှုံးခဲ့ရသော မိသားစုများနှင့် ကလေးများအတွက် မိတ်ဖက် အဖွဲ့အစည်းများမှ တစ်ဆင့် စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီများကို 🇳🇱နယ်သာလန် နိုင်ငံက ပံ့ပိုးပေး လျက်ရှိပါသည်။
📷 World Vision Myanmar
Today, 28 March, marks one year since the massive 7.7 magnitude earthquake with an epicentre in Mandalay, Myanmar, which killed more than 3.800 people, injured more than 5.000 and caused approximately USD 11 bln in damage. On this day, we commemorate the victims of this terrible disaster and express our solidarity with those that continue to suffer the consequences.
Within 48 hours after the earthquake, 🇳🇱the Dutch Relief Alliance was on the ground to provide support to the victims, with financial support from the Government of 🇳🇱the Netherlands. With our support, thousands of people were provided with food and non-food items including safe drinking water, sanitation to prevent diseases, and shelter.
Services for mental health and psychosocial support are critical to rebuild families. Through several partner organizations, 🇳🇱the Netherlands provided mental health services to the children and families who have lost their beloved ones, their homes or their income.
📷 World Vision Myanmar
08/03/2026
[English below]
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ပဋိပက္ခများ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်းများနှင့် အကျပ်အတည်းများကြားတွင် ရှင်သန်နေထိုင်နေကြရပါသည်။
ယခု ၂၀၂၆ ခုနှစ်တွင် အမျိုးသမီးနှင့် မိန်းကလေးငယ် ၈.၄ သန်းသည် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ လိုအပ်နေပါသည်။
သို့တိုင်အောင် ၎င်းတို့သည် လူမှုအသိုင်းအဝိုင်းများကို ဆက်လက်၍ ဦးဆောင်မှုပေးပြီး အတူတကွ ထိန်းသိမ်းစည်းလုံးထားနိုင်ရန် ကြိုးပမ်းလျက် ရှိကြပါသည်။
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် 🇳🇱နယ်သာလန်နိုင်ငံသည် 🇲🇲မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးများ အားလုံးအတွက် ဆက်လက် ထောက်ခံ အားပေး လျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။
#အမျိုးသမီးနှင့်မိန်းကလေးငယ်တိုင်းအတွက်
Across 🇲🇲Myanmar, women and girls are living through conflict, displacement and crisis. 8.4 million women and girls need humanitarian assistance in 2026. Yet, they continue to lead and hold communities together. On this International Women’s Day 2026, the 🇳🇱Netherlands expresses its continuous support for all women and girls in 🇲🇲Myanmar.
20/02/2026
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Address
84, Pan Hlaing Street, Sanchaung Township
Yangon
Opening Hours
| Monday | 08:30 - 17:00 |
| Tuesday | 08:30 - 17:00 |
| Wednesday | 08:30 - 17:00 |
| Thursday | 08:30 - 17:00 |
| Friday | 08:30 - 17:00 |
