20/08/2017
❝ဖုန်း Sim Card lock ကျသွားတဲ့အခါဖြေရှင်းနည်း❞
■ ဒီတစ်ခါဖုန်း Sim Card lock ကျသွားတဲ့အခါဖြေရှင်းနည်း ပုံနဲ့အပြည့်အစုံရှင်းပြထားပါတယ်။
■ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျသွားပြီ ဆိုရင် ဖုန်းလိုင်းပျောက်ပြီး unlock ပြန်လုပ်ဖို့ ဖုန်းက
PUK Code တောင်းပါလိမ့်မယ်။
■ PUK ဆိုတာတော့ ဖုန်းဝယ်ကတည်းက ဖုန်းကဒ်အခွံမှာ PUK code ကပါပြီးသားပါ (ပုံမှာပြထားသလို)။
unlock ပြန်လုပ်ပုံကတော့ အဲ့ဒီ code ၈ လုံးကို ရိုက်ထည့်ပေးလိုက်ပါ ပြီးရင် ok နှိပ်ပါ။ PIN number
12345 လို့သာ ရိုက်ပြီး ok နှိပ်ပါ နောက်တစ်ခေါက် PIN number ကို confirm လုပ်ခိုင်းပါလိမ့်မယ်။
12345 လို့ထပ်ရိုက်ပေးပြီး ok နှိပ်လိုက်ပါ။ ဒါဆိုပြီးပါပြီ Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိပ်မယ်။
■ ထိုင်းဖုန်းလဲအတူတူပါပဲဒီနည်းအတိုင်း ပြန်ဖြေလို့ရပါတယ်။
ကျွန်တော်ရဲ့အတွေ့ကြုံကိုပြန်လည်မျှဝေလိုက်တာပါ။
■ အောက်မှာ ပုံနှင့် လေ့လာပါ။ အဆင်ပြေပါစေ
credit
07/08/2017
Samsung နဲ့ Zapya က ရန်ဘက်များလား ???
*************************************************
Samsung User တွေအတွက်တော့ Zapya က ရန်ဘက်လို့ပြောရမလို့တောင် ထင်ရပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ Zapya ကြောင့် Samsung User တွေအနေနဲ့ ဒုက္ခတွေ့ရတာတွေ တွေ့မြင်ရပါတယ်။
ဒါပေမဲ့အလုံးတိုင်းမှာဖြစ်တာလားဆိုတော့လည်း ... အဆင်ပြေတဲ့အလုံးတွေလည်းရှိသလို အဆင်မပြေတာတွေလည်းရှိပါတယ်။
ဒါပေမဲ့ Zapya ကူးနေရင်း Power ကျသွားပြီး Samsung ဆိုတာကြီးကနေ
ဆက်မတက်တော့လို့ဆိုတာတွေ တော်တော်တွေ့ရပါတယ်။ ဒါဟာ Software ပိုင်းအရ Zapya apk နဲ့ အဆင်မပြေလို့ Error တက်သွားတာလို့ပြောရပါမယ်။ ကျတော့်အနေနဲ့အကြံပေးရမယ်ဆိုရင်တော့ Samsung User တွေကို Zapya မသုံးသင့်ဘူးလို့ အကြံပေးချင်ပါတယ်။
တော်တော်များများလေးကိုတွေ့နေရလို့ပါ။
ဒီလိုဖြစ်ခဲ့ရင် User တွေအတွက် အရေးကြီး အချက်အလက်တွေရှိရင်
ဆုံးရှုံးရပါမယ်။ ပြန်လည်ကောင်းမွန်အောင်ပြုလုပ်ဖို့အတွက်ဆိုရင်လည်း
ကိုယ်တိုင်မစွမ်းဆောင်နိုင်တာကြောင့် ပိုက်ပိုက်လည်းကုန်ပါမယ်။
ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင်တော့ Samsung User တွေအနေနဲ့ Zapya ကို မသုံးကြပါနဲ့ ... :D
ကျတော်တို့ရဲ့ Like Page လေးကို Share ပေးကြပါအုံးနော် ... :D
07/08/2017
Android ဖုန်းတွေမှာ iOS 11 Style Noti အသုံးပြုနိုင်မဲ့ Control Center Application
****************************************************************
ဒီ Application ကတော့ Android ဖုန်းအသုံးပြုသူတွေကို တော်တော်လေးလန်းတဲ့ Feature လေးကိုအသုံးပြုနိုင်ဖို့ စွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။
ဒီ Application ကိုအသုံးပြုပြီး iOS 11 မှာပါဝင်တဲ့ အောက်ကနေဆွဲတင်လိုက်ရင် တက်လာတဲ့ Noti လေးတက်လာတာကို အသုံးပြုနိုင်မဲ့ Feature လေးကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ စမ်းကြည့်ပြီးတင်ပေးလိုက်တာပါ။
Feature ထဲမှာပါဝင်တဲ့ အရာတွေအကုန်လုံး အဆင်ပြေပြေနဲ့ Support ပေးပါတယ်။
iOS 11 Noti Feature လေးနဲ့ ရုပ်ပေါက်ချင်တယ်ဆိုရင်တော့ ရယူအသုံးပြုလိုက်ကြပါဗျ ... :D
Download Link ---> http://www.mediafire.com/file/8u8s5f00lo675td/Control+Center+%28+Mobile+Library+%29.apk
ကျတော်တို့ရဲ့ Like Page လေးကို သူငယ်ချင်းတွေဆီ Share ပေးကြပါအုံး :)
07/08/2017
မြန်မာစာတန်းထိုးဇာတ်ကားတွေကို တစ်နေရာထဲကနေ စုံစုံလင်လင် Download ရယူနိုင်မဲ့ MP Video Downloader Application
********************************************************************
မြန်မာစာတန်းထိုးဇာတ်ကားတွေကို ကြည့်ရှု့ရတာနှစ်သက်တဲ့သူတွေအတွက် မြန်မာစာတန်းထိုးဇာတ်ကားတွေ တင်ပေးနေတဲ့ လင့်တွေကိုတစ်နေရာထဲမှာတင် စုံစုံလင်လင်နဲ့စုစည်းပေးထားတဲ့ Application လေးတစ်ခုကို တင်ပေးလိုက်ပါတယ်။ ဒီ Application ထဲမှာ မြန်မာစာတန်းထိုးဇာတ်ကားတွေကိုတင်ပေးတဲ့လင့် ၁၂ ခုကိုစုစည်းပေးထားတာ ဖြစ်ပါတယ်။
ပါဝင်တဲ့ လင့် ၁၂ ခုကတော့ အောက်ကလင့်တွေပဲ ဖြစ်ပါတယ်။
1. Channel Myanmar
2. All Video Myanmar
3. Gold Channel Movie
4. Flim 2 MM
5. Channel Burmese
6. Channel Myanmar Update
7. FIV Channel
8. Song From Dream
9. Family Of Films
10. MM Subtitles
11. Burmese Video
12. Asian Movie
လင့် ၁၂ ခုကတင်ပေးသမျှ Video တွေကို ဖုန်းထဲမှာတင် လွယ်ကူစွာရယူနိုင်မှာပါ။ Application လေးကကိုသုံးပြီး Download ရယူရလွယ်ကူဖို့အတွက်တော့ Chrome Broswer apk လေးဖုန်းထဲမှာ ထည့်သွင်းထားပေးပါ။
Download ရယူဖို့ Broswer ရွေးခိုင်းတဲ့အခါမှာ အသုံးပြုရန်အတွက်ပါ။
ဒါမှသာ ပိုမိုအဆင်ပြေမှာ ဖြစ်ပါတယ်။
Chrome မရှိတဲ့ဖုန်းများကတော့ အဆင်ပြေအောင် Chrome apk လေးကိုပါ တင်ပေးထားပါတယ်။ အသုံးပြုကြည့်ကြပါအုံးဗျ ... :D
Chrome App Download Link ---> http://www.mediafire.com/file/nu5j5wzymavs1n5/com.android.chrome.apk
MP Video Downloader App Download Link ---> http://www.mediafire.com/file/xxfyf4m9vou2f0d/MP_Video_Downloader.apk
ကျတော်တို့နေ့စဉ် တင်ပေးသမျှတွေကို သူငယ်ချင်းတွေဆီပါ Share ပြီး
ဗဟုသုတများ ဖြန့်ကျက်ပေးပါအုံးဗျာ ... :D
07/08/2017
Telenor ကဒ်နဲ့ facebook Photo Lock ဖြေနည်း Pdf
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
Facebook မှာ Photo တွေရွေးခိုင်းတဲ့ Photo Verification lock ကျသွားရင်ကျော်ဖြတ်နည်းဖြစ်ပါတယ်။ အရင်နည်းတွေပါပဲ။
ခုကျွန်တော်တို့ နိုင်ငံမှာ ချထားပေးတဲ့ Telenor ဆင်းကဒ်တွေက international SMS စနစ်ပါဝင်တဲ့အတွက် Facebook မှ ကုဒ်ပို့ပေးနိုင်ပါတယ်။
ဒါကြောင့် ဖုန်းနံပါတ်နဲ့လည်း Account တွေဖွင့်နိုင်သလို့ identify လည်းလုပ်နိုင်နေပါပြီ။
ဖေ့ဘုတ် Phone နံပါတ်တောင်းတဲ့ lock ကျတာကို Telenor နံပါတ်လေးနဲ့ ကျော်နိုင်ပါပြီ။
Photo လော့ကျရင်တော့ ပုံမှန်အတိုင်းဆို ပုံတွေကို မှန်အောင်ပြန်ရွေးပေးရပါတယ်။
ဒါကလည်း တော်တော်မလွယ်တဲ့ကိစ္စပါ။ အဲဒီတော့ အရင်လူတွေရေးခဲ့တဲ့ Japan IP ကျော်ပြီး photo lock ကျော်ဖြတ်တဲ့နည်းလေးကို သာမန်သုံးသူတွေပါနားလည်အောင်ပုံလေးတွေနဲ့PDF အဖြစ်ရေးသားလိုက်ပါတယ်
အရင်ကတော့ photo လော့ကျော်ပြီးတာနဲ့ ကုဒ်ပို့မယ့် နံပါတ်ကို
Text Plus,
Text Free,
Text Now,
Talkatone,
Pinger,
Heywire,
UppTalk
စသဖြင့် apk တွေနဲ့ကျော်သုံးကြပါတယ်။နောက်ပိုင်းမှာ အဲကောင်တွေက ကုဒ်တွေလာတဲ့ကောင်လာ မလာတဲ့ကောင်မလာနဲ့ ရှုပ်လာပါတယ်။ခုခါမှာတော့ Telenor ကဒ်တွေဝင်ရောက်လာတာကြောင့် မိမိ ဖုန်းနဲ့ပဲ သေချာပေါက် ကျော်ဖြတ်နိုင်ကြပါပြီ။
ခုလိုကျော်ဖြတ်ပုံကို နားလည်လွယ်အောင် ရေးသားထားပါတယ် အောက်မှာ ဒေါင်းလုပ်ဆွဲလိုက်ကြပါ။
https://www.solidfiles.com/v/53Qxad4Aa7eYv
credit - orginal uploader
ကျတော်တို့ Like Page လေးကို Share ပေးဖို့လည်း မမေ့နဲ့အုံးနော် :D
User များအတွက် Mobile Library ..... :)
07/08/2017
Android စမတ်ဖုန်းတွေမှာ သုံးမရအောင် Hand သွားရင် ဘယ်လိုပြန်လုပ်မလဲ ???
********************************************************************
ဒီခေါင်းစဉ်နဲ့ ရေးပေးလိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ Android User တွေအနေနဲ့ မိမိဖုန်းဟာ သုံးမရအောင် Hand သွားတဲ့အခါ ကိုယ်တိုင်ဖြေရှင်းကြည့်နိုင်ရန်အတွက် ရည်ရွယ်ပြီး ရေးပေးလိုက်ရခြင်း ဖြစ်ပါတယ်။
Android User တွေအနေနဲ့ အမြင့်ဖုန်းတွေမှာ မသိသာပေမဲ့ model အနိမ့်တွေ အလယ်အလတ်တွေမှာ တော်တော်လေးကို သိသိသာသာကြုံတွေ့နေကြရတာ တွေ့ရတယ်ဗျ။ ကျတော်တို့ သုံးနေရင်းနဲ့ မိမိဖုန်းဟာ
ဘာမှလုပ်လို့မရတော့ပဲ Hand သွားပြီဆိုပါစို့ ... ဒီလိုအခါကျရင် User တစ်ယောက်အနေနဲ့ဆိုရင် တော်တော်လေးကို အခက်တွေ့ရပါတယ်။
ဒီလိုအခါကျရင် ကျတော်တို့ User တစ်ယောက်အနေနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အရင်ဖြေရှင်းကြည့်မယ်ဗျာ ... ဒီလိုဘာမှသုံးမရအောင် Hand သွားပြီဆိုရင် အရင်ဆုံးအနေနဲ့ ဖုန်းကို Restart ချရပါမယ်။ အဲဒီအခါကျရင် User တစ်ယောက်အနေနဲ့ မေခွန်းထုတ်နိုင်ပါတယ်။
Q ; ဘာမှနှိပ်လို့မရတာကို ဘယ်လို Retart ချရမှာလဲ ???
A ; ဒါကတော့ လွယ်ပါတယ်။ ဘာမှလုပ်မရတဲ့အချိန်မှာ Restart ချတဲ့နည်းကို သိထားဖို့တော့ လိုတာပေါ့ ... :) ကဲဗျာ Android ဖုန်းတွေအားလုံးမှာ
Restart ပြုလုပ်ဖို့ အောက်ပါ Key လေးတွေကို စုံနှိပ်ပြီး ပြုလုပ်ပါ။
'' Volume Down + Volume Up + Power ''
ဒီ Key လေးတွေကို နှစ်မိနစ်လောက် ပြိုင်တူနှိပ်ပေးထားလိုက်ပါ။
နှစ်မိနစ်ဆိုတာကတော့ ကျတော် သဘောပြောတာပါ။ Key လေးတွေကို
Power ကျသွားတဲ့ထိ ပြိုင်တူလေးနှိပ်ထားပေးပါ။ Power ကျသွားပြီဆိုရင်တော့ လွှတ်လိုက်ပေါ့ ... :)
အဲလိုလေးလုပ်ပေးလိုက်ပြီးရင်တော့ Power ပြန်တက်လာပါမယ်။
အချို့ဖုန်းတွေမှာ ပြန်တက်မလာခဲ့ရင် Power Key လေးနှိပ်ပြီး ပြန်ဖွင့်ပေးလိုက်ပါ။ Home Screen ( User Mode ) ကိုပြန်ရောက်လာပါမယ်။
ပြန်ပြီးသုံးကြည့်လိုက်ပါ ... အဆင်ပြေနေတာကိုတွေ့ရပါမယ်။
ခဏခဏ Hand နေရင်တော့ Factory Reset လေးချပေးပြီး ပြန်သုံးလိုက်ပါ။ အခုပြောပေးတဲ့နည်းလမ်းလေးနဲ့ အဆင်ပြေရင်တော့ Reset ချစရာမလိုပါဘူး။ အခုပြောပေးထားတာက Reset ချဖို့လိုအပ်တဲ့အလုံးတွေဆို Data တွေအရေးကြီးတဲ့အခါ Backup ပြန်ယူဖို့ အချိန်ရတာပေါ့ဗျာ ... :D
ကျတော်တို့ Like Page လေးကိုဝင်ရောက်လေ့လာပြီးလို့ ဗဟုသုတရပြီး
အဆင်ပြေမှု့ရှိတယ်ဆိုရင်တော့ သူငယ်ချင်းတွေဆီ Share ပေးကြပါ ...
We Love Sharing ...
:D
07/08/2017
iPhone မှာ Ooredoo ဆင်းကဒ်ထည့်လို့ " No Service " ဖြစ်နေတယ်ဆိုရင်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
iPhone မှာ Ooredoo ဆင်းကဒ်ထည့်လို့ " No Service " ဖြစ်နေတယ်ဆိုရင်
အရင်ဆုံး ဖုန်း Setting ကိုဖွင့်ပါ။ပြီးရင်တော့ Cellular -> Enable 3G ကို ဖွင့်ပါ ..
ပြီးရင်
General ထဲကိုသွား -> Reset -> Reset network settings ( Network setting ကို Reset လုပ်ပါ )
ပြန်တက်လာတဲ့အခါ သုံးလို့ ရနိုင်ပါပြီ ။
အလွယ်တစ်ကူဖြေရှင်းနိုင်မယ့်ပုံစံလေးမို့ လိုင်းမတက်ရင်စမ်းကြည့်စေချင်ပါတယ်။
ios အသုံးပြုသူ user များအဆင်ပြေကြပါစေ........ :)
ကျတော်တို့ Like Page လေးကိုဝင်ရောက်လေ့လာပြီးလို့ ဗဟုသုတရပြီး
အဆင်ပြေမှု့ရှိတယ်ဆိုရင်တော့ သူငယ်ချင်းတွေဆီ Share ပေးကြပါ ...
We Love Sharing ... :D
07/08/2017
MPT , Ooredoo , Telenor တို့၏ Data Package များ
===============
• သုံးစွဲသူမိတ်ဆွေများ အလွယ်တကူ သိရှိနိုင်စေရန် ရည်ရွယ်ပြီး MPT,Ooredoo,Telenor တို့၏ Internet Data Package များကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် …
Package အမျိုးအစား .. 1 MB ကို ကုန်ကျစရိတ်ဘယ်လောက်ကအစ နှူန်းယှဉ်ဖော်ပြလိုက်ပါတယ်။ မိတ်ဆွေများ နှစ်သက်ရာကို လွယ်ကူစွာ ရွေးချယ်အသုံးပြုနိုင်ပါစေဗျာ …
credit
:) :) :)
ကျတော်တို့ Like Page လေးကိုဝင်ရောက်လေ့လာပြီးလို့ ဗဟုသုတရပြီး
အဆင်ပြေမှု့ရှိတယ်ဆိုရင်တော့ သူငယ်ချင်းတွေဆီ Share ပေးကြပါ ...
We Love Sharing ...
07/08/2017
Xiaomi ဖုန်းတစ်လုံးကို ဖုန်းမှာပါဝင်တဲ့ Feature အချို့ကို အသုံးပြုနည်း
Xiaomi ဖုန်းတစ်လုံးကို ဖုန်းမှာပါဝင်တဲ့ User တွေအနေနဲ့ မသိသေးတဲ့ Feature အချို့ကို သိရှိနည်းလည်ပြီး ထဲထဲဝင်ဝင်အသုံးပြုနိုင်ရန် ရည်ရွယ်တင...
07/08/2017
Racing Game ကြိုက်သူတွေအတွက် အရမ်းမိုက်တဲ့ Real Racing 3
Racing game တွေဆော့ကစားရတာ ကြိုက်တဲ့ Mobile Library ပရိတ်သတ်တွေအတွက် Real Racing 3 ကို တင်ပေးလိုက်ပါတယ်။ ကားတွေတစ်စီးပြီတစ်စီး ၀ယ် ... ...