ပြည်သူ့ပါတီ

ပြည်သူ့ပါတီ

Share

ဤ Pageတွင် ဖော်ပြထားသည့် သတင်းနှင့် အချက်အလက်များကို လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။ပြည်သူ့ပါတီဌာနချုပ်၏ Official Page ဖြစ်ပါသည် ။

Photos from ပြည်သူ့ပါတီ's post 03/06/2026

#ပြည်သူ့ပါတီ ဗဟိုအမျိုးသမီးနှင့်ကလေးသူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန် ၊ ၃ ဇွန်လ ၂၀၂၆

ပြည်သူ့ပါတီ ဗဟိုအမျိုးသမီးနှင့် ကလေးသူငယ်ရေးရာကော်မတီ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက် ၊ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းတွင် ပြည်သူ့ပါတီ ဗဟိုဌာနချုပ်ရုံး၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည် ။

ပြည်သူ့ပါတီ ဗဟိုဥက္ကဋ္ဌ ဦးဖေသက်က အဖွင့်အမှာစကားပြောကြားပြီး၊ ပါတီ ဗဟိုအမျိုးသမီးနှင့်ကလေးသူငယ်ရေးရာကော်မတီ တာဝန်ခံ၊ ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်စန္ဒာဝင်းက ပဏာမရှင်းလင်းဆွေးနွေးသည် ။

ပြည်သူ့ပါတီ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာအဖွဲ့များကို တိုးချဲ့ဖွဲ့စည်းရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးစီစဥ်ခဲ့ကြသည် ။

#ဗဟိုပြန်ကြားရေးပြည်သူ့ပါတီ
#ပြည်သူ့ပါတီ

03/06/2026

#ဂုဏ်ယူပါသည် #ပြည်သူ့ပါတီ

#ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
#ဦးဇော်မျိုးသက်၏ အဆိုတင်ပြမှု ..

https://www.facebook.com/reel/1002798759147189

Photos from ပြည်သူ့ပါတီ's post 02/06/2026

#ပြည်သူ့ပါတီရန်ကုန်တိုင်းဒေသကြီး နှင့်
မြို့နယ်များအစည်းအဝေးကျင်းပပြုလုပ်

၂ ဇွန်လ ၂၀၂၆ အင်္ဂါနေ့

ယနေ့နံနက်ကျင်းပပြုလုပ်သောအစည်းအဝေးသို့ ဗဟိုအတွင်းရေးမှုးအဖွဲ့ဝင် ဦီးကျော်လင်း၊ တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေး၊ တိုင်းအတွင်းရေးမှုးအဖွဲ့ဝင် ဦးအေးမင်းမင်းနှင့် တိုင်းအလုပ်အမှုဆောင်များ၊ မြို့နယ်အသီးသီးမှ ပြည်သူ့ပါတီ အမှုဆောင်များတက်ရောက်ကြပါသည်။

ပါတီကျစ်လစ်ခိုင်မာအောင်ဖွဲ့စည်းရေး၊ ခရိုင်များဖွဲ့စည်းရေးနှင့် ပါတီတွင်းကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

#ဗဟိုပြန်ကြားရေးပြည်သူ့ပါတီ
#ပြည်သူ့ပါတီ

Photos from ပြည်သူ့ပါတီ's post 30/05/2026

#ကမာရွတ်မြို့နယ်ကျောင်းအပ်နှံရေးအခမ်းအနား

၂၀၂၆ ခုနှစ် မေလ ၂၇ ရက်၌ ရန်ကုန်တိုင်းဒေသကြီး ၊ ကမာရွတ်ခရိုင် ၊ ကမာရွတ်မြို့နယ် အမက ( ၂ ) ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သော ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးသီတင်းပတ် အခမ်းအနားသို့ ပြည်သူ့ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏစိုးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းတို့ တက်ရောက်ခဲ့ကြပါသည် ။

ဗဟိုပြန်ကြားရေး
ပြည်သူ့ပါတီ
#ပြည်သူ့ပါတီ

30/05/2026

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

၂၉၊ဝ၅၊၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်မီး သန့်ရှင်းသော သောက်သုံးရေနှင့် ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို မွန်းလွဲ ၂ နာရီက အမှတ်(၉၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

စကားဝိုင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လတ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ခိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်ထွီးခိုင်၊မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်သန့်ဇင်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးမူယာကျော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ထူးချွန်ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ခိုင်တို့က မိမိတို့သက်ဆိုင်ရာဌာနအလိုက် စီစဉ်ဆောင်ရွက်ထားမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းတွင် ပြည်သူ့စကားဝိုင်းများကို ရပ်ကွက်/ကျေးရွာများအလိုက် ကျင်းပပေးသွားမည်ဖြစ်ရာ၊ ၂၀၂၆ခုနှစ် မေလအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ကျေးရွာ(၃)ရွာတွင် ဆောင်ရွက်ပေး ခဲ့ပြီး ယခုဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် အမှတ်(၉၀)ရပ်ကွက်တွင် ဒုတိယအကြိမ် ကျင်းပပေးခြင်း ဖြစ်ကြောင်းမြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးစည်သူမောင်မောင်ထံမှသိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)
သတင်းနှင့်ဓာတ်ပုံ - ဖြိုးစန္ဒာကျော်
#ပြည်သူ့ပါတီ

Photos from ပြည်သူ့ပါတီ's post 30/05/2026

၂၉၊ဝ၅၊၂၀၂၆ရက်နေ့က ကြံခင်းမြို့နယ်၊ ဧရာဦးခန်းမ၌ ကျင်းပပြုလုပ်သော မူးယစ်ဆေးဝါးအန္တရာယ် ဝိုင်းဝန်းတားဆီးကာကွယ် (Public Talk) စကားဝိုင်းအား ပြည်သူ့ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးပြည့်ဖြိုးအောင် တက်ရောက်၍ ”မူးယစ်ဆေးဝါးအန္တရာယ် ဝိုင်းဝန်းတားဆီးကာကွယ်ရေးနှင့် ဥပ​​ဒေပြု​ရေးမဏ္ဍိုင် ၏ အခန်းကဏ္ဍ" ခေါင်းစဥ် ဖြင့်ဆွေးနွေးခဲ့သည်။

#ပြည်သူ့ပါတီ

#ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်

25/05/2026

#ကံမမြို့နယ် #ပြည်သူ့ပါတီ လွှတ်တော်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်

၂၅၊ဝ၅၊ ၂၀၂၆ နေ့တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ် ပြည်သူ့ပါတီလွှတ်တော်ကိုယ်စားလှယ်ရုံးကို အမှတ်(၁)၊ မင်းကုန်းရပ်ကွက်၊ သရက် - ကံမလမ်းမကြီးဘေးတွင် ဖွင့်လှစ်ခဲ့သည်။

"လွှတ်တော်ကိုယ်စားလှယ်ရုံး (MP Office)
ကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လွတ်တော်ကိုယ်စားလှယ်ရုံးနဲ့ ကံမမြို့က မဲဆန္ဒရှင်ပြည်သူတွေကြားမှာ အဆက်အသွယ် ပိုမိုလွယ်ကူစေဖို့၊ ကံမ ပြည်သူတွေရဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေကို ပိုမိုထိရောက်စွာ နားထောင်ပြီး ပံ့ပိုးပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒီရုံးခန်းဟာ ကံမ ပြည်သူတွေအတွက် အမြဲတံခါးဖွင့်ထားတဲ့ နေရာတစ်ခုဖြစ်သလို၊ အားလုံးရဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေအတွက် အချက်အချာကျတဲ့ နေရာတစ်ခု ဖြစ်လာမှာပါ။

လွှတ်တော်ကိုယ်စားလှယ်ရုံးဆိုတာ "ပြည်သူ့အသံကို နားထောင်ဖို့" ဖြစ်ပါတယ်။ ကံမပြည်သူများအတွက် အမြဲတံခါးဖွင့်ထားတယ်။ အချိန်မရွေး လာရောက်တိုင်ကြား/ဆွေးနွေးနိုင်ပါတယ်။
"ဒီရုံးခန်းလေးကို ကံမ ပြည်သူတွေရဲ့ အားကိုးရာ၊ ကံမ ပြည်သူတွေရဲ့ အသံကို လွှတ်တော်ဆီ ပို့ဆောင်ပေးမယ့် ကြားခံနေရာလေးတစ်ခုအဖြစ် အားပေးကြဖို့ တိုက်တွန်းလိုပါတယ်"

#ဦးအောင်လှိုင်သန်း
#မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
#ပြည်သူ့ပါတီ

Photos from ပြည်သူ့ပါတီ's post 25/05/2026

၂၄၊ဝ၅၊၂၀၂၆ရက်နေ့က ဇလွန်မြို့နယ်၊ ကော့ကပ်ကလေးကျေးရွာအုပ်စု၊ အိုင်ဆည်ကျေးရွာတွင် ပြည်သူ့ပါတီမှ ဧရာဝတီတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးပြည့်ဖြိုးအောင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရွာမိရွာဖများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာပြည်သူများ တွေ့ဆုံပြီး၊ လွတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်း၊ မိုးဦးရာသီသွေးလွန်တုတ်ကွေးရောဂါ တာဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း၊
လူထုအသံနားထောင်ခြင်း၊ သွေးလွန်တုတ်ကွေးကာကွယ်ရေး၊ ဖုံးသွန်လဲစစ် ကွင်းဆင်းဆောင်ရွက်ခြင်းအား ကျေးရွာလူထုနှင့် ကျန်မာရေးဝန်ထမ်းများအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

#ဦးပြည့်ဖြိုးအောင်
#ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
#ပြည်သူ့ပါတီ

Photos from ပြည်သူ့ပါတီ's post 23/05/2026

လေ့လာရေးခရီး သွားရောက်ခဲ့ကြသော
#ပြည်သူ့ပါတီ ကိုယ်စားလှယ်များ ပြန်လည်ရောက်ရှိ

#တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ လေ့လာရေးခရီးသွားရောက်ခဲ့သော ပြည်သူ့ပါတီမှ ကိုယ်စားလှယ်များသည်၊ ၂၃၊ဝ၅၊၂၀၂၆ ရက်နေ့ နေ့လည် ၂းဝဝနာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ပြည်သူ့ပါတီ ဗဟိုဌာနချုပ် ဥက္ကဋ္ဌ ဦးဖေသက်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်လင်း၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေး၊ ဗဟိုအလုပ်အမှူဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ မြို့နယ်များမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ကြိုဆိုခဲ့ကြပါသည်။

#ပြည်သူ့ပါတီ

#ပြည်သူ့ပါတီကိုယ်စားလှယ်အဖွဲ့ဝင်များ
#တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့

Photos from ပြည်သူ့ပါတီ's post 23/05/2026

#မကွေးတိုင်း ကံမမြို့နယ် ကျောင်းအပ်နှံရေး ပိုစတာစိုက်ထူ

မေလ ၂၃ ရက် ၊ စနေနေ့ နံနက် ၈ နာရီတွင် မကွေးတိုင်း ၊ ကံမမြို့နယ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူပွဲနှင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ကျင်းပခဲ့ရာတွင် မကွေးတိုင်း တိုင်းဒေသကြီးလွှတ်တော် ကံမမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ရွှေ၊ ဦးအောင်လှိုင်သန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်တက်ရောက်ခဲ့ကြသည် ။

#ဗဟိုပြန်ကြားရေးပြည်သူ့ပါတီ
#ပြည်သူ့ပါတီ

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


People Party, No. (902), 9th Floor, Building(D), Maha Bandula Tower, Maha Bandula Road, Near The Ocean Supercenter
Yangon
11201

Opening Hours

Monday 09:30 - 16:00
Tuesday 09:30 - 16:00
Wednesday 09:30 - 16:00
Thursday 09:30 - 16:00
Friday 09:30 - 16:00