06/05/2026
ဒီနေ့မှာတော့ လွန်ခဲ့တဲ့ (၂) လခန့်က ကျွန်တော်တို့အတွက် အလွန်အရေးပါတဲ့ အကို ဆရာRichardကို ဆုံးရှုံးခဲ့ရပါတယ်… 🕊️
အကိုရဲ့ စိတ်ထားလေးက အမြဲတမ်း မျှဝေချင်၊ ကူညီချင်တဲ့စိတ်နဲ့ ပြည့်နေသူတစ်ယောက်ပါ။အဲဒီအတွက် ဒီနေ့မှာတော့ အကို့ကို သတိရတဲ့အနေနဲ့ကလေးငယ်လေးတွေကို ကျွန်တော်တို့ရဲ့ SoyAi ပဲနို့ ဗူး (250)သွားေရာက်လှူဒါန်းပေးခဲ့ပါတယ်။ 🥛
အကိုရှိနေခဲ့ရင်လည်း ဒီလိုပဲ လုပ်ဖြစ်မယ်လို့ ယုံကြည်ပါတယ် အမြဲလည်းကျွန်တော်တို့ ပဲနို့ကို၀ယ်ပြီး လှူပေးနေသူပါ…အကိုရဲ့ ကောင်းမှုတွေ၊ စိတ်ကောင်းစိတ်မြတ်တွေကတော့အမြဲတမ်း ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ရှိနေမှာပါ။ ❤️
အကိုလည်း အေးချမ်းရာမှာ နေထိုင်နိုင်ပါစေ… 🙏🙏🙏
06/04/2026
ဒီနေ့မှာတော့ လွန်ခဲ့သော (၁) လခန့်က ကွယ်လွန်သွားသော ဆရာမ Eileen Lui ၏ ခင်ပွန်းဖြစ်သူ SoyAi ကိုတည်ထောင်ပေးခဲ့သူလည်းဖြစ် ကျွန်တော်တို့၏ အကိုဆရာလည်းဖြစ်တဲ့ ဆရာ Richard အားရည်စူး၍ ကျွန်တော်တို့ SoyAi မှ ပဲနို့ ဗူး (၁၀၀၀) နှင့် “Cuttlefish Digital Limited လုပ်ဖော်ကိုင်ဖက်များမှ ဆန်၊ဆီ၊ကြက်ဥ နှင့် မုန့်များ (၁၇ သိန်းကျော်ဖိုး) တို့ကို အားလုံးစုပေါင်း၍ ရွှေပြည်သာ နှင့် မြောက်ဒဂုံရှိ မိသားစု၀င်များ ကလေးငယ်များနှင့် ဘုန်းဝောာ်ကြီးသင် ကလေးကျောင်းများ ၊မိဘမဲ့ဂေဟာ ကလေးကျောင်းများသို့ ကျွန်တော် SoyAi team မှ သွားရောက် လှူဒါန်း တိုက်ကျွေး ကုသိုလ်ပြုပေးခဲ့ပါတယ် 🙏🙏🙏ယခု လှူဒါန်း ပြုရသော ကုသိုလ်အဖို့ဘာဂ အားလုံးကို Ko Richard နှင့်တကွ ၇ ရက်သားသမီးများ အားလုံးကို အမျှ အမျှ အမျှ ပေးဝေပါတယ်🙏🙏🙏
05/08/2024
Expert Education & Visa Service Myanmar မှကျွန်တော်တို့ SoyAi ရဲ့ သဘာဝ အာဟာရ ပဲနို့ရည် စုစုပေါင်း ဗူး 700 ကို ဝယ်ယူ လှူဒါန်း အားပေးသွားပါတယ်ခင်ဗျ..။
Expert Education & Visa Service Myanmar မှလှူဒါန်းပေးသွားတဲ့ ပဲနို့ရည်ဗူးပေါင်း 700 ကို ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာ ၊ သဃ်န်းကျွန်း မြို့နယ်ရှိ ရတနာပုံရိပ် ငြိမ် ဘုန်းတော် ကြီးသင် ကလေးများကျောင်း၊ မြောက်ဒဂုံ မြို့နယ် (၄၈) ရပ်ကွက်ရှိ ရီမာပတဟိတဂေဟာ နှင့် ရပ်ကွက်နေကလေးသူငယ်များအတွက် ကျွန်တော်တို့ SoyAi Team မှသွားရောက် လှူဒါန်းပေးခဲ့ပါတယ်
အခုလို ဝယ်ယူ လှူဒါန်း ပေးသွားတဲ့ Expert Education & Visa Service Myanmar ကိုအဘိုးအဘွားများနှင့် ကလေးငယ်များ အားလုံးကိုယ်စား ကျွန် တော်တို့ SoyAi Myanmar မှ ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ😘😘🙏🙏
27/06/2024
ကျွန်တော်တို့ SoyAi Team မှ Ma Hsint Sanda ၏ ယနေ့မှာကျရောက်တဲ့မွေးနေ့အလှူအဖြစ် ဗဟန်း မြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာမှ အဘိုး အဘွား များအတွက် SoyAi အာဟာရပဲနို့ရည် ဗူး (၂၀၀) ကို သွားရောက် လှူဒါန်းပေးခဲ့ပါတယ်။ အခက်အခဲအချို့ကြောင့် ကျွန်တော်တို့ SoyAi Page မှ post များမတွေ့ရပေမယ့်လည်း order များကို ကြိုးစား ထုပ်လုပ်ပို့ဆောင်ပေးလျှက်ရှိပါတယ် အခုလို အစဥ်အမြဲဝယ်ယူ လှူဒါန်းပေးတဲ့ အလှူရှင် Ma Hsint Sanda ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါ ကြောင်းနှင့် ယခုမွေးနေ့မှစ၍နောင်နှစ်ပေါင်းများစွာ ဘ၀မှာ ပျှော်ရွှင် ကျန်းမာစွာနဲ့ လိုအင်ဆန္ဒ များ ပြည့်၀ပါစေလို့ အဘိုး အဘွားများနှင့်တကွ ကျွန်တော်တို့ SoyAi Myanmar မှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙏❤️
SoyAi
25/01/2024
သဘာဝကပေးတဲ့ အရသာ၊ သဘာဝကပေးတဲ့ လက်ဆောင် 🌱 🫘
သဘာဝကပေးတဲ့ ဆုလာဘ်တွေထဲမှာ လူတွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ကျန်းမာရေးကလည်း တစ်ခုအပါအဝင်ပဲ။ ကျန်းမာရေး ကောင်းမွန်ဖို့အတွက် သဘာဝနဲ့ဆန့်ကျင်တဲ့ (Ready Made) အစားအစာတွေကို ရှောင်ကြဉ်စားသုံးဖို့လည်း အရေးကြီးပါတယ်။
ဒါကြောင့် ဓာတုဗေဒ အရောင်၊ အနံ့၊ အရသာ၊ ကုန်ကြမ်းပစ္စည်းတွေမပါဘဲ သဘာဝအတိုင်း သန့်ရှင်းလတ်ဆက်စွာ ထုတ်လုပ်ထားတဲ့ SoyAi Products တွေက ကျန်းမာရေးလိုက်စားသူတိုင်းအတွက် မရှိမဖြစ် ဖြစ်နေရတာပေါ့။ 💕
20/01/2024
ကျန်းမာရေး လိုက်စားသူတွေအနေနဲ့ နေ့စဥ် Workout လုပ်ပြီး ကုန်သွားတဲ့ အားအင်တွေကို SoyAi Organic Soymilk လေးနဲ့ ပြန်လည်ဖြည့်တင်းဖို့ မမေ့နဲ့ဦးနော်။
SoyAi ပဲနို့က ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့ နေ့စဥ် Workout တွေလုပ်နေတဲ့ လူကြီး/လူငယ်တိုင်း အတွက် ကုန်ခမ်းသွားတဲ့ အားအင်တွေကို ရာနှုန်းပြည့် ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။ 💪🏻
ဒီတော့ ကိုယ်ခန္ဓာကျန်းမာရေးအတွက် အားပြန်ဖြည့်ပေးမယ့် SoyAi Soymilk လေးကို နေ့စဉ်ပုံမှန်သောက်သုံးကြရအောင်…. 🥰
15/01/2024
ဆွိုင်းအိုင်းမိတ်ဆွေတို့ရေ…
ဒီတစ်ခါတော့ SoyAi Products တွေကိုသုံးပြီး နေ့ခင်းနေ့လည် အချိုတည်းလို့ရမယ့် Ginger Brown Sugar Grass Jelly လုပ်စားနည်းလေးကို ပြောပြပေးမယ်နော်
လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့
✅ SoyAi ကျောက်ကျောမဲ
✅ SoyAi ပဲနို့
✅ သကြားညို
✅ ဂျင်း (ချင်း)
✅ ရေခဲ
✅ ရေသန့် တို့ပဲဖြစ်ပါတယ်။
1️⃣ အရင်ဆုံး သကြားညိုကို ရေသန့်အနည်းငယ်၊ ဂျင်း (ချင်း) သုံးတက်နဲ့ အိုးတစ်ခုမှာ ကျိုပါ။ အရည်ပျစ်လာပြီဆိုရင် သောက်မယ့်ဖန်ခွက်တစ်ခုထဲ ကိုယ်နှစ်သက်သလောက် ပမာဏထည့်ထားပါ။
2️⃣ ကျောက်ကျောမဲကို အတုံးသေးသေးလေးတွေလှီးပြီး ဖန်ခွက်ထဲ ထည့်ထားပါ။ ပြီးရင် ရေခဲအနည်းငယ်ထည့်ပါ။
3️⃣ နောက်ဆုံးအနေနဲ့ ပဲနို့ထည့်ပြီး သမအောင်မွှေလိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတယ့် Ginger Brown Sugar Grass Jelly လေးရပါပြီ။
🚨SoyAi ကထုတ်တဲ့ ပဲနို့နဲ့ Grass Jelly တွေက ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဓာတုဆေးဝါးများ၊ ဖော်မလင်၊ တာရှည်ခံဆေးများ လုံးဝ(လုံးဝ)မပါဝင်ပါဘူးနော်။ ဝယ်ယူချင်ရင်တော့ နီးစပ်ရာ City Mart, Ocean, Marketplace တွေမှာရရှိနိုင်သလို အိမ်တိုင်ရာရောက်ပို့ပေးတဲ့ delivery service လည်း ရှိပါတယ်ခင်ဗျာ။
10/01/2024
SoyAi Products တွေကို ဘာကြောင့် ရွေးချယ်စားသုံးသင့်သလဲ ?
SoyAi Products တွေကို ရွေးချယ်စားသုံးသင့်တဲ့ အဓိကအချက်တွေကတော့….
✅ အကောင်းဆုံး ကွာလတီ
✅ လတ်ဆတ်တဲ့ ကုန်ကြမ်း
✅ ကြာရှည်ခံဓာတုဆေးဝါး လုံးဝ မပါဝင်ခြင်း စတာတွေကြောင့်ပဲဖြစ်ပါတယ်။
ဒါ့အပြင် သဘာဝပဲပိစပ်နဲ့ပြုလုပ်ထားတာမို့ အကောင်းဆုံးသော အရသာကို ပေးစွမ်းနိုင်ပါတယ်။
ဒီလိုမျိုး ကျန်းမာရေးအတွက်လည်းကောင်း အရသာလည်းရှိဆိုတော့ ဘာထပ်လိုသေးလဲ SoyAi ပရိသတ်ကြီးတို့ရေ 💕
08/01/2024
SoyAi Organic Products တွေကို အမြဲအားပေးလာကြတဲ့ ပရိသတ်ကြီးတို့အတွက် အသစ်ပြောင်းလဲသတ်မှတ်လိုက်တဲ့ စျေးနှုန်းအသေးစိတ်ကို ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်နော်…. 📢
SoyAi ရဲ့အဓိကအားသာချက်ကတော့ တာရှည်ခံ ဓာတုပစ္စည်း လုံးဝမသုံးထားတဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီး ကလေး၊ လူငယ်၊ လူကြီး အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး စားသုံးနိုင်ပါတယ်။ 😍
🚨 ဝယ်ယူချင်ရင်တော့ နီးစပ်ရာ City Mart, Ocean, Marketplace တွေမှာရရှိနိုင်သလို အိမ်တိုင်ရာရောက်ပို့ပေးတဲ့ delivery service လည်း ရှိပါတယ်ခင်ဗျာ။
26/12/2023
ဆောင်းတွင်းမနက်ခင်း အေးအေးလေးမှာ SoyAi ပဲနို့ပူပူလေးနဲ့ အလိုက်ဖက်ဆုံး အစားအစာက ဘာလဲ သိကြလား ? ❄️
အဖြေကတော့
ပေါင်မုန့်ကြက်ဥကြော် လေးပါပဲ။ ပဲနို့ပူပူတစ်ခွက်နဲ့ ပေါင်မုန့်ကြက်ဥကြော် အတွဲအစပ်က တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်ဆည်းပေးပြီး လုပ်ရလွယ်ကူလို့ မနက်စာအတွက် စဉ်းစားရ သက်သာသွားပြီပေါ့။