White Dragon -P29904

Llamar Cómo llegar Contactar con la organización

White Dragon -P29904 White Dragon

ဆရာဗန်းမော်တင်အောင်ရဲ့အဆိုမိန့်မှာ  ရန်သူက သေစေချင်တာကို မသေအောင်နေတာကိုက တော်လှန်ရေးပဲထဲ ။ရန်သူက ကျနော်တို့တော်လှန်ရေးက...
02/10/2026

ဆရာဗန်းမော်တင်အောင်ရဲ့အဆိုမိန့်မှာ ရန်သူက သေစေချင်တာကို မသေအောင်နေတာကိုက တော်လှန်ရေးပဲထဲ ။

ရန်သူက ကျနော်တို့တော်လှန်ရေးကို လူအားလျော့ကျစေချင်တယ် ။ ရိက္ခာအထောက်ပံ့လျော့ကျစေချင်တယ် ။ စိတ်
ဓါတ်တွေ ပျက်စီးစေချင်တယ် ။

ရန်သူဖြစ်စေချင်တဲ့အတိုင်းပေးမဖြစ်တာ တော်လှန်ရေးလို့ ထပ်ဖြည့်ချင်ပါတယ် ။

ကျနော်တို့ရဲ့ ထောက်ပို့တပ်သားတွေက ကျနော်တို့ကို ရိက္ခာမပြတ်လတ်အောင် ကျနော်တို့စိတ်ဓါတ်မကျရအောင် ရန်သူဖြစ်စေချင်တာတွေမဖြစ်အောင် အဓိကကျဆုံး ရဲဘော်ရဲဘက်တွေပါပဲ ။

ရန်သူ့လေကြောင်းထိုးစ-စ် ၊ မြေပြင်ထိုးစ-စ် ၊ အဘက်ဘက်က ပိတ်ဆို့မှူတွေနဲ့ အခက်ခဲဆုံးအချိန်တွေမှာ ထောက်ပို့တပ်သားတွေရဲ့ အတူရှိနေမှူဟာ နဂါးဖြူတွေရဲ့ခွန်အားပါ ။

ကျေးဇူးတင်ပါတယ်ဆိုတာထက် လေးစားဂုဏ်ယူပါတယ် ရဲဘော်တို့ ။

(ဒီလမှာ မြေပြင်အခြေနေတွေကြောင့် ဖော်ပြမှူနောက်ကျသွားရတာ တောင်းပန်အပ်ပါတယ် ။ လွဲချော်တာရှိရင် သက်ဆိုင်ရာအဖွဲ့ခွဲတာဝန်ခံတွေကနေတဆင့် ပြန်ပြောလာပေးဘို့ မေတ္တာရပ်ခံပါတယ် ။

White Dragon -P29904
#ထောက်ပို့တပ်သား

01/10/2026

အထူးတိုင်းစစ်ဌာန၊ အမှတ်(၃၇)နည်းဗျူဟာကွပ်ကဲမှု‌အောက်ရှိ နဂါးဖြူတပ်ရင်း မှ ရဲဘော်များ "ဝိုင်းချစ်မယ့်တိုင်းစစ်"ကျပ်သိန်း ၅၀၀၀ ကမ်ပိန်းအတွက် ပါဝင်အားဖြည့်ဆောင်ရွက်မှု မှတ်တမ်း...✊✊✊

" ဝိုင်းချစ်မယ့်တိုင်းစစ် " ကမ်ပိန်း

၂၀၂၆ ခုနှစ် - စက်တင်ဘာလ (၁၆)ရက်နေ့ မှ အောက်တိုဘာလ (၃၁)ရက်နေ့ အထိ

တော်လှန်ပြည်သူများအားလုံး ပါဝင်ကူညီ ဝန်းရံပေးကြပါအုံးခင်ဗျာ...
အခုပဲပါဝင်ကူညီ ပံ့ပိုးပေးနိုင်ပါပြီခင်ဗျာ...
တိုက်ရိုက်ပါဝင်ရန် 👇👇👇

ဝိုင်းချစ်မယ့် တိုင်းစစ် page မှာ ပါဝင်ကူညီအားပေးလို့ရပါတယ်
https://www.facebook.com/share/1De9FYWUyY/

📌”ဝိုင်းချစ်မယ့်တိုင်းစစ်” ကမ်ပိန်းမှာ Spring CrowdFund - နွေဦးလူထုရန်ပုံငွေ (SCF) မှတဆင့် ထောက်ပို့လှူဒါန်း အကြည်ဓါတ်လေးတွေ မျှဝေနိုင်ပါတယ်ဗျာ
https://app.springcrowdfund.org//c/zbTimD

နိုင်ငံတကာ FR List

https://www.facebook.com/share/p/1BunKnLt1F/?mibextid=wwXIfr
White Dragon -P29904
#အထူးတိုင်းစစ်ဌာန
#ဝိုင်းချစ်မယ့်တိုင်းစစ်
#အဆုံးသတ်တိုက်ပွဲ

27/09/2026

ထိုင်းနိုင်ငံဘန်ကောက်တခွင်မှ ထောက်ပို့အဖွဲ့များ ၊ ဘောလုံးအသင်းအဖွဲ့များခင်ဗျာ

မြေပြင်မှာ ကျနော်တို့နဂါးဖြူတပ်ရင်း ခက်ခဲကြမ်းတမ်း ပင်ပန်းဆင်းရဲမှူမျိုးစုံ အန္တရာယ်မျိုးစုံကို ကျော်ဖြတ်တိုက်ပွဲဝင်လျက်ရှိနေပါတယ် ။ လတ်တလောမှာ လိုအပ်ချက်အမျိုးမျိုးရှိနေတဲ့ နဂါးဖြူတပ်ရင်းအတွက် ထိုင်းရောက်ရဲဘော်တချို့က ဦးဆောင်ပြီဲ ရန်ပုံငွေရှာတဲ့ဘောလုံးပြိုင်ပွဲတပွဲ လုပ်ပေးဘို့ စီစဥ်နေကြပါတယ် ။
ကျနော်တို့ရဲဘော်တွေအနေနဲ့ ရန်ပုံငွေရှာဖွေခြင်း ဘောလုံးပြိုင်ပွဲများကျင်းပခြင်း အတွေ့ကြုံတွေနည်းပါးတဲ့အတွက် ပါဝင်ကူညီအားဖြည့်ပေးကြပါလို့ မေတ္တာရပ်ခံ တောင်းဆိုပါတယ် ဘောလုံးအသင်းများ ရှာဖွေကူပေးကြပါ ။ ပါဝင်ပေးကြပါ ။ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ် ။
ဘောလုံးပြိုင်ပွဲကျင်းပမဲ့နေ့အတွက် ရေအလှူရှင်ရရှိထားပါပြီ ။ ထမင်းဟင်းအလှူရှင်များ ၊ အချိုရည်အလှူရှင်များလည်း ဖိတ်ခေါ်ပါတယ်ခင်ဗျာ ။

White Dragon -P29904

25/09/2026

“မကွေးမြေလတ် တစိုက်မတ်မတ်” Campaign ဖွင့်ပွဲအခမ်းအနား

“မကွေးမြေလတ် တစိုက်မတ်မတ်” ကျပ် သိန်း ၅၀၀၀ Campaign မှာ ပါဝင်ထောက်ပို့ချင်သူတွေအနေနဲ့ ( https://www.facebook.com/MagwayMyaelattTasaikmatmat ) Page Messenger ကို တိုက်ရိုက်ဆက်သွယ်ထောက်ပို့နိုင်ပါတယ်။

ကြေညာချက်၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှု အစီအစဥ်ကို ဆန့်ကျင်တိုက်ဖျက်ကြ၁။ အကြမ်း...
18/09/2026

ကြေညာချက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်

အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှု အစီအစဥ်ကို ဆန့်ကျင်တိုက်ဖျက်ကြ

၁။ အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၁-၂၀၂၄ ကာလအတွင်း ၎င်း၏ အမာခံ တိုက်ခိုက်ရေးအင်အား အများစု ချေမှုန်းခံခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေ (ခေါ်) အဓမ္မစစ်သား စုဆောင်းသည့် အစီအစဥ်ကို အကောင်အထည်ဖော်ကာ အရပ်သားလူငယ်များ၏ အသက်ဖြင့် ၎င်း၏ စစ်အာဏာကို အသက်ဆက်ရန် ကြိုးစားအားထုတ်လျက်ရှိသည်။

၂။ တရားဝင်ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းယူထားသော စစ်အုပ်စုအနေဖြင့် ပြည်သူ့ စစ်မှုထမ်း ဥပဒေကဲ့သို့သော ပြည်သူအပေါ်သက်ရောက်မှုကြီးမားသည့် ဥပဒေမျိုးကို ပြဋ္ဌာန်းခွင့်နှင့် ကျင့်သုံးပိုင်ခွင့် မရှိပါဘဲလျက် ပြဋ္ဌာန်းကျင့်သုံးနေခြင်းသည် ပြည်သူအပေါ် အဓမ္မစစ်ကျွန်ပြုသည့် လုပ်ရပ်သာဖြစ်သည်။

၃။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ မှ ၂၀၂၆ ခုနှစ်၊ သြဂုတ်လအတွင်း ပြည်သူ့စစ်မှုထမ်း(ပစ) အပတ်စဥ် (၂၇) ခု ဖွင့်လှစ်ခဲ့ပြီး အင်အား (၁၃၅,၀၈၀) ခန့်ကို အဓမ္မစုစည်းခဲ့သည်။ ယခုအခါ ၎င်းအင်အားကို အသုံးချ၍ လူလှိုင်းစစ်ဆင်ရေးများဖြင့် နိုင်ငံအနှံ့ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းများတွင် ပြည်သူ့စစ်မှုထမ်း(ပစ) အင်အား (၈၀) ရာခိုင်နှုန်းခန့်အထိ ပါဝင်နေသည်ကို တွေ့ရသည်။

၄။ အကြမ်းဖက်စစ်အုပ်စု၏ ထိုးစစ်အခြေအနေကိုကြည့်လျှင် ပြည်သူ့စစ်မှုထမ်း(ပစ) သိန်းချီ အင်အားကို အလောင်းအစားပြု၍ ကမူးရှုးထိုး ထိုးစစ်ဆင် ဆောင်ရွက်နေသော်ငြား မည်သည့် စစ်မျက်နှာတွင်မှ လိုရာမရောက်ဘဲ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိရောက်သော တိုက်ခိုက်ချေမှုန်းမှုများကြောင့် ထိခိုက်ဆုံးရှုံးမှု အလွန်များပြားလျက်ရှိသည်ကို တွေ့ရသည်။

၅။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၆ ခုနှစ်၊ သြဂုတ်လအထိ (၂) နှစ်တာ ကာလအတွင်း အကြမ်းဖက် စစ်တပ်မှ သေဆုံး (၂၀,၃၈၃) ဦး၊ ထိခိုက်ဒဏ်ရာရ (၉,၇၉၂) ဦး၊ ပြည်သူ့ရင်ခွင်ခိုလှုံသူ (၃,၈၇၄) ဦး၊ မိမိအစီအစဥ်ဖြင့် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာထွက်ပြေးသူ(တပ်ပြေး) (၂၀,၀၀၀) ဦးခန့် ရှိခဲ့သည်ကို ကာကွယ်ရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရသည်။ ၎င်းထိခိုက်ဆုံးရှုံးမှုများအနက် အများစုမှာ အဓမ္မစစ်သားစုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း(ပစ)များ ဖြစ်သည်ကိုလည်း တွေ့ရသည်။ ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာနက ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း (၅၃၆) ဦး ထိ ရှိပါသည်။

၆။ အကြမ်းဖက်စစ်အုပ်စုထိန်းချုပ်ထားသော မြို့ပြများတွင် ပျုစောထီးများ၊ လူဆိုးလူမိုက်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ရာဇဝတ်ဂိုဏ်းများအဖြစ် နေ့စဥ်နှင့်အမျှ လူပြန်ပေးဆွဲခြင်း၊ လူမှောင်ခို ရောင်းဝယ်ခြင်း၊ ကြေးရတတ်မိသားစုများထံမှ ငွေညှစ်ခြင်းတို့ကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လျက်ရှိကာ လူငယ်တို့၏ လုံခြုံရေးအပေါ် အကြီးအကျယ် ခြိမ်းခြောက်လျက်ရှိပါသည်။ အဆိုပါ လူပြန်ပေးဆွဲ မှောင်ခိုရောင်းဝယ်မှု လုပ်ငန်းသည် ၎င်းရာဇဝတ်ဂိုဏ်းများအတွက် အရေးကြီး သော ဝင်ငွေရလမ်းဖြစ်လျက် ရှိနေသည်ကိုလည်း တွေ့ရသည်။

၇။ အဓမ္မစစ်သားစုဆောင်း၍ လူငယ်တို့၏ အသက်ကို စတေးနေသည့် အစီအစဥ်သည် အကြမ်းဖက်စစ်အုပ်စု၏ အဓိကအသက်ရှုပေါက်ဖြစ်လျက်ရှိပြီး ယခုအခါ အမျိုးသားများသာမက အမျိုးသမီးငယ်များကိုပါ ပစ်မှတ်ထားလျက်ရှိရာ အဆိုပါအစီအစဥ်ကို ပြည်သူလူထု၏ ပူးပေါင်းပါဝင် မှုဖြင့် ဆန့်ကျင်တိုက်ဖျက်ကြရမည့် အချိန်ဖြစ်ပါသည်။ အရွယ်ရောက်ပြီး လူငယ်များ အနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းခံရမည့်အရေးကို နည်းလမ်းစုံသုံး၍ ရှောင်ရှားကြရန် လိုအပ်ပါသည်။

၈။ အရွယ်ရောက်ပြီး လူငယ်များအနေဖြင့်-
(က) အဓမ္မစစ်သားစုဆောင်းခံရမည့်အခြေအနေရှိလျှင် တော်လှန်ရေးနယ်မြေများသို့ ဖြစ်စေ၊ နိုင်ငံရပ်ခြားသို့ဖြစ်စေ အမြန်ဆုံးထွက်ခွာကြရန်၊
( ခ) ပေါ်တာဆွဲဖမ်းဆီးခံရမည့်အရေးကို ရှောင်လွှဲနိုင်ရန်အတွက် တဦးတည်းသွားလာခြင်း၊ ညဘက် အပြင်ထွက်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ကြဥ်ကြရန်၊
( ဂ) မလွှဲမရှောင်သာ၍ အဓမ္မစစ်သားစုဆောင်းခံရလျှင် အခွင့်သာသည်နှင့် အကြမ်းဖက် စစ်တပ်ကို စွန့်ခွာထွက်ပြေးကြရန်နှင့် အခြေအနေပေးပါက လက်နက်ပါ တပါတည်း ယူဆောင်လာရန်၊
ထိုသို့ဆောင်ရွက်ရာတွင် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သော ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်နှင့် တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ-ရုံးချုပ်)နှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ပကဖများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များ၊ ပြည်သူ့ လုံခြုံရေးအဖွဲ့ (ပလဖ) များ၊ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဥ်နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (EROs)များအား ဆက်သွယ်ပြီး လိုအပ်သော အကူအညီ ရယူဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

၉။ ရပ်ရွာလူထုအနေဖြင့် မိမိတို့မျက်မှောက်တွင် လူပေါ်တာဆွဲ ဖမ်းဆီးခြင်းများ ကြုံတွေ့ရပါက မျက်ကွယ်ပြုမနေဘဲ လူထုအားဖြင့် ဆန့်ကျင်တားဆီးကြရန် တိုက်တွန်းအပ်ပါသည်။

၁၀။ မိဘများ၊ ဇနီးမယားများအနေဖြင့်လည်း မိမိတို့၏ သားသမီးနှင့် ခင်ပွန်းသည်များ၏ လုံခြုံရေး အတွက် အထူးသတိဝီရိယစိုက်၍ ကူညီစောင့်ရှောက်မှုပြုကြပါရန် တိုက်တွန်းအပ်ပါသည်။

၁၁။ တော်လှန်ရေးနယ်မြေများသို့ ရောက်ရှိလာသော လူငယ်များအနေဖြင့် တဦးချင်း၏ ကျွမ်းကျင်မှု နှင့် စိတ်ဝင်စားရာအလိုက် ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု စသော လူထုဝန်ဆောင်မှု လုပ်ငန်းများတွင် ပါဝင်ခွင့်ရရှိမည် ဖြစ်ပါသည်။ တိုက်ခိုက် ရေးတာဝန် ထမ်းဆောင်လိုသူများသည် သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်မီပါက ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)သို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ပါ သည်။ ပညာဆက်လက် သင်ယူလိုသော လူငယ်များအနေဖြင့်လည်း ပညာသင်ယူ ခွင့်ရရှိအောင် စီမံ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။ တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာသော လူငယ်များ အနေဖြင့် တော်လှန်ရေးရဲဘော်များ၊ တော်လှန်ပြည်သူများနှင့် အတူတကွ ရပ်တည် ရုန်းကန်ရှင်သန် ရမည်ဖြစ်သော်ငြား မိမိတို့၏ လူ့ဂုဏ်သိက္ခာနှင့်လုံခြုံမှုကို ရရှိခံစားနိုင်မည်ဖြစ် ပါသည်။

၁၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်မြေပြင်တွင် ရန်သူကို ပြတ်သားစွာ တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်‌သော်လည်း ရန်သူ့တပ်ကို စွန့်ခွာထွက်ပြေးလာသည့် ပြည်သူ့စစ်မှုထမ်း (ပစ) များကိုမူ လိုအပ်သော ချိတ်ဆက်မှုနှင့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လက်နက်နှင့်တကွ လာရောက်ပူးပေါင်းသူများအား ထိုက်တန်သော ဆုကြေးငွေ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ပြီး နိုင်ငံရပ်ခြားသို့ ထွက်ခွာလိုသော ကြိုတင် ချိတ်ဆက်လာသူများအားလည်း ဖြစ်နိုင် သော ကူညီစောင့်ရှောက်မှုပေးနိုင်ရန် စီစဥ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁၃။ အဓမ္မစစ်သားစုဆောင်းခံရသည့် ပြည်သူ့စစ်မှုထမ်း(ပစ)များအနေဖြင့် မိမိတို့၏ အသက် သွေးချွေးဖြင့် စစ်အာဏာရှင် သက်ဆိုးရှည်ရေး အလုပ်အကျွေးပြုနေရသည့် အခြေအနေမှ ရုန်းထွက် နိုင်ရန်အတွက် အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံးစွန့်ခွာကြရန်နှင့် ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်း များနှင့် ဆက်သွယ်ပူးပေါင်းကြရန် နှိုးဆော်အပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

15/09/2026

ဆယ်လမွန်ငါးတို့အပြန်ကို ခံစားနားဆင်ရင်း ယုံကြည်ခြင်းအားမာန်ကို နှူတ်ဆက်ကြပါစို့ ။

ယုံကြည်ခြင်း အားမာန် - နဂါးဖြူတပ်ရင်းအတွက် တလတာ ရန်ပုံငွေရှာဖွေခြင်းအစီအစဥ်ပြီးဆုံးခဲ့ပါပြီ ။
အကြောင်းမပြန်သေးသူတွေ ၊ ဘယ်ရွေ့ဘယ်မျှလို့အတည်မပြုနိုင်သေးတာတွေ ရှိနေသေးပေမဲ့ ရောက်ရှိပြီးသား ထောက်ပို့မှူတွေကိုပဲ အတည်ပြုကြေငြာပေးမှာဖြစ်ပါတယ် ။
ယုံကြည်ခြင်းအားမာန်အတွက်

၁။ပြည်သူ့ဂုဏ်ရည်(New England) 2000 USD
၂။ ရွှေရည် ၁၀၀၀၀၀၀/-(ဆယ်သိန်းကျပ်)
၃။ ဦးလှမြင့်မိသားစု ၂၀၀၀၀၀/-(နှစ်သိန်းကျပ်)
၄။ကိုအောင်ကျော်မိုးနှင့်အလှူရှင်များ 900THB(ကိုးရာဘတ်)
၅။ ကိုဝင်းဗိုလ်+မသန်းအေးမိသားစု 700THB(၇၀၀ ဘတ်)
၆။မစုပုံချစ် ၃၀၀၀၀/-(သုံးသောင်းကျပ်)
၇။ ကိုဒီပဦးဆောင်သော စည်းလုံးခြင်းသည်အင်အားထောက်ပို့အဖွဲ့ ၅၀၀၀၀၀/-(ငါးသိန်းကျပ်)
၈။ ပြည်ပရောက်မြန်မာ PPTM ၁၀၀၀၀၀၀/-(ဆယ်သိန်းကျပ်)
၉။ ကိုစည် PST Net work ၃၀၀၀၀၀၀/-( သုံးဆယ်သိန်းကျပ်)
၁၀။ Athel Athel ၁၀၀၀၀၀/-(တစ်သိန်းကျပ်)
၁၁။အဝေးရောက်ပြည်သူများ ၁၅၀၀၀၀/-(တစ်သိန်းငါးသောင်းကျပ်)
၁၂။ ဦးငွေသိန်း မြေး မောင်ပိုင်သုဝဿန် 3000THB(သုံးထောင်ဘတ်)
၁၃။ ဗူးသီးလေး 200THB(နှစ်ရာဘတ်)
၁၄။ကိုစိုးဦးဆောင်သော ဓမ္မစိတ္တပရဟိတအသင်း 5000THB(ငါးထောင်ဘတ်)
၁၅။ကိုဇော်မင်း ချွန်ဘူရီဌာနခွဲကောက်ခံပေးခြင်း 3300THB(သုံးထောင်သုံးရာဘတ်)
၁၆။ မနှင်းဆီကောက်ခံပေးခြင်း ၂၉၅၃၈၀၀(နှစ်ဆယ့်ကိုးသိန်းငါးသောင်းသုံးထောင်ရှစ်ရာကျပ်)
၁၇။ ကိုပြုံးချိုဦးဆောင်သော Generations-z G-z
၁၀၀၀၀၀/-(တစ်သိန်းကျပ်)
၁၈။ ရဲထက်အောင် စီစဖန်ကောက်ခံခြင်း ၅၀၀၀၀၀/-(ငါးသိန်းကျပ်)
၁၉။ကိုအောင်လတ်
ဦးဆောင်အဖွဲ့များ(ကော့စမွေ) 14150 THB(တစ်သောင်းလေးထောင်တစ်ရာငါးဆယ်ဘတ်)
၂၀။ကိုသားသားဦးဆောင်အဖွဲ့များ(ကော့စမွေ) 9610(ကိုးထောင်ခြောက်ရာတစ်ဆယ်ဘတ်)
၂၁။ကိုညီငယ်ဦးဆောင်သောအဖွဲ့များ(ကော့စမွေ)
18340THB(တစ်သောင်းရှစ်ထောင်သုံးရာလေးဆယ်ဘတ်
၂၂။ ရဲဘော်ဌေးဝင်း ဦးဆောင်သောအဖွဲ့များ(ကော့စမွေ) 6540 THB(ခြောက်ထောင်ငါးရာလေးဆယ်ဘတ်
၂၃။လေးလေးဦးတင်ထွန်းဦးဆောင်သော လဟန့် ဌာနခွဲ
၂၀၀၀၀၀/-(နှစ်သိန်းကျပ်။
၂၄။ကိုစိန်လင်းထွန်း+မခင်မျိုးသက်နှင့် ဝက်ချီရုံအဖွဲ့ 1900THB(တစ်ထောင်ကိုးရာဘတ်)
၂၅။ ကိုမျိုးအောင် လှဒေဝီဌာနခွဲနှင့်
မွန်လေး 3810THB(သုံးထောင်တစ်ရာရှစ်ဆယ်ဘတ်) ဖြစ်ပါတယ်ခင်ဗျာ ။
နဂါးဖြူတပ်ရင်း ဘဏ္ဍာရေးဌာန ယုံကြည်ခြင်းအားမာန်ဝင်ငွေစုစုပေါင်း ၂၅၁၃၃၄၀၀ ( နှစ်ရာငါးဆယ့်တစ်သိန်းသုံးသောင်းသုံးထောင်လေးရာကျပ်)ဖြစ်ပါတယ်ခင်ဗျာ ။ ယနေ့ည ကြေငြာပြီးနောက်ပိုင်း ထပ်မံရောက်ရှိမည့် ထောက်ပံ့မှူများစာရင်းကို သီးခြားထပ်မံဖော်ပြပေးမှာဖြစ်ပါတယ် ။
ယုံကြည်ခြင်းအားမာန်အတွက် ပါဝင်ခဲ့ကြသူများအားလုံးနှင့် ရန်ပုံငွေရရှိရေးကြိုးစားကူခဲ့ကြသူအားလုံးကို နဂါးဖြူတပ်ရင်းမှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ ။

White Dragon -P29904
#ယုံကြည်ခြင်းအားမာန်

12/09/2026

8.9.2026 နေ့က ယုံကြည်ခြင်းအားမာန် ရန်ပုံငွေရှာဖွေခြင်းအစီအစဥ် ပြီးဆုံးခဲ့ပြီဖြစ်ပါတယ် ။ ပါဝင်အထောက်ကူပြုခဲ့သူအားလုံးနှင့် အထောက်ကူရရှိရေး ကူညီကြိုးစားပေးခဲ့ကြပါသော လူပုဂ္ဂိုလ်များ အဖွဲ့စည်းများ အားလုံးကိ​ု နဂါးဖြူတပ်ရင်းမှ ကျေးဇူးတင်ရှိပါတယ် ။ ထိုင်းကကူညီကောက်ခံပေးနေသူတွေဆီက အပ်ငွေတွေမစုံသေးတဲ့အတွက် ယုံကြည်ခြင်းအားမာန် ရန်ပုံငွေရှာဖွေခြင်းကနေ ဘယ်၍ဘယ်မျှ ရရှိခဲ့တာ်ဆိုတာကို 15-9-2026 နေ့ညကျမှ ထုတ်ပြန်ပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာ ။
ဆက်ပြီးတော့လည်း နဂါးဖြူတပ်ရင်းရဲ့အထွေထွေလို
အပ်ချက်တွေအတွက် ကြိုးစားထောက်ကူပြုပေးကြပါဦးခင်ဗျာ

White Dragon -P29904

08/09/2026

နဂါးဖြူတပ်ရင်းရဲဘော်များ တိုက်ပွဲဝင်ပုံရိပ်များ။

နဂါးဖြူတပ်ရင်းရဲ့ "ယုံကြည်ခြင်းအားမာန်"
ရန်ပုံငွေရှာဖွေခြင်းအစီအစဉ်၌ ပါဝင်ပေးခဲ့ကြတဲ့ တော်လှန်မိဘပြည်သူတစ်ဦးတစ်ယောက်ခြင်းစီတိုင်းအား အထူးပင်ကျေးဇူတင်ရှိပါတယ်ခင်ဗျာ
တော်လှန်ရေးပြီးဆုံးသည့်အထိ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု နဂါးဖြူတပ်ရင်းမှ ရဲဘော်များအားလုံးက ကတိသစ္စာပြုပါတယ်ခင်ဗျာ🫡🫡🫡
#ယုံကြည်ခြင်းအားမာန်
White Dragon -P29904

08/09/2026

လစဉ် (၈) ရက်နေ့တိုင်း နဂါးဖြူတပ်ရင်းမှ ကျဆုံးလေပြီးသော ရဲဘော်များအား ရည်စူး၍ မမေ့မလျော့ ဆွမ်းကပ်ကုသိုလ်ပြု လှူဒါန်းလျက်ရှိပါသည်။
ကျဆုံးရဲဘော်များကောင်းရာသုဂတိသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
#လစဉ်၈ရက်နေ့ဆွမ်းကပ်ခြင်း
White Dragon -P29904

06/09/2026

ငါတို့က သူပုန်
ငါတို့က သူပုန်
ငါတို့က သူပုန်

တေးရေး-ထိုက်တန်
တေးဆို-နဂါးဖြူတပ်ရင်းရဲဘော်များနှင့်ပြည်တော်ဝင်တေးရဲဘော်များ

သဘက်ခါ 8.9.2026 နေ့မှာ ကျနော်တို့နဂါးဖြူတပ်ရင်းရဲ့ ယုံကြည်ခြင်းအားမာန် (ရန်ပုံငွေရှာဖွေခြင်းအစီအစဥ်)
ပြီးဆုံးမှာဖြစ်ပါတယ် ။ ယုံကြည်ခြင်းအားမာန်အတွက် ပြည်တော်ဝင်တေး ရဲဘော်ရဲဘက်ညီအကိုတွေကနေ လာရောက်အားဖြည့်ကူညီကြတာဖြစ်ပါတယ် ။ ရက်ပိုင်းလေးသာကျန်တော့တဲ့ ယုံကြည်ခြင်းအားမာန် ရန်ပုံငွေရှာဖွေခြင်းအတွက် ပါဝင်အထောက်ကူပြုပေးကြပါဦးခင်ဗျာ ။ အချိန်ရသလောက်လေး ကြိုးစားပေးကြပါဦး ။
White Dragon -P29904

Dirección

Americana

Teléfono

+959445594355

Página web

Notificaciones

Sea el primero en enterarse: le enviaremos un correo electrónico cuando White Dragon -P29904 publique novedades y promociones. Su dirección de correo electrónico no se utilizará para ningún otro fin y puede darse de baja en cualquier momento.

Contactar Con La Organización

Enviar un mensaje a White Dragon -P29904:

Atajos

Compartir