White Dragon -P29904

White Dragon -P29904

Compartir

White Dragon

Photos from White Dragon -P29904's post 31/05/2026

တော်လှန်ရေးမှာ မျက်နှာနာရမှာက ကျဆုံးသွားသူတွေ ၊ ကိုယ်အင်္ဂါချို့ယွင်းသွားသူတွေ ၊
ဘဝပျက်သွားကြသူတွေကိုသာမက ချွေးနည်းစာကိုမိသားစုအတွက်ထဲကနေ တော်လှန်ရေးကိုမျှကူနေသူတွေအားလုံးကိုပဲ ။
ပင်ပန်းဆင်းရဲရတာတွေ ၊ နာကျင်ရတာတွေ ၊ စိတ်
သောကတွေ ၊ လွှတ်ချပလိုက်ချင်စိတ်တွေ အားလုံးက မျက်နှာနာရမှာတွေကို ပြန်ငဲ့ကြည့်ဖြစ်တဲ့အခါ မာန်တင်းတောင့်ခံဘို့ဖြစ်လာတာပဲ ။
ဘာမှမပြည့်စုံရင် ပြဿနာပိုများတယ် ။ လိုအပ်ချက်များလွန်းရင် ရပ်တည်နိုင်ဘို့ ခက်သည်ထက်ခက်လာတယ် ။
ဒီလိုအခြေအနေမှာ ကျနော်တို့အတွက် အားကိုးရာက ထောက်ပို့ရဲဘော်တွေပဲ။
ထောက်ပို့တပ်သားတွေရဲ့ပါဝင်မှူက ကျနော်တို့ကို အဓိကဖေးမမှူဖြစ်တယ် ။ ကျနော်တို့ရဲ့ အသက်သွေးကြောဖြစ်တယ် ။
ကျေးဇူးတင်တာထက်ပိုတဲ့
ရဲဘော်ရဲဘက်တွေအဖြစ် လေးစားတန်ဘိုးထား ဂုဏ်ယူရပါတယ် ။
၂၀၂၆ ခုနှစ် မေလ မှာ ပါဝင်အထောက်ကူပြုထားကြတဲ့ ထောက်ပို့တပ်သားများကို အသိမှတ်ပြုဖော်ပြအပ်ပါတယ် ။

White Dragon -P29904

အကြောင်းကြောင်းကြောင့် နာမည်ကျန်ခဲ့တာမျိုးရှိပါက မိမိထောက်ပို့ငွေပေးအပ်သူမှတဆင့် ပြောကြားပေးပါခင်ဗျား

Edit - ရဲဘော်စောဝါ ကျန်ခဲ့လို့ ပြန်ဖြည့်ထားပါတယ် ။

27/05/2026

တော်လှန်ရေးလမ်းကြမ်းထဲ
ကျွန်တော် လျှောက်လာခဲ့တယ်
လက်နက်ကိုင်ထားတဲ့သူတွေနဲ့အတူ
စိတ်ဓာတ်ကိုင်ထားတဲ့ ပြည်သူတွေကြားမှာ။

ကျွန်တော်မြင်ခဲ့တယ်
ရှေ့တန်းမှာ အသက်ပေးနေတဲ့ ရဲဘော်တွေကို၊
နောက်တန်းမှာ ဘဝပေးပြီး ရုန်းကန်နေတဲ့
မိဘပြည်သူတွေကို။

တစ်ချို့က သေနတ်ကိုင်ပြီး တိုက်ကြတယ်
တစ်ချို့က အိမ်မက်တွေကို ချိုးဖျက်ပြီး တိုက်ကြတယ်
တစ်ချို့က မျက်ရည်မျိုပြီး
“နိုင်ရမယ်” ဆိုတဲ့စိတ်နဲ့ ရပ်တည်ကြတယ်။

ဒါကြောင့်
“ငါပဲ ပေးဆပ်သူ” လို့
ကျွန်တော် မပြောရဲဘူး။

ဘာလို့လဲဆိုတော့
ကျွန်တော်မမြင်တဲ့ နေရာတိုင်းမှာ
တခြားသူတွေလည်း
အသက်၊ အချိန်၊ ဘဝတွေ ပေးဆပ်နေကြလို့ပဲ။

တော်လှန်ရေးသမားဆိုတာ
အော်ဟစ်ကြွေးကြော်နေရုံမဟုတ်ဘူး
လူတစ်ယောက်ကို
လေးစားတတ်ဖို့လည်း လိုတယ်။

ကိုယ်နဲ့မတူတဲ့ အသံကို
နားထောင်တတ်ဖို့ လိုတယ်။
ဝေဖန်သံတွေကို
ရန်သူလို မမြင်ဖို့လည်း လိုတယ်။

ဒီမိုကရေစီဆိုတာ
ခေါင်းဆောင်ကောင်းတစ်ယောက်ကို
စောင့်နေတာမဟုတ်ဘူး။
ပြည်သူတစ်ယောက်ချင်းစီ
တာဝန်ယူတတ်လာတဲ့နေ့မှာ စတင်တာ။

ဒီနေ့
ကျွန်တော်တို့ တိုက်နေတာက
သေနတ်ကိုင်ထားတဲ့ အာဏာရှင်ကိုတင်မဟုတ်ဘူး
ကိုယ့်ခေါင်းထဲက
အာဏာရှင်စိတ်ကိုပါ တိုက်နေတာ။

“ခေါင်းဆောင်ပြောတာ အကုန်မှန်တယ်”
ဆိုတဲ့ ကျွန်စိတ်ကို တိုက်ရမယ်
“ကိုယ်ထောက်ခံတဲ့ဘက်ဆို ဘာလုပ်လုပ်မှန်တယ်”
ဆိုတဲ့ မျက်ကန်းစိတ်ကို ဖြုတ်ချရမယ်။

မဟုတ်ရင်
အာဏာရှင်တစ်ယောက်ကျပြီး
နောက်ထပ် အာဏာရှင်အသစ်ပဲ မွေးလာလိမ့်မယ်။

အဲ့ဒါဆို
ကျဆုံးသွားတဲ့ လူငယ်တွေ
စစ်ဘေးရှောင်ပြည်သူတွေရဲ့ မျက်ရည်တွေ
ပျက်စီးသွားတဲ့ ဘဝတွေကို
ကျွန်တော်တို့ သစ္စာဖောက်လိုက်တာပဲ။

ဒါကြောင့်
ဒီတော်လှန်ရေးထဲမှာ
ကျွန်တော် သင်ယူထားတာတစ်ခုရှိတယ်—

စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ
အာဏာပြောင်းတာ မဟုတ်ဘူး
လူတွေရဲ့ စိတ်ဓာတ် ပြောင်းလဲလာတာ။

အချင်းချင်း လေးစားတတ်လာတာ
မှားရင် ထောက်ပြရဲလာတာ
မှန်ရင် အသိအမှတ်ပြုတတ်လာတာ
ပြီးတော့
“ငါ” ထက် “ငါတို့” ကို
ပိုမြင်တတ်လာတာပဲ။

တော်လှန်ရေးက
သေနတ်နဲ့တင် မပြီးဘူး။
လူတွေရဲ့ အသိစိတ်တွေ နိုးလာတဲ့နေ့မှာ
အောင်ပွဲစတယ်။

Crd

24/05/2026

"Proof of Life" တောင်းဆိုမှုတွင် ကျွန်ုပ်တို့ နဂါးဖြူတပ်ရင်းမှ ပူးပေါင်းပါဝင်ထားပါတယ်ခင်ဗျာ🫡🫡🫡
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် လက်ရှိအခြေအနေကို အာဏာသိမ်းစစ်ကောင်စီက ဖုံးကွယ်ထားခြင်းမှာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်ပါတယ်။
ကျွန်ပ်တို့ နဂါးဖြူတပ်ရင်း အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း ယုံကြည်စိတ်ချရသော သက်သေအထောက်အထား (Proof of Life) ကို နိုင်ငံတကာအဖွဲ့အစည်းများက ချက်ချင်းစစ်ဆေးထုတ်ပြန်ပေးရန် တောင်းဆိုသော လှုပ်ရှားမှုတွင် အပြည့်အဝ ပူးပေါင်းပါဝင်ပါသည်။
အမှန်တရားသည် ဖုံးကွယ်၍ မရပါ။


#အမှတ်၃၇နည်းဗျူဟာ
White Dragon -P29904

18/05/2026

◾ စစ်ပုံကျခြင်းနဲ့ တပ်ပုံကျခြင်း၊ စစ်စည်းကမ်းနဲ့တပ်စည်းကမ်း

စစ်ပုံကျခြင်းနဲ့ တပ်ပုံကျခြင်းဆိုတာ နှစ်ခုလုံး စစ်ရေးဝေါဟာရတွေဖြစ်ပေမယ့် အသုံးပြုတဲ့ပုံစံ၊ အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက် မတူကြပါဘူး။ စစ်ပုံကျခြင်းက စစ်ဆင်ရေးတစ်ခုလုံး ကိုကြည့်တာဖြစ်ပြီး၊ တပ်ပုံကျခြင်းက တပ်ဖွဲ့အတွင်းစည်းကမ်းနဲ့ ဖွဲ့စည်းပုံကို ကြည့်တာပါ။

▪ စစ်ပုံကျခြင်း ဆိုတာဘာလဲ

စစ်ပုံကျတယ်ဆိုတာ စစ်ရေးအရ စနစ်တကျ စီမံထားမှု၊ ဗျူဟာကျမှု၊ အချိတ်အဆက်ကောင်းမှု၊ အင်အားတွေကို အသုံးချမှုမှန်ကန်ပြီး တိုက်ပွဲတခုလုံးမှာ စနစ်တကျလည်ပတ်နိုင်နေတဲ့ အခြေအနေကို ဆိုလိုတာဖြစ်တယ်။ အဓိကအားဖြင့် ဗျူဟာ၊ စစ်ဆင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ သတင်း ထောက်လှမ်းရေး၊ အမိန့်ပေးကွပ်ကဲမှု၊ တပ်ဖွဲ့များအကြားပူးပေါင်းဆောင်ရွက်မှုတွေ စနစ်တကျ ချိတ်ဆက်အလုပ်လုပ်နေတာကို ရည်ရွယ်ပါတယ်။

ဥပမာ ရှေ့တန်း၊ နောက်တန်း ချိတ်ဆက်မှုကောင်းခြင်း၊ ဒရုန်း၊ လက်နက်ကြီး၊ခြေလျင်တပ် တွဲဖက်အသုံးပြုနိုင်ခြင်း၊ ခွာစစ်ဆင်တာမျိုးလုပ်ရင်တောင် အစီအစဉ်တကျ ဆုတ်ခွာနိုင်ခြင်း၊ အုပ်ချုပ်ထောက်ပံ့ကိစ္စ မပြတ်ခြင်း၊ စစ်ရေးသတိ စစ်ရေးအသိမပြတ်ရှိခြင်း၊ ဒီလိုအရာတွေရှိရင် ဒီတပ်က စစ်ပုံကျလာပြီလို့ ပြောလို့ရပါတယ်။ ဆိုလိုတာက သာမာန်သေနတ်ခလုတ်နှိပ်ပြီး တိုက်နိုင်ရုံ မဟုတ်တော့ဘဲ စစ်တပ်တစ်ခုလို တိုက်တတ်လာခြင်း ဖြစ်တယ်။

▪ တပ်ပုံကျခြင်း ဆိုတာဘာလဲ

တပ်ပုံကျတယ် ဆိုတာကတပ်ဖွဲ့အတွင်း စနစ်တွေ၊ ပုံစံတွေ၊ အမိန့် စတာတွေ စနစ်တကျ ဖြစ်လာတာကို ဆိုလိုတယ်။ အဓိကအချက်တွေက အမိန့်နာခံမှု၊ စည်းကမ်း၊ တသားတည်းဖြစ်ခြင်း၊ ရဲဘော်ရဲဘက်စိတ်အပြည့်အဝရှိခြင်း၊ Chain of commandရှိခြင်း၊ တပ်တခုရဲ့နေ့စဉ်လစဥ်အချိန်မှန် ကိစ္စများ တသမတ်တည်းရှိခြင်းတို့ ဖြစ်တယ်။ ဥပမာ ယူနီဖောင်းညီညာခြင်း၊ တန်းစီမှု စနစ်ကျခြင်း၊ အမိန့်အတိုင်း လှုပ်ရှားနိုင်ခြင်း၊ စောင့်ကင်းတာဝန်များ၊ လှည့်ကင်းတာဝန်များ၊ စည်းကမ်းရှိခြင်း၊ ရာထူးအဆင့်ဖွဲ့စည်းပုံတိကျ ရှင်းလင်းခြင်း၊ လေ့ကျင့်ရေးစံသတ်မှတ်ချက် တစ်မျိုးတည်းဖြစ်ခြင်း၊ ဒါတွေက တပ်ပုံကျခြင်း ဖြစ်တယ်။ ဆိုလိုတာက တပ်ဖွဲ့တစ်ခုအဖြစ် ပုံစံဝင်လာခြင်း၊ ပုံပေါ်လာခြင်း ဖြစ်တယ်။

▪ စစ်ပုံကျခြင်းနဲ့တပ်ပုံကျခြင်းကြားကအဓိကကွာခြားချက်

တပ်ပုံကျခြင်းက စစ်ပုံကျခြင်းရဲ့ အခြေခံတစ်ခု ဖြစ်ပေမယ့် တပ်ပုံကျတိုင်း စစ်ပုံမကျပါဘူး။ ဥပမာ
တပ်တစ်တပ်က Uniform ညီတယ်၊ စစ်ရေးပြ လှတယ်၊ အမိန့်နာခံတယ် ဆိုပေမယ့် တိုက်ပွဲထဲမှာ
ချိတ်ဆက်ညီညွတ်မှုမရှိ၊ အုပ်ချုပ်ထောက်ပံ့ပျက်၊ စစ်နည်းဗျူဟာ၊ တိုက်နည်းစနစ်တွေသိရှိ ကျွမ်းကျင်မှု အားနည်း၊ အမြဲတမ်းခြုံခိုတိုက်ခိုက်ခံရ/ ကြားဖြတ်တိုက်ခံရတယ်ဆိုရင် တပ်ပုံတော့ကျတယ်၊ စစ်ပုံမကျသေးဘူးဆိုတဲ့ အခြေအနေဖြစ်ပါတယ်။

တစ်ဖက်မှာ တော်လှန်ရေးအဖွဲ့တချို့လို Uniform မညီမညာရှိတာကိုဝတ်ရတာ၊ တပ်တခုရဲ့ဖွဲ့စည်းပုံတွေ မပြည့်စုံသေးပေမယ့် ခြုံခိုပျောက်ကြားတိုက်တာကောင်းတာ၊ Drone integrationကောင်း၊ သတင်းထောက်လှမ်းရေးကောင်းတယ်ဆိုတဲ့ အခြေနေရှိရင် တပ်ပုံမကျသေး ပေမယ့် စစ်ပုံကျလာနေတယ်လို့ ပြောနိုင်ပါတယ်။

တပ်ပုံကျခြင်းကတပ်ဖွဲ့တစ်ခုရဲ့ အတွင်းစည်းကမ်းနဲ့ ဖွဲ့စည်းပုံဖြစ်ပြီး စစ်ပုံကျခြင်း ကတော့ အဲ့ဒီတပ်ဖွဲ့ဟာ စစ်ကို professional ဆန်ဆန် စနစ်တကျ တိုက်နိုင်လာပြီလား ဆိုတာပဲဖြစ်ပါတယ်။ အတိုချုံးပြောရရင် တပ်ပုံကျခြင်းက စစ်သားတယောက်ရှိရမယ့် အင်္ဂါရပ်ရှိခြင်း၊ ပြည့်စုံခြင်းဖြစ်ပြီး စစ်ပုံကျခြင်းက တိုက်ပွဲတွင်းစွမ်းဆောင်ရည်ပြည့်ဝခြင်းဖြစ်ပါတယ်။ တည်ငြိမ်ရင့်ကျက်ပြီး စနစ်ကျတဲ့စစ်တပ်တစ်ခု ဖြစ်လာဖို့ဆိုရင် တပ်ပုံလည်းကျရမယ်၊ စစ်ပုံ လည်းကျရပါမယ်။

ဒါပေမယ့် စစ်သမိုင်းတလျှောက်မှာ အနိုင်ရတဲ့အဖွဲ့တွေဟာ စစ်ရေးပြလှတဲ့တပ်တွေမဟုတ်ဘဲ စစ်ဆင်ရေးနဲ့တိုက်ပွဲဖော်ဆောင်မှုစနစ်ကျပြီး အမြဲတိုးတက်အောင်လုပ်နိုင်တဲ့ အဖွဲ့တွေ ဖြစ်ခဲ့တာ များတယ်။ နောက်တခုက အဲ့ဒါတွေဟာ လုံးဝမလိုအပ်ကြတာမျိုးမဟုတ်ဘဲ အပြန်အလှန်ဆက်စပ် နေတယ်ဆိုတာပါပဲ။

▪ စစ်စည်းကမ်းနဲ့ တပ်စည်းကမ်း

စစ်စည်းကမ်းက စစ်ဆင်ရေးအတွင်း လိုက်နာရမယ့် စည်းမျဉ်း ဖြစ်ပြီး၊ တပ်စည်းကမ်းက တပ်ဖွဲ့အတွင်း နေထိုင်လုပ်ဆောင်ပုံ စည်းကမ်း ဖြစ်တယ်။

▪ တပ်စည်းကမ်းဆိုတာဘာလဲ

တပ်စည်းကမ်း ဆိုတာ တပ်ဖွဲ့တစ်ခုအတွင်း အမိန့် နာခံမှု၊ နေထိုင်ပုံ၊ လှုပ်ရှားပုံ၊ အပြုအမူ၊ ရာထူးအဆင့်ဆင့်ကို စနစ်တကျထိန်းထားတဲ့ စည်းမျဉ်းတွေကို ဆိုလိုတယ်။ အဓိကက အမိန့်နာခံမှု၊ အချိန်လေးစား လိုက်နာမှု၊ ယူနီဖောင်းစည်းကမ်း၊ ကင်းတာဝန်၊ စစ်ရေးပြစည်းကမ်း၊ အဆင့်ရာထူးအလိုက် ထားရှိရမယ့် ဆက်ဆံရေး၊ နေ့စဥ်လစဥ်ပုံမှန်တပ်လုပ်ငန်းများ၊ တပ်တွင်းအပြစ်ပေးအရေးယူမှု စနစ်တွေ ပါဝင်ပါတယ်။

တပ်စည်းကမ်းက တပ်တတပ် ပုံစံမပျက်အောင် ထိန်းထားတာဖြစ်တယ်။ ဥပမာ ခွင့်ပြုချက်မရှိဘဲ တပ်ပိုင်းဆိုင်ရာကိစ္စများကို post မတင်ရ၊ အမိန့်မဖီဆန်ရ၊ လက်နက်စည်းကမ်း၊ အရက်မူးယစ်ဆေးဝါး မသုံးရ၊ တာဝန်ချိန်မပျက်ရ စသဖြင့်ဒါတွေက တပ်စည်းကမ်းအောက်က အရာတွေဖြစ်တယ်။

▪ စစ်စည်းကမ်း ဆိုတာဘာလဲ

စစ်စည်းကမ်းဆိုတာက စစ်ဆင်ရေး၊ တိုက်ပွဲနဲ့တိုက်ပွဲအတွင်းမှာ လိုက်နာရမယ့် စစ်ရေးဆိုင်ရာ စည်းမျဉ်းနဲ့ စည်းကမ်းတွေကို ဆိုလိုပါတယ်။ ဒီထဲမှာ တိုက်နည်းစနစ်တွေ၊ ပစ်ခတ်မှုစနစ်တွေ၊ စစ်ဆင်ရေးလုံခြုံမှု၊ တိုက်ပွဲတွင်း အရပ်သားတွေကိုကာကွယ်ပေးခြင်း၊ လမ်းညွှန်ချက်/ ကန့်သတ်ချက်များ၊ ဆက်သွယ်မှုစနစ် စတာတွေဖြစ်ပါတယ်။

ဥပမာ မလိုအပ်ဘဲ ပစ်ခတ်မှုမလုပ်ရ၊ လိုအပ်ချက်အရ ဆက်သွယ်ရေးစက်အသံတိုးခြင်း၊ ခြုံခိုတိုက် ခိုက်မည့်နေရာကို တာဝန်ရှိသူကိုသာ အသိပေးရန်
နှင့်သတင်းလုံခြုံမှုရှိရန်၊ အရပ်သားများကို မထိခိုက်စေရ၊ အချင်းချင်း မှားယွင်းပစ်ခတ်မှု မဖြစ်အောင် ညွှန်ကြားခြင်း၊ အမိန့်မရပဲ ပစ်ခတ်မှုမလုပ်ရ ဒါတွေက စစ်စည်းကမ်းဖြစ်တယ်။ ဆိုလိုတာက စစ်ကိုဘယ်လိုစနစ်တကျ တိုက်မလဲဆိုတာကို ထိန်းသိမ်းတဲ့စနစ်မျိုး ဖြစ်တယ်။ ဒါကြောင့် တပ်စည်းကမ်းက တပ်ကိုထိန်းပြီး စစ်စည်းကမ်းက စစ်ပွဲကိုထိန်းတယ်လို့ ပြောလို့ရပါတယ်။

တပ်စည်းကမ်းက ဆုံးဖြတ်ပိုင်ခွင့်၊ ရာထူးအဆင့်၊ အမိန့်အာဏာ ပုံစံနဲ့ ထိန်းလို့ရနိုင်တယ်။ အပြစ်ပေးအရေးယူမှုနဲ့ ထိန်းထားလို့ရတယ်။ ဒါပေမယ့် စစ်စည်းကမ်းကတော့ တိုက်နည်းစနစ်တွေ၊ တိုက်ပွဲကိုကွပ်ကဲနိုင်စွမ်းတွေ မရှိရင် မရဘူး။ ဥပမာတပ်တတပ်က စစ်ရေးပြ အရမ်းကောင်းတယ် စမတ်ကျတယ်ဆိုပေမယ့် တိုက်ပွဲမှာကြောက်လန့်တကြား ဆောက်တည်ရာမရ ဖြစ်တာ၊ အမိန်မစောင့်ပဲလှုပ်ရှားတာ၊ မဆင်မခြင်ပရမ်းပတာပစ်ခတ်တာ၊ ရန်သူလား အရပ်သားလား မခွဲခြားဘဲ တိုက်ခိုက်မှုလုပ်တာမျိုးတွေဆိုရင် တပ်စည်းကမ်းတော့ရှိတယ်၊ စစ်စည်းကမ်းမရှိတဲ့ အခြေနေမျိုးဖြစ်ပါတယ်။

တစ်ဖက်မှာ လက်ရှိတော်လှန်ရေးလိုကာလ ပျောက်ကြားတပ်တခုက ယူနီဖောင်းမျိုးစုံဖြစ်နေပြီး၊ စံညီတဲ့ စစ်ရေးပြတွေမရှိပေမယ့် ပစ်ခတ်ထိန်းသိမ်းမှု စနစ်ကျတယ်၊ စစ်သတင်းလုံခြုံမှုရှိတယ်၊
ခြုံခိုပျောက်ကြားတိုက်ခိုက်မှုကောင်းတယ်၊ မျှော်လင့်မထားတဲ့ ရုတ်ချည်းအခြေနေတွေကို ကိုင်တွယ်နိုင်တယ်ဆိုရင် တပ်စည်းကမ်းမပြည့်စုံသေးပေမယ့် စစ်စည်းကမ်းကောင်းတဲ့ တပ်တခု လို့ ပြောလို့ရပါတယ်။

တပ်စည်းကမ်းကောင်းရင် ခိုင်မာပြီးစနစ်ကျတဲ့ တပ်တတပ် ဖြစ်စေပြီး စစ်စည်းကမ်းကောင်းရင် တိုက်ပွဲတိုင်းအနိုင်ရနိုင်တဲ့ တပ်တတပ် ဖြစ်စေနိုင်ပါတယ်။

#စစ်ရေးမြင်ကွင်းများ #စစ်ရေးသုံးသပ်ချက် #အောင်ပွဲ
White Dragon -P29904

18/05/2026

မိုးတွင်းနဲ့ ကျနော်တို့ဒုက္ခ

(ကျော်မသွားကြနဲ့ဗျာ
ဖတ်ကြည့်ပြီး စာနာကြပါ ၊
ကူကြပါ)

ရာသီကိုအံတုဘို့ ရိက္ခာကူကြစို့ ။

မိုးကျပြီ ။ ကံဆိုးမသွားရာမိုးလိုက်ရွာစကားပုံလို မိုးကြောင့်ခက်ခဲမဲ့ဘဝတွေ ။

မိုးမကျခင် ရှာဖွေစုဆောင်းနေကျဖြစ်ပေမဲ့ ဒီနှစ် တပ်ရင်းတရင်းလုံး ရှေ့တန်းထွက်နေကြရတော့ မိုးတွင်းအတွက်ထင်းတောင် ရှာချိန်မရခဲ့ဘူး ။ တပ်ရင်းတရင်းလုံးစာချက်ပြုတ်ရတဲ့ နေ့စဥ်ရက်ဆက် သုံးရမဲ့ထင်းအတွက်ကစ စဥ်းစားကြရတယ် ။ ဒါက ခက်ခဲတဲ့အဆင့်ပါ ပြဿနာတော့မဟုတ် ။

ပြဿနာက နေရေးကအစ ပြန် ပြန်လုပ်ကြရတာ ။ ဘားတိုက်တွေ မိုးရ ကာရ ခင်းရ ။ တလောလေးက တောင်ထန်းအလှူခံပြီး စားဖိုဆောင်နဲ့ တဲတချို့ပြန်ပြင် ပြန်မိုး ၊ ရိက္ခာဂိုထောင်ပြန်ဆောက် လုပ်ထားသေးပေမဲ့ မလုံလောက်သေးပါဘူး ။

စခန်းမှာ ပုံမှန်တော့ ချောင်းထဲကရေကို စ-စ်ခပ် ကျိုသောက်ကြရတယ် ။ ရေကြောင့် ဝမ်းဖောဝမ်းယောင် ဝမ်းပျက်ဖြစ်တတ်ကြတယ် ။ ကျောက်ကပ်ယောင်တာ ကျောက်တည်တာ အသည်းယောင်တာတွေအပြင် ငှက်ဖျားလည်း ဖြစ်လွယ်တယ် ။ မိုးကျလာတော့ အနည် အမှိုက်တွေနဲ့ တောင်ကျရေနောက်နောက်ဟာ သောက်ဘို့မပြောနဲ့ ထမင်းချက်ရေးတောင် အဆင်မပြေပြေအောင်လုပ် ချက်ကြရတယ် ။

မိုးတွင်းမှာ အဝတ်ထည်တွေ မခြောက်လွယ်ဘူး ၊ နေလှန်းရေးခက်တယ် ။ ရဲဘော်အများစုက ယူနီဖောင်းအပိုမရှိကြဘူး။ အရပ်ဝတ်ရော ၊ အတွင်းခံရော မလုံလောက်ကြဘူး။ ထီး မိုးကာ ခေါင်းဆောင်းတွေ မရှိကြဘူး ။

တခြားရာသီတွေထက် ဖျားနာလွယ် အနာရောဂါဖြစ်လွယ်ကြတယ် ။
ခြင် မှက် ကင်း မြွေ သဘာဝဘေး အကြုံရဆုံးကာလတွေမှာ အရေးအကြောင်းရှိလို့ ဆေးရုံဆေးခန်းပို့ဘို့မလွယ်ဘူး ။ ကားသွားမရတော့တဲ့လမ်းတွေ ၊ ဖြတ်မရတော့တဲ့ ချောင်းတွေ ။

ရာသီကြောင့် ရန်သူ့တိုက်ခိုက်မှူက လျော့မသွားဘူး ။ လက်နက်ကြီးနဲ့ လှန်းထုတာ ၊ ဒရုံးနဲ့ဗုံးချတာ ၊ ပါရာမိုတာနဲ့ တိုက်ခိုက်တာ ၊ လေယာဥ်နဲ့ပစ်တာတွေ အမြဲရှိနေတယ် ။ ဗုံးခိုကျင်းကိုပဲအားကိုးနေရတဲဘဝတွေမှာ ရေနဲ့ဗွက်ပြည့်နေတဲ့ ဗုံးခိုကျင်းတွေနဲ့ ဘယ်လိုဖြတ်သန်းကြရမလဲ မြင်ယောင်ခံစားကြည့်ကြပါ ။
မိုးတွင်းမှာ သွားလမ်းမသာသလို လာလမ်းလည်းမဖြောင့်ဘူး ။ ရိက္ခာသယ်ရေး ဝယ်ရေး အရမ်းပင်ပန်းဆင်းရဲတယ် ။ ကားတွေဆိုင်ကယ်တွေ အသုံးပြုရတာထက် ပြင်နေရတာပိုများတယ် ။

လျပ်စ-စ်စွမ်းအင်အတွက် ဆိုလာကိုအားကိုးမရတော့ မီးစက်တွေနှိုးကြရတယ် ။ ဓာတ်ဆီ မီးစက်ပြင်စရိတ်
ယာဥ်ပြင်စရိတ်တွေဟာ ရဲဘော်တွေရဲ့ ဆေးလိပ် ကော်ဖီသောက်ခွင့်ရရေးကိုတောင်
ထိခိုက်စေတာမျိုး ရှိခဲ့ဘူးတယ် ။
ပြည်ပထောက်ပို့အများစုက အလုပ်ပိတ်ရက်မှ အလှူခံထွက်ကြ စည်းဝေးကြရတာ ။ မိုးလေကြောင့် အလှူခံထွက်နိုင်စွမ်း သွားလာနိုင်စွမ်းတွေနည်းသွားတော့ ထောက်ကူပြုနိုင်မှူမှာ သိသိသာသာလျော့ကျကြတယ်။
အဲ့သလိုတွေကြောင့် မိုးတွင်းဟာ ကျနော်တို့ တော်လှန်ဘဝတွေအတွက် အခက်ခဲဆုံးကာလပဲ ။

အခု မိုးကျစပြုပြီ ။ ခက်ခဲပြီးသား တော်လှန်ဘဝတွေ အခက်ကို အကြပ်တည်းထပ်ဆင့်ပြီ ။ အကူညီ လိုသထက်လိုပြီ ။ ဒါကြောင့် ဒီတမိုးကိုကျော်ဖြတ်နိုင်ဘို့ ကျနော်တို့တပ်ရင်းကိုပံ့ပိုးပေးကြဘို့ ကျနော်ဆော်သြတောင်းခံရပါမည် ။

ကျနော်တို့
ရာသီဆိုးကိုအံတုမယ်
အဆင်မပြေမှူတွေကို အံတုမယ်
စိတ်ခံစားမှူတွေကိုအံတုမယ်
ပြည်သူ့ရန်သူ စ-စ်မိစ္ဆာကို
ပြည်သူလူထုစိတ်အေးချမ်းရသည်အထိ ကြံ့ကြံ့ခံတိုက်မယ် ။
ကျနော်တို့နဲ့အတူ တော်လှန်ပြည်သူတွေ တသားထဲရှိနေတယ်လို့ ယုံကြည်လျက်ပဲ ။ ကျနော်တို့ကို အားဖြည့်ပေးကြပါခင်ဗျား

သုံည သစ်
White Dragon -P29904

08/05/2026

"ကြွေလွင့်သွားသော်လည်း မမေ့နိုင်သော (၁) နှစ်တာ ခရီးစဉ်။
​ယနေ့ ဤရက်၊ ဤအချိန်သည် မိမိတို့ အမိမြေနှင့် ပြည်သူအတွက် အသက်ခန္ဓာ ပေးဆပ်သွားခဲ့ကြသော ကျွန်ုပ်တို့၏ သူရဲကောင်းရဲဘော်များ ကျဆုံးခဲ့သည်မှာ (၁) နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
​ရဲဘော်တို့ စိုက်ထူသွားခဲ့သော လွတ်လပ်မှုနှင့် တရားမျှတမှု ရည်မှန်းချက်များကို ကျွန်ုပ်တို့ တန်ဖိုးထား ဆက်လက် ဆုပ်ကိုင်ထားပါမည်။ ယနေ့ ပြုလုပ်သော (၁) နှစ်ပြည့် ဆွမ်းကပ်လှူဒါန်းမှု အစုစုအတွက် ရဲဘော်တို့ ကောင်းရာသုဂတိမှ သာဓုခေါ်ဆိုနိုင်ပါစေ။ ရဲဘော်တို့၏ စွန့်လွှတ်မှုကို သမိုင်းက အမြဲတမ်း မှတ်တမ်းတင်နေပါမည်။
White Dragon -P29904
#ကျဆုံးရဲဘော်တစ်နှစ်ပြည့်

05/05/2026

အဆုံးထိ တူတူရုန်းကြမယ်
"တော်လှန်ရေးသက်တမ်း (၅) နှစ်ရှိခဲ့ပါပြီ။ ဒီခရီးဟာ မောပန်းစရာကောင်းပေမယ့် ပြည်သူတွေရဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကြောင့် ကျွန်တော်တို့ ရှေ့ဆက်နိုင်ခဲ့တာပါ။
ကျွန်တော်တို့တပ်ဖွဲ့အနေနဲ့ ပြည်သူလူထုကို ပြောချင်တာကတော့ 'စိတ်မလျှော့ပါနဲ့၊ အမှောင်ဆုံးအချိန်ကို ကျော်ဖြတ်ပြီးရင် အလင်းရောင်ကို မလွဲမသွေ မြင်တွေ့ရမှာပါ' ဆိုတာပါပဲ။ အောင်ပွဲဟာ လက်တစ်ကမ်းမှာပဲ ရှိပါတယ်။ မိမိတို့ရဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ရင်း ပြည်သူ့အစိုးရ၊ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားတွေ ပေါ်ပေါက်လာတဲ့အထိ ဆက်လက် ချီတက်သွားပါ့မယ်။"

05/05/2026

အဆုံးထိ တူတူရုန်းကြမယ်
​"တော်လှန်ရေးသက်တမ်း (၅) နှစ်ရှိခဲ့ပါပြီ။ ဒီခရီးဟာ မောပန်းစရာကောင်းပေမယ့် ပြည်သူတွေရဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကြောင့် ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေ့ရှေ့ဆက်နိုင်ခဲ့တာပါ။
​ကျွန်တော်တို့ နဂါးဖြူတပ်ရင်းအနေနဲ့ ပြည်သူလူထုကို ပြောချင်တာကတော့ 'စိတ်မလျှော့ပါနဲ့၊ အမှောင်ဆုံးအချိန်ကို ကျော်ဖြတ်ပြီးရင် အလင်းရောင်ကို မလွဲမသွေ မြင်တွေ့ရမှာပါ' ဆိုတာပါပဲ။ အောင်ပွဲဟာ လက်တစ်ကမ်းမှာပဲ ရှိပါတယ်။ မိမိတို့ရဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ရင်း ပြည်သူ့အစိုးရ၊ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားတွေ ပေါ်ပေါက်လာတဲ့အထိ ဆက်လက် ချီတက်သွားပါ့မယ်။"

White Dragon -P29904
#အထူးတိုင်းစစ်ဌာန
#အမှတ်၃၇နည်းဗျူဟာ

04/05/2026

စာသားလေးက တိုတိုလေး
ဘဘကြီးလှူတာပါတဲ့😁😁😁
White Dragon -P29904
#အထူးတိုင်းစစ်ဌာန
#အမှတ်၃၇နည်းဗျူဟာ

01/05/2026

ကျဆုံးသွားခဲ့သူတွေအပေါ် တကယ်သစ္စာရှိ မရှိက အလုပ်နဲ့သက်သေပြကြရမှာပါ ။

နဂါးဖြူတပ်ရင်းကတော့
တိုက်ပွဲထဲ ခြေတဘက်ပေးလိုက်ရတာမကြာသေးတဲ့ရဲဘော်တောင် ဆေးရုံကဆင်းခွင့်ရတာနဲ့ တပ်ရင်းမှာနိုင်ရာတာဝန်ပြန်ထမ်းပြီး ရန်သူကိုအောင်ပွဲရသည်အထိ ပါဝင်နေပါတယ် ။

ဝမ်းနည်းပါ ။ ငိုကြွေးပါ ။ အနားယူပါ ။ ကုစားပါ ။ ပြီးရင်ခရီးဆက်ကြမယ်ရဲဘော်တို့ ။

#ရဲဘော်၁၈
White Dragon -P29904

¿Quieres que tu empresa sea el Servicios Gubernamentales mas cotizado en Americana?

Haga clic aquí para reclamar su Entrada Patrocinada.

Localización

Teléfono

Página web

Dirección


Americana