𝗥𝗘𝗩𝗢𝗟𝗨𝗧𝗜𝗢𝗡 𝗢𝗙 𝗟𝗔𝗣𝗨𝗧𝗧𝗔

𝗥𝗘𝗩𝗢𝗟𝗨𝗧𝗜𝗢𝗡 𝗢𝗙 𝗟𝗔𝗣𝗨𝗧𝗧𝗔

Share

Revolution of laputta

Photos from Ministry of Education, National Unity Government of Myanmar's post 04/02/2023
31/01/2023
30/01/2023

https://www.facebook.com/profile.php?id=100090057303689

လပွတ္တာမြို့နယ် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ Page ပါ

Like / Follow လုပ်ပေးထားကြပါခင်မျ

ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လပွတ္တာမြို့ Government official

30/01/2023

"တသံတည်းညီ တချီတည်းရုန်း"
●──●──●──●──●──●──●

လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့် တနည်းပြောရရင် စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ချေပြီ။

ဒီလို တော်လှန်ရေး (၂) နှစ်ပြည့်တဲ့အချိန်မှာ ကျနော်တို့ ပြည်သူတွေ သွေးအေးမနေဘူး၊ သွေးကြောင်မသွားဘူး၊ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ အသားကျမသွားဘူးဆိုတာကို ကမ္ဘာသိ၊ မြန်မာသိ ဆက်လက် ဖော်ထုတ်ပြသနေကြဖို့ လိုပါတယ်။ အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ အရေးပေါ်အခြေအနေ သက်တမ်းကုန်ဆုံးမယ့်နေ့လည်းဖြစ်တာမို့ ကမ္ဘာကြီးက အဲ့နေ့မှာ ကျနော်တို့ မြန်မာ့အရေးကို ပိုလို့ စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါလိမ့်မယ်။

ဒါ့ကြောင့် ကျနော်တို့ ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်တဲ့ (ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၃) မှာ တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ “အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်” (Silent Strike) ကြီး ဖော်ဆောင်၊ ဆင်နွှဲကြဖို့ ဖြစ်ပါတယ်။

ကျနော်တို့ လူထုရဲ့ Silent Strike လှုပ်ရှားမှုဟာ အကြမ်းဖက် စစ်အုပ်စု တုန်နေအောင်၊ ပြာနေအောင် ကြောက်တဲ့ လူထုတိုက်ပွဲနည်းနာလည်း ဖြစ်တယ်။ ကမ္ဘာမှာ တနိုင်ငံလုံးအဆင့် ဒီလိုသပိတ်မျိုးလုပ်နိုင်ဖို့ဆိုတာ ရှားမှ ရှားပြီး ကျနော်တို့ ပြည်သူတွေ သွေးစည်းညီညွတ်မှုကြောင့်သာ တနိုင်ငံလုံးအဆင့် အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ကြတဲ့ အသံတိတ်သပိတ်ကြီး ဖြစ်ပါတယ်။

ကျနော်တို့ ဒီတစ်ခေါက်မှာ Silent Strike လူထုလှုပ်ရှားမှုကြီးရဲ့ နောက်ထပ်လေးနက်တဲ့ အဓိပ္ပာယ်တရပ်လည်း ရှိပါသေးတယ်။ အခုဆို အကြမ်းဖက်စစ်အုပ်စုဟာ ဒင်းတို့ရဲ့ ထွက်ပေါက်၊ နိုင်ငံရေးလှည့်ကွက်အနေနဲ့ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ၊ တနည်းပြောရရင် “လုပ်ပွဲ” တခုကို အဓမ္မကျင်းပဖို့ ပြင်ဆင်နေတာကို အားလုံး သိရှိကြမှာပါ။ အခု ကျနော်တို့ လူထုရဲ့ အပြင်မထွက်၊ အသံတိတ်သပိတ်လှုပ်ရှားမှုကြီးက ဒီတရားမဝင် ရွေးကောက်ပွဲကို လူထုက လုံးဝ လက်မခံကြောင်း၊ ဆန့်ကျင်ကြောင်းကိုလည်း ဖော်ထုတ်၊ သက်သေပြခြင်းလည်း ဖြစ်ပါတယ်။

ကျနော်တို့ အပြင်မထွက်ဘူး၊ တိတ်ဆိတ်ငြိမ်သက်တယ်ဆိုတာက ကြောက်တာ၊ သွေးအေးတာ လုံးဝ မဟုတ်ဘူး။ ငါတို့ မြို့၊ ငါတို့ရွာကို ငါတို့သာ ပိုင်တယ်၊ တော်လှန်ရေးအတွက် ငါတို့ ငြိမ်ရင် ငြိမ်မယ်၊ ငါတို့ လှုပ်ရင် လှုပ်မယ်ဆိုတာကို အကြမ်းဖက် စစ်မိစ္ဆာတွေ သိစေဖို့ဖြစ်တယ်။ နောက်၊ ပြည်သူတွေက သိကြပြီးဖြစ်မှာပါ။ ဒီဖေဖော်ဝါရီ (၁) ရက်နေ့မှာပဲ အကြမ်းဖက်စစ်အုပ်စုဘက်ကလည်း လူစုလူဝေးနဲ့ အင်အားပြပွဲတွေ၊ စစ်တပ်ထောက်ခံပွဲဆိုတာတွေကို အကြီးအကျယ်လုပ်ကြဖို့ ပြင်ဆင်နေပါတယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့တော့ အဲ့ဒီ အကြမ်းဖက် လူအုပ်စုနဲ့ ဝေးဝေးရှောင်၊ မပတ်သက်ကြဖို့ပါပဲ။ ကိုယ့်နေရာမှာသာ ကိုယ်နေကြဖို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် လာမယ့် ဖေဖော်ဝါရီလ (၁) ရက်နေ့၊ မနက် (၁၀) နာရီကနေ ညနေ (၃) နာရီတွင်းမှာ ကျနော်တို့တွေအားလုံး အပြင်ကို (လုံးဝ) မထွက်ကြဘူးဗျာ။ ကိုယ့်အိမ်၊ ကိုယ့်အလုပ်ခွင်၊ ကိုယ့်ဆိုင်၊ ကိုယ့်ရုံးစတဲ့ ကိုယ်ရှိနေတဲ့ နေရာမှာပဲ နေကြမယ်။ အဲ့ဒီနေ့၊ အဲ့ဒီအချိန်တွင်းမှာ လမ်းတွေထက်မှာ၊ အများပြည်သူနေရာတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့နေရမယ်၊ တိတ်ဆိတ်နေရမယ်ဗျာ။ အဲ့လို ကိုယ့်နေရာမှာ ကိုယ်နေ နေတဲ့ အချိန်မှာလည်း ပြည်သူ့တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်ရာဖြစ်ကြောင်း တစ်ခုခုကို ထပ်ပြီးလုပ်ကြဦးမယ်ဗျာ။ ဥပမာ၊ PDF တွေအတွက် ခါတိုင်းထက်ပိုပြီး Click ကြမယ်ဗျာ၊ လှူကြမယ်ဗျာ။ အကြမ်းဖက် စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံးခဲ့ရ၊ ပေးဆပ်ခဲ့ရ၊ အကျဉ်းထောင်တွေထဲ ရောက်နေကြရတဲ့ ရဲဘော်တွေအတွက် ထောက်ပံ့၊ လှူဒါန်း၊ ကုသိုလ်ပြုကြမယ်။ အခုလို (၂) နှစ်ပြည့်ချိန်မှာ နွေဦးတော်လှန်ရေးကို ရည်ညွှန်းတဲ့ သရုပ်ဖော်မှု Performance တွေကိုလည်း ဉာဏ်ရှိရင် ရှိသလို ကွန့်မြူး ဖော်ဆောင်ကြမယ်ဗျာ။

အခု (၂၀၂၃) ခုနှစ်ကို “အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်” သတ်မှတ်ထားကြတဲ့အတိုင်း အားကုန်ထုတ်၊ ရုန်းကန်တိုက်ပွဲဝင်သွားကြဖို့ ဖြစ်တယ်။ ဒါ့ကြောင့် လူထုတရပ်လုံးအနေနဲ့ “တသံတည်းညီ တချီတည်းရုန်း” ကြပြီး အဆုံးသတ်တိုက်ပွဲကို အတူလှမ်းချီကြပါစို့လို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျား/ရှင်။

#တသံတည်းညီ_တချီတည်းရုန်း

#တရားမဝင်ရွေးကောက်ပွဲကို_တိုက်ဖျက်ကြ_တိတ်ဆိတ်မှုနဲ့_သက်သေပြ





#လုံးဝအုပ်ချုပ်ခွင့်မရစေရ

#အရေးတော်ပုံ_အောင်ရမည်

Photos from 𝗥𝗘𝗩𝗢𝗟𝗨𝗧𝗜𝗢𝗡 𝗢𝗙 𝗟𝗔𝗣𝗨𝗧𝗧𝗔's post 30/01/2023

ဘောထမ်းကောင်းတံဆိပ်ရရှိလာတော့မည့် လပွတ္တာက ထွေအုပ်/စည်ပင် ဦးဆောင်အဖွဲ့

သဘော်ကြီးနဲ့ဆေးလာကုပေးသယောင်ယောင် တပ်ပြင်ဝါဒလာဖြန့်တဲ့ စစ်ခွေးတွေကို သပြေပန်းနဲ့ကြိုတာပါတဲ့

မကွေး စစ်ကိုင်းလို ဖြစ်လာရင်လည်း အခုလို ထွက်ကြိုကြနော်

28/01/2023

ဒီတော်လှန်ရေးမှာ

နိုင်ရင် တောင်ကိုရီးယား
ရှုံးရင် မြောက်ကိုရီးယား
ကြာနေရင်တော့ ဆီးရီးယား

ယားသုံးယား ဘယ်ယားတာကို ကြိုက်လဲ?
သင်တို့ကိုယ်တိုင်နိုးထ ရမယ့်အချိန်ရောက်ပြီ။

သင့်ကံကြမ္မာ သင့်လက်ထဲရှိနေပြီ..

တစ်ချို့ကတော့ဖင်ယားနေတုန်းပေါ့

24/01/2023

ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့် လူထုလှုပ်ရှားမှု ကြွေးကြော်သံများ

၁။ တသံတည်းညီ တချီတည်းရုန်း

၂။ တရားမဝင် ရွေးကောက်ပွဲကို တိုက်ဖျက်ကြ

တိတ်ဆိတ်မှုနဲ့ သက်သေပြ

------------

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ (ဝါ) လုပ်ပွဲကို ဆန့်ကျင်ကြောင်း လူထု လှုပ်ရှားမှု ကြွေးကြော်သံ

"တရားမဝင်တဲ့ အတုအယောင် ‌ရွေးကောက်ပွဲ

လူထုအားနဲ့ တိုက်ဖျက်ကြ"

10/01/2023

ကိုယ့်မြို့က သာသနာ့ဗိဗ္မာန်မှာ ခွေးတွေတက်နေပြီး ဘေးကလမ်းကို ဖြတ်လျှောက်သမျှလူတွေကို ဖမ်းပြီးကိုက်နေတဲ့ခွေးတွေဟာ သာသနာစောင့်နေတဲ့ဘုရားတကာတွေလို့ ထင်နေကြတဲ့သူတွေက
အင်အားကောင်းကောင်းနဲ့ ရှိနေကြသေးတယ်။

ကိုယ့်မြို့မှာတောင် သွားချင်တဲ့လမ်းကနေ သွားခွင့်မရတဲ့အခြေအနေမှာ ပြည်ထောင်စုစိတ်ဓာတ်လို့ ထည့်နေတဲ့ ဂျင်းကို ယုံနေတဲ့သူတွေရဲ့ အသိဉာဏ်ကို အတော်အံ့သြမိတယ်

သိပ်ပြီးလွတ်လပ်နေကြတယ်နော်

ကိုယ့်အိမ်ပေါ်ကို မတရားမှုတက်လာမှ မအော်မိကြဖို့ ပြင်ဆင်ထားကြပြီးပြီ ထင်တယ်

02/09/2022

❝Accept NUG and Our Ambassador, Reject Dictator❞

“ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ”
════════════════════

အခု စက်တင်ဘာလထဲမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ နှစ်စဉ်အထွေထွေညီလာခံ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ကမ္ဘာ့ကုလသမဂ္ဂမှာ ဖက်ဆစ်အကြမ်းဖက် စစ်အုပ်စုကို လုံးဝ လက်မခံရေး၊ ပြည်သူ့အစိုးရ NUG နဲ့ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့အတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း‌၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အဓိက တာဝန်တွေက ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တရားမျှတမှုတို့ကို ဆောင်ကျဉ်းပေးနိုင်ဖို့ ဖြစ်တယ်လို့ နားလည်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဖက်ဆစ်အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်အားကိုး အဓမ္မ အာဏာလုယူမှုကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တို့ဟာ အချိန်နဲ့အမျှ အကြမ်းဖက်ခံနေရတယ်၊ သတ်ဖြတ်ခံနေရ၊ ဖျက်ဆီးခံနေရပါတယ်။ ဒီ အာဏာလု ဖက်ဆစ်အုပ်စုဟာ စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေ ဖြစ်ကြတယ်။ ပြည်သူတရပ်လုံးက အကြမ်းဖက်စစ်အုပ်စုကို လုံးဝ လက်မခံကြဘူးဆိုတာကို အကြမ်းဖက်ဖိနှိပ်မှုတွေကြားကနေ အချိန်တနှစ်ခွဲကြာမြင့်သည်အထိ ပုံစံမျိုးစုံနဲ့ ဆင်နွှဲနေကြတဲ့ ပြည်သူ့တော်လှန်ရေးကြီးက အကောင်းဆုံး သက်သေတည်လျက် ရှိပါတယ်။

တချိန်တည်းမှာပဲ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ တော်လှန်ရေးရဲ့ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာပြီး ပြည်သူတရပ်လုံးက ထောက်ခံကြတဲ့ ပြည်သူ့တရားဝင် အစိုးရ ဖြစ်တယ်ဆိုတာက ထင်ရှားပေါ်လွင်ပြီး ဖြစ်ပါတယ်။ NUG နဲ့အတူ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ဟာလဲ ပြည်သူ့ကိုယ်စားပြု၊ တော်လှန်ရေးတပ်ဦး အဖွဲ့အစည်းတွေအဖြစ် ပြည်သူလူထုတရပ်လုံးကက တလေးတနက် သတ်မှတ်လက်ခံထားကြပြီးဖြစ်ပါတယ်။

ဒါ့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့‌သာမက ကမ္ဘာ့နိုင်ငံတနိုင်ငံချင်းစီကလည်း ပြည်သူ့ အစိုးရဖြစ်တဲ့ NUG အစိုးရကိုသာ မြန်မာ့တရားဝင် အစိုးရအဖြစ် လက်ခံပေးဖို့၊ ပြည်သူ့သ‌ဘောဆန္ဒနဲ့အညီ ရပ်တည်ပြီး NUG ရဲ့ ဦးဆောင်မှုနဲ့ချီတက်နေတဲ့ ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် အသိအမှတ်ပြုပေးဖို့ မြန်မာပြည်သူတရပ်လုံးက အလေးအနက် တောင်းဆိုအပ်ပါတယ်။

ဒါ့အပြင်၊ စစ်ရာဇဝတ်ကောင်တွေဖြစ်ကြတဲ့ ဖက်ဆစ် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုကို ကမ္ဘာကြီးက လက်ပိုက်ကြည့်မနေဘဲ ထိုက်သင့်သလို ပြစ်ဒဏ်စီရင်၊ တုန့်ပြန်ကြဖို့လည်း တောင်းဆိုအပ်ပါတယ်။ ဒါမှသာလျှင် အမှန်တရား၊ တရားမျှတမှုနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကို အမှန်တကယ် လိုလား၊ ထိန်းသိမ်း၊ ကာကွယ်လိုပါတယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး တည်ရှိစုဖွဲ့ရခြင်းဟာ အဓိပ္ပာယ်ရှိတဲ့ တည်ရှိခြင်း၊ အကျိုးရှိတဲ့ တည်ရှိခြင်း ဖြစ်ပါလိမ့်မယ်။

ပြည်သူ‌အပေါင်းတို့ခင်ဗျား-

ပြည်သူ့အစိုးရ NUG အတွက်၊ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း‌၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။ ဒီအတွက် မြေပြင်ကော၊ အွန်လိုင်းမှာပါ (Online, On-ground) လူထုတိုက်ပွဲ၊ လူထု လှုပ်ရှားမှုတွေ အများကြီးဆင်နွှဲကြဖို့ လိုအပ်မှာဖြစ်ပါတယ်။

ပြည်သူ့အားကို အများကြီး လိုအပ်ပါတယ်ခင်ဗျား။ အားလုံးအတူတကွ ဝိုင်းကြ၊ ဝန်းကြ တိုက်ပွဲဝင်ကြပါစို့။

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။

အာဏာရှင်စနစ်ဟူသမျှ မုချ ကျဆုံးရမည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။

အရေးတော်ပုံ အောင်ရမည်။















29/08/2022

ဒလန်ကောင်အဆင့်ကနေ အမှုပွဲစားလုပ်ချင်လာတဲ့အကောင်တွေကို သတိပေးထားမယ်

မင်းတို့အဖေတွေသွားမဲ့လမ်းကို အဆုံးအထိလိုက်ဖို့
ကြိုတွေးထားကြပါ

11/06/2022

စစ်အာဏာရှင်လက်အောက်မှာ နေချင်လို့
အာဏာသိမ်းချိန်မှာ ပျော်ခဲ့ကြတဲ့ ပါတ်ဝန်းကျင်ကြီးကို ​မေးကြည့်ချင်ပါတယ်။

အရမ်းပျော်နေကြပြီလားရှင့်

ရှင်တို့ကိုချန်ထားပြီး အခြားသူတွေအပေါ်မှာပဲ
ဖက်ဆစ်တပ်က ဖက်ဆစ်အကျင့်တွေ ကျင့်နေကြတာလား?

ရှင်တို့တံခါးပေါက်ဝကိုရော ဖက်ဆစ်တပ်ရဲ့ ယုတ်မာမှု အငွေ့အသက်တွေ ရိုက်ခတ်မလာသေးဘူးလား?

Want your business to be the top-listed Government Service in Kuala Lumpur?

Click here to claim your Sponsored Listing.

Location

Website

Address


Kuala Lumpur