20/08/2024
စက်သုံးဆီ လိုသလောက်မရပဲ ရှားပါးပြတ်လတ်နေခြင်းမှာ ယာဥ်ကြောပိတ်ဆို့မှု ပြဿနာများအား ဖြေရှင်းသည့်နည်းလမ်းတမျိုးဖြစ်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား
နေပြည်တော် ၂၀ရက် သြဂုတ်
နိုင်ငံအနှံ့အပြား စက်သုံးဆီများ ပြတ်လပ်နေပြီး လိုသလောက်ဝယ်ယူ၍မရသောအခြေအနေတွင် ယင်းသို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံမြို့ကြီးများတွင် အဓိကဖြစ်ပွားနေသော ယာဥ်ကြောပိတ်ဆို့မှုပြဿနာများအား ဖြေရှင်းရန် မိမိတို့နစကတာဝန်ရှိသူများနှင့် အတွေးအခေါ်ပညာရှင်များ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယမန်နေ့ ၁၇ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက " ကျနော်တို့တာဝန်ရှိသူတွေအနေနဲ့ တိုင်းပြည်အေးချမ်းသာယာဖို့ စွမ်းစွမ်းတမံကြိုးစားနေပါတယ် အခုလက်ရှိ စက်သုံးဆီတွေပြတ်လပ်နေတာကလည်း ယာဥ်ကြောပိတ်ဆို့တာတွေ ကင်းဝေးဖို့ ကျနော်တို့နဲ့ အတွေးအခေါ်ပညာရှင်တွေပေါင်းပြီး ပြည်သူတွေအတွက် ဆောင်ရွက်ပေးတာပါ အခုဆိုရင် နိုင်ငံအနှံ့ယာဥ်ကြောပိတ်ဆို့တဲ့ပြဿနာတွေ မတွေ့ရတော့ဘူး ခင်ဗျားတို့မီဒီယာတွေ မြင်အောင်ကြည့်စမ်းပါ ပြည်သူတွေနဲ့ ရန်မတိုက်ပါနဲ့" ဟူ၍ ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
#စက်သုံးဆီပြတ်လပ်
#ယာဥ်ကြောပိတ်ဆိုးမှုဖြေရှင်း
#ဗိုလ်ချုပ်ဇော်မင်းထွန်း
#နစက
