27/12/2020
`လူ´ဟုဆိုသည်မှာအမျိုး/စာပေယဥ်ကျေးမှု/လွတ်လပ်စွာယုံကြည်ပိုင်ခွင့်ဆိုင်ရာဘာသာသာသနာနှင့်ဖြစ်တည်ရာ(ရေ/လေ)မဟာပထဝီဝင်ဆိုင်ရာမှာရှင်သန်လာနေခဲ့ခြင်းဖြစ်သည်။လူမျိုးတိုင်းသည်သမိုင်းရှိ၍သမိုင်းများတွင်ပိုင်ရာဆိုင်ရာအလေးထားခံရသည့်အမျှော်မြင်ကြီးသူခေါင်းဆောင်များရှိခဲ့သည်ပင်၊မဟာပထဝီတည်မြဲသည့်တိုင်သမိုင်းကခေါင်းဆောင်များမှယခုခေါင်းဆောင်များနှင့်နှောင်အခါခေါင်းဆောင်များသည်လူ့သမိုင်းရေစီးကြောင်းတွင်တည်မြဲနေရာရှိနေလာခဲ့ရမည်ဖြစ်သည်။
