26/05/2026
အလှူရှင်များသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း
နေ့စွဲ ၂၆-၀၅-၂၀၂၆
မလေးရှားနိုင်ငံ၊ဆလန်ဂေါပြည်နယ်၊ ပူချွုန်းမြို့၊ အသောကာရာမဘုန်းတော်ကြီးကျောင်း (အောက်ထပ်)တွင် တည်ရှိသော ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုကော်မတီ (CARC ) ရုံးတွင် ကျန်းမာရေးမကောင်း ဆေးကုနေရသော လူနာများနှင့် ပရဟိတလုပ်ငန်းစဉ်များအတွက် ကိုမောင်ညိုပွင့်လှ + မတင်တင်အေးတို့ ဇနီးမောင်နှံမှ မင်္ဂလာဦး အလှူငွေ (RM-၂၀၀) တိတိကို ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုကော်မတီ ( CARC )ရုံးတွင် စေတနာဖြူစင်စွာဖြင့် လှူဒါန်းခဲ့ပါသည်။
ယခုလို မေတ္တာကို အခြေခံပြီး လူသားချင်း စာနာထောက်ထားလျှက်မျက်မြင်ကိုယ်တွေ့ ကျန်းမာရေး ချို့ယွင့်နေသော တည်းခိုလူနာများနှင့်
(CARC )၏ ပရဟိတလုပ်ငန်းစဉ်များ အတွက် စေတနာဖြူစင်စွာဖြင့် လှူဒါန်းပေးခဲ့သော ကိုမောင်ညိုပွင့်လှ + မတင်တင်အေးတို့ ဇနီးမောင်နှံတို့အား အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
လေးစားစွာဖြင့်....
ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုကော်မတီရုံးချုပ်ကြီး ( CARC )
အသောကာရာမဘုန်းတော်ကြီးကျောင်း (အောက်ထပ်)
ဖုန်း-၀၃၅၈၈၇၁၇၉၄၁+၀၁၇၇၀၀၉၅၄၇+၀၁၇၉၉၄၈၉၁၄
26/05/2026
အလှူရှင်များသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း
နေ့စွဲ ၂၅-၀၅-၂၀၂၆
မလေးရှားနိုင်ငံ၊ဆလန်ဂေါပြည်နယ်၊ ပူချွုန်းမြို့၊ အသောကာရာမဘုန်းတော်ကြီးကျောင်း (အောက်ထပ်)တွင် တည်ရှိသော ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုကော်မတီ (CARC ) ရုံးတွင် ကျန်းမာရေးမကောင်း ဆေးကုနေရသော လူနာများနှင့် ပရဟိတလုပ်ငန်းစဉ်များအတွက် ကိုစိုးသန်းနိုင် + မငယ်နုစိုး၊ သားချေ- မောင်ဝေယံစိုးတို့ မိသားစုမှ အလှူငွေ (RM-၁၀၀) တိတိကို ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုကော်မတီ ( CARC )ရုံးတွင် စေတနာဖြူစင်စွာဖြင့် လှူဒါန်းခဲ့ပါသည်။
ယခုလို မေတ္တာကို အခြေခံပြီး လူသားချင်း စာနာထောက်ထားလျှက်မျက်မြင်ကိုယ်တွေ့ ကျန်းမာရေး ချို့ယွင့်နေသော တည်းခိုလူနာများနှင့်
(CARC )၏ ပရဟိတလုပ်ငန်းစဉ်များ အတွက် စေတနာဖြူစင်စွာဖြင့် လှူဒါန်းပေးခဲ့သော ကိုစိုးသန်းနိုင်+ မငယ်နုစိုး၊ သားချေ- မောင်ဝေယံစိုးတို့အား အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
လေးစားစွာဖြင့်....
ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုကော်မတီရုံးချုပ်ကြီး ( CARC )
အသောကာရာမဘုန်းတော်ကြီးကျောင်း (အောက်ထပ်)
ဖုန်း-၀၃၅၈၈၇၁၇၉၄၁+၀၁၇၇၀၀၉၅၄၇+၀၁၇၉၉၄၈၉၁၄
25/05/2026
UNHCR- REMEDI INSURANCE CARDS (ကျန်းမာရေးအာမခံ)ကတ်များ လာရောက် ထုတ်ယူနိုင်ပြီး ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ခြင်း
နေ့စွဲ-၂၅. ၀၅. ၂၀၂၆
ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုကော်မတီ (CARC) ရုံးတွင် ကျန်းမာရေး
အာမခံကတ် လုပ်ထားသူများ (သက်တမ်းတိုးထားသူများ) ( ၇) ဦး မိမိတို့၏ ကျန်းမာရေး အာမခံကတ်များကို ရုံးတွင် လာရောက် ထုတ်ယူနိုင်ပါပြီး
ဖြစ်ကြောင့် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။
အောက်ပါ (၁၂)ဦးတို့မှ ကျန်းမာရေးအာမခံ လာထုတ်ယူနိုင်သူများစာရင်း...
1. Kyaw Lin Tun
2. Lin Aung
3. Khaing Aye Fiu
4. Win Myuni Khin
5. Tun Win Naing
6. Kyaw Than Win
7. Ma Soe Soe
ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုကော်မတီ (CARC) သည် မလေးရှားနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသော ရခိုင်လူမျိုးများနှင့် ရခိုင်မျိုးနွယ်စုဝင်များအတွက် အကောင်းဆုံး ကူညီဆောင်ရွက်ပေးလျှက် ရှိနေပါသည်။
လေးစားစွာဖြင့်...
ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုကော်မတီ (CARC)
အသောကာရာမဘုန်းတော်ကြီးကျောင်း (အောက်ထပ်)
ရုံးဖုန်း- ၀၁၇၇၀၀၉၅၄၇ ၊ ၀၃၅၈၈၇၁၉၄၁၊ ၀၁၇၉၉၄၈၉၄
24/05/2026
မလေးရှား ဗုဒ္ဓဘာသာ ယဉ်ကျေးမှုပွဲတော် ဆင်ယင်ကျင်းပခြင်း
မလေးရှားနိုင်ငံ၊ ဝန်ကြီးချုပ်ကိုယ်တိုင်း တက်ရောက်အားပေးခြင်း
ရခိုင်အချေပညာရေးကျောင်းတော် (ACEC) မှ ဗုဒ္ဓဘာသာယဉ်ကျေးမှုပွဲတော်သို့ ရခိုင်ရိုးရာယဉ်ကျေးမှုကိုယ်စား တက်ရောက်ခွင့်ရလို့ ဂုဏ်ယူဝမ်းမြှောက်ကြောင်း သတင်းထုတ်ပြန်ခြင်း
နေ့စွဲ- ၂၄. ၀၅. ၂၀၂၆
မလေးရှားနိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပခဲ့သော (Cultural Gala Performance- Journey to Inner Peace-2026 ) - ၂၀၂၆ ခုနှစ်၊ မေလ (၂၃) ရက် စနေနေ့တွင် မလေးရှားနိုင်ငံ၊ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်အားပေးခဲ့သော ဗုဒ္ဓဘာသာ ယဉ်ကျေးမှုပွဲတော်သို့ တက်ရောက်ရန် ရခိုင်အချေပညာရေးကျောင်းတော်(ACEC)ကို ဖိတ်ကြားခြင်းကြောင့် ရခိုင်အချေပညာရေးကျောင်းတော်(ACEC) မှ ဦးဆောင် နာယကဆရာတော် ဦးဉတ္တရနှင့် ကျောင်းဆရာ ဦးကျော်မင်းသန်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများမှ မဟာမုနိဘဂဝါပူဇာ ရခိုင်ရိုးရာယိမ်းအကဖြင့် ပါဝင် တင်ဆက်ခွင့် ရခဲ့ကြပါသည်။
၎င်းပွဲတော်သို့ နိုင်ငံတကာမှ ဗုဒ္ဓဘာသာခေါင်းဆောင်များ၊ မလေးရှားနိုင်ငံမှ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် နိုင်ငံတော်ခေါင်းဆောင်များ၊ ဝန်ကြီးများနှင့် အမေရိကန်နိုင်ငံမှ ဆရာတော်များ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ နီပေါနိုင်ငံ၊ တီဗက်၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံတို့မှ ဆရာတော်၊ သံဃာတော်များ၊ နိုင်ငံတကာဧည့်သည်တော်များမှ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
၎င်းအခမ်းအနား ပွဲတော်ကို နံနက်-၇း၃၀ မှ ညနေ ၄း၄၁ အချိန်ထိ အပိုင်း (၂)ပိုင်းခွဲပြီး အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
၎င်း မလေးရှားနိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့ချုပ်မှ (Cultural Gala Performance- Journey to Inner Peace-2026) ၂၀၂၆ ခုနှစ်၊ မေလ (၂၃) ရက် စနေနေ့တွင် ကြီးမှူးကျင်းပခဲ့သော ပွဲတော်ကို နိုင်ငံတကာအဆင့်မီ ရခိုင်ရိုးရာ မုနိမဟာ ဘဂဝါပူဇာ-ဗုဒ္ဓပူဇာနိယ ယိမ်းအကဖြင့် ပါဝင်တက်ရောက် ဖျော်ဖြေခွင့် ရခဲ့ကြသောကြောင့် မိမိတို့၏ (ရခိုင်ရိုးရာယဉ်ကျေးမှုများကို နိုင်ငံတကာ စင်မြှင့်ထက်တွင် တင်ဆက်ပြသခွင့် ရခဲခြင်းကြောင့်၊
ရခိုင်အချေပညာရေးကျောင်းတော် (ACEC) ဦးဆောင် နာယကဆရာတော် ဦးဥတ္တရနှင့် ကျောင်းဆရာ ဦးကျော်မင်းသန်း၊ ဆရာ၊ ဆရာများများ၊ ကျောင်းသူ၊ ကျောင်းသားများကို အထူးပင် ကျေးဇူးတင် ဂုဏ်ယူ ဝမ်းမြှောက်မိပါကြောင်း လေးစားစွာဖြင့် ထုတ်ပြန်အပ်ပါသည်။
လေးစားစွာြဖင့်....
ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုကော်မတီ(CARC)
24/05/2026
အလှူရှင်များသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း
နေ့စွဲ - ၂၄-၀၅-၂၀၂၆
မလေးရှားနိုင်ငံ၊ဆလန်ဂေါပြည်နယ်၊ ပူချွုန်းမြို့၊ အသောကာရာမဘုန်းတော်ကြီးကျောင်း (အောက်ထပ်)တွင် တည်ရှိသော ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုကော်မတီ (CARC ) ရုံးတွင် ကျန်းမာရေးမကောင်း ဆေးကုနေရသော လူနာများနှင့် ပရဟိတလုပ်ငန်းစဉ်များအတွက် ကိုမျိုးချစ်ဇော် + မရွှေဇင်
(ဩစတြေးလျ) မိသားစုဝင်များမှ အလှူငွေ (RM-၃၅၀) တိတိကို ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုကော်မတီ
( CARC )ရုံးတွင် စေတနာဖြူစင်စွာဖြင့် လှူဒါန်းခဲ့ပါသည်။
ယခုလို မေတ္တာကို အခြေခံပြီး လူသားချင်း စာနာထောက်ထားလျှက်မျက်မြင်ကိုယ်တွေ့ ကျန်းမာရေး ချို့ယွင့်နေသော တည်းခိုလူနာများနှင့်
(CARC )၏ ပရဟိတလုပ်ငန်းစဉ်များ အတွက် စေတနာဖြူစင်စွာဖြင့် လှူဒါန်းပေးခဲ့သော ကိုမျိုးချစ်ဇော် + မရွှေဇင် (ဩစတြေးလျ) မိသားစုဝင်များအား အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
လေးစားစွာဖြင့်....
ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုကော်မတီရုံးချုပ်ကြီး ( CARC )
အသောကာရာမဘုန်းတော်ကြီးကျောင်း (အောက်ထပ်)
ဖုန်း-၀၃၅၈၈၇၁၇၉၄၁+၀၁၇၇၀၀၉၅၄၇+၀၁၇၉၉၄၈၉၁၄
22/05/2026
သတင်းကောင်း
THE FIRST STEP ( 842- ပထမ ခြေလှမ်း ) 🔰
ထိုင်း ၊ အိန္ဒိယ ၊ မလေးရှား နိုင်ငံများရှိ Australia Offshore Humanitarian Visa ( 842-Form ) တင်ထားတဲ့ အမျိုးတွေအတွက် " အားဆေးတစ်ခွက် " ပါ ။
UNHCR လမ်းကြောင်းက မဟုတ်ဘဲ အရံလမ်းကြောင်း ( Complementary Pathway ) လို့ ဆိုရမယ့် Visa Subclass - 202 နဲ့ သြဇီကို ရွှေ့ပြောင်း အခြေချ နေထိုင်ဖို့ ကြိုးစားနေကြသူ မိတ်ဆွေများ အတွက် သတင်းကောင်း ပေါ့ဗျာ ။
သြစတြေးလျ ပြည်ထဲရေးဌာန ( Australia Home Affairs ) ကနေ မိမိကို Email ကတဆင့် ဆက်သွယ် ၊ အကြောင်းကြားလာပြီး ......
👉 ဘယ် နေ့
👉 ဘယ် ရက် ၊
👉 ဘယ် ချိန်မှာ .... Zoom ( Video Call ) ဖြင့် လဝက အင်တာဗျုး ဖြေဆိုဖို့ရန် ရက်ချိန်း ( Appointment ) ကို Zoom ID များနှင့်အတူ ပေးပို့လာပါမည် ။ 842- Form လျှောက်တင်ခဲ့ချိန် မိမိ တင်ပြခဲ့သည့် Case / Story ကို အကောင်းဆုံး ပြန်လည် ဖြေကြားနိုင်ရန်သာ ပြင်ဆင်ထားပါရန် ။ လိုအပ်သည့် စာရွက်စာတမ်း ( မွေးစာရင်း ၊ လက်ထပ်စာချုပ် ) များပါ ကြိုတင် ပြင်ဆင်ထားကြရန်လည်း လိုအပ်ပါမည် ။ မိမိကို ဗီဇာ ပေးခွင့် သို့မဟုတ် ငြင်းပယ်ခွင့် ရှိနေတဲ့ လဝကအရာရှိ နဲ့ စကားပြော ရတာဖြစ်လို့ သတိထား ဖြေဆိုကြဖို့ လိုပါမည် ။ ( Video Call interview က အင်တာနက် လိုင်းကောင်းဖို့လည်း အထူး လိုအပ်ပါတယ် ။ စာရေးသူ )
ထိုကဲ့သို့ Video Conference မှတဆင့် လဝက အင်တာဗျုး ကို ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ပါက နောက်တဆင့် အနေနဲ့ ဇီဝမှတ်တမ်း ( BIOMETRICS - လက်ဗွေနှိပ်ခြင်း / ဗီဇာအတွက် ပါတ်စပိုစ့် ဓါတ်ပုံ များ ရိုက်ခြင်း... ) များ ယူရန် ရက်ချိန်း ( Appointment ) နောက်တစ်ကြိမ် ထပ်ပေးလာပါမည် ။ ထို့နောက် IOM ဌာန မှ မိမိကို ဆက်သွယ်လာပြီး ဆက်လက် လုပ်ဆောင်ရမည့် အရာများကို အဆင့်ဆင့် ထပ်မံ ညွှန်ကြား လာပါမည် ။
မှတ်ချက် ။ ။ 842 - Form တင်ထားပြီး 1st Acknowledgement Letter ရထားတယ် ဆိုတဲ့ မိတ်ဆွေများ ၊ 2nd Update Enquire Letter ရထားတယ် ဆိုတဲ့ အမျိုးများ ......မိမိ၏ Email ကို နေ့စဥ် စစ်ဆေးပါ ။
Note : မကြာခင် သြဇီ ရောက်လာကြမည့် မလေးရှားနိုင်ငံ မှ ကချင်မိသားစုအတွက် ဝမ်းသာဂုဏ်ပြုရင်း.....
Âgapê Joy Ful
11-2-2026
ဆရာ Agape Joy Ful အကောက်မှ တဆင့် ထပ်ဆင့် မျှဝေပေးပါသည်။
လေးစားစွာဖြင့်...
ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုကော်မတီ (CARC)
21/05/2026
ယူအန် အသစ်လျှေက်လို့ ရပြီးဖြစ်ကြောင်း အသိပေး ထုတ်ပြန်ခြင်း
နေ့စွဲ- ၂၁. ၀၅. ၂၀၂၆
ယူအန် ဝဘ်ဆိုက်အသစ် ပြင်ဆင် ပြောင်းလွဲမှုကြောင့် ယူအန် အသစ်လျှောက်သူများ လျှောက်မရဘဲ တစ်လနီးပါး ကြာမြင့်ခဲ့ပြီးနောက်မှာ ၂၀. ၀၅.၂၀၂၆ နေ့မှ စ၍ ယူအန်အသစ်ပြန်လျှောက်လို့ ရနေပြီး ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။
လေးစားစွာဖြင့်....
ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုကော်မတီ(CARC)
19/05/2026
အစိုးရ၏ Refugee Registration (DPP) စနစ်အကြောင်း သတင်းအကျဉ်း
မလေးရှားပြည်ထဲရေးဝန်ကြီး Saifuddin Nasution Ismail က Refugee Registration Document (DPP) အစီအစဉ်သည် ဒုက္ခသည်များကို မလေးရှားတွင် အမြဲတမ်းနေထိုင်ခွင့် အတွက် (permanent residence) အာမခံပေးထားခြင်းမဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။
သူ၏အဆိုအရမလေးရှားရှိ ဒုက္ခသည်နှင့် ခိုလူံခွင့်လျှောက်ထားသူများကို စီမံခန့်ခွဲရာတွင် နောက်ဆုံးရလဒ်သုံးမျိုးသာရှိမည်ဖြစ်သည်။
၁) မူလနိုင်ငံသို့ ပြန်ပို့ခြင်း (repatriation)
၂) တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်း (third-country resettlement)
၃) ပြည်နှင်ဒဏ်ပေးခြင်း (deportation)
🧾 DPP စနစ်၏ ရည်ရွယ်ချက်
DPP ပရိုဂရမ်ကို 2026 ဇန်နဝါရီ ၁ ရက်မှ စတင်ခဲ့ပြီး National Security Council Directive No. 23 (Revised 2023) အရ အကောင်အထည်ဖော်ထားခြင်းဖြစ်သည်။ရည်ရွယ်ချက်မှာမလေးရှားတွင်ရှိသည့် ဒုက္ခသည်များကို နည်းစနစ်တကျ စည်းကမ်းရှိစွာ နှင့် လူသားချင်းစာနာမှုအကူအညီများဖြင့် စီမံခန့်ခွဲနိုင်ရန်ဖြစ်သည်။
⚠️ အရေးကြီးရှင်းလင်းချက်
ဝန်ကြီးက ပြောကြားရာတွင်—
• DPP မှတ်ပုံတင်ထားခြင်း သို့မဟုတ် အလုပ်ရှင်များနှင့် ချိတ်ဆက်ပေးခြင်းသည် မလေးရှားတွင် အမြဲတမ်းနေထိုင်ခွင့်ရသည်ဟု မဆိုလိုကြောင်း။
• နောက်ဆုံးတွင် မှတ်ပုံတင်ထားသူများသည်လည်း “ပြန်ပို့ခြင်း သို့မဟုတ် တတိယနိုင်ငံပြန်လည်အခြေချခြင်း” ဖြစ်နိုင်ကြောင်း။
🧑💼 စီမံကိန်းအခြေအနေ
• DPP စနစ်ကို လက်ရှိတွင် စမ်းသပ်ခြင်းအဆင့် အဖြစ် ဆောင်ရွက်နေသည်
• ပထမအဆင့်တွင် မလေးရှားတစ်ဝှမ်းရှိ immigration detention center များမှ ဒုက္ခသည်များကို အဓိကထား စိစစ်နေသည်
• စုစုပေါင်း 4,010 ဦးထဲမှ 4,008 ဦးမှာ ရိုဟင်ဂျာများဖြစ်ပြီး ကျန် ၂ ဦးမှာ Sudan နှင့် Syria မှ ဖြစ်သည်
🧬 ဒေတာစနစ်နှင့် စိစစ်မှု
အစိုးရက ဝန်ကြီးဌာန ၂၀ ခန့်နှင့် ပူးပေါင်းပြီး
• ကိုယ်ရေးအချက်အလက်
• biometric data
• facial recognition
• voice recording
များကို စုဆောင်းပြီး Malaysia Institute of Microelectronic Systems မှ ဖန်တီးထားသော system ဖြင့် ဒေတာဘေ့စ်တစ်ခု တည်ဆောက်နေသည်။
💼 အလုပ်အကိုင် ချိတ်ဆက်မှုအစီအစဉ်
အသက် 20–40 နှစ်အရွယ် ဒုက္ခသည်များကို—
• manufacturing
• construction
• agriculture
• plantations
• services
စသည့် စီးပွားရေးကဏ္ဍ ၅ ခုတွင် အလုပ်ခွင့်များနှင့် ချိတ်ဆက်ပေးရန် စီစဉ်ထားသည်။
📉 အလုပ်သမားမူဝါဒနှင့် ဆက်စပ်မှု
ဤအစီအစဉ်သည် Malaysia 13th Plan အရ
• နိုင်ငံခြားအလုပ်သမား အရေအတွက်ကို 10% သို့ လျှော့ချရန်
• စုစုပေါင်း 1.7 million အထိသာ ထားရှိရန်
ရည်ရွယ်ချက်နှင့်လည်း ဆက်စပ်နေသည်။
🏢 Bidor Detention Centre အခြေအနေ
• အဆောက်အအုံ capacity = 400 ဦး
• လက်ရှိ 101 ဦး (Rohingya) ထားရှိထားသည်
• 100 ယောက် အမျိုးသား၊ 1 ယောက် အမျိုးသမီး
• 78 ဦးကို DPP အောက်တွင် refugee status ပေးထားပြီးဖြစ်သည်။
🚀 နောက်ထပ်အစီအစဉ်
DPP စနစ်ကို—
• လုံခြုံရေး SOP များ ပြီးစီးပြီးနောက်
• 2026 ဇွန်လ ၁ ရက်မတိုင်မီ နိုင်ငံတစ်ဝှမ်းတွင် အကောင်အထည်ဖော်ရန် စီစဉ်ထားသည်
အစိုးရက ဇန်နဝါရီ ၁ ရက်မှ စတင်ပြီး စနစ်ကို စမ်းသပ်နေပြီး screening questionnaires များကိုလည်း စမ်းသပ်အသုံးပြုနေသည်။
Ai Lwin
18-05-2026
CARC မှ ထပ်ဆင့် မျှဝေပေးပါသည်။
19/05/2026
ကျန်းမာရေးဆိုင်ရာ ကူညီလိုက်ပို့ခြင်း သတင်း
နေ့စွဲ-၁၉ ၀၅. ၂၀၂၆
၁။ အာရက္ခပြည်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွနေ ဘ-ဦးမောင်စောအောင် + မိ-ဒေါ်စိန်ကျော့နုတို့၏ သမီး-မသိန်းညွန့်အား ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေး စစ်ဆေးနိုင်စေရန် NSK ရှိ ဆေးခန်းအား ကျန်းမာရေး တာဝန်ခံ မထွေးထွေးမှ ၃၀.၀၄.၂၀၂၆ နေ့ လိုက်ပါ ကူညီ ပြပေးခဲ့ပါသည်။
၂။ အာရက္ခပြည်၊ ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာနေ ဘ-ဦးမောင်ကျော်အေး + မိ-ဒေါ်စံအေးသိန်းတို့၏ သမီး- မဖြူဖြူခိုင်အား ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေး စစ်ဆေးနိုင်စေရန် NSK ရှိ ဆေးခန်းအား ကျန်းမာရေး တာဝန်ခံ မထွေးထွေးမှ ၁၃. ၀၅. ၂၀၂၆ နေ့ လိုက်ပါ ကူညီ ပြပေးခဲ့ပါသည်။
၃။ အာရက္ခပြည်၊ မြောက်ဦးမြို့နယ်၊ အင်ရှည်ကျေးရွာနေ ဘ-ဦးကျော်အေးထွန်း + မိ-ဒေါ်ဦးခိုင်တို့၏ သား- မောင်တင်ဦးအား အသက်ရှုကြပ်ရောဂါကြောင်း ACTS ဆေးခန်းသို့ ကျန်းမာရေး တာဝန်ခံ ကိုကျော်စိုးမှ ၁၅.၀၅. ၂၀၂၆ နေ့ လိုက်ပါ ကူညီ ပြပေးခဲ့ပါသည်။
၄။ အာရက္ခပြည်၊ မြေပုံမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်နေ အဖ-ဦးမောင်သိန်းခိုင် + အမိ-ဒေါ်ရွှေနုဖြူတို့၏ သား ကိုပေါ်ထွန်းကျော်ကို အူကျရောဂါကြောင်း အမ်းပန်ဆေးရုံကြီးသို့ ကျန်းမာရေးတာဝန်ခံ ကိုစိုးရွှေမှ ၁၉.၀၅.၂၀၂၆ နေ့ လိုက်ပါ ကူညီ ပြသပေးခဲ့ပါသည်။
၅။ အာရက္ခပြည်၊ မြေပုံမြို့နယ်၊ သရက်တောင်ကျေးဇာတိ မမေမျိုးသက်သည် ကျန်းမာရေး အရေးပေါ်အခြေအနေကြောင်း ယူအန်ရုံးသို့ တင်ပြတောင်းဆိုရာတွင် ၂၇.၄.၂၀၂၆ နေ့ ယူအန်ကတ်ရှိခဲ့ပါသည်။
၆။ အာရက္ခပြည်၊ ပေါက်တောမြို့နယ်၊ ဂန်ကျားကျေးရွာဇာတိ ကိုထွန်းအောင်ဝင်း အဖမ်းအဆီးခံရမှုအတွက် အဖမ်းအဆီးတာဝန်ခံ ကိုကျော်မင်းသန်းနှင့် ဒု-ဥက္ကဌကြီး ဦးသောင်းကျော်တို့မှ KL-Jalan Duta ရှိ လ၀ကရုံးသို့ ၀၉. ၀၅. ၂၀၂၆ နေ့ သွားရောက် စုံစမ်းခဲ့ကြပါသည်။
အကြောင်း အမျိုးမျိုးကြောင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေကြပြီး ကျန်းမာရေး အခက်အခဲများ၊ ဆေးရုံး၊ ဆေးခန်းပြသရန် အခက်အခဲများ ကြုံတွေ့နေရပါလျင် မည်သူမဆို လူမျိုး ဘာသာ မရွေး အကူညီ တောင်းခံနိုင်ပါကြောင့် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
လေးစားစွာဖြင့်....
ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုကော်မတီရုံးချုပ်ကြီး ( CARC )
အသောကာရာမဘုန်းတော်ကြီးကျောင်း (အောက်ထပ်)
ဖုန်း-၀၃၅၈၈၇၁၇၉၄၁+၀၁၇၇၀၀၉၅၄၇+၀၁၇၉၉၄၈၉၁၄