ဗဟုသုတမျှဝေရာ

ဗဟုသုတမျှဝေရာ

Share

မင်္ဂလာပါ ဗဟုသုတမျှဝေရာ မှ ကြိုဆိုပါတ?

14/04/2020

ကျွန်တော်ပင်ပန်းတယ်လို့ မပြောရဲဘူး
ဘာဖြစ်လို့လဲဆိုတော့ လုပ်လက်စ အလုပ်တွေမပြီးသေးလို့ပ
ကျွန်တော်အပျင်းမကြီးရဲဘူး
ဘာဖြစ်လို့်လဲဆိုတော့ ကျွန်တော်ထက်သာတဲ့သူတွေတောင် ကြိုးစားနေကြဆဲမို့ပါ

ကျွန်တော်မှာ ရွေးစရာလမ်းတွေ အများကြီး
ဒါပေမဲ့ ရွေးပြီးသား လမ်းကိုတော့ ဘယ်တော့မှ မပစ်ဘူး

ဘယ်သူဘယ်လောက်ပဲ မကောင်းဘူးပြောပြော
အချိန်တန်တော့သူ့ပါသာသူ နားလည်သွားပါလိမ့်မယ်
စိတ်ထဲမှာ ထည့်ထား နေစရာမလို ပါဘူး
ကိုယ်ဘယ်သူ့အပေါ်မှာမှ အကြွေးမတင်ရင်တော်ပါ ပြီ

စိတ်အေးအေး ထားတက်အောင်ကြိုးစားမယ်
လူ့ဘဝဆိုတာ အတက်ရှိသလို အဆင်းလဲရှိ တတ်ပါတယ်

သူများတွေကို လိုက်ပြီး ကဲ့ရဲ့နေစရာလဲ မလိုပါဘူး
ဘဝကပေးတဲ့သင်္ခန်းစာတွေ ကြေညက်လေလေ
ကိုယ်က ကံကောင်းလေလေပါပဲ

လူ့လောကကြီးမှာ ဘယ်အလုပ်မှ မပင်ပန်းဘူးဆိုတာ မရှိပါဘူး
မရှုပ်ထွေးတဲ့ မိသားစု အသိုင်းဝိုင်း ဆိုတာလဲ မရှိပါဘူး
ကျွန်တော်ရွေးချယ်တဲ့လမ်းကတော့ လုံးလ ဝိရိယ ဇွဲ ဆိုတဲ့ လမ်းကိုပါပဲ

ကျွန်တော်ဘယ်သူကိုမှ မနာလိုမဖြစ်ပါဘူး ဒီအခြေအနေလေးထိရောက်ဖို့တောင်
ဘယ်လောက်ထိ နေ့မနားညမနားလုပ်ခဲ့ရလဲ ဆိုတာပဲ မေးကြည့် လိုက်ပါ

လူတိုင်း လူတိုင်း လွတ်လပ် မှုကိုလိုချင်ကြမှာပါ
အလုပ်မလုပ်ပဲ အိမ်မှာထိုင်စားနေတဲ့သူကို တောင်မေးကြည့် လိုက်ပါ
သူတို့်လည်း သူတို့ အပူနဲ သူတို့ပါ

ပစ္စည်းဥစ္စာ ကိုယ်ပိုင် လုပ်ငန်းနဲ့ ကိုယ်ရဲ့ ခန္ဓာကိုယ် ဘယ်အရာမဆို တန်ဖိုးရှိအောင်သုံးမယ်
ဒါကြောင့်ဘယ်သူ့ကိုမှ မနာလိုစရာအကြောင်းမရှိပါဘူး

လူဘဝက တိုတိုလေးပါ ဘာမှပြိုင်စရာမရှိပါဘူး
ကိုယ်ဘယ်လောက် ကုသိုလ်တွေလုပ်ပြီးပြီလဲ
ဆိုတာပြန်ဆန်းစစ်ကြည့် လိုက်ပါ

လူတိုင်းဟာ သူလို ကိုယ့်လိုပဲ
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်
သဘောထားကြီးကြီးထားပါ
မောင်နှမလိုဆက်ဆံပါ
အားပေးအပြုံးလေးတွေပေးပါ

ဒီလို ဆိုရင်တော့ လောကကြီးက ပျော်စရာကြီးပါ။

Credit To Original
လေးစားစွာဖြင့်

13/04/2020

အောင်မြင်လိုသူတို့အတွက် စကားလက်ဆောင်(11)ချက်
***************************************
၁။ကိုနေချင်တဲ့အဆင့်ကို ကိုယ်တိုင်သတ်မှတ်ပါ။

၂။ငွေကိုအရင်းအနှီးအတွက်ပဲသုံးပါ။
အလကားဖြုန်မပစ်ပါနဲ့။

၃။အချိန်တွေကို အရင်အနှီလုပ်ပြီး
ပညာတစ်ခုရအောင်ယူပါ။အချိန်တွေကို အလကား
ဖြုန်းတီမပြစ်ပါနဲ့။

၎။ချမ်းသာခြင်းဟာ ဘဝအဆုံးမဟုတ်ပါဘူး။
ချမ်းသာခြင်းတွေ့မှ ဘဝစတာပါ။

၅။ပြင်းပြတဲ့ဆန္ဒဟာ ဘဝရဲ့သံလိုက်အိမ်မြောင်ပါဘဲ။

၆။မသိရင်မေးပါ။မေးရင်အဖြေရပါတယ်။
တတ်ယောင်ကမ်းမလုပ်ပါနဲ့။

၇။ဘာလုပ်မလဲ အရင်စဉ်းစားပါ။စဉ်းစားပြီးမှလေးလာပါ။
လေ့လာပြီမှ လုပ်ဆောင်ပါ။ လုပ်ဆောင်ပြီရင်လည်း
ပြန်လည်သုံးသပ်ပါ။

၈။ကိုယ်မြင်သလောက်ပဲ ကိုယ်ရပါလိမ့်မယ်။

၉။သင်ယူခြင်းဆိုတာ ဘဝတိုက်ပွဲအတွက် လက်နက်
ကောင်းတစ်ခုပါ။
များများသင်ယူလေလေ ကိုယ်ဆီမှာ တိုက်ပွဲအတွက်
လက်နက်များလေလေ။
လက်နက်များလေလေ အနိုင်ရဖို့သေချာလေလေပါဘဲ။

၁၀။ချမ်းသာခြင်းမျိုးစေ့ဆိုတာ အရင်ဆုံး စိုက်ပျိုးရတယ် ပြုစု
စောင့်ရှောက်ရတယ် ပြီးမှရိတ်သိမ်းလို့ရမယ်။

၁၁။မိမိရည်မှန်းချက်ကို ပုံဖော်သူသာဖြစ်ပါစေ။
ပန်ဝန်းကျင်ရဲ့ ပုံဖော်ခြင်းခံရသူ မဖြစ်ပါစေနဲ့။
success

လေးစားစွာဖြင့်💞
San Linn💕

13/04/2020

💵
ပိုက်ဆံရှာပါ။
ပိုက်ဆံရှိမှဖြစ်တော့မယ်လို့တွေးမိတဲ့အချိန်ဟာ
ခရီးတစ်ခုကိုစတင်ဖို့လက်မှတ်စဝယ်တာနဲ့တူပါတယ်။
လောကမှာပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်...။

💵
မိသားစုထဲမှာကြည့်ပါ။
ပိုက်ဆံရှာနိုင်တဲ့သူကပိုအရေးပါအရာရောက်ပါတယ်...။

💵
အပေါင်းအသင်းတွေကြားထဲကြည့်ပါ။
ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်..။

💵
လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည့်ပါ။
ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်...။

💵
ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်းတော်တော်များများဖြစ်နေတာပါ...။

💵
ဘယ်နည်းနဲ့ကြည့်ကြည့်သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်..။

💵
သင်ပိုက်ဆံရှိမှ
သင်ချစ်တဲ့သူတွေအတွက်
သင်လုပ်ချင်တဲ့အရာတွေအတွက်
သင်ပြောချင်တဲ့စကားတွေအတွက်
သင်လိုချင်တဲ့အရာတွေအတွက်
အားလုံးမဟုတ်ရင်တောင်
တော်တော်များများလုပ်လို့ရမှာပါ...။

💵
" #ခင်မင်မှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့ လူတော်တော်များများကတော့ ငွေရှိရင် ပိုခင်ကြပါတယ်...။

💵
" #ရိုးသားမှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့ လူအများစုကတော့ မရိုးသားရင်တောင်ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး...။

💵
" #ပညာကပိုအရေးကြီးတယ်"
ဟုတ်ကဲ့ ငွေရှိမှပညာသင်လို့ရတဲ့ခေတ်မှာ
ပညာရွှေအိုးက ငွေရှိမှဝယ်လို့ရတာပါ...။

💵
" #ကိုယ်ကျင့်တရားကအရေးအကြီးဆုံး"
ဟုတ်ကဲ့ ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေငွေရှိလာရင် အမှန်တရားကရောက်လာဖို့ခြေလှမ်းသိပ်နှေးလွန်းပါတယ်...။

💵
" #အချစ်ကအရေးကြီးတယ်"
ဟုတ်ကဲ့ ရယ်စရာအကောင်းဆုံးပြက်လုံးပါ။
လူအားလုံးလိုလိုကတော့..
ငွေမရှိရင် ရုပ်ဆိုးတယ်လို့မြင်တယ်
ငွေမရှိရင် နံတယ်လို့ထင်တယ်
ငွေမရှိရင် ပိုင်းလုံးလို့မြင်တယ်
ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး...။

💵
ဒါပါဘဲ
ဘယ်နည်းနဲ့တွေးတွေး
ဘယ်ဖက်ကတွေးတွေး
ငွေရှိမှ အရာအားလုံးလိုလိုအဆင်ပြေနိုင်ပါမယ်...။

💵
တသောင်း ဆယ်ခါဖြုန်းရင် တသိန်းပါ။
တသိန်း ဆယ်ခါဆို ၁၀သိန်းပါ...။

💵
ကျွန်တော်တို့ အများကြီးဖြုန်းခဲ့ပြီးပါပြီ...။

💵
မလိုတာတွေဝယ်ခဲ့ဖူးတယ်..။

💵
မတန်တာတွေ စားခဲ့ဖူးတယ်။

💵
မတန်တာတွေ ဝယ်ဝတ်ခဲ့ဖူးတယ်..။

💵
မရှိရင်လည်း ချေးငှားပြီးပျော်ခဲ့ဖူးတယ်..။

💵
သဒ္ဓါမပါဘဲ ကြွားဝါပြီးလှူခဲ့ကြဖူးတယ်..။

💵
အားနာပြီး ကုန်ခဲ့ကြဖူးတယ်..။

💵
အချိန်တန်တော့
ကျွန်တော်တို့ဆီမှာ ဘာမှအဖက်တင်မကျန်ခဲ့ဘူး..။

💵
အသုံးနိုင်ဆုံးဆုလည်းမရခဲ့ဘူး..။

💵
အစားနိုင်ဆုံး ဆုလည်းမရခဲ့ပါဘူး..။

💵
အဝတ်နိုင်ဆုံးဆိုပြီးလည်းကမ်ဘာမကျော် နိုင်ငံမကျော်ခဲ့ပါဘူး..။

💵
သူ့နေရာနဲ့သူ သုံးသင့်တဲ့နေရာသုံး မဖြုန်းသင့်တဲ့နေရာ မဖြုန်းဘဲ
စနစ်တကျစုဆောင်းသွားတဲ့သူတွေ အလုပ်လုပ်သွားတဲ့သူတွေကသာ
သူဌေးဖြစ်ပြီး နာမည်ကျော်သွားတာပါ..။

💵
ကျွန်တော်တို့ဖြုန်းခဲ့တဲ့အတွက်
ဘာရလိုက်သလဲ...?

💵
ဒါ့ကြောင့်...
ကျွန်တော်တို့ သိပ်နောက်မကျခင်ငွေစစုကြရအောင်လား...။

💵
ကဲ.... မိတ်ဆွေ
သင် ဖြုန်းမယ်ပြင်ထားတဲ့ငွေစက္ကူတွေကို
အိတ်ထဲပြန်ထည့်ထားလိုက်ပါ,,...။

💵🤓 📮

Credit://မူးရင်းသို့
မျှဝေသူ san linn

13/04/2020

သိပ်ချစ်ရင် စောင့်လိုက်ပါ ❤
*******************

👨‍❤️‍💋‍👨လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် စောင့်ဆိုင်းခြင်းကို လေ့ကျင့်သင်ယူပါ...

👬ဒီနေ့အတွက်သာ ကိုယ်နဲ့အတူတူ ဘေးနားမှာ မရှိနိုင်ပေမယ့် နောင်အနာဂတ်အတွက်တော့ သူ တစ်နေ့ ကိုယ့်အနားကို ရောက်လာနိုင်ပါတယ်..

💏လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် စိတ်ရှည်သည်းခံခြင်းကို လေ့လာသင်ယူပါ..

👭ဒီနေ့အတွက်သာ ကိုယ့်အချစ်ကို သက်သေမပြနိုင်သေးပေမယ့် နောင်အနာဂတ်အတွက်တော့ တကယ်စစ်မှန်ရင် သူ နားလည်လာနိုင်ပါတယ်...

👨‍👦ကိုယ့်တကယ် အလိုရှိတဲ့သူကို မျှော်လင့်စောင့်စားရတယ်ဆိုတာ နာကျင်စရာအကောင်းဆုံးပါပဲ..

??👫 ဒါပေမယ့် လက်လျှော့လိုက်ရတဲ့ဘဝမှာ တစ်သက်တာ နောင်တတွေပါသွားခဲ့ရင်တော့ ပိုပြီးတော့ အရမ်းနာကျင်စရာကောင်းပါလိမ့်မယ်..😔

လေးစားစွာဖြင့်
Credit 💕💕

12/04/2020

🖋ကိုယ့်ကိုမနာလိုစိတ်နဲ့
တိုက်ခိုက်လေလေ
ကိုယ်ကပိုပြီးအမြင့်
ရောက်လေလေပါ~~~

ကိုယ့်ကိုလိုက်တိုက်ခိုက်နေ
တဲ့သူတွေကြောင့်
စိတ်အနှောက်အယှက်
ဖြစ်ရပေမယ့်.......
အတိုက်အခိုက်နည်း
မျိုးစုံတွေကို ခေါင်းထဲ
အရမ်းထည့်နေရင်
ကိုယ်ပဲစိတ်ရှုပ်ရတော့
လစ်လျူရှုတတ်အောင်
ကြိုးစားတတ်ရပါတယ်

ညစ်နွမ်းတဲ့ စိတ်ညစ်
စရာတွေကိုခေါင်းထဲက
ထုတ်ဖို့ အကောင်းမြင်
စိတ်လေးမွေးမြူရပါတယ်။

မနာလိုတဲ့သူတွေကြောင့်
ကိုယ်မတွေးမိတဲ့
အကြံတွေရလာတယ်၊
ကိုယ်မမြင်တဲ့ရှုထောင့်ကနေ
အတွေးအကြံ
အမြင်တွေရလာတယ်။

ကိုယ်တိုးတက်ဖို့အတွက်
သူတို့ကအချိန်ကုန်ခံပြီး
စဉ်းစားပေးနေသလိုပါပဲ။
သိပ်ကျေးဇူးတင်ဖို့ကောင်းပါတယ်။

သူတို့ကြောင့်အကောင်း
မြင်စိတ်ပိုရှိလာတယ်
သူတို့ကြောင့်ကိုယ့်အရည်
အချင်းတွေကို
ပိုမြင်လာတယ်....
.သည်းခံ စိတ်တွေ
တိုးပွားလာတယ်.....

ကိုယ့်ကိုမနာလိုဖြစ်
နေတယ်ဆိုတာ
ကိုယ့်မှာ တော်တဲ့
အချက်၊ကောင်းတဲ့
အချက်တွေရှိနေလို့ဆိုတာ
တိုင်းတာလို့ရလာတယ်

ဒီအချက်တွေကို
ကိုယ်ကသတိမ
ထားမိပေမယ့် သူတို့က
သတိထားမိလို့
လာပြီးတိုက်ခိုက်ခံရတာပါပဲ....

ကိုယ့်ကို တော်နေမှန်း
သိလာရတယ်၊
ကိုယ့်အရည်အချင်းတွေကို
မြင်လာရပါတယ်
သူတို့ကအလင်းပြပေးလိုက်သလိုပါပဲ....

ဒါကြောင့် ကိုယ့်ကိုမနာလိုတဲ့သူ၊
တိုက်ခိုက်တဲ့သူတွေကို စိတ်မဆိုးပါနဲ့၊
ကျေးဇူးသာတင်လိုက်ပါ🙏🏻🙏🏻🙏🏻

ကျေးဇူးရှင်ကြီးများကျန်းမာ
ချမ်းသာ-ဘေးရန်ကင်းပါစေ🙏🏻🙏🏻🙏🏻

10/04/2020

လမ်းပေါ်မှာ....
အုတ်ခဲတစ်လုံးကို ခလုတ်တိုက် မိကြတယ်...။

ပထမလူက....
အုတ်ခဲကို စိတ်ဆိုး မာန်ဆိုး ဒေါသထွက်ပြီး ဖနောင့်နဲ့ ပေါက်တယ်...။

ဒုတိယလူက....
အုတ်ခဲကို ဒီနေရာ ဘယ်သူလာချထားလဲ ဆိုပြီး ၊ သူ့အတွေးထဲက အုတ်ခဲလာချထားသူကို .....နဲ့ ကိုင်တုပ်တယ်။

တတိယလူက...
နိမိတ်မကောင်းဘူး
ကံမကောင်းဘူး ဆိုပြီး ကံကြမ္မာကိုအပြစ်တင် ဆုတောင်းတယ်။

စတုတ္ထလူက
သတိမမူမိတဲ့ ကိုယ့်ကိုယ်ကိုယ်
်အပြစ်တင်တယ်...။

အဲဒီလိုပါပဲ....
ကျွန်တော်တို့တွေမှာ ဒုက္ခတွေ အဆင်မပြေတာတွေ၊ ပြဿနာတွေ အမျိုးမျိုး ရင်ဆိုင်တွေ့ကြုံကြရတာပါပဲ...။
ဒါပေမဲ့ အကျိုးအကြောင်း နှလုံးသွင်း ခံယူပုံချင်းလည်း မတူညီကြပါဘူး။

တစ်စုံတစ်ရာ ကို
အပြစ်တင်နေဖို့ထက် နောက်တစ်ခါ မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်လိုက်ကြတာ အကောင်းဆုံးပါပဲလေ.....။

(DDE)

https://m.facebook.com/story.php?story_fbid=132348691689713&id=105210137736902

10/04/2020

စိတ်ကြောင့် "ကြေ "
နှုတ်ကြောင့် "သေ" တဲ့ ။

တစ်ယောက်စကား တစ်ယောက်နားမှ
မခါးရအောင် သတိဆောင်၍
မောင်တို့ဆိုလေ
ပျားသကာသို့ ချိုလှစေ တဲ့ ။

စကားစကား ပြောပါများက
စကားထဲက ဇာတိပြ တဲ့ ။

အပြောမတတ်တော့ ဆဲ သလို တဲ့ ။

ဒါ့ကြောင့်....

"လူသားအချင်းချင်း အမုန်းမပွားဖို့
ငါတို့နှုတ်ကို စောင့်စည်းစို့ "

Sayarlay DDE)
Credit #

10/04/2020

(၁) စိတ်ဓာတ်ကို မာမာထားပါ။
အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။

(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။
ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။

(၃) ကိုယ့်ကိုယ်ကို လေးစားပါ။
သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။
အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။

(၄) ငွေဆိုတာ ရေလိုပဲ။
ငွေခမ်းရင် ငတ်သေတတ်တယ်။
ငွေမက်လွန်းရင် နစ်သေတတ်တယ်။

(၅) အရာဝတ္ထုတစ်ခုတိုင်းကို
ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

(၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့
ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့
လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

(၇) လောဘမကြီးနဲ့။
ကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။

(၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။

(၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။

(၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။

(၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။
စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း
ကိုယ့်ကိုယ်ကိုယ် သတိပေးပါ

(၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။
တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။

(၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။

(၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလိုဘဲ
လူတိုင်းတတ်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။

(၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။

(၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။

(၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့
ဆုံးရှုံးသွားစေမှာ။
နည်းနည်းသည်းခံလိုက်
နည်းနည်းတောင့်ခံလိုက် …
တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက
သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။

(၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မထားပါနဲ့။

(၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ်
နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။

(၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ
ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။

Thi Ha🇲🇲
Credit...

Unicode

(၁) စိတ်ဓာတ်ကို မာမာထားပါ။
အပြင်ပန်းသဏ်ဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။

(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။
ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။

(၃) ကိုယ့်ကိုယ်ကို လေးစားပါ။
သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။
အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။

(၄) ငွေဆိုတာ ရေလိုပဲ။
ငွေခမ်းရင် ငတ်သေတတ်တယ်။
ငွေမက်လွန်းရင် နစ်သေတတ်တယ်။

(၅) အရာဝတ္ထုတစ်ခုတိုင်းကို
ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

(၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့
ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့
လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

(၇) လောဘမကြီးနဲ့။
ကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။

(၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။

(၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။

(၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။

(၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။
စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း
ကိုယ့်ကိုယ်ကိုယ် သတိပေးပါ

(၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။
တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။

(၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။

(၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလိုဘဲ
လူတိုင်းတတ်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။

(၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။

(၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။

(၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့
ဆုံးရှုံးသွားစေမှာ။
နည်းနည်းသည်းခံလိုက်
နည်းနည်းတောင့်ခံလိုက် …
တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက
သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။

(၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မထားပါနဲ့။

(၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ်
နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။

(၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ
ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။

Thi Ha🇲🇲
Credit...

10/04/2020

ငွေကြေးဥစ္စာချို့တဲ့ လည်း
စာနာ နာလည်တတ်တဲ့ နှလုံးသားရှိရင်
လူရာဝင်ပါတယ်..

ငွေကြေးဥစ္စာချို့တဲ့ လည်း
အကောင်းမြင်တတ်တဲ့ မျက်လုံးရှိရင်
လူရာဝင်ပါတယ်..

ငွေကြေးဥစ္စာချို့တဲ့ လည်း
ကူညီတတ်တဲ့ လက်တစုံရှိရင်
လူရာဝင်ပါတယ်..

ငွေကြေးဥစ္စာချို့တဲ့လည်း
လူတွေအတွက် အသုံးဝင်နေရင်
လူရာဝင် ပါတယ်...

လူရာဝင်တယ်ဆိုတာ.
ဆင်းရဲခြင်း ချမ်းသာခြင်းနဲ့ မသက်ဆိုင်ပါဘူး
လူတွေအတွက် အသုံးဝင်ခြင်း မဝင်ခြင်းနဲ့ သာ
တိုက်ရိုက်သက်ဆိုင်နေပါတယ်..

ကျူးပစ် မကွေး
photo-credit

06/04/2020

( တစ်ခါတလေတော့လည်း )
💌💌💌💌💌💌💌💌💌

💟တစ်ခါတလေတော့လည်း
တွေးပူမိတယ် …
မင်းလိုင်းမတက်တဲ့
အချိန်တွေမှာဆိုရင်
ဘယ်သူတွေနဲ့များ
ဖုန်းပြောနေမလဲလို့ပေါ့ ……

💟တစ်ခါတလေတော့လည်း
စိုးရိမ်မိတယ် …
မင်းလိုင်းပေါ်မှာ
ရှိနေတဲ့အချိန်တွေမှာဆိုရင်
ဘယ်သူတွေနဲ့များ
မက်ဆေ့တွေ အပြန်အလှန်
ပို့နေမလဲလို့ပေါ့ ……

💟တစ်ခါတလေတော့လည်း
အားငယ်မိတယ် …
မင်းရဲ့ နှလုံးသားကို
ဘယ်သူတွေကများ
စိုးမိုးနေပြီလည်းလို့ပေါ့ ……

💟တစ်ခါတလေတော့လည်း
ကြောက်နေမိတယ် …
မင်းရဲ့ ရင်ထဲမှာ
ဘယ်သူတွေကိုများ
နေရာပေးလိုက်မလည်းလို့ပေါ့
ချစ်သူရယ် … … … ♥♥♥

မြင့်မျိုးကို

06/04/2020

အော် ဘဝ

လူ့ဘဝ ရောက်လာတာ ကိုယ့်ကိုကိုယ် ကံကောင်းတယ်ပဲပြောရမလား ကံဆိုးတယ်ပဲ ပြောရမလား

မိုးလင်းက နေ မိုးချုပ်ထိ နေပူထဲမှာ မရပ်မနား တိရစ္ဆာန်ပမာ လုက်နေရပေမဲ့ ဘာမှ တိုးတက်မှု မရှိတဲ့ ဘဝ

ဝမ်းရေးအတွက် ချွေးစက်ပေါင်းများစွာ ရင်းပြီး ပင်ပင်ပန်းပန်း လုပ်ခဲ့ ရပေမဲ့
အချိန်တန်တော့ ရလဒ်က အိုမင်းလာခြင်းပဲ အဖတ်တင်တဲ့ ဘဝ

ရုပ်ရှင်ထဲမှာ မြင်ဖူးတဲ့ ဘဝက တစ်ခါဏလေးနဲ့ အဆင်ပြေသွားပေမဲ့

ကိုယ့်ရဲ့ အပြင်က လက်တွေ့ဘဝကတော့ တစ်ခါဏတာ အဆင်ပြေဖို့အရေး အားအင်ကုန်ကာ ပင်ပန်းခဲ့ပေမဲ့ ထင်သလောက် အဆင်ပြေဖို့ခက်တဲ့ ဘဝ

ဒီနေ့အတွက်ပြီးခဲ့ပေမဲ့ မနက်ဖြန်ကို အားမာန်တင်းကာ ရှေ့ဆက်ရှောက်ဖို့ ပင်ပန်းနွမ်းနွယ်တဲ့ လက်တစ်စုံနဲ့ လက်ကမ်းကြိုဆိုနေရတဲ့ ဘဝ

ဘဝဆိုတာ ဒီလိုပဲ ရုန်းကန်နေရပေမဲ့ တိုးတက်မှု မရှိရင် အရမ်းကို စိတ်ဓာတ်ကျဆင်းရတဲ့ ဘဝ

ဘဝကို ပုံပြင်စာအုပ်တစ်အုပ်လို သဘောထားပြီ ကိုယ်မကြိုက်တဲ့ နေရာကို ကျော်သွားလို့ ရရင်ကောင်းမှာပဲ လို့ တစ်ခါတစ်လေ မဖြစ်နိုင်တာတွေ တွေးပြီ ကုန်ခဲ့ ရတဲ့ အချိန်တွေက လည်း မနည်း

Credit To Original Writer
လေးစားစွာဖြင်

06/04/2020

စာပေတွေ မတင်ဖြစ်ကြာပြီဖြစ်လို
မေ့နေကြပြီထင်ပါတယ်။စာပေးချစ်သူများအာပေ နေသေးရင် စာပေများကို ဆက်လက်မျှဝေသွားပါမည်။

Want your business to be the top-listed Government Service in Bago City?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Letpadan
Bago City
12345678