25/02/2026
၂၅.၂.၂၀၂၆ ရက်နေ့တွင် နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ နေပြည်တော် Fire Hotspot နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပါကြောင်း၊ ထို့နောက် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး
ဒေါ်ခင်စန်းလှိုင်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း Fire Hotspot ဖြစ်ပေါ်မှု နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ နေပြည်တော်ကောင်စီနှင့် ဦးစီးရုံးချုပ်၏ လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်မှုအခြေအနေနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးတင်ပြခဲ့ပြီး ဉတ္တရခရိုင်၊ လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူးများမှ ခရိုင်အလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။ အဆိုပါအစည်းအဝေး၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အပါအဝင် ဉတ္တရခရိုင်၊ လယ်ဝေးခရိုင်တို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပါသည်။
20/01/2026
၂၀.၁.၂၀၂၆ရက်နေ့ (အင်္ဂါနေ့)နံနက်၁၀နာရီတွင်နေပြည်တော်ကောင်စီအစည်းအဝေးခန်းမ(၂)၌ သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအားကျင်းပခဲ့ရာသန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုစိစစ်ရွေးချယ်ရေးအဖွဲ့နာယကဦးဟန်သူ(ကောင်စီဝင်) က "Clean and Green Schoolsများဖော်ဆောင်ရခြင်း၏ရည်ရွယ်ချက်ကတော့နေပြည်တော်အတွင်းသန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများပေါ်ထွန်းလာစေရန်၊အခြေခံပညာကျောင်းများတွင်ပတ်ဝန်းကျင်ဆိုင်ရာအသိပညာများနှင့်လှုပ်ရှားမှုများပိုမိုမြှင့်တင်နိုင်စေရန်၊သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့်ယနေ့လူသားတိုင်းရင်ဆိုင်ကြုံတွေ့နေရတဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာပြဿနာရပ်များအပေါ်အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ နေပြည်တော်အတွင်း ကျောင်းများအားယှဉ်ပြိုင်လျှောက်ထားေစရခြင်းဖြစ်ကြောင်း"အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးနိုင်(ညွှန်ကြားရေးမှူး)ကအခြေခံစံနှုန်းအညွှန်းကိန်းများနှင့်အညီရွေးချယ်နိုင်ရေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ပြိုင်ပွဲဝင်video clipများအားပြသခြင်း၊ အဖွဲ့ဝင်များမှအသီးသီးဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းများဆောင်ရွက်ခဲ့ပါသည်။
11/12/2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၆ ခုနှစ်၊ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award)များ ပေးအပ်ချီးမြှင့်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ(ပတ်/သန့်ဌာန)၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်ပညာရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူ အရာထမ်းများသည် ယနေ့ (၁၁.၁၂.၂၀၂၅) ရက်နေ့တွင် တပ်ကုန်းမြို့နယ်အတွင်းရှိ အ.ထ.က(အလယ်ကျွန်း)နှင့် အ.လ.က(ခွဲ)ဘုရင့်နောင် အခြေခံပညာကျောင်းများသို့ သွားရောက်၍ Clean & Green Schoolများအတွက် သတ်မှတ်ထားသည့် အညွှန်းကိန်း(၁၇)ချက်ပါ လုပ်ငန်းစဥ်များ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးလမ်းညွှန်မှုများ ဆောင်ရွက်ခဲ့ပါသည် ။
21/11/2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူးနှင့် စာရင်းကိုင်(၂)ရာထူးနေရာများအတွက် ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း
18/11/2025
၁၈-၁၁-၂၀၂၅ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင် ဦးဆောင်သောအဖွဲ့သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိစက်မှုဇုန်၊ မြေကွက်အမှတ်(JW-067,068)၊ ရွှေအင်ကြင်းရပ်ကွက်၊ မိုးသောက်ပန်းလမ်းရှိ Maple Win Naypyitaw Co.,Ltd မှ CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်းလုပ်ငန်း နှင့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိစက်မှုဇုန်၊ မိုးသောက်ပန်းလမ်း၊ မြေကွက်အမှတ်(JW-065) ရှိ Dakhina Meat Export Co.,Ltd မှ ဆောက်လုပ်ရေးလုပ်ငန်းသုံး အမိုးသွပ်ပြားထုတ်လုပ်ခြင်းလုပ်ငန်းတို့အား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များပါအချက်များအတိုင်း လိုက်နာဆောင်ရွက်ထားရှိမှုအခြေအနေများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
18/11/2025
၁၇-၁၁-၂၀၂၅ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဝင်း ဦးဆောင်သော အဖွဲ့သည် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC)၏ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာရှိ တောင်စဉ်အေးသကြားစက်ရုံနှင့် တပ်ကုန်းမြို့နယ်၊ ဒဟတ်ကုန်းကျေးရွာရှိ ဒဟတ်ကုန်းသကြားစက်ရုံတို့အား Nay Pyi Taw Sugar Mills Co.,Ltd .မှ နှစ်ရှည်ငှားရမ်း၍လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လိုပါသဖြင့် ပတ်ဝန်းကျင်ဆိုင်ရာသဘောထားမှတ်ချက်ပြန်ကြားပေးနိုင်ပါရန် တင်ပြတောင်းခံလာမှုအပေါ် အဆိုပါလုပ်ငန်း(၂)ခုအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
16/10/2025
၁၆.၁၀.၂၀၂၅ ရက်နေ့၊နေ့လယ်(၁:၀၀)နာရီအချိန်တွင် ပျဉ်းမနားမြို့နယ်၊ အ.ထ.က (၄)၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဒေါ်ခင်ချိုသက်၊ လက်ထောက်ညွှန်ကြားရေးမှူးသည် အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အား အဖွင့်အမှာစကားပြောကြားခဲ့ပြီး "သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများအတွက် သတ်မှတ်ထားသော အညွှန်းကိန်း (၁၇)ချက်အား အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းများအကြောင်း" "အမျိုးသမီးနှင့် သဘာပတ်ဝန်းကျင်"ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပါကြောင်း၊ ဒေါ်သက်စုခင်၊ ဒုတိယဦးစီးမှူးသည် `` စွန့်ပစ်အမှိုက်များနှင့် 3Rs နည်းလမ်းများ အကြောင်း သိကောင်းစရာ"ခေါင်းစဉ်ဖြင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၁၃၀)ဦးအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးအသိပညာပေးVideoနှင့် PM 2.5 မမြင်နိုင်သော အသံတိတ်လူသတ်သမား အသိပညာပေး Video clipများအား ပြသခဲ့ပါသည်။ ထို့နောက်တွင် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းအား ကျောင်းသား/သူများဖြင့် သရုပ်ပြဆောင်ရွက်ခြင်း၊ ကျောင်းသား/သူများနှင့် မေးခွန်းများ အပြန်အလှန်မေးမြန်းဖြေကြားခြင်း၊ အမှတ်တရဆုလက်ဆောင်များ ချီးမြှင့်ခြင်း၊ ကျောင်းစာကြည့်တိုက်သို့ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးစာအုပ်များ ပေးအပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
26/09/2025
၂၆.၉၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမ၌ `` သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း(Clean and Green Schools)များအတွက် TOT သင်တန်း´´ ဖွင့်လှစ်ပို့ချခဲ့ရာ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် Clean & Green School များ၏ မျှော်မှန်းချက်၊ ပန်းတိုင်နှင့် ရည်ရွယ်ချက်များအကြောင်း၊ C&G School ဖော်ဆောင်ရေးဆိုင်ရာလုပ်ငန်းစဥ်များ၊ C&G ကျောင်းများမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ သတ်မှတ်ထားသော Critera နှင့် Indicator များ၊ C&G School Award ဆုပေးအပ်ချီးမြှင့်မည့်အစီအစဥ်များ၊ နေပြည်တော်အဆင့် ဆုစိစစ်ရွေးချယ်ရေးအဖွဲနှင့် အဆိုပါအဖွဲ့၏ လုပ်ငန်းစဥ်များ၊ ကွင်းဆင်းစစ်ဆေးရေးအစီအစဥ် (Time Schedules) များ စသည်တို့နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ချိုသက်က Clean and Green School များအတွက် သတ်မှတ်ထားသော အညွှန်းကိန်း(၁၇)ချက်အားအကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းများ၊ အခြေခံပတ်ဝန်းကျင်ဘာသာရပ်ဆရာကိုင်လက်စွဲစာအုပ်များပါ သင်ခန်းစာများအား ပို့ချဆွေးနွေးခဲ့ပါသည်။
အဆိုပါ သင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း Clean & Green School Award အဆိုပြုယှဥ်ပြိုင်လျှောက်ထားသည့် အခြေခံပညာကျောင်း(၁၅) ကျောင်းမှ သင်တန်းသားဆရာ/ဆရာမ(၃၂)ဦးနှင့် ဌာနမှ အရာထမ်း၊အမှုထမ်း(၁၀)ဦး၊ စုစုပေါင်းအင်အား(၄၂)ဦး တက်ရောက်ခဲ့ပါကြောင်း၊ အခြေခံပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ် ဆရာကိုင်လက်စွဲစာအုပ်များအား တက်ရောက်လာသည့် အခြေခံပညာကျောင်းများအားလုံးသို့ ပေးအပ်ခဲ့ပါကြောင်းနှင့် သင်တန်းသည် (၁၂:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
25/09/2025
၂၅-၉-၂၀၂၅ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင် ဦးဆောင်သောအဖွဲ့သည် နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊မယ်ဇလီကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၆၆၉)၊
မြေဧရိယာ (၈.၄၄)ဧကအနက်မှ မြေဧရိယာ (၄)ဧကပါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Myanmar Rice Bran Oil Co.,Ltd မှ ဖွဲနုဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဥ်(EMP)သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလိုက်နာဆောင်ရွက်မှုသက်သေခံလက်မှတ်(ECC)ပါအချက်များ၊စောင့်ကြပ်ကြည့်ရှုမှုအစီရင်ခံစာတင်ပြရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စောင့်ကြပ်ကြည့်ရှုမှုအစီရင်ခံစာများအား (၆)လ တစ်ကြိမ်ပုံမှန်အစီရင်ခံတင်ပြစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။