Budalin Mobile Team-BMT

Budalin Mobile Team-BMT

Share

ဘုတလင်ရွေ့လျားစစ်ကြောင်း-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဘုတလင်မြို့နယ်မှသည် ခရိုင်, တိုင်း, နိုင်ငံ့မြို့တော်ဆီသို့)

30/05/2026

⚠️ ဘုတလင်

ဘုတလင်မြို့အတွင်းမှ တောင်အရပ်သို့ ထွက်ခွာသွားပြီး သားရိုးကုန်းရွာအနီး ရောက်ရှိနေခဲ့သော အင်အား(၂၀၀)ခန့်ပါ အကြမ်းဖက်စခများသည် ညောင်ပင်ကန်ရွာ မြောက်ဘက်ရှိ "မိုး"ကိုယ်ပိုင် ကျောင်းအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိထား။

May 30, 3:40 PM

#သတင်းနှင့်ပြန်ကြားရေး
#ဘုတလင်ရွေ့လျားစစ်ကြောင်း

30/05/2026

❗ဘုတလင်
ဘုတလင်မြို့ ကြောင်ပန်းလမ်းခွဲအနီးသို့ ရောက်ရှိခဲ့သော အကြမ်းဖက်စခအချို့သည် တောင်အရပ်သို့ဦးတည်ထွက်ခွာလာရာ သားရိုးကုန်းရွာအနီးသို့ ရှိနေပြီဖြစ်ကြောင်း သတင်းရရှိထား။

ဘုတလင်မြို့နယ် မြောက်ကျီရွာတွင် ရောက်ရှိနေခဲ့သော အကြမ်းဖက် စခများဟာ ပတ်ဝန်ကျင်အား point -5 ဖြင့် ရမ်းသမ်းပ-စ်ခ-တ်နေ။

May 30, 1:08PM

#သတင်းနှင့်ပြန်ကြားရေး
#ဘုတလင်ရွေ့လျားစစ်ကြောင်း

30/05/2026

❗ဘုတလင်
ဘုတလင်မြို့အတွင်းရှိ အကြမ်းဖက်စခအချို့သည် ကြေးရုပ်မှတဆင့် တောင်အရပ်သို့ဦးတည်ထွက်ခွာနေရာ ကြောင်ပန်းလမ်းခွဲအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိထား။

May 30, 12:32PM

#သတင်းနှင့်ပြန်ကြားရေး
#ဘုတလင်ရွေ့လျားစစ်ကြောင်း

30/05/2026

❗ဘုတလင်မြို့နယ်
သပြေတောရွာမှတဆင့် "စိုး"ဆီဆိုင်အနီးသို့ ကား၂စီးဖြင့် ချသွားခဲ့သော အကြမ်းဖက်စခ (၃၀)ခန့်သည် ယ္ခုအချိန်တွင် ဘုတလင်မြို့နယ် အနောက်ဇီးတောရွာအတွင်းသို့ စတင်ဝင်ရောက်နေပြီး ရေအိုးစဉ်ဂိတ်မှ မြောက်အရပ်သို့လည်း အကြမ်းဖက်စခအင်အားအပြည့်ပါ ကား(၂)စီး ထပ်မံထွက်လာနေကြောင်း သတင်းရရှိထား။

May 30, 12:16PM

#သတင်းနှင့်ပြန်ကြားရေး
#ဘုတလင်ရွေ့လျားစစ်ကြောင်း

29/05/2026

❗ဘုတလင်မြို့နယ်
ထတန်းရွာဘက်တွင် ရောက်ရှိနေသော အကြမ်းဖက်စခများသည် ထတန်းရွာရှိ ပြည်သူပိုင်နေအိမ်များကို မွှေနှောက်၍ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ မြောက်ကျီရွာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထား။

May 29, 4:05PM

#သတင်းနှင့်ပြန်ကြားရေး
#ဘုတလင်ရွေ့လျားစစ်ကြောင်း

29/05/2026

❗ဘုတလင်မြို့နယ်
မြောက်ကျီရွာအတွင်း အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်သားများထဲမှ အချို့သည် ကန်တော်ကြီးဘောင်ပေါ်မှတဆင့် ထတန်းရွာအတွင်းသို့ ဝင်ရောက်နေပြီး Scout Drone ( ကင်းထောက်ဒရုန်း) ၂စီးကိုလည်း အနောက်အရပ်နှင့် မြောက်အရပ်သို့ လွှတ်တင်ထားကြောင်း သတင်းရရှိထား။

မြောက်တောရွာအတွင်းရှိ စခများဟာလဲ အရှေ့မြောက်ရပ်သို့ စတင်ထွက်ခွာနေကြောင်း သတင်းရရှိထား။

May 29, 1:39PM

#သတင်းနှင့်ပြန်ကြားရေး
#ဘုတလင်ရွေ့လျားစစ်ကြောင်း

29/05/2026

❗ဘုတလင်မြို့နယ်
မြောက်ကျီရွာအတွင်း အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်သားများထဲမှ အချို့သည် ကန်တော်ကြီးဘောင်ပေါ်မှတဆင့် ထတန်းရွာအတွင်းသို့ ဝင်ရောက်နေပြီး Scout Drone ( ကင်းထောက်ဒရုန်း) ၂စီးကိုလည်း အနောက်အရပ်နှင့် မြောက်အရပ်သို့ လွှတ်တင်ထားကြောင်း သတင်းရရှိထား။

မြောက်တောကြီးရွာအတွင်းရှိ စခများဟာလည်း အရှေ့မြောက်ရပ်သို့ စတင်ထွက်ခွာနေကြောင်း သတင်းရရှိထား။

May 29, 1:39PM

#သတင်းနှင့်ပြန်ကြားရေး
#ဘုတလင်ရွေ့လျားစစ်ကြောင်း

28/05/2026

❗ဘုတလင်မြို့နယ်
မြောက်ကျီရွာ နှင့် ရှမ်းတဲရွာတို့တွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စခများသည် မြောက်အရပ်သို့ ထွက်သွားခဲ့ရာ ယ္ခုအချိန်တွင် ထတန်းရွာဦးသိမ်ကျောင်းထဲ နှင့် သုံးလုံးပြွန်တို့တွင် ရောက်ရှိနေကြကြောင်း သတင်းရရှိထား။

May 28, 12:29PM

#သတင်းနှင့်ပြန်ကြားရေး
#ဘုတလင်ရွေ့လျားစစ်ကြောင်း

27/05/2026

ယခုလို ကျနော်တို့စစ်ကြောင်းကို အဌမအကြိမ်မြောက် ကူညီထောက်ပို့ပေးပါသော "Mary Rose" အား ကျနော်တို့ ရဲဘော်တစ်ဦးတစ်ယောက်ချင်းဆီက ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။🙏🙏🙏
ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ အသက်ရှင်သ၍ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ကျနော်တို့ Budalin Mobile Team မှ ရဲဘော်တစ်ဦးတစ်ယောက်ချင်းစီက လေးနက်စွာ ကတိသစ္စာပြုပါတယ်ခင်ဗျာ။
#ဘုတလင်ရွေ့လျားစစ်ကြောင်း

25/05/2026

ယခုလို ကျနော်တို့စစ်ကြောင်းကို (၄) ကြိမ်မြောက် ကူညီထောက်ပို့ပေးပါသော "Junior Spring" အား ကျနော်တို့ ရဲဘော်တစ်ဦးတစ်ယောက်ချင်းဆီက ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။🙏🙏🙏

ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ အသက်ရှင်သ၍ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ကျနော်တို့ Budalin Mobile Team မှ ရဲဘော်တစ်ဦးတစ်ယောက်ချင်းစီက လေးနက်စွာ ကတိသစ္စာပြုပါတယ်ခင်ဗျာ။

#ဘုတလင်ရွေ့လျားစစ်ကြောင်း

Want your business to be the top-listed Government Service in Choa Chu Kang?

Click here to claim your Sponsored Listing.

Location

Category

Address


Choa Chu Kang
688217