ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့

ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့

Share

အရေးတော်ပုံ မုချအောင်ရမည်!

Photos from မောင်း's post 30/01/2026

သတင်းမတင်ဖြစ်တာလေးတွေ
#ကျနော်တို့ ပြန်ရှာလို့မရတဲ့အသက်တွေနဲ့တိုက်ပွဲ၀င်နေပါတယ်ဗျ
#မိဘပြည်သူတွေကပြန်ရှာလို့ရတဲ့ငွေနဲ့ကူညီထောက်ပံ့ကြပါအုန်းလို့🙏🙏🙏

28/01/2026

သတင်းမတင်ဖြစ်ခဲ့တာလေးပါဗျ🙏🙏🙏

28/01/2026

#ဦးစွာပထမစစ်မှန်သောပြည်သူများ တော်လှန်ရေးမှာ မိဘသဖွယ်အားကိုးအားထားရသော ပြည်သူများကိုရည်ရွယ်ခြင်းမဟုတ်ပါကြောင်း တောင်းပန်အပ်ပါသည်🙏🙏🙏
👉တစ်ချို့သောပြည်သူအမည်ခံ ခြံစည်းရိုးခွထိုင်သူများသိစေဖို့........
၁။ အကြမ်းဖက်စစ်ခွေးတွေ လမ်းပေါ်ထွက်လာတယ် တစ်ကောင်သေသေ နှစ်ကောင်သေသေ ၀င်ပစ်တဲ့အခါ ပြောလာတဲ့စကားက မထိရောက်ဘဲသွား စ နေတာ ရွာကျေမယ် ပြည်သူတွေပြေးရလွှားရ ဒုက္ခရောက်တယ်တဲ့
{ #ပြောပါရစေ အသက်ကိုလောင်းကြေးထပ်ပြီးအပျင်းပြေကစားနေတဲ့ ရဲဘော်တွေမဟုတ်ဘူး။ရံပုံငွေပေါလို့ အလဟဿဖြုန်းတီးနေတာမဟုတ်ဘူး။စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖို့ စစ်ရေးရည်မှန်းချက်နဲ့ စစ်ခွေးတစ်ကောင်သေရင်သေပါစေဆိုပြီး အသက်ကိုစတေးတိုက်နေကြတာပါ🙏}
၂။ တော်လှန်ရေးမှာ တစ်ပြားတစ်ချပ်မလှူ မကူဘဲ ဘေးထိုင်ဘုပြော ကိုယ့်အကျိုးစီးပွားထိခိုက်မှာ မီးရှို့ခံရမှာကြောက်ပြီး အသက်ပေးလုပ်နေတဲ့ ရဲဘော်တွေကို အပြစ်ပြော အပြစ်တင်နေသူများ
{ #ပြောပါရစေ တစ်ရွာလုံးမီးဘေးသင့် စစ်ရှောင်ပြီး ဒုက္ခရောက်နေတဲ့ ကျေးရွာတွေကပြည်သူတွေကို ကိုယ်ချင်းစာကြပါအုန်းလို့🙏}
၃။မအလ သေစေချင်တယ် စစ်တပ်မရှိမှအေးမယ် တော်လှန်ရေးအမြန်ပြီးချင်ပြီတဲ့
{ #ပြောပါရစေ သင်ကိုယ်တိုင် ပါ၀င်ပြီးပြီလား မလှူ မကူနိုင်ရင်တောင် တော်လှန်ရေးမှာအသက်နဲ့ရင်းပြီး ပါ၀င်နေသူတွေကို လေးစားမှုတောင် သင်ပေးခဲ့ပြီးပြီလား။}
၄။ကာကွယ်ရေးအဖွဲ့တွေ ဘယ်နားကနေ လက်နက်ကြီး ထုမှာတဲ့ ဘယ်နေရာကနေ ရဲဘော်တွေစုနေတာတဲ့ ဘယ်နေရာမှာရဲဘော်တွေအများကြီးရောက်နေတာတဲ့
{ #ပြောပါရစေ သင်ကိုယ်တိုင် ဒလန်လုပ်နေတာ သိရဲ့လား။}
၅။​ သူဟာသူနေတာကို သွား သွား စနေတာ ရွာမီးရှို့ခံရတော့မှာ ရွာဒုက္ခရောက်တော့မှာ သူဟာသူ ကားလမ်းပေါ်တက်ငွေကောက်တာ အလကားနေရင်းသွားပစ်တာ ကိုယ့်ရွာမီးရှို့မခံရ စစ်ကြောင်းထိုးမခံရရင်ပြီးရောတဲ့။
{ #မေးပါရစေ အဲလိုစကားပြောထွက်တဲ့ သင်က ကိုယ့်လိပ်ပြာကိုလုံရဲ့လား။ မီးရှို့ခံကျေးရွာကပြည်သူတွေ နှစ်နဲ့ချီပြီး အိမ်ပြန်မနေရဘဲ စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေကို အားမနာဘူးလား ခုလိုပြောထွက်တာ မရှက်ဘူးလား။ သင်ကိုယ်တိုင် စစ်တပ်ထောက်တိုင်ဖြစ်နေတာကို သတိထားမိရဲ့လား}

Photos from ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့'s post 13/12/2025

ကျနော်တို့ရဲဘော်လေးတွေအတွက် ကျည်ကာဦးထုပ်၊ကျည်ကာအင်္ကျီနှင့်ကျည်ကာပြားများဝယ်ယူထားသဖြင့်အကျွေးများကျနေပါသဖြင့် မိဘပြည်သူများအနေဖြင့်ပါဝင်လှူဒါန်း​​ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်ခဗျား ။

09/12/2025

အမြင့်ကိုစစ်ကူပြန်လာတဲ့အမြန်ယာဥ်နှစ်ဆီးကိုကျနော်တို့ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့နဲ့အတူSolo Aung. Gyi ပျောက်ကျားတပ်ဖွဲ့မှကြားဖြတ်တိုက်ခိုက်

21/11/2025

ပါဝန်လှူဒါန်ပေးပါသောကို wai phyo aung ကိုယ် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ

20/11/2025

ပါဝန်လှူဒါန်ပေးပါသောကိုစစ်ကိုင်းသားလေး ကိုယ် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ

11/11/2025

ပြည်သူ့အလှူငွေများနှင့်စုပေါင်း၍ဝယ်ယူထားသည့်အလတ်များအပြင်အကြွေးရှာ၍ဝယ်ယူစုဆောင်းထားသည့်အလတ်များပါဝင်သဖြင့်အလတ်ဖိုးအ​​ကြွေးများဆပ်နိုင်ရန်ကူညီလှူဒါန်းပေးကြပါအုန်းခင်ဗျ🙏🙏🙏
👉ပြန်ရှာလို့ရတဲ့ငွေနဲ့လှူပေးကြပါဗျာ
🤙ပြန်ရှာလို့မရတဲ့အသက်တွေနဲ့တော်လှန်ရေးပြီးသည်အထိအာဏာရှင်စနစ်အမြစ်ပြတ်သည်အထိကျနော်တိုတိုက်ပွဲဝင်သွားပါမည်ဟုကတိသစ္စာပြုပါသည်

02/11/2025

ပြည်သူ့အလှူငွေ အချည်းနှီးမဖြစ်စေရ🙏🙏🙏

Photos from ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့'s post 29/10/2025

ဟောင်ဝစ်ဇာ လက်နက်ကြီး အန္တရာယ် သတိပြု ကာကွယ်ပါ

အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်းမှာ ဟောင်ဝစ်ဇာလက်နက်ကြီးတွေကို ဖြန့်ကျက် တပ်ဆင်ထားပါတယ်။ အထူးသဖြင့် နွေဦးတော်လှန်ရေးကာလ ခုခံတော်လှန်မှု အားကောင်းတဲ့ အညာဒေသက မြို့နယ်အဆင့် မြို့တိုင်းမှာ ၂၀၂၃ ကစလို့ အနည်းဆုံး ဟောင်ဝစ်ဇာ လက်နက်ကြီး တစ်ခု တပ်ဆင်ထားပြီး တိုက်ပွဲမရှိတဲ့ အချိန်မှာတောင် ဘေးပတ်ဝန်းကျင်ကို ရမ်းကားပစ်ခတ်တာ၊ စမ်းသပ် ပစ်ခတ်တာတွေ လုပ်နေပါတယ်။

ဟောင်ဝစ်ဇာ လက်နက်ကြီးရဲ့ ဖျက်အားနဲ့ ပစ်ခတ်နိုင်တဲ့ အကွာအဝေး

၁၂၂ မမ အမြောက်ကျည်တွေကို ပစ်ခတ်နိုင်တဲ့ လက်နက် အမျိုးအစား ဖြစ်ပြီး ဖျက်အားပြင်းတာကြောင့် ဟောင်ဝစ်ဇာ အမြောက်လို့လည်း ခေါ်ကြပါတယ်။

ဟောင်ဝစ်ဇာလက်နက်ကြီးမှာ သုံးတဲ့ ၁၂၂ မမ ကျည် အများအပြားကို တပြိုက်နက် ပစ်ခတ်နိုင်အောင် ပြုပြင်ပြီး အတွဲလိုက် ပစ်စင် (multiple rocket launcher) တွေ အသုံးပြု ပစ်ခတ်တာမျိုးလည်း လုပ်နိုင်ပါတယ်။ အတွဲလိုက် ပစ်စင် (multiple rocket launcher) တွေကိုတော့ လိုအပ်တဲ့ နေရာတွေမှာ အလျင်အမြန် ရွှေ့ပြောင်းနိုင်အောင် အပေါ့စား စစ်သုံးကားတွေမှာ တပ်ဆင်အသုံးပြုလေ့ ရှိကြပါတယ်။

ဟောင်ဝစ်ဇာ လက်နက်ကြီးဟာ အကွာအဝေး ၂၂ ကီလိုမီတာဝန်းကျင် (၁၆မိုင်ခန့်)အထိ ပစ်ခတ်နိုင်ပြီး ကျရောက် ပေါက်ကွဲချိန် မီတာ ၃၀၀ (ပေ ၁၀၀၀ခန့်) အတွင်းရှိနေပါက အသက်သေဆုံးတဲ့အထိ ပြင်းထန်စွာ ထိခိုက်နိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

လူအုပ်စုလိုက်သေစေဖို့၊ စစ်အခြေစိုက် စခန်းတွေနဲ့ အဆောက်အဦးတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ပြီး ဟောင်ဝစ်ဇာ လက်နက်ကြီးကို အသုံးပြုတာမို့ လူအများ စုဝေးရာနေရာတွေ၊ စစ်ရေး အခြေစိုက် စခန်းတွေ၊ စစ်ရေး ပစ်မှတ်ထားနိုင်တဲ့ အဆောက်အဦးတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပါ။

ဟောက်ဝစ်ဇာအမြောက် တပ်ဆင်အသုံးပြုတဲ့ စစ်စခန်းတွေကနေ ၁၆ မိုင်အတွင်း နေထိုင်ပါက ချက်ချင်း ပြောင်းရွှေ့ပါ။ တင့်ကားနဲ့ စစ်သုံးကားတွေမှာလည်း တပ်ဆင်အသုံးပြုနိုင်တာမို့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသတွေ၊ စစ်အုပ်စု ချီတက်အသုံးပြုတဲ့ လမ်းတွေကနေ မိုင် ၂၀ အဝေးက ရှောင်ကွင်း သွားလာပါ။

သတိပြုဖို့

လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်ခံရချိန် အခိုင်အမာ တည်ဆောက်ထားတဲ့ ဗုံးခိုကျင်းထဲ ဝင်ရောက်ပုန်းခိုပါ။ နေအိမ်အတွင်း ရှိနေပါက နေအိမ် အဆောက်အဦးရဲ့ အလုံအခြုံဆုံး အခန်းကို ပုန်းခိုစရာအဖြစ် ရွေးချယ်ပါ။ အတတ်အနိုင်ဆုံး ပြတင်းပေါက်တွေ မရှိတဲ့ အခန်းကို ရွေးချယ်ပါ။ ပြတင်းပေါက်တွေ ရှိပါက ပြတင်းပေါက်နဲ့ ဝေးတဲ့ နေရာက စာပွဲလို အကာအကွယ်တွေအောက် ဝင်ရောက် ပုန်းခိုပါ။ ကွင်းပြင်၊လေဟာပြင်မှာ ရှိနေပါက မြေအနိမ့်ပိုင်း နေရာကို ရှာဖွေပါ။ ဦးခေါင်းကို လက်နှစ်ဖက်နဲ့အုပ်ပြီး တံတောင်နဲ့ မြေကြီးကိုထောက်ကာ မှောက်လျက်နေပါ။
MFP

29/10/2025

တော်လှန်ရေးတစ်ထောင့်တစ်နေရာကနေပါဝင်လှူဒါန်းပေးပါသော ဂျပန်ရောက် မဟေမာန်ငြိမ်းအားကျွန်တော်တို့ချင်းတွင်းကာကွယ်ရေးရဲဘော်များမှအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျ
#အရေးတော်ပုံအောင်ရမည်
#ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့CDF

Want your business to be the top-listed Government Service in Kallang?

Click here to claim your Sponsored Listing.

Location

Website

Address


432 Balestier Road Public Mansion #02/432
Kallang
329813