KLG PDF - ကျောက်လုံးကြီး

KLG PDF - ကျောက်လုံးကြီး

Share

ယင်မာပင်ခရိုင်တပ်ရင်း ၂၁ ၊ ၂၂ ၊ ၂၃
ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
KLG PDF - ကျောက်လုံးကြီး

30/12/2025

အမှတ်(၁)စစ်ဌာန
ယင်းမာပင်ခရိုင် အမှတ် (၂၂)တပ်ရင်း
ပြည်သူ့ကာကွယ်ရေးတပ်မတော်

ရက်စွဲ။ ။30.12.2025

အမိန့်ပြန်တမ်း

1. အမှတ်(၁)စစ်ဌာန ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ်(၂၂)တပ်ရင်းမှ ကိုယ်ပိုင်အမှတ် P 13022 315 တပ်သား ဂြိုလ်သား(ခ)ဖြိုးလင်းအောင်သိစေရန်

2. သင်သည် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း 2025ခုနှစ် ဒီဇင်ဘာလ 28ရက်နေ့က မြင့်မြတ်စွာကျဆုံးခဲ့သည်

3. ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း မိမိအသက်ကို ပေးလှူသွားခဲ့သော သင့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်

4. တပ်သား ဂြိုလ်သား (ခ) ဖြိုးလင်းအောင်၏ ရဲစွမ်းသတ္တိနှင့် စွန့်လွှတ် စွန့်စားမှုတို့ကို သင်၏ ရဲဘော် ရဲဘက်များက အစဉ်အောက်မေ့ သတိရလျှက် ပြည်သူ့တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဂတိသစ္စာပြုပါသည်။

5. ကိုယ်ပိုင်အမှတ် P 13022 315 တပ်သား ဂြိုလ်သား(ခ) ဖြိုးလင်းအောင် သင့်အား 2025ခုနှစ် ဒီဇင်ဘာလ 30ရက် ဤအမိန့်စာထုတ်ပြန်သည့် နေ့မှစ၍ ပြည်သူ့ကာကွယ်ရေး တပ်မတော် ယင်းမာပင်ခရိုင် အမှတ်(၂၂)တပ်ရင်း KLG PDFကျောက်လုံးကြီးတပ်အင်အားမှ ထုတ်ပယ်လိုက်သည်။

ရဲဘော်သင်သွားလိုရာသွားနိင်ပြီး
ရဲဘော် ကောင်းရာ သုဂတိလားပါစေ

30/12/2025

အမှတ်(၁)စစ်ဌာန

ယင်းမာပင်ခရိုင် အမှတ် (၂၃)တပ်ရင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်

ရက်စွဲ။ ။30.12.2025

အမိန့်ပြန်တမ်း

1. အမှတ်(၁)စစ်ဌာန ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ်(၂၃)တပ်ရင်းမှ ကိုယ်ပိုင်အမှတ် P 13023 006တပ်ခွဲမှူး ကိုသက်(ခ)သက်နိင်ထွန်းသိစေရန်

2. သင်သည် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း 2025ခုနှစ် ဒီဇင်ဘာလ 28ရက်နေ့က မြင့်မြတ်စွာကျဆုံးခဲ့သည်

3. ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း မိမိအသက်ကို ပေးလှူသွားခဲ့သော သင့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်

4. တပ်ခွဲမှူး ကိုသက် (ခ) သက်နိင်ထွန်း၏ ရဲစွမ်းသတ္တိနှင့် စွန့်လွှတ် စွန့်စားမှုတို့ကို သင်၏ ရဲဘော် ရဲဘက်များက အစဉ်အောက်မေ့ သတိရလျှက် ပြည်သူ့တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဂတိသစ္စာပြုပါသည်။

5. ကိုယ်ပိုင်အမှတ် P 13023 006 တပ်ခွဲမှူး ကိုသက်(ခ) သက်နိင်ထွန်း သင့်အား 2025ခုနှစ် ဒီဇင်ဘာလ 28ရက် ဤအမိန့်စာထုတ်ပြန်သည့် နေ့မှစ၍ ပြည်သူ့ကာကွယ်ရေး တပ်မတော် ယင်းမာပင်ခရိုင် အမှတ်(၂၃)တပ်ရင်း KLG PDFကျောက်လုံးကြီးတပ်အင်အားမှ ထုတ်ပယ်လိုက်သည်။

ရဲဘော်သင်သွားလိုရာသွားနိင်ပြီး
ရဲဘော် ကောင်းရာ သုဂတိလားပါစေ

Photos from KLG PDF's post 01/11/2025

ပန်းသတင်း လေညှင်းဆောင်၊ လူသတင်း လူချင်းဆောင်"

ကျွန်တော်တို့တပ်ရင်းရဲ့ ကောင်းခြင်းဆိုးခြင်းကို ကျွန်တော်တို့အခြေစိုက်ရာ ဒေသမှာရှိတဲ့ ပြည်သူလူထုရဲ့အသံကို နားထောင်ခြင်းအားဖြင့် သိနိုင်ပါတယ်

ကျွန်တော်တို့ အမှန်တကယ် အလုပ်လုပ်သလား၊ ရွှေ့ပြောင်းထိုင်စား အလုပ်များသယောင် ဟန်ဆောင်သလား ဆိုတာကို ကျွန်တော်တို့ စစ်ရေးလှုပ်ရှားရာ မြေပြင်မှာရှိတဲ့ နီးစပ်သူတွေကတဆင့် လေ့လာထောက်ရှုနိုင်ပါတယ်

ကြားသိ၊ တွေ့ရှိ၊ မြင်ရပြီးသည့်နောက် တော်လှန်ပြည်သူများကနေပြီးတော့ ထောက်ပို့ကူညီကြလိမ့်မယ် လို့ တထစ်ချ ယုံကြည်ထားပါတယ်

အားလုံးခက်ခဲကြတဲ့ ခေတ်ကြီးထဲမှာ အမြဲသတိတရနဲ့ တာဝန်မပျက် ထောက်ပို့ နေကြတဲ့ ရဲဘော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။

ဒေသအသီးသီးမှာ တိုက်ပွဲဝင်နေရတဲ့ ရဲဘော်တွေရော ပြည်သူအားလုံးပါ ဘေးကင်းစေကြောင်း ဆုတောင်းပေးရင်း ကျွန််တော်တို့လည်း ကျရာတာဝန်ကို ထမ်းဆောင်ဖို့ အချိန်မပြတ်ကြိုးစားနေကြာင်း အသိပေးအပ်ပါတယ်ခင်ဗျာ။


#ဗျူဟာ-၄၅

12/10/2025

အိမ်ပြန်မစောစေလို

တော်လှန်လိုစိတ်တွေနဲ့ တော်လှန်ခဲ့ကြတာလေညီကိုတို့
ငါတို့မှာ ငါတို့ပဲရှိတာပါကွာ ငါတို့ချင်းပဲအားကိုးရမှာပေါ့
သူ့ကြောင့်ငါ့ကြောင့်ဆိုတဲ့ ကြောင့်တွေပြောပြီး...ကျဆုံးသွားတဲ့အလောင်းတွေကိုကြည့်ရင်း မင်းပြောခဲ့တဲ့စကားတွေကို မေ့ပြစ်လိုက်တော့မှာလား
မရိုးသားသူတွေရဲ့ကြီးဆိုးမှုတွေနဲ့ ငါတို့တတွေ ဆီဆုံနွားလို ချာလည်ချာလည်ရုန်းခဲ့ကြတုန်းက အတူတူရုန်းခဲ့ကြတာပါဟာ
အခုက ပန်းတိုင်တစ်ခုစီ အရောက်သွားကြရမယ့်အချိန်ပါဟ
ရောင်နီသန်းနေပြီဆိုတာကို မင်းတို့သိပါတယ်..
လာပါဟ အတူတူရုန်းကြပါအုန်းစို့

08/10/2025

တို-က် ပွဲ သတင်းထုတ်ပြန် ကြေညာခြင်း
ရက်စွဲ။ ။8.10.2025

1.(8.10.2025)ရက် နေ့လည် ၁၂ နာရီ ၄၀ မိနစ် အချိန်က ကနီမြို့စောင့်တပ်မှ ကင်းလှည့်ထွက်လာသော စခနှင့်ရဲ အင်အား ၂၀ ခန့်ကို ကနီမြို့ရပ်ကွက်(၃) တွင် ယင်းမာပင်ခရိုင် (9+အဖွဲ့ဝင်) ဗျူဟာ (၄၅) KLG PDF နှင့် နယ်မြေခံ ပကဖ လှုပ်ရှားတပ်စိပ် (၁) စိပ် တို့ဖြင့် စောင့်ကြို တို- က် ခို- က် ခဲ့ပါသည်၊

2. (9+ အဖွဲ့ဝင်) ဗျူဟာ(၄၅) KLG PDF အဖွဲ့နှင့် နယ်မြေခံ ပကထ ရဲဘော်များစောင့်ကြိုတို- က် ခို- က်မှုကြောင့်
စခနှင့် ရဲ (၇) ေ-ဆုံ း ပြီး MA-1 (၁)လက် , MA-11(၁)လက် သိမ်းဆည်းရရှိပါသည်။

# # #
ဗျူဟာ ၄၅
KLG PDF

Photos from KLG PDF - ကျောက်လုံးကြီး's post 01/10/2025

ပန်းသတင်း လေညှင်းဆောင်၊ လူသတင်း လူချင်းဆောင်"

ကျွန်တော်တို့တပ်ရင်းရဲ့ ကောင်းခြင်းဆိုးခြင်းကို ကျွန်တော်တို့အခြေစိုက်ရာ ဒေသမှာရှိတဲ့ ပြည်သူလူထုရဲ့အသံကို နားထောင်ခြင်းအားဖြင့် သိနိုင်ပါတယ်

ကျွန်တော်တို့ အမှန်တကယ် အလုပ်လုပ်သလား၊ ရွှေ့ပြောင်းထိုင်စား အလုပ်များသယောင် ဟန်ဆောင်သလား ဆိုတာကို ကျွန်တော်တို့ စစ်ရေးလှုပ်ရှားရာ မြေပြင်မှာရှိတဲ့ နီးစပ်သူတွေကတဆင့် လေ့လာထောက်ရှုနိုင်ပါတယ်

ကြားသိ၊ တွေ့ရှိ၊ မြင်ရပြီးသည့်နောက် တော်လှန်ပြည်သူများကနေပြီးတော့ ထောက်ပို့ကူညီကြလိမ့်မယ် လို့ တထစ်ချ ယုံကြည်ထားပါတယ်

အားလုံးခက်ခဲကြတဲ့ ခေတ်ကြီးထဲမှာ အမြဲသတိတရနဲ့ တာဝန်မပျက် ထောက်ပို့ နေကြတဲ့ ရဲဘော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။

ဒေသအသီးသီးမှာ တိုက်ပွဲဝင်နေရတဲ့ ရဲဘော်တွေရော ပြည်သူအားလုံးပါ ဘေးကင်းစေကြောင်း ဆုတောင်းပေးရင်း ကျွန််တော်တို့လည်း ကျရာတာဝန်ကို ထမ်းဆောင်ဖို့ အချိန်မပြတ်ကြိုးစားနေကြာင်း အသိပေးအပ်ပါတယ်ခင်ဗျာ။


#ဗျူဟာ-၄၅

14/09/2025

ကျနော်က ဘာအတန်းပညာမှ မသင်ခဲ့ရဘူးဆိုပြီး...
ငါတို့ကို လမ်းတွေအများကြီး ခင်းပြသွားသူ။

ကျနော်က ဟိုတုန်းက ဂျစ်ကန်ကန်ဗျဆိုပြီး...
ငါတို့ကို သည်းခံခြင်းတရားတွေပြပေးသွားသူ။

ကျနော်က နိုင်ငံရေးလည်း နားမလည်ပါဘူးဗျာဆိုပြီး...
ငါတို့လို ငါတို့တွေနဲ့ တပ်ပေါင်းစုကြီး ဖွဲ့ပြသွားသူ။

ကျနော်တို့က ရင်းမှရမှာနော် မရင်းရင်မရဘူးလို့ဆိုပြီး...
ငါတို့ထက်အရင် ရင်းပြသွားသူ စစ်ကြောင်းမှူးရေ

အခုတော့..

ခင်ဗျား..တကယ်လွတ်မြောက်သွားပြီပေါ့ ။



14/09/2025

တိုက်ပွဲသတင်းထုတ်ပြန်ချက်

ကနီ၊ ချောင်းမရွာတွင် အင်အား (၁၀၀) ရှိ စစ်ကြောင်းကို တိုက်ခိုက်၊ ရန်သူ့ဘက်မှ (၃) ဦး သေဆုံး၊ စစ်သုံ့ပန်း (၄) ဦး နှင့် လက်နက်များရ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတွင် အကြမ်းဖက်စစ်တပ် တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၆) မှ ဗိုလ်မှူးသူရိန် ဦးဆောင်သော အင်အား (၁၀၀) ခန့်ပါ စစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) နှင့် မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ရာ ရန်သူ (၃) ဦး သေဆုံးပြီး စစ်သုံ့ပန်း (၄) ဦးနှင့် လက်နက်များ သိမ်းဆည်းရရှိခဲ့သည်။

ချောင်းမရွာရှိ ရန်သူ့စစ်ကြောင်းကို စက်တင်ဘာလ (၁၁) ရက်နေ့၊ နံနက် (၁၁) နာရီကျော်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ရန်သူများ ထိခိုက်ဆုံးရှုံးမှု များပြားခဲ့ခြင်းကြောင့် ဘန့်ဘွေးပျူစောထီးရွာသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ဆုတ်ခွာသွားသည့် စစ်ကြောင်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ပကဖ အဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း ရန်သူ့ထံမှ အလောင်း (၃) လောင်း၊ သုံ့ပန်း (၄) ဦး၊ MA-1 (၄) လက်၊ MA-3 (၁) လက်၊ MG-3 (၁) လက်၊ MAS စနိုက်ပါ (၁) လက်၊ ဂျမ်ပါ (၁) လုံးနှင့် တခြားသော စစ်အသုံးအဆောင် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Photos from အထူးတိုင်းစစ်ဌာန's post 28/08/2025

သတင်းထုတ်ပြန်ချက်
တပ်မှူးကြီးများ အစည်းအဝေး ကျင်းပ

၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၏ တပ်မှူးကြီးများအစည်းအဝေး (၁/၂၀၂၅) ကို ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၂၃၊ ၂၄၊ ၂၅) ရက်များတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

တပ်မှူးကြီးများ အစည်းအဝေးကို စစ်ဦးစီးချုပ် အမှူးပြု၍ ဒုစစ်ဦးစီးချုပ် နှင့် စစ်ရုံးချုပ်တာဝန်ရှိသူများ၊ အမှတ်(၁)စစ်ဒေသ စစ်ဒေသမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်မှူးကြီးများဖြစ်ကြသည့် တိုင်းစစ်ဌာန (၁၀) ခုမှ တိုင်းကွပ်ကဲရေးမှူး နှင့် ဒုတိယတိုင်းကွပ်ကဲရေးမှူးများ၊ ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိများ တက်ရောက်ခဲ့ကြသည်။

ပြည်သူ့ခုခံတော်လှန်စစ်၏ စစ်ရေးအောင်ပွဲများ ဆက်လက် ရရှိနေစေရေး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များကို အမိန့်ပေးကွပ်ကဲမှု ကောင်းမွန်ပြီး ကျင့်ဝတ် လိုက်နာသည့် တပ်မတော်တရပ်အဖြစ် စနစ်တကျ ဆက်လက်တည်ဆောက်ရေး၊ အကြမ်းဖက်စစ်တပ်ကို အပြီးသတ် အနိုင်ယူနိုင်ရေးတို့အတွက် တပ်မှူးကြီးများ အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်၏ ကွပ်ကဲမှု‌အောက်တွင် အောက်ပါတိုင်းစစ်ဌာန (၁၀) ခုကို ဖွဲ့စည်းဆောင်ရွက်လျက် တပ်ရင်း၊ တပ်ဖွဲ့များကို ကွပ်ကဲ တိုက်ပွဲဝင်လျက်ရှိသည်။

(၁) စစ်ကိုင်းတိုင်းစစ်ဌာန
(၂) မန္တလေးတိုင်းစစ်ဌာန
(၃) မကွေးတိုင်းစစ်ဌာန
(၄) ရှမ်းတောင်-ကယား(ကရင်နီ) တိုင်းစစ်ဌာန
(၅) နေပြည်တော်တိုင်းစစ်ဌာန
(၆) ပဲခူးတိုင်းစစ်ဌာန
(၇) ရန်ကုန်တိုင်းစစ်ဌာန
(၈) ဧရာဝတီတိုင်းစစ်ဌာန
(၉) ‌‌‌‌‌‌‌‌‌‌‌‌‌‌‌တနင်္သာရီတိုင်းစစ်ဌာန
(၁၀) အထူးတိုင်းစစ်ဌာန

အစည်းအဝေးတွင် တပ်မှူးကြီးများက မိမိတို့ တိုင်းစစ်ဌာနအလိုက် စစ်ရေးသုံးသပ်ချက် စာတမ်းများ တင်သွင်းခဲ့ကြပြီး လက်ရှိ တော်လှန်ရေးအခြေအနေအပေါ် သုံးသပ်‌ဆွေးနွေးခဲ့ကြကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်ချမှတ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

စစ်ရုံးချုပ်
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Want your business to be the top-listed Government Service in Singapore?

Click here to claim your Sponsored Listing.

Location

Website

Address


Singapore

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00