Beikthano People’s Defense Army - ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်

Beikthano People’s Defense Army - ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်

Share

ပြည်သူသည်သာ အဓိက ။ အရေးတော်ပုံအောင်?

06/01/2025

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်
မကွေးတိုင်းဒေသကြီး ( အရှေ့ခြမ်း )
( ပထမ )အကြိမ် သတိပေးခြင်း
စာအမှတ် ၊ ၀၀၂ / ၂၀၂၅
ရက်စွဲ ၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၄ )ရက်

အကြောင်းအရာ ။ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ( ပထမ )အကြိမ်သတိပေးခြင်းကိစ္စ ။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် စားဝတ်နေရေး ဆင်းရဲဒုက္ခရောက်ရှိနေသဖြင့် တိုင်းတစ်ပါးသို့ထွက်ကာ လုပ်ကိုင်စားသောက်နေကြသော မြန်မာအချင်းချင်း တတ်နိုင်သည့်ဘက်မှ ကူညီရိုင်းပင်း စောင့်ရှောက်ပေးခြင်းမရှိဘဲ သတင်းပေးဖမ်းဆီးကာ မြန်မာနိုင်ငံသို့ပြန်ပို့ခြင်း နှင့် ဆိုင်ကယ်များကို လိုက်လံဖမ်းဆီးခြင်းများ ပြုလုပ်နေသူများကို "ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်" အနေဖြင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ( ပထမ )အကြိမ် သတိပေးလိုက်သည်။
အထူးသဖြင့် တရုတ်နိုင်ငံ ၊ ကျင်းဟုန်မြို့ပေါ်တွင် လဝက နှင့် ပူးပေါင်းကာ မြန်မာအချင်းချင်း အမြှီးကျက်အမြှီးစား ခေါင်းကျက်ခေါင်းစားပြုလုပ်နေကြသော - မိုးသူ ၊ ဘဲဥ ၊ ကိုမျိုး ၊ ရှမ်းလေး ၊ ပလောင် ၊ ဟန်ညွှန့် တို့အပါအဝင် မိန်းကလေး ( ၂ )ယောက် တို့အား တရုတ်နှစ်သစ်ကူးမတိုင်မီ ရပ်တန်းကရပ်ရန် သတိပေးအပ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်သူလူထုဒုက္ခရောက်စေရန် ယခုကဲ့သို့ ဆက်လက်သတင်းပေး ပူးပေါင်းဆောင်ရွက်နေပါက သင်တို့ကိုယ်တိုင်အပါအဝင် သင်တို့၏နောက်တွင်ရှိသော သင်တို့၏မိသားစုများနှင့် ၎င်းတို့၏တည်နေရာများကို အတိအကျသိရှိထားပါသဖြင့် ကျွန်ုပ်တို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် သင်တို့အား အပြစ်ပေး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။

Photos from Beikthano People’s Defense Army - ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်'s post 04/01/2025

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ရရှိရေးအတွက် တိုက်ပွဲဝင်လျက်ရှိသော ကျွန်ုပ်တို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် အတွက် အားဖြည့်ပါဝင်လှုဒါန်းမှုအား ကျွန်ုပ်တို့တပ်ဖွဲ့မှ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည် ။

ကျွန်ုပ်တို့သည် စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ကြသည်အထိ ကြိုးစားတိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းကူညီပေးကြပါရန် လေးစားစွာဖြင့်မေတ္တာရပ်ခံအပ်ပါသည် ။

ဗိုလ်ထန်ထွဋ်

ပြန်ကြားရေးတာဝန်ခံ

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်

03/01/2025

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်
မကွေးတိုင်းဒေသကြီး ( အရှေ့ခြမ်း )
ပထမကြိမ်သတိပေးခြင်းနှင့် နောက်ဆုံးသတိပေးခြင်း
စာအမှတ် ၊ ၀၀၁ / ၂၀၂၅
ရက်စွဲ ၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၃ )ရက်

အကြောင်းအရာ ။ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ပထမအကြိမ်နှင့်နောက်ဆုံးသတိပေးခြင်းကိစ္စ ။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မကွေးတိုင်း ၊ မြို့သစ်မြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ( ၉ ) အတွက် ပေါ်တာစွဲခြင်းများ ပြန်လည်စတင်နေခြင်းနှင့်ပတ်သက်၍ ဦးဆောင်လုပ်ကိုင်နေသူများနှင့် ပူးပေါင်းဆောင်ရွက် နေသူများ သိရှိစေရန် ထုတ်ပြန်ခြင်းဖြစ်သည်။
အထူးသဖြင့် စစ်ကောင်စီ စီမံကောင်စီအဖွဲ့ဝင် ဦးမိုးဇော် ၊ "မနောဖြူ" နာမှုကူညီရေးအသင်းမှ ဦးထွန်းနေဇာ ၊ ကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံကြီး ၊ ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းကြွယ် ၊ လယ်ပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်း ၊ သူတစ်ပါးမျက်ရည်ကို အာဟာရလုပ်စားနေသော ပေါ်တာပွဲစား ကားသမား ဖြိုးလေး (ခ) ပြည့်ဖြိုး ၊ ဇော်ဇော် ( ပြန်/ဆက် ) ၊ ET တို့အပါအဝင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ၊ ရပ်/ကျေး စာရေးများ သိရှိစေရန် အလို့ငှာ သင်တို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများထံမှ အခြေခံသတင်းအချက်အလက်များကြောင့်သာ ရပ်ကွက်/ကျေးရွာနေ လူငယ်လူရွယ်များနှင့် ၎င်းတို့အပေါ်မှီခိုနေရသော မိသားစုဝင်များ သောကများဖြစ်ရပြီး ဒုက္ခများ ရောက်ကြကာ ပေါ်တာလူပြန်ပေးမှ ပြန်ရွေးရန်အတွက် အိမ်ခြေမဲ့ ၊ လယ်ယာမဲ့ဘဝသို့ ရောက်ရှိသွားခြင်းကို သင်တို့လည်း သိရှိပြီးဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်သူလူထုဒုက္ခရောက်စေရန် ယခုကဲ့သို့ ဆက်လက်သတင်းပေး ပူးပေါင်းဆောင်ရွက်နေပါက ကျွန်ုပ်တို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် သင်တို့အား အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။

ဗိုလ်ထန်ထွဋ်

ပြန်ကြားရေးတာဝန်ခံ

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်

28/12/2024

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်
မကွေးတိုင်းဒေသကြီး ( အရှေ့ခြမ်း )
တိုက်ပွဲသတင်း ကြေငြာချက်
စာအမှတ် ၊ ၀၀၃ / ၂၀၂၄
ရက်စွဲ ၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ( ၂၈ )ရက်

အကြောင်းအရာ ။ တိုက်ပွဲသတင်း ကြေငြာချက် ။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ( ၂၈ - ၁၂ - ၂၀၂၄ )ရက်နေ့တွင် မကွေးတိုင်း ၊ နတ်မောက် မြို့နယ်အတွင်းရှိ ကျေးရွာများမှလူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၊ လူသတ်ခြင်း ၊ ပစ္စည်းခိုးယူခြင်း ၊ လုယက်ခြင်းများပြုလုပ်၍ ပြန်လည်ဆုတ်ခွာလာသော အင်အား ( ၆၀ )ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းအား သမုန်းကုန်းကြီးကျေးရွာတောင်ဘက် ရထားလမ်းကူးနေရာ၌ မိုင်းကွင်း ( ၂ )ကွင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားနှင့် အရာရှိအပါအဝင် ( ၁၅ )ဦး သေဆုံးပြီး များစွာအပြင်းအထန်ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရပါသည်။
ယခုမစ်ရှင်အား မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြသော - ဝံပုလွေ - B01တပ်ရင်း ၊ ကျားသစ်နက် - B05တပ်ရင်း ၊ နက်မောက်မြို့ အခြေပြု ကြိုးကြာနီ - B07တပ်ရင်း ၊ နက်မောက် ပကဖ ၊ Aung San's Land ၊ ဂဠုန်တပ်ဖွဲ့ ၊ ငါးပြေမပြောက်ကြားတပ်ဖွဲ့ နှင့် 902 တပ်ရင်း တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။
သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် မဟာမိတ်တပ်ပေါင်းစုများနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။

ဗိုလ်ထန်ထွဋ်

ပြန်ကြားရေးတာဝန်ခံ

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်

Photos from Beikthano People’s Defense Army - ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်'s post 17/12/2024

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်
မကွေးတိုင်းဒေသကြီး ( အရှေ့ခြမ်း )
တပ်ရင်းဖွဲ့စည်းပုံနှင့် စစ်သည်တော်ကျင့်ဝတ်
စာအမှတ် ၊ ၀၀၂ / ၂၀၂၄
ရက်စွဲ ၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ( ၁၇ )ရက်

အကြောင်းအရာ ။ တပ်ရင်းဖွဲ့စည်းပုံနှင့် စစ်သည်တော်ကျင့်ဝတ် ။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် တပ်ရင်း ဖွဲ့စည်းပုံနှင့် စစ်သည်တော်တိုင်း တစ်ဦးချင်းအနေဖြင့် ပြုကျင့်ရမည့် ကျင့်ဝတ်များအား အောက်ဖော်ပြပါ အချက်များ အတိုင်း ဖွဲ့စည်းလိုက်နာဆောင်ရွက်သွားရန် ကြေငြာချက် ထုတ်ပြန်လိုက်သည်။
ယခုကဲ့သို့ ကြေငြာချက် ထုတ်ပြန်ရခြင်းမှာ မိမိတို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော်၏ တပ်ရင်း/တပ်ဖွဲ့များ ဖြစ်သော - မြို့သစ်မြို့အခြေပြု ဝံပုလွေ - B01တပ်ရင်း ၊ မြို့သစ်-နက်မောက် အခြေပြု ကျားသစ်နက် - B05တပ်ရင်း ၊ နက်မောက်မြို့ အခြေပြု ကြိုးကြာနီ - B07တပ်ရင်း များသာလျင် ဖြစ်ပေါ်လာသော ပြဿနာကိစ္စရပ်များအား ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ယူ ဖြေရှင်းသွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ အထက်ပါ တပ်ရင်း ( ၃ )ရင်းမှအပ အခြားဗိဿနိုးအမည်ခံ တပ်ရင်း/တပ်ဖွဲ့များမှ ဖြစ်ပေါ်လာသော ပြဿနာကိစ္စရပ်များအား ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော်အနေဖြင့် တာဝန်ယူဖြေရှင်းသွားမည် မဟုတ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

ဗိုလ်ထန်ထွဋ်

ပြန်ကြားရေးတာဝန်ခံ

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်

06/12/2024

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်
မကွေးတိုင်းဒေသကြီး ( အရှေ့ခြမ်း )
ပြည်သူများသို့ ပန်ကြားချက်
စာအမှတ် ၊ ဝ၀၁ / ၂၀၂၄
ရက်စွဲ ၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ( ၆ )ရက်

အကြောင်းအရာ ။ ။ ပြည်သူများသို့ ပန်ကြားခြင်း။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ( ၂၉.၁၁.၂၀၂၄ )ရက်နေ့ ၊ နေ့လည် ( ၁ း ဝ၀ )နာရီ အချိန်ခန့်တွင် ကျွန်ုပ်တို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်မှ နေပြည်တော် – ကံပြား လမ်းပိုင်းတစ်နေရာ၌ စကစဘက်တော်သား မဘသမျိုးချစ်ခေါင်းဆောင် ပျူစောထီး မင်းမင်း အား စစ်ရေးပြစ်မှတ်အဖြစ် သုတ်သင် ရှင်းလင်းခဲ့ပါသည်။
၄င်းဖြစ်စဉ်နှင့်ပတ်သက်၍ ပါဝင်သည့်ရဲဘော်များအား ခုံရုံးစစ်ဆေးရာမှ - ပျူမင်းမင်း၏ သက်တော်စောင့် များအား တော်လှန်ရေးရဲဘော်များမှ - ( မဆိုင်သူဘေးဖယ် ) ဟု ပြောခဲ့သော်လည်း ပျူမင်းမင်း၏ သက်တော်စောင့်များမှ ဘေးမဖယ်သည့်အပြင် ပြန်လည်ခုခံကြရာတွင် တော်လှန်ရေးရဲဘော်များမှ သေနတ်ဖြင့် ပစ်ခတ်ပါက အခြားပြည်သူများကိုပါ ထိခိုက်မည်စိုးသဖြင့် ဓါးဖြင့်အပြန်အလှန်ခုတ်ကြရာမှ ပျူမင်းမင်းနှင့်အတူ သူ၏သက်တောင်စောင့် တစ်ယောက် စုစုပေါင်းနှစ်ယောက်မှာ လက်လွန်သွားသဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ထွက်ဆိုချက်အရ သိရှိရပါသည်။
သို့သော် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ထွက်ပေါ်လာခဲ့သော မှတ်တမ်းဗီဒီယိုများမှာ International Humanitarian Law & International Human Rights Law များအရ ညှိစွန်းနေသောကြောင့် နောက်နောင်တွင် ဆင်ခြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများထံ ပန်ကြားအပ်ပါသည်။

ဗိုလ်ထန်ထွဋ်

ပြန်ကြားရေးတာဝန်ခံ

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်

05/12/2024

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်
မကွေးတိုင်းဒေသကြီး ( အရှေ့ခြမ်း )
မကွေးတိုင်းဒေသကြီး ( အရှေ့ခြမ်း ) ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် ထုတ်ပြန်ချက်

စာအမှတ် ၊ ဝ၀၁ / ၂၀၂၄
ရက်စွဲ ၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ( ၅ )ရက်

အကြောင်းအရာ ။ ။ အပြစ်ပေး အရေးယူခြင်း။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ( ၂၉.၁၁.၂၀၂၄ )ရက်နေ့ ၊ နေ့လည် ( ၁ း ဝ၀ )နာရီ အချိန်ခန့်တွင် နေပြည်တော် – ကံပြား လမ်းပိုင်းတစ်နေရာ၌ မဘသမျိုးချစ်ခေါင်းဆောင် ပျူစောထီး မင်းမင်း အား ရှင်းလင်းခဲ့သည့် ရဲဘော် မောင်ဇင်နိုင်ဖြိုး အပါအဝင် မောင်မင်းသူ ၊ မောင်ကျော်ခိုင် နှင့် မောင်ဝေဇင် တို့ ( ၄ )ဦးအား ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ခုံရုံးစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးချက်အရIHL- IHR နှင့် ညှိစွန်းနေသောကြောင့် ၄င်းရဲဘော် ( ၄ )ဦးအား ထောင်အချုပ် ( ၁ )နှစ် ပြစ်ဒဏ်ချမှတ်လိုက်သည်။

ဗိုလ်ထန်ထွဋ်

ပြန်ကြားရေးတာဝန်ခံ

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်

Photos from Beikthano People’s Defense Army - ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်'s post 03/12/2024

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်။

မကွေးတိုင်းဒေသကြီး (အရှေ့ခြမ်း)

ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ပါသောမဟာမိတ်များအားအထူး ကျေးဇူးတင်ရှိပါကြောင်း။

28/11/2024

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်

မကွေးတိုင်းဒေသကြီး (အရှေ့ခြမ်း)

သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုခြင်း

၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ (၂၈)ရက်

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက် ၌ ပဲခူးရိုးမ တနေရာတွင် နယ်မြေလုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်နေစဉ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းနှင့်တိုးပြီး အင်းအားအလုံးအရင်းနှင့် အကြမ်းဖက်ပစ်ခတ် ဖမ်းဆီးခဲ့ရာတွင် ကျွန်ုပ်တို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ နတ်မောက်မြို့နယ်တပ်ရင်း(ကြိုးကြာနီ တပ်ရင်း - BO-7 ) ၏ တပ်ရင်းမှူး ဗိုလ်ကျီးဇိုး (ခ) အောင်ဟိန်းဖြိုး (အက်စစ်) သည် သူရဲကောင်းပီသစွာ မြင့်မြတ်ခြင်းဖြင့်ကျဆုံး ခဲ့ရပါသည်။

အောင်ဟိန်းဖြိုး(ခ) ကျီးဇိုးသည် တိုင်းပြည်နှင့်ပြည်သူအတွက် ကျရာတာဝန်ထမ်းဆောင်းရင်း ဂုဏ်ရောင်ထွန်းပြောင်စွာကျဆုံး ခဲ့ရသည့်အတွက် သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ရဲဘော်၏ သတ္တိနှင့်ပေးဆပ်မှု့ကို အမြဲအမှတ်ရနေမည်ဖြစ်ပြီး ရဲဘော်၏ ပကတိ ရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ကျန်ရှိခဲ့သော ကျွန်ုပ်တို့ ရဲဘော်များအနေဖြင့်သွေးကြေးဆပ်ကာ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ကတိသစ္စာပြုအပ်ပါသည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်
ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေးအရှေ့ခြမ်း
ြိုးကြာနီတပ်ရင်း
#ဗိဿနိုး_pdf

Photos from Beikthano People’s Defense Army - ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်'s post 09/08/2024

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်တော် တွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအားဂုဏ်ပြုပွဲအခမ်းနားအားပြုလုပ်လာတာဆိုရင်ဖြင့် နှစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါသည်။ ယခုလိုလေးစားစွာပြုလုပ်ရခြင်းဟာဆိုရင် တော်လှန်ရေးအတွက်အသက်ကိုပေးဆပ်၍ အာဇာနည်သူရဲကောင်းတို့မျှော်လင့်တောင်းတခဲ့သော ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ပေါ်ပေါက်လာရေးအတွက်စွန့်လွှတ်အနစ်နာခံခဲ့သောသူရဲကောင်းတို့ရဲ့ဂုဏ်ရည်ကို မမေ့မပျောက်ပဲ ကျန်ရှိနေသောရဲဘော်များမှဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကတိသစ္စာဆိုတဲ့ဂုဏ်ပြုပွဲလဲဖြစ်ပါတယ်။ ထို့ကြောင့် မိဘပြည်သူတိုင်းရင်းသားညီကိုမောင်နှမများအားလုံးမျှော်လင့်တောင့်တသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာသည်အထိဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဗိဿနိုးတပ်တော်သားများမှထပ်ဆင့် ကတိသစ္စာပြုလိုက်ပါသည်။

ဂုဏ်ပြုပွဲအခမ်းနားတွင် တက်ရောက်ဂုဏ်ပြုခဲ့ကြသော အဖွဲ့စည်းများအားလုံးကိုလဲ ကျေးဇူးအထူးပင်တင်ရှိပါတယ်။

လေးစားစွာဖြင့် ကျီးကန်း (ဥက္ကဌ)

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်တော်

22/06/2024

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ရရှိရေးအတွက် တိုက်ပွဲဝင်လျက်ရှိသော ကျွန်ုပ်တို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် အတွက် အားဖြည့်ပါဝင်လှုဒါန်းမှုအား ကျွန်ုပ်တို့တပ်ဖွဲ့မှ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည် ။

ကျွန်ုပ်တို့သည် စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ကြသည်အထိ ကြိုးစားတိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းကူညီပေးကြပါရန် လေးစားစွာဖြင့်မေတ္တာရပ်ခံအပ်ပါသည် ။

ဗိုလ်ထန်ထွဋ်

ပြန်ကြားရေးတာဝန်ခံ

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်

Want your business to be the top-listed Government Service in Singapore?

Click here to claim your Sponsored Listing.

Location

Website

Address


Singapore