TWO FIVE DRONE FORCE

TWO FIVE DRONE FORCE

Share

အမှတ် ( ၂ ) စစ်ဆင်ရေးနယ်မြေ ၊ ဗျူဟာ ( ၂၅ ) ၊ ဗျူဟာဒရုန်းတပ်ဖွဲ့ ( TWO FIVE DRONE FORCE ) ၏ တရားဝင် Page ဖြစ်သည်။

16/04/2026

အသုဘအိမ် ဆိုပေမယ့်
ဖဲနိုင်တဲ့သူက
ပျော်နေတာပါပဲ ။

▪️မောင်လှမျိုး (ချင်းချောင်းခြံ)

03/04/2026

ကျွန်တော်တို့ TWO FIVE DRONE FORCE မှာထောက်ပို့ထီနဲ့ထောက်ပို့ကြတဲ့ ထောက်ပို့ပြည်သူများမှ ထီတွတ်ပေါက်ကြတဲ့ထီလက်မှတ် ၅၂ စောင်၊ စုစုပေါင်းကျပ်ငွေ ဆယ့်နှစ်သိန်းခြောက်သောင်းဖိုးရှိပါတယ်ဗျ။ သိန်းတစ်ထောင်မပေါက်ပေမဲ့လဲ ပေါက်ရင်ယူ မပေါက်ရင်ကူ ဆိုတဲ့အတိုင်း ကျွန်တော်တို့တပ်ဖွဲ့ အာဏာရှင်တော်လှန်ရေးအတွက် ပါဝင်ကူညီပေးကြသူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။ ၂၀၂၆၊ ၄လပိုင်းတွင်လဲ ထောက်ပို့ကူရင်း ရင်ခုန်နိုင်ပါသည်ခဗျာ။ ပျော်ရွှင်စရာနေ့ရက်လေးတွေပိုင်ဆိုင်ကြပါစေ🫶🫡

#ဗျူဟာ၂၅

#ပဲခူးတိုင်းစစ်ဌာန
#စစ်တောင်းမြစ်ဝှမ်း

08/03/2026

ငြိမ်းချမ်းစွာအနားယူပါ ရဲဘော်.....

02/03/2026

ပေါက်မဲဆုအရေတွက်( ၁၂၀၀၀ )ကျော် တိုးမြှင့်ပြောင်းလဲ သတ်မှတ်ပေးလိုက်ပါပြီ😍

နှစ်သစ်လက်ဆောင်အနေနဲ့ ကံထူးရှင်များများပေါ်ထွက်လာစေဖို့ ယခင်ဆုမဲပေါင်း(၃)ထောင်ကျော်ကနေ ယခု (၂၅) ကြိမ်မြောက်မှ စပြီး ဆုမဲပေါင်း ( ၁၂၀၀၀)ကျော်အထိ
တိုးမြင့်လိုက်ပါပြီခင်ဗျာ…

ထီဖွင့်တဲ့အခါ ကံထူးရှင်တွေအများကြီး ပေါ်ထွက်လာတော့မှာမို့ တွေးရင်းနဲ့တောင် ပျော်စရာကြီးပါ…

သတိထားစရာလေးတချက်ကတော့ ဒီမှာ တွက်ပြထားတာက
ထီလက်မှတ်ရောင်းရမှု အစောင်ရေ (10) သိန်းပေါ် မူတည်ပြီး
တွက်ပြထားတာဖြစ်လို့ ရောင်းအား အနည်းအများပေါ်မူတည်ပြီး ကွာခြားချက်တော့ ရှိမှာဆိုတာလေးပါ။

ဆုအရေအတွက်က များလာပြီး အရင်ဆုကြေးပေးထားတာထက် လျော့နည်းသွားတာကိုတော့ အားလုံးနားလည်ပေးကြမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်…

ကျနော်တို့ရဲ့ ရဲဘော်တွေ ၊စစ်ဘေးရှောင်ပြည်သူတွေ၊စားနပ်ရိက္ခာတွေ ၊ကျန်းမာရေးစောင့်ရှောင့်မှူတွေ နဲ့
သားသားမီးမီးလေးတွေရဲ့ ပညာရေးတွေ အတွက် ပိုပြီး ကူညီထောက်ပံ့ပေးနိုင်အောင်လို့ပါ…

▪️အထူးသတိပေးချက် အနေနဲ့ကတော့

ထီလက်မှတ်တစ်စောင်ကို ပေါက်မဲဆု (၁)ဆုသာ ပေးအပ်သွားမှာဖြစ်ပါတယ်။

▪️ဥပမာအနေနဲ့ရှင်းပြရရင်..

ပထမဆု ရဲ့ နောက်(၅)လုံးတူ ရင် အမြင့်ဆုံးဆုကြေးဖြစ်တဲ့ (၅)လုံးတူဆု (၁)ဆုကိုသာ ပေးမှာဖြစ်ပြီး ကျန်တဲ့
လေးလုံးတူ၊သုံးလုံးတူ၊နှစ်လုံးတူ ဆုတွေအတွက် အကြုံးဝင်မှာမဟုတ်တော့သလို ဆုကြေးပေးအပ်သွားမှာလည်း
မဟုတ်ပါဘူးခင်ဗျာ…

ဆုကြီး(၃)ဆု၏ +/- (1)တူဆု ဆိုတာကိုလည်းရှင်းပြပေးပါ့မယ်ခင်ဗျာ…

ပထမဆု၊ဒုတိယဆု နဲ့ တတိယဆုတို့ရဲ့ နောက်ဆုံးဂဏန်းအပေါ်တစ်လုံးလွဲ၊အောက်တစ်လုံးလွဲတာကိုပြောတာပါ..

ဥပမာအားဖြင့် ပထမဆုဆုရဲ့ နံပါတ်က 0671742 ဆိုရင်
နောက်ဆုံးနံပါတ်က (2 )ဖြစ်ပါတယ်။အဲ့ဒီတော့

(+ )အပေါ်တိုက်အနေနဲ့ 0671743
(-)အောက်တိုက်အနေနဲ့ 0671741 ဖြစ်ပါတယ်။

အဲ့လိုမျိုး ပထမဆု၊ဒုတိယဆု၊တတိယဆု တို့ရဲ့
နောက်ဆုံးဂဏာန်း အပေါ်တိုက်အောက်တိုက်တို့ကို
ဆုပေးအပ်သွားမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျာ…

များများထိုးရင် များများပေါက်တော့မှာမို့..

“ပျော်သလားဟေ့ မောင်တို့ရေ” လို့သာ
မေးလိုက်ချင်တော့တာ…😍

ပျော်တယ်ဆို အခုပဲ ထီလာထိုးတော့ခင်ဗျာ….

#ထောက်ပို့ထီ
#ဖက်ဒရယ်ခေတ်ဆီမျှော်မှန်းရည်တွဲလက်ညီညီထောက်ပို့ထီ
#သိန်း၁၀၀၀
#၂၅ကြိမ််မြောက်

03/02/2026

ကျွန်တော်တို့ TWO FIVE DRONE FORCE မှာထောက်ပို့ထီနဲ့ထောက်ပို့ကြတဲ့ ထောက်ပို့ပြည်သူများမှ ထီတွတ်ပေါက်ကြသူ ၂၈ယောက်ရှိပါတယ်ဗျ။ သိန်းတစ်ထောင်မပေါက်ပေမဲ့လဲ ပေါက်ရင်ယူ မပေါက်ရင်ကူ ဆိုတဲ့အတိုင်း ကျွန်တော်တို့တပ်ဖွဲ့ အာဏာရှင်တော်လှန်ရေးအတွက် ပါဝင်ကူညီပေးကြသူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။ ၂၀၂၆ ၂လပိုင်းတွင်လဲ ထောက်ပို့ကူရင်း ရင်ခုန်နိုင်ပါသည်ခဗျာ။ ပျော်ရွှင်စရာနေ့ရက်လေးတွေပိုင်ဆိုင်ကြပါစေ🫶🫡

#ဗျူဟာ၂၅

#ပဲခူးတိုင်းစစ်ဌာန
#စစ်တောင်းမြစ်ဝှမ်း

23/01/2026

တော်လှန်ပြည်သူလေးတစ်ယောက်ရဲ့မွေးနေ့မှာ ကျွန်တော်တို့တပ်ဖွဲ့ ကြက်သားဟင်းနဲ့ ခေါက်ဆွဲကြော်(ထမင်းလွတ်) နှစ်ရက်လောက်အူစိုခဲ့ရပါတယ်😍။ မွေးနေ့ရှင်လေးလဲ ကိုယ်စိတ်နှလုံးကျန်းမာရွှင်လန်းပါစေနော်🫶။


#ပဲခူးတိုင်းစစ်ဌာန
#အမှတ်၂စစ်ဆင်‌‌ရေးနယ်‌မြေ
#ဗျူဟာ၂၅


20/01/2026

သိန်း(၁၀၀၀)ကျပ် ကံထူးရှင်ရဲ့ဖေဖေ ပြောတဲ့ရင်းတွင်းစကား😭

ကျနော်တို့က ဒုက္ခအမျိုးမျိုးကြုံရတာပေါ့။၂၀၂၁ ထဲကနေ စစ်ရှောင်နေရတာ အခုထိ မပြန်နိုင်သေးဘူး…

တောထဲမှာနေရတာ အိုးလဲမရှိတော့ဘူး
အိမ်လဲမရှိတော့ဘူး။ရွာကိုပြန်ကြည့်ချင်တာတောင်မှ အချိန်လဲမရတော့ဘူး။

ကံထူးရှင် ကျနော့ရဲ့သမီး သူ့ရဲ့ရည်ရွယ်ချက်
ရည်မှန်းချက် အောင်မြင်သွားတယ်လို့ ယူဆတယ်ပေါ့။ရောင်းပေးတဲ့ ကိုယ်စားလှယ်တပ်ရင်း
KNDF တပ်ရင်း B/08 ကိုလည်း ကျေးဇူးပြန်တုံ့ပြန်ဖို့ ရည်ရွယ်ထားပါတယ်။

သိန်း(၁)ထောင်ကျပ် ကံထူးသွားတဲ့ ကျနော့သမီးလို နောက်ထပ်ကံထူးရှင်တွေပေါ်လာဖို့လဲ
ထောက်ပို့ရင်းကံစမ်းကြဖို့ ပြောချင်ပါတယ်ဆိုတော့…

(၂၅)ကြိမ်မြောက် သိန်း(၁)ထောင်ကျပ် ကံထူးရှင်ကို စောင့်မျှော်နေတာမို့ အခုပဲ ထီလာထိုးကြတော့နော်…

#ထောက်ပို့ထီ

#သိန်း၁၀၀၀
#ဖက်ဒရယ်ခေတ်ဆီမျှော်မှန်းရည်တွဲလက်ညီညီထောက်ပို့ထီ

Photos from TWO FIVE DRONE FORCE's post 12/01/2026

ကျွန်တော်တို့အဖွဲ့ ဆက်လျှောက်ရန် ခြေအိတ်များရောက်ရှိလာအောင်ကူညီပေးသော တော်လှန်ပြည်သူများနဲ့ တော်လှန်ရေးထုတ်ကုန်ဖြစ်သော
ဆက်‌လျှောက်အဖွဲ့အစည်းအား ကျွန်တော်တို့ (ဗျူဟာ ၂၅) Two Five Drone Force မှအထူးပင် ကျေးဇူးတင်ပါတယ်ခဗျာ🫶၊
ကျွန်တော်တို့တူတူဆက်လျှောက်ကြမယ်။💪




#ဗျူဟာ၂၅


11/01/2026

တော်လှန်ရေးအရှိန်မြင့်တက်လာတာနှင့်အမျှ ကျွန်တော်တို့ ဗျူဟာ ၂၅ ဒရုန်းတပ်ဖွဲ့ဟာလဲ နည်းပညာနှင့် တိုက်ခိုက်ရေးစွမ်းရည်များ ပိုမိုမြင့်တက်လာရန် ကြိုးစားနေကြပါတယ်။
ယခုကဲ့သို့ ကျွန်တော်တို့ဒရုန်းတပ်ဖွဲ့ကိုပါဝင်ကူညီအားဖြည့်ပေးကြသော တော်လှန်ပြည်သူတစ်ယောက်ချင်းစီတိုင်းကိုအထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။❤️🫶




#ဗျူဟာ၂၅


Photos from TWO FIVE DRONE FORCE's post 10/01/2026

"အဆင့်မြှင့်တင် တိုးတက်အောင်ပွဲဆင်"
🛩️🛩️🛩️🛩️🛩️🛩️🛩️🛩️🛩️🛩️

ဒရုန်းများအတွက် နည်းပညာအသစ်များဖြင့် အဆင့်မြှင့်တင်နိုင်ရန် နှင့် ထိခိုက်မှု၊ အသုံးပြုမှု ကြာမြင့်ပြီဖြစ်သော ဒရုန်းများ၏ အစိတ်အပိုင်းအပိုင်းများအား အဆင့်မြှင့်တင် အစားထိုးရန်လိုအပ်သော ပစ္စည်းကိရိယာများအား ဝယ်ယူစုဆောင်းနိုင်ခဲ့ပါပြီ။ ထိုကဲ့သို့ ဝယ်ယူအဆင့်မြှင့်တင်နိုင်ရန်၊ ဖြည့်တင်းနိုင်ရန် အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြသော မိဘပြည်သူ အလှူရှင်များ၊ ပစ္စည်းများအား ဝယ်ယူပို့ဆောင်ရေးတွင် ကူညီပံ့ပိုးပေးခဲ့ကြသော KNU တပ်မဟာ (၃)မှ လူကြီးမင်းများ၊ အမြဲလေ့ကျင့်၍ ကြိုးစားတိုက်ပွဲဝင်‌နေကြသောTWO FIVE DRONE FORCE မှ တပ်ဖွဲ့ဝင်များအား ဤ Post ဖြင့် အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။🙏🙏🙏
#ပဲခူးတိုင်းစစ်ဌာန လက်အောက်ရှိ ကျွန်တော်တို့ အဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်သည်အထိ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားပါမည် ဟု ကတိသစ္စာပြုပါသည်။


#ဗျူဟာ၂၅


09/01/2026

ဒါဆန္ဒပြတာထပ်ပိုပါတယ် ဒါတော်လှန်ရေးပါ
အီရန်ပြည်သူများစစ်မှန်တဲ့လွတ်လပ်မှူရပါစေ🙏
#ဗျူဟာ၂၅




Want your business to be the top-listed Government Service in Singapore?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Singapore
249694