10/11/2025
မျိုးဆက်ချင်း တိုက်မိခြင်း - ဒဂုန်တာရာ
#အတွေးအမြင်စာစဉ် (၁၆၂)
Books Rental for Personal Development and Burmese Books from my personal Library.
10/11/2025
မျိုးဆက်ချင်း တိုက်မိခြင်း - ဒဂုန်တာရာ
#အတွေးအမြင်စာစဉ် (၁၆၂)
08/11/2025
မိမိကိုယ်မိမိဖြတ်ကျော်ခြင်း - သန်းငြိမ်းအေး
#အတွေးအမြင်စာစဉ် (၁၆၂)
08/11/2025
အယူအဆအားကောင်းရေး - #အတွေးအမြင်စာစဉ်(၁၆၂)
20/09/2025
“အဖိုးထိုက်တန်တဲ့ အသိဉာဏ်ပညာတွေက လောကသဘာဝတရားကြီးထဲမှာ လိုချင်သူတွေ၊ သင်ယူနေသူတွေ၊ ရှာဖွေနေသူတွေအတွက် ရှိနှင့်ပြီးသား၊ လုံ့လဥဿဟ ထုတ်ပြီး ရှာဖွေကြဖို့သာ လိုတာပါ။ ရှာသူတွေကတော့ တွေ့ကြပါလိမ့်ဦးမယ်။”
17/09/2025
“Every morning, write a list of the things that need to be done that day. Do them.”
25/07/2025
လီကွမ်ယုပြောခဲ့တဲ့ခေါင်းဆောင်မှု သင်ခန်းစာများ
..........................................................................................
အခန်း(၁)
(၁)ဟားဗတ်တက္ကသိုလ် အစည်းအဝေးခန်းထဲ က မိတ်ဆက်ပွဲ
https://www.facebook.com/betterlifebooksrental/posts/676138612136612
(၂)လီကွမ်ယု ပြောတဲ့ သူတို့ ခေတ်
https://www.facebook.com/betterlifebooksrental/posts/676141428802997
(၃)စင်ကာပူက လက်နက်ချပွဲ နှင့် ဂျပန်ခေတ်
https://www.facebook.com/betterlifebooksrental/posts/676142872136186
(၄)ကျောင်းပြန်တက်ခြင်း
https://www.facebook.com/betterlifebooksrental/posts/676144422136031
(၅)ပါတီထောင်ကြခြင်း
https://www.facebook.com/betterlifebooksrental/posts/676145762135897
(၆)မလေးရှားနဲ့ပေါင်းပြီး လွတ်လပ်ရေးရယူခြင်း
https://www.facebook.com/betterlifebooksrental/posts/676147388802401
(၇)မလေးရှားမှ ခွဲထွက်ခြင်း
https://www.facebook.com/betterlifebooksrental/posts/676148968802243
..........................................................................................
အခန်း(၂)
(၁) စိန်ခေါ်မှုကြားက အရေးကြီးတဲ့ ခေါင်းဆောင်မှု
https://www.facebook.com/betterlifebooksrental/posts/676150952135378
(၂) နိုင်ငံရေးဆိုတာ ပါးနပ်ကျွမ်းကျင်မှု
https://www.facebook.com/betterlifebooksrental/posts/676152272135246
(၃) ကွန်မြူနစ်ခေါင်းဆောင်နဲ့ လျှို့ဝှက်တွေ့ဆုံခြင်း
https://www.facebook.com/betterlifebooksrental/posts/676153715468435
(၄) ကွန်မြူနစ်တွေဘက်က စတိုက်ပြီ
https://www.facebook.com/betterlifebooksrental/posts/676155768801563
..........................................................................................
အခန်း(၃)
(၁) မွေးရာပါ ခေါင်းဆောင်လား
https://www.facebook.com/betterlifebooksrental/posts/676156912134782
(၂) ခေါင်းဆောင်ဖြစ်စေခဲ့တဲ့ စကားပြောကောင်းမှု
https://www.facebook.com/betterlifebooksrental/posts/676158675467939
(၃) ဘာသာစကားအသစ်က လေးစားမှုတွေရ
https://www.facebook.com/betterlifebooksrental/posts/676159642134509
(၄) အကြီးမားဆုံးအားသာချက်
https://www.facebook.com/betterlifebooksrental/posts/676160835467723
(၅) ယုံကြည်ချက်တွေ ဘယ်လိုရလဲ
https://www.facebook.com/betterlifebooksrental/posts/676162062134267
(၆) ယုံကြည်ရာကို ပြောတတ်ဖို့
https://www.facebook.com/betterlifebooksrental/posts/676163395467467
..........................................................................................
အခန်း(၄)
(၁) သေမင်းနှုတ်ခမ်းက လွတ်ခဲ့ခြင်း
https://www.facebook.com/betterlifebooksrental/posts/676164895467317
(၂) မွေးရာပါသိစိတ်
https://www.facebook.com/betterlifebooksrental/posts/676165605467246
(၃) ယုံကြည်မှုရအောင် ဘယ်လိုလုပ်
https://www.facebook.com/betterlifebooksrental/posts/676166998800440
(၄) အသံလွှင့်ဌာနကနေ စကားပြောခြင်း
https://www.facebook.com/betterlifebooksrental/posts/676167882133685
(၅) ကွန်မြူနစ်ခေါင်းဆောင်ရဲ့ အစွမ်း
https://www.facebook.com/betterlifebooksrental/posts/676169142133559
(၆) ယုံကြည်မှုနဲ့လုပ်ပိုင်ခွင့်
https://www.facebook.com/betterlifebooksrental/posts/676170502133423
..........................................................................................
အခန်း(၅)
(၁) ယုံကြည်မှု မလျော့အောင်
https://www.facebook.com/betterlifebooksrental/posts/676171355466671
(၂) အလုပ်လုပ် ပြရမယ်
https://www.facebook.com/betterlifebooksrental/posts/676172678799872
(၃) ဂျွန်သောမတ်ကို ဆွေးနွေးစေခြင်း
https://www.facebook.com/betterlifebooksrental/posts/676173792133094
(၄) ကိုယ့်အကြောင်းကိုယ် ပြောရတာခက်တယ်
https://www.facebook.com/betterlifebooksrental/posts/676176822132791
(၅) လူရင်းတယောက်က ပြောပြတဲ့ လီကွမ်ယုအကြောင်း
https://www.facebook.com/betterlifebooksrental/posts/676177758799364
..........................................................................................
18/07/2025
အခန်း(၅)
အပိုင်း(၅)
လူရင်းတယောက်က ပြောပြတဲ့ လီကွမ်ယုအကြောင်း
.................................................................................................
သူ ပြောလို့ ပြီးသွားတော့၊ “အဲဒီပုဂ္ဂိုလ်က ခင်ဗျားကို ဘာပြောလိုက်သလဲ။” လို့ လီက ဂျွန်ကို ပြန်မေးလိုက်ပါတယ်။
“အားလုံးကိုပြောပြပါ့မယ်”လို့ ဂျွန်က ပြန်ဖြေပါတယ်။
“အချက် ၆ ချက်ရှိပါတယ်။ ဒါတွေကို သူနဲ့ ပြောဆိုပြီး အတော်လေးကြာတော့မှ ကျွန်တော်က ကိုယ့်စကားနဲ့ ကိုယ် ပြန်ချရေးထားတာပါ။
ပထမအချက်က သူ့ဆီမှာ ပြင်းပြတဲ့ ဆန္ဒနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိတယ်။ တခုခုကို “စ” လိုက်ပြီးတာနဲ့ ပြီးဆုံးအောင် လုပ်လေ့ရှိတယ်။ အောင်မြင်တဲ့အထိ အထပ်ထပ်အခါခါ လုပ်လေ့ရှိတယ်။ မဖြစ်ဘူးဆိုတာ မရှိဘူး။ ဒါကို အားလုံးကလည်း သိကြတယ်။”
“ဒါက ကျွန်တော့်အတွက် အကူအညီဖြစ်ပါတယ်”လို့ လီက ဝင်ပြောပါတယ်။
အားလုံးလည်း ရယ်မောလိုက်ကြပါတယ်။
“ခေါင်းမာတာပေါ့” လို့ ဒေါက်တာဟိုက်ဖတ်က ရယ်ရင်း ဝင်ပြောပါတယ်။
ဂျွန်က ဆက်ပြီး - “ဒုတိယအချက်က သူဘယ်ကို သွားချင်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် ကြည့်မြင်ပြီး ဆုံးဖြတ်လေ့ရှိတယ်။ အကြောင်းအကျိုးကိစ္စတွေကိုလည်း ဆက်စပ်ပြီး ကြည့်တတ် မြင်တတ် တယ်။ ဘယ်လိုဘယ်ပုံတွေ ဖြစ်ပျက်သွားတယ်ဆိုတာကိုလည်း သူများတွေထက်ပိုပြီး စုံစုံလင်လင် ထိုးထွင်းပြီး တွေ့နိုင် မြင်နိုင် သိနိုင်စွမ်းရှိတယ်။”
“တတိယအချက်က သူက ပတ်ဝန်းကျင်မှာ ဖြစ်နေသမျှကိုလည်း ပုံမှန်ထက်ပိုပြီး ဖမ်းဆုပ် သိမြင် နိုင်စွမ်းရှိတယ်။ အခြေအနေတွေကို သုံးသပ်ပြီး ဘာဖြစ်လာနိုင်တယ်ဆိုတာကိုလည်း နားလည်နိုင်စွမ်းရှိတယ်။ အတိုက်အခံတွေ ဘယ်က ထွက်လာပြီး တိုက်နိုင်တယ်ဆိုတာလည်း သူသိတယ်။ ပြည်သူတွေ ဘာလိုချင်သလဲဆိုတာကို သိတယ် - ဥပမာ အေးချမ်းလုံခြုံမှု ဒါမှမဟုတ် အလုပ်အကိုင်အခွင့်အရေး စတဲ့ အရာတွေကိုပေါ့။ ပြည်သူတွေ မျှော်လင့်တောင့်တနေတာတွေကို နားလည်သလို၊ သမိုင်းကြောင်းကိုလည်း ကောင်းကောင်းနားလည်ထားတယ်။”
“စတုတ္ထအချက်က နိုင်ငံရေးနဲ့ မူဝါဒ ကြားက ဆက်စပ်မှုကိုလည်း သူက သိနားလည်တယ်။ ပြင်ဆင်မှုတွေ၊ ဦးစားပေး လုပ်ဆောင်ရမယ့် အရာတွေ၊ ဘာတွေက လုပ်လို့ရတယ်၊ ဘယ်အချိန်မှာ၊ ဘယ်လိုလုပ်ရမယ်၊ ဆိုတာကိုလည်း သူနားလည်တယ်။ သူက စာဖတ်ရင်လည်း စေ့စေ့စပ်စပ် စစ်စစ်ပေါက်ပေါက် သိရအောင် ဖတ်တတ်တယ်။”
“ပဥ္စမအချက်က သူဖတ်ထား မှတ်ထား သိထားတဲ့ အကြောင်းတွေကိုလည်း ဆက်စပ်စဥ်းစား သုံးသပ်နိုင်စွမ်းရှိတယ်။ ဒီ မတူခြားနားတဲ့ အချိန်တွေမှာ ဖတ်ထားခဲ့တဲ့ အကြောင်းအရာတွေ၊ တခါတလေ တခုနဲ့ တခု အချိန်အကြာကြီး ကွာခြားနေပေမယ့်လို့ ဒါတွေကို ဆက်စပ်ကြည့်ပြီး နက်နဲစွာ နားလည်နိုင်စွမ်းရှိတယ်။”
“နောက်ဆုံး ဆဌမအချက်က သူက ရန်သူထဲကဖြစ်ဖြစ် မိတ်ဆွေထဲကဖြစ်ဖြစ် အတော်ဆုံးလူတွေကိုပဲ ရှာဖွေလက်ခံလေ့ရှိတယ်။ တခုခုကို မဆုံးဖြတ်ရသေးခင် အတိုက်အခံတွေ နဲ့ ဆန့်ကျင်ဘက်အမြင် တွေကိုလည်း လက်ခံကြိုဆိုလေ့ရှိတယ်။ သူ ဘယ်နေရာမှာ ရောက်နေတယ် ဆိုတာလည်း သူသိတယ်။” - လို့ ပြောရင်း ဂျွန်က လီရဲ့ လုပ်ဖော်ကိုင်ဖက်ပြောပြခဲ့တဲ့ သူ့အကြောင်းတွေကို ပြန်ပြောပြခဲ့ပါတယ်။
“ဒီပုဂ္ဂိုလ်က ကျွန်တော့်ကို အကြီးအကျယ် ထောက်ခံတဲ့သူ တယောက်ဖြစ်ရမယ်။” - လို့ လီက ရယ်ရင်းပြောလိုက်ပါတယ်။
18/07/2025
အခန်း(၅)
အပိုင်း(၄)
ကိုယ့်အကြောင်းကိုယ် ပြောရတာခက်တယ်
..............................................................................
ကိုယ့်ကိုယ်ကို မှန်ထဲ ပြန်ကြည့်ပြီး ပြောလို့မရပါဘူး၊ ကျွန်တော့်ရဲ့ ပုံပန်းသဏ္ဍာန်ကို ပြောလို့ရမယ်။ ဓါတ်ပုံရိုက်ယူချင်ရင်လည်း ရတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ စိတ်ထဲက စိတ်အားတက်ကြွမှုတွေကို ဘယ်လိုဖော်ပြရမလဲ၊ တခုခုလုပ်ဖို့ ရွေးချယ်ဖို့ အကျင့်ဖြစ်နေတဲ့ အကြောင်းတွေကို ဘယ်လို ပြန်ပြောပြရမလဲ။
တကယ်လို့ ခင်ဗျားက ပြောစေချင်ရင်တော့ ကျွန်တော်က တသမတ်တည်း (Consistent) ဆိုတဲ့ စကားလုံးကို ပြောရမှာပဲ။
ကျွန်တော်က ဒီနေ့ တမျိုးပြောလိုက်၊ မနက်ဖြန် တမျိုးပြောလိုက်၊ သဘက်ခါက နောက်တမျိုးပြောလိုက် လုပ်တတ်သူမျိုးမဟုတ်ဘူး။ ဒီလိုပြောလို့ ကျွန်တော်က အပြောင်းအလဲလုပ်တာကို မကြိုက်တာမျိုး မဟုတ်ပါဘူး။
တခါတလေ အခြေအနေတွေ ပြောင်းလာတဲ့အခါမျိုးတွေ ရှိတဲ့အခါမှာ ဒီဟာက အသုံးမဝင်တော့ဘူးလို့ ပြောဖို့ အဆင်သင့်ရှိပါတယ်။ ယေဘုယျ ခြုံပြီး ပြောရင်တော့ ကျွန်တော်က တသမတ်တည်း ရှိနေတတ်ပါတယ်။
ကျွန်တော့်မိန့်ခွန်းတွေကို စုပြီး စာအုပ်တအုပ် ထုတ်ထားတဲ့ သတင်းထောက် ၃ ယောက် ကျွန်တော့်မှာ ရှိပါတယ်။
စာအုပ်ပြီးတော့ “ဒီမိန့်ခွန်းတွေထဲက ဘယ်အရာကို သတိထားမိသလဲ၊ ဘာကို အဓိက အရေးကြီးဆုံးအရာ အနေနဲ့ တွေ့သလဲ” လို့ ကျွန်တော်က သူတို့ကို မေးတော့ ၃ ယောက်လုံးက အနှစ် ၄၀ လုံးမှာ တွေ့ရတာက ရှေ့နောက်ညီညွတ်မှု သို့မဟုတ် တသမတ်တည်းဖြစ်မှု (Consistency) လို့ပဲ ပြောပါတယ်။
ကျွန်တော် တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့တဲ့ အနှစ် ၄၀ အတွင်းမှာ၊ ဒီ နှစ်၄၀ ခရီးရဲ့ အစမှာပြောခဲ့တာက တလျှောက်လုံးလည်း ဒီအတိုင်း ဆက်ရှိနေခဲ့ပါတယ်။
ရှင်းရှင်းလင်းလင်း သိသိသာသာပါပဲ။ ဒါက လုပ်ရကိုင်ရ လွယ်ကူစေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားအပေါ် ကျွန်တော်ဘယ်လိုသဘောထားသလဲ၊ ကျွန်တော်ဘာလုပ်ချင်တာလဲဆိုတာ ခင်ဗျား သိနိုင်လို့ပါ။
ဒုတိယအချက်က ကျွန်တော်က ဆုံးဖြတ်ပြီးရင် မပြင်တော့ဘူး (Determined)။ အဲဒီကိစ္စကို ဒီနည်းနဲ့ လုပ်လို့မရရင်တောင် ကျွန်တော်က လက်မြှောက် အရှုံးပေးလိုက်ရပြီ လို့ မယုံပါဘူး။
အခြားဖြစ်နိုင်မယ့် နည်းလမ်းတွေ စဥ်းစားပြီး အဲဒီနေရာကို ရောက်အောင် သွားပါတယ်။ ဒါက လိုအပ်တဲ့အရာလို့ ကျွန်တော်ထင်ပါတယ်။
တကယ်လို့ ဒီလို ပြတ်သားတဲ့ ဆုံးဖြတ်ချက် မရှိရင် ခင်ဗျား အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ လုပ်ချင်တဲ့ ကိစ္စလည်း ပြီးစီးအောင်မြင်မှာ မဟုတ်ပါဘူး။
တတိယအချက်က ကျွန်တော်က ပြောချင်တဲ့ အကြောင်းအရာတွေကို လူတွေနားလည်အောင် ရိုးရိုးရှင်းရှင်းနဲ့ ပြောတတ်တယ်။
ကျွန်တော့်အမြင်ကို အခြားလူတွေ လက်ခံလာအောင် စည်းရုံးသိမ်းသွင်းနိုင်တယ်။ ပထမတကြိမ်နဲ့ မရရင်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ် စသည်ဖြင့် မလျော့တမ်း ပြောတတ်ပါတယ်။
ဒါကြောင့်လည်း နောက်ဆုံးတော့ သူတို့တွေ ကျွန်တော့်ဘက် ပါလာကြပါတယ်။
(မလျော့တမ်း ပြောတတ်ပုံကို အကြိမ်ရေတွေနဲ့ ပြောပြီး တတိယအချက်ပြီးတော့ စတုတ္ထအချက်လို့ မပြောပဲ ပဥ္စမအချက်လို့ ဆက်ပြီးပြောသွားပါတယ်။ - ကောင်းဆုသံ)
ပဥ္စမအချက်က ကျွန်တော်က မိတ်ဆွေသူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရာမှာ မှန်မှန်ကန်ကန်ပဲ ပြောဆိုဆက်ဆံလေ့ရှိတယ်။
ယုံကြည်မှုနဲ့ မတန်တဲ့သူတွေကို ဘယ်တော့မှ မယုံဘူး။ ဒါပေမယ့် ကျွန်တော် ယုံကြည်ထိုက်တယ်လို့ ယူဆတဲ့သူတွေကိုတော့ လုပ်ပိုင်ခွင့်အပြည့်ပေးထားပြီး သူတို့လုပ်ချင်တဲ့နည်းနဲ့ လုပ်ကိုင်ခွင့်ကိုပါ တရားဝင် ခွင့်ပြုထားပါတယ်။
ဒီဟာက တရုတ်စကားပုံတခုမှာ “လူတယောက်ကို ခိုင်းပြီးရင် မယုံမကြည်မလုပ်ပါနဲ့၊ မယုံရတဲ့သူဆိုလည်း ခိုင်းကိုမခိုင်းနဲ့” လို့ ပြောထားတာနဲ့လည်း ကိုက်ညီပါတယ်။
ကျွန်တော်က ဘယ်သူကတော့ မယုံရဘူးဆိုတာ လူကဲခတ်တဲ့နေရာမှာတော့ တော်သင့်သလောက် တော်တယ်လို့ ဆိုလို့ရပါတယ်။
ဒါက အီးကျူ (EQ: Emotional Quotient) - စိတ်ထဲကနေ ခံစားသိနိုင်တဲ့ စွမ်းရည်နဲ့ သက်ဆိုင်ပါတယ်။ ဒီဟာ အားနည်းရင်တော့ ဘယ်ခေါင်းဆောင်မှ ကြာကြာခံမယ်လို့ ကျွန်တော် မထင်ပါဘူး။
ခေါင်းဆောင်ဆိုတာက တခြားလူတွေပေါ်မှာ မှီနေရတယ်။ သူတို့ရဲ့ အကူအညီနဲ့ အလုပ်တွေပြီးအောင်လုပ်ရတယ်။ ခင်ဗျားက မျက်စိစုံမှိတ် ယုံတတ်သူ၊ ကိုယ်နဲ့ အမြင်မတူတဲ့သူတွေကို ယုံမိရင်တော့ ဒုက္ခရောက်မှာ မလွဲပါပဲ။
18/07/2025
အခန်း(၅)
အပိုင်း(၃)
ဂျွန်သောမတ်ကို ဆွေးနွေးစေခြင်း
..........................................................
“ဂျွန်သောမတ် ကျွန်တော်တို့က ခင်ဗျားကို ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။” လို့ ဒေးဗစ်ဂါဂန်က ဂျွန်သောမတ်ကို ပြောလိုက်ပါတယ်။
သူကဆက်ပြီး “ဒီလူက ခင်ဗျားနဲ့ အနီးကပ် အလုပ်လုပ်ဖူးတဲ့ လူတယောက်နဲ့ ခင်ဗျားရဲ့ ခေါင်းဆောင်မှုဆိုင်ရာနဲ့ ပတ်သက်တဲ့ အခြေခံ အကြောင်းတရားတွေ အကြောင်း မေးမြန်းဖူးပါတယ်။ ခင်ဗျား အဲဒီဟာကို ဆက်ပြောပေးလို့ရမလား” လို့ ပြောလိုက်ပါတယ်။
“ဟုတ်ကဲ့၊ ရပါတယ်” လို့ ဂျွန်သောမတ်က ဖြေပြီး သူကပဲ အောက်ပါအတိုင်း ဆက်ပြောပါတယ်။
“ပထမဆုံး ကျွန်တော့်အနေနဲ့ စီနီယာဝန်ကြီးကို ကျွန်တော်တို့နဲ့ အချိန်ပေးပြီး လာရောက် ဆွေးနွေးပေးလို့ ကျေးဇူးတင်တဲ့ အကြောင်း ပြောချင်ပါတယ်။
မနေ့တုန်းက ခင်ဗျားပြောပြခဲ့သလို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒီကိုလာရောက်ရတဲ့ အကြောင်းက ၁၉၆၈ ခုနှစ်တုန်းက ဟားဗတ်ကို လာရောက်ခဲ့ပြီး တလလောက် ခင်ဗျား သင်ယူလေ့လာရေးတွေ လုပ်ခဲ့တယ်၊ အဲဒီတုန်းက အကျိုးဖြစ်ထွန်းခဲ့တာတွေ အတွက် ခင်ဗျားအနေနဲ့ တခုခုပြန်လုပ်ပေးဖို့ အခွင့်အရေးရပြီ ဆိုပြီး ခံစားခဲ့ရတယ်။ ၃၂ နှစ် ကြာပြီးတဲ့ နောက်မှာတောင် ကျွန်တော်တို့ကို ကျေးဇူးတင်တဲ့အနေနဲ့ ခင်ဗျားဆီက လက်ဆောင်ပေးသလို ဒီလိုနည်းမျိုးနဲ့ ပြန်လုပ်ဆောင်ပေးဖို့ အဆင်သင့် ဖြစ်နေတာက တကယ့်ကိုပဲ သိသာလှပါတယ်။ အဲဒါတွေအားလုံး အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ ဂျွန်က ကျေးဇူးတင်စကားကို ရှည်လျားစွာ ပြောလိုက်ပါတယ်။
အဲဒီနောက် ဂျွန်ကဆက်ပြီး “ကျွန်တော့်မှာ ခင်ဗျားရဲ့ လုပ်ဖော်ကိုင်ဖက်တယောက်နဲ့ အချိန်အတော်ကြာတဲ့အထိ နေ့လည်စာ စားခွင့် ရခဲ့ပါတယ်။ အဲဒီလူက ခင်ဗျားနဲ့ တော်တော်နီးနီးကပ်ကပ် အလုပ်လုပ်ဖူးတဲ့သူတယောက်ပါ။
အဲဒီ စကားဝိုင်းမှာ ကျွန်တော်က “စီနီယာဝန်ကြီးရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ စရိုက်လက္ခဏာတွေက ဘာတွေလဲ၊ ခင်ဗျားအနေနဲ့ ဒါက သူ့ရဲ့ စရိုက်လက္ခဏာပဲလို့ ပြောလို့ရတဲ့၊ သူ့ကို ခေါင်းဆောင်တယောက်အနေနဲ့ ထင်ရှားစေတဲ့ အရာ လေး၊ ငါး၊ ခြောက်ခုလောက်ကို ညွှန်းပါ” လို့ သူ့ကို မေးလိုက်ပါတယ်။
သူ့ရဲ့ စကားမှတ်ချက်တွေကို သိချင်ခဲ့မယ်ဆိုရင်လည်း ခဏနေရင် ကျွန်တော်က ခင်ဗျားကို ဝမ်းမြောက်စွာပဲ ပြန်ပြောပြနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ခင်ဗျားရဲ့ ထင်မြင်ချက်ကိုနားထောင်ဖို့ ပိုပြီး စိတ်ဝင်စားပါတယ်။
ဘယ် အကြောင်းလက္ခဏာတွေက ခင်ဗျားရဲ့ ခေါင်းဆောင်မှုပုံစံကို ပြဌာန်းတယ်လို့ ထင်ပါသလဲ ခင်ဗျာ။” လို့ ပြောလိုက်ပါတယ်။