29/04/2026
မတ်လမှရရှိသော လစဉ်ကြေးထဲမှ သရက်ချောင်းမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူအိမ်ထောင်စု(122)ကိုကူညီပေးအပ်ခဲ့ပါသည်။
မိတ်ဆွေရဲ့ စ လုံးငွေငါးဒေါ်လာဟာတောထဲမှာစားစရာမရှိတဲ့သူတွေအတွက်ကတော့ကြီးမားတဲ့အထောက်အပံ့တစ်ခုဆိုတာသင်သိလား
29/04/2026
မတ်လမှရရှိသော လစဉ်ကြေးထဲမှ သရက်ချောင်းမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူအိမ်ထောင်စု(122)ကိုကူညီပေးအပ်ခဲ့ပါသည်။
28/04/2026
စ လုံးငွေငါးကျပ် သည် ဒီနိုင်ငံမှာနေပြီးအလုပ်လုပ်နေသူတွေအတွက်တော့ ဆိုင်မှာထမင်းတစ်နပ်စာတောင်မလောက်ငှနိုင်ပေမယ့် တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတဲ့ အဖိုးအဖွား သက်ကြီးရွယ်အိုတွေ၊ လူမမယ်ကလေးငယ်တွေနဲ့ ဒုက္ခရောက်နေသူတိုင်းအတွက်တော့ လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကိုကောင်းစွာထောက်ပံ့နိုင်မှာပါ။
----------------------------------------------------------------------------
စင်္ကါပူနိုင်ငံမှာနေကြတဲ့ ညီကိုမောင်နှမများအားလုံး မင်္ဂလာပါ။ ကျွန်တော်တို့ နိုင်ငံကလိုအပ်တဲ့နေရာတွေကိုကူညီနိုင်ဖို့ ပရဟိတအဖွဲ့လေးတစ်ခုဖွဲ့ဖို့ Member ခေါ်ချင်ပါတယ်။
ရည်ရွယ်ချက်ကတော့ အများလည်းမလှူနိုင် ငွေအနည်းငယ်နဲ့လှူရမှာကျတော့လည်း အားငယ်စိတ်နဲ့ မလှူဖြစ်တဲ့သူတွေပါ အားလုံးပါ၀င်နိုင်ဖို့ပါ။ အဲ့ဒီအတွက် member ၀င်မယ့်သူတိုင်းက တစ်လ စ လုံးငွေ (ငါးကျပ်) သာလှူရမှာပါ။ အဲ့ဒီထက်လည်းပိုလှူချင်တယ် ဆိုရင်တောင်လက်မခံပါဘူး။ဘာဖြစ်လို့လဲဆိုရင် အနည်းငယ်ပဲလှူနိုင်တဲ့သူတွေအတွက် pressure တစ်ခုဖြစ်လာမှာစိုးလို့ပါ။
အဲ့ဒီအတွက် member ၀င်တဲ့သူတိုင်းအားလုံးပါ၀င်မယ့် social network တစ်ခုကိုဖွဲ့ထားပါတယ်။
အခုလိုဖွဲ့တဲ့အတွက် ကိုယ့်ရဲ့နာမည်အမှန်အတိုင်းပေးစရာလည်းမလိုသလို အဖွဲ့ဝင်တိုင်းကိုလည်း ကျွန်တော် တို့ ပရဟိတအဖွဲ့ရဲ့ ကုဒ်နံပါတ်တစ်ခုစီပေးထားမှာဖြစ်ပါတယ်။ ဒီလိုဖွဲ့တဲ့အတွက် ကျွန်တော်တို့ ပါ၀င်သူအားလုံးသည် ဒီဂရုမှာ member ဘယ်နှစ်ယောက်ရှိတယ် အဲ့ဒီကနေ လစဥ် member fee ဘယ်လောက်ရတယ် အဲ့ဒီငွေတွေကို ဘယ်ဒေသကိုလှူတယ်ဆိုတာအားလုံးသိနေမှာဖြစ်ပါတယ်။ အလှူငွေကိုလည်း တစ်ဦးတည်းဆုံးဖြတ်ချက်မဟုတ်ပဲ EC တွေကနေတိုင်ပင်ဆွေးနွေးပြီးမှ ဘယ်ဒေသကပိုပြီးလိုအပ်နေလဲဆိုတာကိုဆုံဖြတ်ကြပါမယ်။ ဆုံးဖြတ်ပြီးရင် ဂရုထဲမှာ အားလုံးကိုတင်ပြပါမယ်။အဲ့ဒါမှ ကိုယ်တွေလှူမယ့်နေရာက အလှူငွေလက်ခံမယ့်သူသည် တစ်ခုခုချို့ယွင်းချက်ရှိတဲ့သူဆိုရင် သိတဲ့သူတစ်ယောက်ယောက်ကပြန်ထောက်ပြနိုင်မှာပါ။
အလှူငွေကိုတစ်ချို့က account တောင်မရှိတဲ့သူမျိုးတွေရှိပါတယ်။ အဲ့ဒီအတွက် အမာခံအဖွဲ့ဝင်များက မြေပြင်ထိလိုက်လံကောက်ယူပေးပါမယ်။ ဒီအဖွဲ့ကိုဖွဲ့ရခြင်းရဲ့ ရည်ရွယ်ချက်သည် အကြောင်းအမျိုးမျိုးကြောင့်လှူချင်သော်လည်း မလှူဖြစ်တဲ့သူတွေမရှိရအောင် အားလုံးပါ၀င်နိုင်တဲ့ နှုန်းထားလေးတစ်ခုသက်မှတ်ပြီး နှမ်းစေ့လေးတွေကိုစုစည်းပေးချင်တဲ့ရည်ရွယ်ချက်ပါ။
စ လုံးငွေငါးကျပ် သည် ဒီနိုင်ငံမှာနေပြီးအလုပ်လုပ်နေသူတွေအတွက်တော့ ဆိုင်မှာထမင်းတစ်နပ်စာတောင်မလောက်ငှနိုင်ပေမယ့် တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတဲ့ အဖိုးအဖွား သက်ကြီးရွယ်အိုတွေ၊ လူမမယ်ကလေးငယ်တွေနဲ့ ဒုက္ခရောက်နေသူတိုင်းအတွက်တော့ လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကိုကောင်းစွာထောက်ပံ့နိုင်မှာပါ။
ကျွန်တော်တို့နှမ်းစေ့လေးများအဖြစ်စုစည်းပြီး လူအယောက်တစ်ထောင်ပန်းတိုင်ဆီသို့သွားကြပါစို့ဗျ။
သိချင်တာရှိရင် chat box မှာ လာမေးလို့ရပါတယ်ခင်ဗျ 🙏
Photo crd
27/04/2026
မတ်လမှရရှိသောလစဉ်ကြေးထဲမှ ပခုက္ကူမြို့နယ် မြောက်လူးကန် ကျေးရာရှိ မီးဘေးသင့်စစ်ရှောင်ပြည်သူအိမ်ထောင်စု (၃၇၀)ကို
PAKOKKU YOUTH DEVELOPMENT COUNCIL တစ်ဆင့်ကူညီပေးအပ်ခဲ့ပါသည်။
12/04/2026
February လမှရရှိသောလစဉ်ကြေးထဲမှ
ညောင်လေးပင်မြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများကိုပေးအပ်ကူညီခဲ့ပါသည်။
10/04/2026
February လမှရရှိသော လစဉ်ကြေးထဲမှ
ပုလဲမြို့နယ်အတွင်းရှိစစ်ရှောင်ပြည်သူများကိုကူညီပေးအပ်ခဲ့ပါသည်။
15/03/2026
January လမှ ရရှိသောလစဉ်ကြေးထဲမှ
ကျိုက်ထိုမြို့နယ်အတွင်းရှိ
နေရပ်စွန့်ခွါ စစ်ရှောင်ပြည်သူအိမ်ထောင်စု (၁၈၀) ကို ကူညီပေးအပ်ခဲ့ပါသည်။
11/03/2026
January လမှရရှိသော လစဉ်ကြေးထဲမှ
ကလေးမြို့နယ်အတွင်း ရှိ အရေးပေါ်လိုအပ်နေသော
စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု (160)က်ို
“LIGHTHOUSE “အဖွဲ့မှတစ်ဆင့် အကူညီပေးအပ်ခဲ့ပါသည်။
07/02/2026
ဒီဇင်ဘာ လမှရရှိသောလစဉ်ကြေးထဲမှ
ကရင်နီပြည် ဖယ်ခုံ/မိုးဗြဲ zone မှာ ရှိသော စစ်ရှောင်ပြည်သူများကို “တွဲလက်များ - HOG “မိသားစုမှကူညီပေးအပ်ခဲ့ပါသည်။
30/01/2026
ဒီဇင်ဘာလမှရရှိသော လစဉ်ကြေးထဲမှ
ပေါက်မြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ အိမ်ထောင်စု (၂၄၀) ကို မြို့နယ်လူသားစားနာမှတစ်ဆင့် ကူညီပေးအပ်ခဲ့ပါသည်။
16/01/2026
နိုဝင်ဘာလ မှရရှိသောလစဉ်ကြေးထဲမှ ဝက်လက်မြို့နယ် အတွင်းရှိ စစ်ရှောင်ပြည်သူများကို
တွဲလက်များ-Hog (Singapore)မှ ပေးအပ်ကူညီခဲ့ပါသည်။
10/01/2026
နိုဝင်ဘာလမှရရှိသောလစဉ်ကြေးထဲမှပခုက္ကူမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ အိမ်ထောင်စု ၁၁၃ စုတို့ကိုမြို့နယ်လူသားစာနာမှတစ်ဆင့်ပေးအပ်ကူညီခဲ့ပါသည်။
26/12/2025
အောက်တ်ိုဘာ မှရရှိသောလစဉ်ကြေးထဲမှ တနင်္သာရီတိုင်းရှိစစ်ရှောင်ပြည်သူများကိုကူညီပေးအပ်ခဲ့ပါသည်။