People's Defense Force - TC တပ်ခွဲရုံး

People's Defense Force - TC တပ်ခွဲရုံး

Share

ကျနော်တို့ PDF တွေအားလုံး ပြည်သူတွေအတွက်အမြဲရှိ​နေပါတယ်

05/10/2024

People's Defense Force - TC (စစ်သင်တန်းကျောင်း) အတွက် အထွေထွေအသုံးစရိတ် 1,212,500 MMK ကူညီထောက်ပံ့ပေးပါသော "ဒေါ်အေးအေးဝင်းနှင့် သူငယ်ချင်းများUSA)" အား မိမိတို့ရဲဘော်များမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဤဂုဏ်ပြုလွှာဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

#အလှူမှတ်တမ်း

Photos from People's Defense Force - TC တပ်ခွဲရုံး's post 13/09/2024

အောက်တိုဘာလ (၃၀) ရက်နေ့အထိသာ လျှောက်ထားနိုင်မည့် PDF - TC အခြေခံစစ်သင်တန်း
-----------------------------------------------------------------------
ယခုပုံရိပ်များကတော့ အခြေခံစစ်သင်တန်း အပတ်စဉ် (၅) မှ သင်တန်းဆင်းရဲဘော်များရဲ့ သင်တန်းကာလပုံရိပ်များပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သင်တန်း သားအဖြစ်မှ တပ်သားသစ်ရဲဘော်များအဖြစ် ကျရာနေရာမှာ စစ်အာဏာရှင်ကျဆုံးရေးအတွက် တာဝန်ထမ်းဆောင်နေကြပြီဖြစ်ပါတယ်။

ယခုကဲ့သို့ ကျွန်တော်တို့ PDF - TC စစ်သင်တန်းကျောင်းမှ အပတ်စဉ် (၅) ခုအထိ အခြေခံစစ်သင်တန်းများပေးခဲ့ပြီး ရဲဘော်များစွာ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ မကြာမီ အပတ်စဉ် (၆) စတင်တော့မှာဖြစ်တဲ့အတွက် စစ်အာဏာရှင်ကျဆုံးရေး တိုက်ပွဲဝင်ရန် စိတ်အားထက်သန်သူ လူငယ်များအနေနဲ့ အချိန်မီလာရောက်လျှောက်ထားကြဖို့ အသိပေးတိုက်တွန်းအပ်ပါတယ်။

Photos from People's Defense Force - TC တပ်ခွဲရုံး's post 02/09/2024

People's Defense Force - TC (စစ်သင်တန်းကျောင်း) အတွက် ရိက္ခာများဝယ်ယူရန် လစဉ်အမာခံထောက်ပို့ပေးသောအလှူရှင်များအား မိမိတို့ရဲဘော်များမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဤဂုဏ်ပြုလွှာဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

#အလှူမှတ်တမ်း

26/08/2024

အဖိနှိပ်ခံပြည်သူများကိုကာကွယ်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်သားသစ်များ ခေါ်ယူခြင်း

People's Defense Force - TC မှ အသစ်ထပ်မံတိုးချဲ့မည့် တပ်ရင်းတပ်ဖွဲ့များအတွက် တပ်သားသစ်များခေါ်ယူနေပါပြီ။ လူမျိုး၊ ဘာသာ၊ ကျား/မ မရွေး လာရောက်လျှောက်ထားနိုင်ပါသည်။

လျှောက်ထားလိုသူများအနေဖြင့် -
၁။ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းဖြစ်ရမည်။
၂။ ကျန်းမာရေးအထူးကောင်းမွန်ရမည်။
၃။ ပင်ပန်းဆင်းရဲမှုဒါဏ်ခံနိုင်ရမည်။
၄။ စစ်ဆင်ရေးအချိန်များတွင် မိသားစု၊ ဆွေမျိုး၊ ချစ်ခင်ရသူများနှင့် အဆက်အသွယ်ဖြတ်နိုင်ရမည်။
၅။ အနည်းဆုံး(၂)နှစ်အထိ စစ်မှုထမ်းနိုင်ရမည်။
၆။ တပ်ဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကိုလိုက်နာနိုင်ပြီး ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရမည်။
*....................*
- KNU/KNLA ၏ လက်အောက်ခံ လှုပ်ရှားတပ်ရင်းတပ်ဖွဲ့တစ်ခုအနေနှင့် သွားမည်ဖြစ်သည်။
- လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု၊ စစ်လက်နက်နှင့် ရိက္ခာများထောက်ပံ့ပေးမည်ဖြစ်သည်။
- မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားရမည်ဖြစ်သည်။
- စစ်အာဏာရှင်ကျဆုံးရေးအတွက် နိုင်ငံတော်၏ မည်သည့်နေရာဒေသတွင်မဆို သွားရောက်၍ တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့် Page Messenger (သို့) Telegram [ t.me/YazarKyaw , t.me/mformera ] မှတဆင့် ဆက်သွယ်နိုင်ပါသည်။

#သင်တန်းသားသစ်

Photos from People's Defense Force - TC တပ်ခွဲရုံး's post 14/08/2024

စစ်အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲဝင်ရန်အတွက် အပြင်းအထန်လေ့ကျင့်နေကြသော တော်လှန်ရေးမျိုးဆက်သစ်လူငယ်များ

#သင်တန်းသား

Photos from People's Defense Force - TC တပ်ခွဲရုံး's post 07/08/2024

မိုးစပါးစိုက်ပျိုးချိန်၌ လူထုအကျိုးပြု ကောက်စိုက်လုပ်အားပေးနေကြသော ရဲဘော်များ

Photos from People's Defense Force - TC တပ်ခွဲရုံး's post 30/07/2024

မိုးကာလ တောင်ကျရေစီးနေသည့်အချိန်တွင် တောတွင်းတနေရာ၌ လမ်းပမ်းဆက်သွယ်ရေးအခက်အခဲကြားမှ လိုအပ်သောရိက္ခာများအား အဖွဲ့လိုက်စည်းစည်းလုံးလုံးဖြင့်သယ်ယူနေကြသော အခြေခံစစ်သင်တန်းအပတ်စဉ် (၅) မှ သင်တန်းသားတို့၏ပုံရိပ်များ

#သင်တန်းသား

Photos from People's Defense Force - TC တပ်ခွဲရုံး's post 19/07/2024

မြို့ပြတိုက်ပွဲ‌အတွက် လေးထောင့်ပုံစံအခန်းကျဥ်းအတွင်း ဝင်ရောက်ရှင်းလင်းမှုပုံစံကို ဆရာများမှ အပတ်စဉ် (၅) သင်တန်းသားများအား လေ့ကျင့်သင်ကြားပေးနေမှုပုံရိပ်များ

#စစ်သင်တန်း

Photos from People's Defense Force - TC တပ်ခွဲရုံး's post 13/07/2024

PDF_TC စစ်သင်တန်း အပတ်စဉ် (၅) မှသင်တန်းသားများ၏ ၃ ရက်၊ ၃ ညတာ တောင်ပေါ်ခံစစ်ကုန်း လေ့ကျင့်ရေးအတွက် စခန်းချပြင်ဆင်နေမှုပုံရိပ်များနှင့်အတူ အခြေခံစစ်သင်တန်းတက်ရောက်ရန်စောင့်မျှော်နေသူများအတွက် မကြာမီအချိန်အတွင်း သတင်းကောင်းတခုကြေညာရန်ရှိကြောင်း အသိပေးအပ်ပါသည်။

#သင်တန်းသား

Photos from People's Defense Force - TC တပ်ခွဲရုံး's post 07/07/2024

၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း PDF_TC အခြေခံစစ်သင်တန်း အပတ်စဉ် (၅) မှသင်တန်းသားများ၏ သင်တန်းတွင်းပုံရိပ်တချို့အား အများပြည်သူသိရှိစေရန် ဖော်ပြပေးလိုက်ပါသည်။

30/06/2024

မင်္ဂလာပါရှင့်။ ကျွန်မတို့ TC စစ်သင်တန်းကျောင်းမှ ရဲဘော်များနှင့်သင်တန်းသားများအတွက် လိုအပ်သောဆေးဝါးများကို ကူညီထောက်ပံ့ပေးပါသော အမေရိကန်နိုင်ငံမှ ဒေါ်အေးအေးဝင်းနှင့်သူငယ်ချင်းများကို
အထူးပင်ကျေးဇူးတင်ပါတယ်ရှင့်။

#အလှူမှတ်တမ်း

17/05/2024

အသိပေးကြေညာခြင်း

ကျွန်တော်တို့ People's Defense Force - TC page နှစ်ခုအနက် တစ်ခုမှာ တောကျီးကန်စစ်ကြောင်း၏ သတင်းနှင့်ပြန်ကြားရေးအတွက် အမည်ပြောင်းလဲ၍ အသုံးပြုနေခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ မိမိတို့တပ်ဖွဲ့၏ လူသစ်ခေါ်ယူခြင်းများမှအစပြု၍ ပြည်သူလူထုထံ သတင်းပြန်ကြားရန်အတွက် ကျန်ရှိသည့် People's Defense Force - TC တပ်ခွဲရုံး page အား ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်ခင်ဗျာ။

Want your business to be the top-listed Government Service in Singapore?

Click here to claim your Sponsored Listing.

Location

Address


Singapore