16/04/2026
96 Soldiers- PDF တွင် တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံရေးဌာနမှ ရဲဘော် ဦးဌေးဝင်း (၆၂)နှစ်သည် ၂၀၂၆ ခုနှစ် ဧပြီလ (၁၆) ရက်နေ့ (ကြာသာပတေးနေ့)တွင် ၉၆ ပါးသောရောဂါဖြင့် ကွယ်လွန် ကျဆုံးသွားပါသဖြင့် ဤ အမိန့် ပြန်တမ်းအား ထုတ်ပြန်လိုက်သည်။
ဦးဌေးဝင်းသည် နွေဦးတော်လှန်ရေးမတိုင်ခင် ကတည်းက စစ်အာဏာရှင် အုပ်စုအား ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပါသည်။ ဦးဌေးဝင်းအနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲလမ်းခုလတ်တွင် မြင့်မြတ်စွာကျဆုံးရင်း သူ၏အသက်ကိုပေးလှူခဲ့ပါသည်။ သို့ဖြစ်ပါ၍ 96 Soldiers-PDF တပ်ဖွဲ့မှ ရဲဘော်ဦးဌေးဝင်းအတွက် ကြေကွဲဝမ်းနည်းစွာဖြင့် ယူကျုံးမရဖြစ်ရသလို သူ၏စွန့်လွတ်အနစ်နာခံမှုအတွက်လည်း ဂုဏ်ယူမိပါသည်။
ထပ်မံ၍ မပြီးဆုံးသေးသော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲကို ပြီးဆုံးအောင် ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ပြည်သူများ၏ရှေ့၌ ကျွန်ုပ်တို့ 96 Soldiers-PDF တပ်ဖွဲ့မှ ကတိသစ္စာ ပြုအပ်သည်။ ယခုအခါ သင်၏ဝိညာဉ်သည် ငြိမ်းချမ်းစွာ အနားယူနိုင်ပြီး ငြိမ်းချမ်းသောနေရာသို့ ရောက်ရှိပြီဖြစ်သည့်အတွက် ယနေ့မှစ၍သင်သည် 96 Soldiers-PDF တပ်ဖွဲ့နှင့် လုံးဝမသက်ဆိုင်တော့ပါကြောင်း သင်သွားလိုရာသွားနိုင်သည်ဖြစ်ကြောင်း ဤစာဖြင့်အမိန့်ပြန်လိုက်သည်။
14/04/2026
ရဲဘော်တွေက အဖွဲအစည်းမှာ တာဝန်ထမ်းဆောင်ခဲ့တာ ၄နှစ်ကျော်ခဲ့ပြီ။သူတို့ဒီနှစ်တွေမှာ လခစားဝန်ထမ်းမဟုတ်ကြဘူး၊ ပွဲတော်ရက်တွေလည်း ရှေ့မှာပဲတာဝန်ထမ်းဆောင်ကြတာများတယ်။ရဲဘော်တို့ စိတ်ကလေးခဏတာပျော်ဖို့ ကျွန်တော်တို့ တပ်အနေနဲ့ သင်္ကြန်မုန့်ဖိုးပေးဖြစ်ပါတယ်။
10/04/2026
၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ကျရောက်သည့် အာရက္ခတပ်တော်(AA) ဖွဲ့စည်းတည်ထောင်သည့် ၁၇ နှစ်မြောက်နေ့ကို မိမိတို့ 96 Soldiers- PDF တပ်ဖွဲ့မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။
အမျိုးသားလွတ်မြောက်ရေးအတွက် မရပ်မနား ကြိုးပမ်းကြသည့် အာရက္ခအာဇာနည်ရဲဘော်များ၊ တပ်ဖွဲ့ဝင်များ၊ ပံ့ပိုးကူညီကြသည့် ရက္ခိုင့်ပြည်သူများအားလုံးကို လေးစားဂုဏ်ယူရပါသည်။
အာရက္ခတပ်တော်အနေဖြင့် မိမိတို့ 96 Soldiers- PDF တပ်ဖွဲ့အား လေ့ကျင့်သင်ကြားပေးခြင်း၊ အကူအညီများ ပေးအပ်ခြင်းနှင့် လက်ရှိတိုက်ပွဲများတွင် လက်တွဲတိုက်ပွဲဝင်ခွင့်ပေးခြင်းတို့အတွက်လည်း အထူးကျေးဇူးတင်ရှိပါသည်။
အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်သူများ လိုလားတောင့်တနေသည့် အာရက္ခအိပ်မက် ပြီးပြည့်စုံအောင် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ရင်း ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
26/12/2025
96 Soldiers - PDF တွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲဘော်အောင်အောင် ကိုယ်ပိုင်အမှတ်
SR-0096108 သည် ၂၀၂၅ခုနှစ် ဒီဘာလ၂၆ရက်(သောကြာနေ့)တွင် မဟာမိတ်နှင့်အတူတိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရသည့်အတွက် ဤအမိန့်ပြန်တန်းစာအား ထုတ်ပြန်လိုက်သည်။
ရဲဘော်အောင်အောင်သည် နွေဦးတာ်လှန်ရေးကာလတွင် 96 Soldiers - PDF တပ်ဖွဲ့၌ ပါဝင်၍
စစ်အာဏာရှင်ကို လက်နက်စွဲကိုင်ပါတော်လှန်ခဲ့ပါသည်။ ရဲအောင်အောင်အနေဖြင့် စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲလမ်းခုလတ်တွင် မြင့်မြတ်စွာကျဆုံးရင်းသူ၏အသက်ကိုပေးလှူခဲ့ပါသည်။ သို့ဖြစ်ပါ၍ 96 Soldiers - PDF တပ်ဖွဲ့မှ ရဲဘော်အောင်အောင်အတွက် ကြေကွဲဝမ်းနည်းစွာဖြင့် ယူကျုံးမရဖြစ်ရသလို သူ၏စွန့်လွတ်အနစ်နာခံမှူအတွက်လည်း ဂုဏ်ယူမိပါသည်။
ထပ်မံ၍ မပြီးဆုံးသေးသော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲကို ပြီးဆုံးအောင်ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ပြည်သူများ၏အရှေ့၌ ကျွန်ုပ်တို့ 96 Soldiers - PDF တပ်ဖွဲ့မှကတိသစ္စာပြုအပ်သည်။ ယခုအခါသင်၏ဝိညာဉ်သည် ငြိမ်းချမ်းစွာအနားယူနိုင်ပြီး ငြိမ်းချမ်းသောနေရာ မြင့်မြတ်သောနေရာသို့ ရောက်ရှိပြီးဖြစ်သည့်အတွက် ယနေ့မှစ၍သင်သည် 96 Soldiers - PDF တပ်ဖွဲ့နှင့် လုံးဝမသက်ဆိုင်တာ့ပါကြောင်း သင်သွားလိုရာသွားနိုင်သည်ဖြစ်ကြာင်း ဤစာဖြင့်အမိန့်ပြန်လိုက်သည်။
15/12/2025
"နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု" ဖွဲ့စည်းကြောင်းကြေညာခြင်း
ရက်စွဲ ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်
13/10/2025
ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားမှာ အတွေးပေါင်းစုံကျန်ခဲ့တယ်။ ဒီလိုခေတ်ပျက်ကြီးမှာ ဒီလိုQuality ကားတွေ ကြည့်ခွင့်ရတာကျေးဇူးအရမ်းတင်တယ်။ကျွန်တော်တို့ 96 Soldiers ကရဲဘော်တွေလည်း ဝေးဝေးတို့ကို ချစ်ပါတယ်ဗျ 🤍
?
09/10/2025
ဆောင်းစစ်သည် ဆိုတာဘာလဲ?
လာမယ့် ဆောင်းရာသီမှာ ရှေ့တန်းထွက်ကြမယ့် ကျွန်တော်တို့ 96 Soldiers-PDF မှရဲဘော်တွေအတွက် လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမယ့်ကမ်ပိန်း ဖြစ်ပါတယ်။ ဒီကမ်ပိန်းမှာ မိဘပြည်သူများ အဆင်ပြေသလိုပါဝင်နိုင်အောင် Categories တွေခွဲထားပေးပါတယ်။
(၁) ပွိုင့်ဖိနပ် - ၁၀,၀၀၀ ကျပ်
(၂)ကျောပိုးအိတ် - ၃၀,၀၀၀ ကျပ်
(၃)ဆေးဝါး - ၅၀,၀၀၀ ကျပ်
(၄)ယူနီဖောင်း - ၁၀၀,၀၀၀ ကျပ်
မိဘပြည်သူများ စိတ်ကြိုက်ရွေးချယ် ပါဝင်လို့ရပါတယ်ခဗျာ။
08/10/2025
96 Soldiers-PDF တပ်ဖွဲ့တည်ထောင်ခြင်း(၄)နှစ်ပြည့် နှင့် စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား မဟာမိတ်ဒေသတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
05/10/2025
ကျွန်တော်တို့ လာမယ့်ရှေ့တန်းစစ်ဆင်ရေးအတွက်လိုအပ်ချက်တွေရှိနေပါတယ် ။ဒီ့အတွက် ဆောင်းစစ်သည်ကမ်ပိန်းလေးကို ဝိုင်းဝန်းပေးကြပါဦးခဗျာ။