TWC2 Burmese

TWC2 Burmese

Share

A page for Myanmar migrant workers ❤️

22/05/2026

📢 ကြေငြာချက်

လာမည့် အီဒ်နေ့ (Hari Raya) နှင့် ကဆုန်လပြည့်နေ့ (Vesak Day) ရုံးပိတ်ရက်များကြောင့် ယခုအပတ်နှင့် လာမည့်အပတ်တွင် ကျွန်ုပ်တို့၏ ရုံးဖွင့်ချိန်များ အနည်းငယ် ပြောင်းလဲပါမည်။ ပြင်ဆင်ထားသော ရုံးဖွင့်ချိန်များကို မှတ်သားထားပေးပါရန်နှင့် ရုံးပြန်ဖွင့်သည့်ရက်များတွင် ပြန်လည်ဆုံတွေ့ကြပါမည်။ ❤️

အကယ်၍ သင်သည် ယခုရုံးပိတ်ရက်များ (မေလ ၂၇ ရက် သို့မဟုတ် မေလ ၃၁ ရက်) တွင် အလုပ်လုပ်ရမည်ဆိုပါက လုပ်ခလစာကို မှန်ကန်စွာ ရရှိကြောင်း သေချာပါစေ။ ကျွန်ုပ်တို့ထံ ဆက်သွယ်လိုပါက ပုံမှန်ရုံးဖွင့်ချိန်များနှင့် ရုံးတည်နေရာများကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

📍 180B Bencoolen St, #09-01 The Bencoolen, Singapore 189648
☀️ ပုံမှန် ရုံးဖွင့်ချိန်များ တနင်္လာ မှ သောကြာနေ့ မနက် ၉ နာရီ မှ ညနေ ၅ နာရီ ထိ
🚆 အနီးဆုံး MRT များ- Rochor, Bugis, Bencoolen
*TWC2 မှ မြန်မာစကားပြော စေတနာ့ဝန်ထမ်းသည် အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး နှင့် သောကြာ နေ့ (မနက်၁၀ မှ ညနေ ၄ နာရီအတွင်း)

📍 1C Rowell Road, Singapore 207958
🌜 ပုံမှန် ရုံးဖွင့်ချိန်များ တနင်္လာမှ သောကြာ၊ ညနေ ၆:၃၀ နာရီ မှ ညနေ ၈:၃၀ နာရီ ထိ

💬☎️ WhatsApp: +65 62977564

05/05/2026

🤩🤝 ကျွန်ုပ်တို့၏ အထူးရုံးချိန်များ ကြေငြာခြင်း။

TWC2 မှ မြန်မာစကားပြော စေတနာ့ဝန်ထမ်းသည် အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ကျွန်ုပ်တို့၏ရုံးခန်းတွင် ရှိနေပါမည်။ သင့်မေးခွန်းများ သို့မဟုတ် ပြဿနာများအတွက် ရှင်းလင်း တိကျသောအဖြေများ လိုအပ်ပါက နံနက် 10.00 မှ ညနေ 4.00 နာရီအတွင်း ကျွန်ုပ်တို့၏ရုံးခန်းသို့ အခမဲ့လာရောက်ဆွေးနွေးနိုင်ပါတယ်။

အသေးစိတ်အချက်လက်များ-
📆 နေ့ရက်များ - အင်္ဂါနေ့, ဗုဒ္ဓဟူးနေ့, သောကြာနေ့
⏰ အချိန်- နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီ
📍 လိပ်စာ- 180B Bencoolen St, #09-01 The Bencoolen, Singapore 189648
🚆 အနီးဆုံး MRT များ- Rochor, Bugis, Bencoolen

Google maps: https://share.google/p0g0nnVVv8LK5IdBJ

TWC2 အနေနှင့် မြန်မာရွေ့ပြောင်းညီအကိုမောင်နှမများအားလုံးကိုကူညီဖို့ရှိနေပါတယ်။ ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို
♥️ like
💌 Share
💬 comment ပေးနိုင်ပါတယ်။

03/05/2026

အလုပ်ကိစ္စဆိုင်ရာ ပြဿနာတွေ ရှိလာတဲ့အခါ ဘယ်လိုဆောင်ရွက်ရမလဲ နားမလည် မသိရှိပါက TWC2 ကို လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ facebook message သို့ whatsapp +65 62977564 သို့ ဆက်သွယ်နိုင်ပါတယ်။ WICA case အတွက် ရှေ့နေမလိုအပ်ပါ။ 🫶

30/04/2026

အခု Live တွင်သိလိုသည်များမေးနိုင်ပါတယ်။ စစ်တမ်းတွင်ဖြေဆိုပေးခဲ့သူများထဲမှ $200တန် ကံစမ်းမဲ ၂ဆု ရွေးချယ်ပေးသွားမှာပါ

28/04/2026

📢 မင်္ဂလာပါ။ ဧပြီလ ၂၉ ရက် (ဗုဒ္ဓဟူးနေ့) နေ့လည် ၁၂ နာရီတွင် ပြုလုပ်ရန် စီစဉ်ထားသော Facebook Live အစီအစဉ်အား ဧပြီလ ၃၀ ရက် (ကြာသပတေးနေ့) နေ့လည် ၁၂ နာရီသို့ ပြောင်းလဲထားပါတယ်။ အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ပါက အားနာပါတယ်။

ကြာသပတေးနေ့တွင် $200 ဆုကို ရရှိနိုင်မည့် ကံထူးရှင် ၂ ဦးထဲမှ တစ်ဦးဖြစ်နိုင်မည့် အခွင့်အရေးရရှိစေရန် ပါဝင်ကြည့်ရှုရန် ဖိတ်ခေါ်အပ်ပါတယ်။

26/04/2026

⏰ ‼️ နောက်ဆုံးအခွင့်အရေး

၂ မိနစ်သာ ကြာမြင့်မယ့် လုပ်ငန်းခွင်အမျိုးမျိုးဆိုင်ရာ စစ်တမ်းကို ဖြေဆိုပြီး $200 ရရှိနိုင်မယ့် အခွင့်အရေးကို လက်မလွှတ်လိုက်ပါနဲ့။

🥳 စစ်တမ်းကို ဖြေပြီးတဲ့နောက်မှာတော့ ကျွန်ုပ်တို့၏ Facebook Live ကို လာမည့် ဧပြီလ ၂၉ ရက် (ဗုဒ္ဓဟူးနေ့) နေ့လည် ၁၂ နာရီတွင် ဝင်ရောက်ကြည့်ရှုပြီး ကံထူးရှင် ၂ ဦးအနက် တစ်ဦးဖြစ်မဖြစ်ကို သိရှိနိုင်ပါတယ်။

စစ်တမ်းဖြေဆိုဖို့ နောက်ဆုံးအခွင့်အရေး 👉
$200 ရရှိနိုင်မယ့် နောက်ဆုံးအခွင့်အရေး

19/04/2026

ကျွန်ုပ်တို့ Page ကို Follow လုပ်ထားသော Followers အသစ်များအတွက်-

TWC2 သည် ၂၀၀၄ ခုနှစ်မှစ၍ စင်္ကာပူနိုင်ငံရှိ ပြည်ပရောက်ညီအစ်ကိုများအတွက် အခမဲ့ဝန်ဆောင်မှုများပေးနေသည့် NGO ဖြစ်ကြောင်း သတင်းပေးချင်ပါတယ်။ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများတွင် -
💟 လစာအကြံဉာဏ်နှင့် တောင်းဆိုမှုများ
💟 ထိခိုက်ဒဏ်ရာရခြင်းအတွက် အကူအညီ (WICA) တောင်းဆိုမှုများ
💟 အလုပ်ဥပဒေဆိုင်ရာ အကြံဉာဏ်များ (ဥပမာ - နုတ်ထွက်ခြင်း၊ မှားယွင်းစွာရပ်စဲခံရခြင်း၊ ဝင်ငွေခွန် စသဖြင့်)
💟 အခြားအထူးပြဿနာများ (ဥပမာ - Singpass ပြဿနာများ)

**သို့သော် ကျွန်ုပ်တို့သည် အလုပ်ရှာပေးသော အေဂျင်စီမဟုတ်ကြောင်း သတိပြုပါ။**

အကူအညီလိုအပ်ပါက
📩 Facebook
📩 WhatsApp (+65 62977564)

📍 180B Bencoolen St, #09-01 The Bencoolen, Singapore 189648
☀️ ပုံမှန် ရုံးဖွင့်ချိန်များ တနင်္လာ မှ သောကြာနေ့ မနက် ၉ နာရီ မှ ညနေ ၅ နာရီ ထိ
*ရုံးသို့ မလာရောက်မီ ကျေးဇူးပြု၍ WhatsApp မှတဆင့် ရက်ချိန်းရယူပါ။

Photos from TWC2 Burmese's post 17/04/2026

⭐🎊ပျော်ရွှင်ဖွယ်နှစ်သစ်ကူးအခါသမယကို ကြိုဆိုရင်း ကျွန်ုပ်တို့၏ follower များအားလုံးကို နှုတ်ခွန်းဆက်သအပ်ပါတယ်။

သင်နှင့်သင့်မိသားစုများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုအင်ဆန္ဒများပြည့်ဝနိုင်ကြပါစေ ။

TWC2 အနေဖြင့် နှစ်ပေါင်းများစွာ ကျွန်ုပ်တို့ကို ဆက်လက်အားပေးကူညီမှုအတွက် အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ပြည်ပရောက်ညီအစ်ကိုမောင်နှမများအတွက် အခမဲ့ ကူညီပေးရင်း၊ သင့်ပြဿနာများကို စင်္ကာပူနိုင်ငံသားများနှင့် အစိုးရထံ ဆက်လက်တင်ပြပေးမှာ ဖြစ်ပါတယ်။ 📢🤝

🌊🫶 ပြီးခဲ့သော တနင်္ဂနွေနေ့တွင် ကျင်းပခဲ့သော သင်္ကြန်ပွဲတော်တွင် ကျွန်ုပ်တို့နှင့်အတူ ပါဝင်ဆင်နွဲပေးကြသူများအားလုံးအတွက်လည်း အလွန်ဝမ်းမြောက်မိပါတယ်။ လာရောက်ပါဝင်ခဲ့ကြသည့်အတွက် ကျေးဇူးအထူးတင်ရှိပြီး မကြာမီတွင် ထပ်မံတွေ့ဆုံနိုင်ရန် မျှော်လင့်ပါတယ်။

05/04/2026

💟 TWC2 သင်္ကြန်ပါတီ 2026

တနင်္ဂနွေ၊ ၁၂ ဧပြီနေ့တွင် ကျင်းပမည့် TWC2 သင်္ကြန်ပါတီပွဲတွင် ပါဝင်ရန် ဒီဖောင်ကို ဖြည့်သွင်းပြီး စာရင်းသွင်းပါ။ ပွဲတွင် သီချင်းများ၊ အစားအသောက်ကောင်းများနှင့် စုစုပေါင်း ဒေါ်လာ၉၀၀ တန် ငွေသားဆုဂိမ်းများပါဝင်မှာ ဖြစ်ပါတယ်။

ပွဲဝင်ကြေး အခမဲ့ဖြစ်ပြီး လက်မှတ် ဝယ်ယူရန် မလိုအပ်ပါ။ သို့သော် လူဦးရေ ၁၂၀ ဦးသာ လက်ခံနိုင်သောကြောင့် ဤပွဲသည် TWC2 Burmese followers များအတွက်သာ ဖြစ်ပါတယ်။ ထို့ကြောင့် ဖောင်ထဲတွင် ထည့်သွင်းသော လူတိုင်းသည် page ကို follow လုပ်ထားကြောင်း သေချာရန် ဂရုပြုပါ။

အတည်ပြုထားသော ပါဝင်သူများကို မနက်ဖြန်ည (တနင်္လာနေ့၊ ၆ ဧပြီ) တွင် WhatsApp group ထဲသို့ ထည့်ပေးမည်ဖြစ်ပြီး၊ WhatsApp group ထဲတွင် ဝင်ရောက်ခွင့်မရှိသူများကို ပွဲတက်ရောက်ခွင့်မပေးပါ။ နားလည်ပေးသည့်အတွက် ကျေးဇူးတင်ပါတယ်။

🗓 တနင်္ဂနွေ၊ ၁၂ ဧပြီ ၂၀၂၆
📍 East Coast Park
🚌 မြို့လယ်မှ အခမဲ့ ဘတ်စ်ကား ရှိပါတယ်
⏰ မနက် ၉:၀၀ မှ နေ့လယ် ၁:၀၀ ထိ
🍲 နေ့လယ်စာ (ဒံပေါက်) စီစဉ်ထားပါတယ်
🏆 ကစားပွဲများအတွက် စုစုပေါင်း ဆုကြေးငွေ $900 ရရှိနိုင်ပါတယ်

ဤတွင် စာရင်းသွင်းပါ
https://forms.gle/NueQMWwN35rpA2vBA

02/04/2026

✨ ကြေငြာချက်။ ✨

စင်္ကာပူတွင် အစိုးရရုံးပိတ်ရက်ဖြစ်သည့်အတွက် မနက်ဖြန် (ဧပြီ ၃ ရက်) သောကြာနေ့တွင် ရုံးပိတ်မည်ဖြစ်ပါသည်။ ဧပြီလ ၆ ရက် တနင်္လာနေ့မှစ၍ ပုံမှန်အတိုင်း ဖွင့်လှစ်ပါမည်။

မနက်ဖြန် အလုပ်လုပ်ရန် လိုအပ်ပါက လစာရကြောင်း သေချာပါစေ။
👉 အခြေခံလစာနှုန်းထားဖြင့် တစ်ရက်အပိုလစာ။
👉 ပုံမှန်အလုပ်ချိန်ထက် ကျော်လွန်အလုပ်လုပ်ပါက အချိန်ပိုလုပ်ခ အဖြစ် သက်မှတ်ပါသည်။(တစ်နေ့လျှင် 8 နာရီထက်ပိုသော သို့မဟုတ် တစ်ပတ်လျှင် 44 နာရီထက်ပိုသည်)၊

သိလိုသော မေးခွန်းများရှိပါက သို့မဟုတ် သင့်လစာနှင့် ပတ်သက်၍ မသေချာပါက ကျွန်ုပ်တို့ထံ စာပို့ပြီး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

💬☎️ WhatsApp: +65 62977564

အစိုးရရုံးပိတ်ရက် လစာအကြောင်း နောက်ထပ်အချက်အလက်များ

https://www.mom.gov.sg/employment-practices/public-holidays-entitlement-and-pay

Want your business to be the top-listed Government Service in Singapore?

Click here to claim your Sponsored Listing.

Location

Telephone

Address


180B Bencoolen Street, #09-01, The Bencoolen
Singapore
189648

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30