23/10/2026
ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွန်ပါဆေးရုံကြီးတွင် M-Fund (အမ်းဖန်) ကျန်းမာရေးကတ် ဝယ်ယူထားသော အဖွဲ့ဝင်များအားလုံး သိရှိစေရန် အကြောင်းကြားအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်မှ ၂၆ ရက်အထိ M-Fund ၏ စနစ်အဆင့်မြှင့်တင်မှုများကြောင့် ယင်းကာလအတွင်း
❌ QR ကုဒ်များကို စကင်ဖတ်၍ မရပါ။
❌ အဖွဲ့ဝင်လက်ကျန်ငွေနှင့် အသုံးပြုမှုအခြေအနေကို စစ်ဆေး၍ မရပါ။
ဖြစ်ပေါ်လာသော အဆင်မပြေမှုများအတွက် M-Fund မှ ကြိုတင်တောင်းပန်အပ်ပါသည်။ 🙏
ဤကာလအတွင်း (အစိုးရ) ဆေးရုံနှင့် ဆေးခန်းများတွင် ကုသမှုခံယူမှုရှိပါက အဖွဲ့ဝင်တိုင်းအနေဖြင့် အောက်ပါအချက် ၂ ချက်ကို မဖြစ်မနေ လိုက်နာရန် လိုအပ်ပါသည်။
၁။ M-Fund မှ ဒေတာအတည်ပြုရန် အသုံးပြုနိုင်ရန်အတွက် အဖွဲ့ဝင်ကတ်ကို ဓာတ်ပုံရိုက်ပြီး FED ထံ အကြောင်းကြားကာ အချက်အလက်များကို ပေးပို့ပါ။
၂။ အဖွဲ့ဝင်များသည် ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သော်လည်း အောက်တိုဘာ ၂၃ ရက်မှ ၂၆ ရက်အတွင်း ကုသမှုခံယူမှုရှိပါက M-Fund အဖွဲ့ဝင်များသည် ကုသမှုအတွက် ကိုယ်တိုင်ငွေပေးချေပြီး ငွေများကို ပြန်ထုတ်ရန်အတွက် ငွေပေးချေပြေစာ နှင့် ဆေးလက်မှတ် (ဆရာဝန်ထောက်ခံစာ) ကို FED ရုံးတွင် လာရောက်ထုတ်ယူနိုင်ပါသည်။
(မှတ်ချက်။ ဤအကြောင်းကြားချက်သည် ဖန်ငခရိုင်ရှိ တကွန်ပါဆေးရုံအတွက်သာ ဖြစ်ပါသည်။)