Latsinu Women Agency

Latsinu Women Agency

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Latsinu Women Agency, องค์กรทางการเมือง, Bangkok.

27/10/2024

“သတင်းဆာင်းပါးများရေးသားခြင်း” လက်စွဲစာအုပ် - PDF ဖိုင် အခမဲ့ ရယူနိုင်ပါပြီ

မြန်မာသတင်းစာဆရာတွေအတွက် အခုအချိန်ဟာ သတင်းဆောင်းပါး (Feature Stories) တွေအကြောင်းဆွေးနွေးဖို့အသင့်တော်ဆုံးအချိန်လို့ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းဆောင်းပါးတွေဟာ အရေအတွက်ရောအရည်အသွေးပါ လျော့ကျလာလို့ပါပဲ။

ဒီလိုဖြစ်ရခြင်းကအကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးအခြေအနေကြောင့် ပြည်သူတွေက လတ်တလောဖြစ်တဲ့ သတင်းတွေ (Hard News) တွေကိုပဲမြန်မြန်သိချင်နေတာ၊ သတင်းစာဆရာတွေကိုယ်တိုင်က အန္တရာယ်တွေကြားထဲကသတင်းတိုတွေကို အချိန်နဲ့ တပြေးညီတင်ပြနေကြရတာ၊ သတင်းဌာနတွေက ပြည်ပကနေသတင်းထုတ်လုပ်ရတဲ့အခါ သတင်းရင်းမြစ်တွေနဲ့ ထိတွေ့ဖို့ခက်ခဲတာစတဲ့ စိန်ခေါ်မှုတွေရှိနေပါတယ်။

ဒီစာအုပ်ထဲမှာ
(၁) သတင်းဆောင်းပါးဆိုတာဘာလဲ။
(၂) ဘာကြောင့်သတင်းဆောင်းပါးတွေကအရေးကြီးတာလဲ။
(၃) သတင်းဆောင်းပါးတွေဘယ်နှမျိုးလောက်ရှိသလဲ။
(၄) စတိုရီစိတ်ကူးတွေထုတ်လုပ်ခြင်း။
(၅) သတင်းဆောင်းပါးအတွက်ပြင်ဆင်ခြင်း။
(၆) အဖွင့်ကိုရေးသားခြင်း။
(၇) သစ်စေ့စာပိုဒ်ကိုရေးသားခြင်း။
(၈) Zoom-In & Zoom-Out ရေးသားခြင်း။
(၉) ပြောစကားများကိုအသုံးပြုခြင်း။
(၁၀) သတင်းဆောင်းပါးကိုယ်ထည်နဲ့ အဆုံးသတ်ကိုရေးသားခြင်း။
(၁၁) ကျင့်ဝတ်ဆိုင်ရာလိုက်နာရန်အချက်တွေနဲ့
(၁၂) သတင်းဆောင်းပါးအတွက် အနှစ်ချုပ်အကြံပေးချက်တွေ ပါဝင်ပါတယ်။

သတင်းဆောင်းပါးတွေပိုမိုထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပြီး လက်စွဲစာအုပ်အနေနဲ့ ရေးသားထားတဲ့ PDF ဖိုင် ကို မည်သူမဆို Download ရယူနိုင်ပါတယ်။

Download ရယူရန်

Computer Version
https://www.mediafire.com/file/99m821uuvbkbxqy/Feature_Writing_Manual_computer_version_-_exp.pdf/file

Mobile Version

https://www.mediafire.com/file/a64ezvyurdh4sxf/Feature_Writing_Manual_mobile_version_-_exp.pdf/file

The Tanintharyi Times

30/08/2024

Feminist Participatory Action Research ကို အသုံးတည့်မည့် လပ်ဆီနူးညီအမများအတွက် ပြန်လည်ဝေမျှပေးပါတယ်ရှင်။

အသေးစိပ်ကို link တွင် ကြည့်ပါရန် 👇👇

| Curious about Feminist Participatory Action Research?

Feminist Participatory Action Research or FPAR, challenges the idea that communities do not have enough understanding of their own issues and that they do not have enough knowledge for critical analysis. They do!

✊Find out more in this guide on 'Research as Resistance' that outlines selected tools adopted by APWLD and partners for over a decade. And watch this space as we expand this guide and add more tools to support your own FPAR journey.

🔗Read the full guide, visit apwld.org!



DVB | လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် တိုင်ကြားခံထားရသူကို NUG တာဝန်မှ ယာယီရပ်ဆိုင်း 28/06/2024

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် တိုင်ကြားခံထားရသူကို NUG တာဝန်မှ ယာယီရပ်ဆိုင်း

DVB June 25, 2024

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ တိုင်ကြားခံထားရတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်ကို တာဝန်မှ ယာယီရပ်ဆိုင်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးရဲ့ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ဟာ လက်အောက်ဝန်ထမ်း အမျိုးသမီးတဦးကို လိင်အမြတ်ထုတ်မှုနဲ့ တိုင်ကြားခံထားရတဲ့ ကိစ္စအပေါ် မြန်မာအမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့ ချင်းအမျိုးသမီးအဖွဲ့အစည်းတွေ အပါအဝင် အမျိုးသမီးအဖွဲ့တွေက အရေးယူဆောင်ရွက်ပေးဖို့ NUG အစိုးရထံ တောင်းဆိုထားတာပါ။

ဒီတိုင်ကြားစာကိစ္စ ဌာနတွင်း စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်နေကြောင်းနဲ့ ဒီကာလမှာ ဆလိုင်းအိုက်ဇက်ခင်ကို တာဝန်မှ ယာယီရပ်ဆိုင်းထားကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နစ်နာသူအမျိုးသမီးက ချင်းတိုင်းရင်းသူဖြစ်ပြီး ဆလိုင်းအိုက်ဇက်ခင်ရဲ့ အတွင်းရေးမှူးလည်း ဖြစ်တယ်လို့ နစ်နာသူရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းထဲမှာ ဖြစ်တဲ့အတွက် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုမျိုး လုပ်ဆောင်စေချင်တယ်လို့ ချင်းအမျိုးသမီးအဖွဲ့အစည်းတွေကလည်း NUG ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

NUG ထံ အိတ်ဖွင့်ပေးစာ ပေးပို့တဲ့အထဲ ပါဝင်တဲ့ ချင်းအမျိုးသမီး အဖွဲ့အစည်း Latsinu Women Agency တာဝန်ရှိသူ Senri က “တော်လှန်ရေးထဲမှာ ပါဝင်နေသူအချင်းချင်း ဘာဖြစ်လို့ ကျား၊ မ ရေးရာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ဘာလို့ခံရတယ်ဆိုတဲ့ အဲဒီရှုထောင့်ကကြည့်ရင် တော်တော်ကို အော့နှလုံးနာစရာ ဖြစ်တယ်ပေါ့။ တော်လှန်သူအချင်းချင်း ရဲဘော်ရဲဘက်ဆိုတဲ့ ကာကွယ်စောင်မပြီး ရည်ရွယ်ချက်ချင်း အတူတူသွားကြရမှာကို ဒါ အမြတ်ထုတ်တာ ဖြစ်နေတဲ့အတွက် ချင်းလူမျိုးမဟုတ်လည်း တခြားသူတွေဆိုလည်း ကျမတို့ ရှုတ်ချမှာဖြစ်တယ်၊ social punishment ကောင်းကောင်းပေးဖို့လည်း လိုတယ်။ ပြီးတော့ ဒီဟာကို လုံးဝ အရေးယူဖို့ကိုလည်း NUG က သူ့လမ်းကြောင်းနဲ့ သူသွားမယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုကျူးလွန်သူတွေက လုံးဝ မှတ်လောက်သားလောက်အောင် သင်ယူဖို့လည်း လိုအပ်တာကို ဒီလိုကြောင့် အိတ်ဖွင့်ပေးစာ ပေးပို့ရတဲ့အကြောင်းလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

နစ်နာသူကို NUG အနေနဲ့ ကာကွယ်ဆောင်ရွက်ပေးဖို့၊ ပွင့်လင်းမြင်သာတဲ့ အရေးယူမှုတွေနဲ့အတူ တရားမျှတမှုဆောင်ရွက်ဖို့ စတဲ့အချက်လေးချက်ကိုလည်း အိတ်ဖွင့်ပေးစာထဲမှာ တောင်းဆိုထားပါတယ်။

အမျိုးသမီးတွေကို ဦးတည်ပြီး ကျား မ အခြေပြုကျူးလွန်မှုတွေကို တားမြစ်ဖို့ ရည်ရွယ်တဲ့အတွက် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း မြန်မာအမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB ကလည်း ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအသိုက်အဝန်းထဲမှာ ကျူးလွန်သူတွေက ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်နေတဲ့ ကိစ္စတွေ ထပ်မဖြစ်ဖို့နဲ့ ကျူးလွန်သူရဲ့ တာဝန်ယူ တာဝန်ခံမှုကို အဓိက တောင်းဆိုတယ်လို့ WLB ရဲ့ အထွေထွေအတွင်းရေးမှူး မနာင်းမို့မို့က ပြောပါတယ်။

“တော်လှန်ရေးကာလ ၃ နှစ်အတွင်းမှာ အာဏာပါဝါရှိတဲ့သူတွေက ကျူးလွန်ခဲ့တဲ့ကိစ္စတွေ အများကြီးရှိတယ်။ ရှိတဲ့အထဲမှာမှ တကယ့်ကို တရားမျှတမှုပေးတာရယ်၊ ကျူးလွန်တဲ့သူတွေ အပြစ်ပေး အရေးယူတာတွေက ပျက်ကွက်ခဲ့တာတွေ ရှိတယ်ပေါ့။ အဓိကကတော့ အမျိုးသမီးတွေကို ဦးတည်ပြီးတော့ ထိပါးနှောင့်ယှက်တာ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေကို ကျမတို့ လုံးဝလက်မခံဘူး။ စစ်တပ်နဲ့ အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အစုအဖွဲ့တွေအနေနဲ့ ပြစ်ဒဏ်ပေးခြင်းက ကင်းလွတ်တဲ့အလေ့အထ system no impunity ကင်းလွတ်ခွင့်ပေးတဲ့ စနစ်ကို အဓိက မီးမောင်းထိုးပြချင်တာ ဖြစ်ပါတယ်။”

အဖြစ်မှန်ပေါ်ပေါက်ပြီး တရားမျှတမှု ဆောင်ရွက်နိုင်ရေးအတွက် NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာနက အမှုကို လက်ခံဆောင်ရွက်နေပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ (Protection of Sexual Harassment, Exploitation and Abuse) PSHEA policy အရ ဆောင်ရွက်နေတယ်လို့ ဝန်ကြီးဌာနက ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက DVB ကို ပြောပါတယ်။

“အိတ်ဖွင့်ပေးစာတွေ ကျမတို့ လက်ခံရရှိပါတယ်။ သူတို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဘက်ကတော့ ကျမတို့ဘက်ကို မှတ်တမ်းမှတ်ရာတွေ လွှဲပေးပြီးပြီပေါ့နော်။ ကျမတို့ဆီမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဆိုင်ရာ ဥပဒေရှိတယ်လေ။ PSHEA policy လို့ခေါ်တယ်။ Protection of sexual Harassment, Exploitation and Abuse policy ပေါ့။ အဲဒါက ၂၀၂၂ ကတည်းက ကျမတို့ ပြဋ္ဌာန်းထားတာဖြစ်တယ်။ ဗဟိုကော်မတီထဲကနေ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပြီးတော့ လုပ်နေပါတယ်။ ကျမတို့က အဲဒီလိုကိစ္စမျိုးတွေကို လက်ခံလို့မရဘူး၊ သည်းခံလို့မရဘူး။ လွန်ကျူးတဲ့သူတွေကို ခွင့်လွှတ်ပေးလိုက်ခြင်းအားဖြင့် ဆိုတဲ့သဘော သက်ရောက်တယ်။ အဲဒီအတွက် ကျမတို့ကတော့ ကျူးလွန်လည်း ကျူးလွန်တဲ့အ‌ေလျာက် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

စွပ်စွဲခံထားရတဲ့ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကိုတော့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး သိလိုတာတွေကို DVB က မေးခွန်းပေးပို့ မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားလာတာ မရှိသေးပါဘူး။

သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ “လက်ရှိဖြစ်​ပေါ်​နေသည့် သတင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအ​နေဖြင့် မိမိထံ တိုက်ရိုက်ဆက်သွယ်​ မေးမြန်းနိုင်ပါ​ကြောင်းနဲ့ လေးစားစွာ အပြည့်အဝ ပူး​ပေါင်း​ဆောင်ရွက်သွားပါမည်” လို့ ရေးသားထားတာ တွေ့ရပါတယ်။

နစ်နာသူဟာ ဝန်ကြီးဌာနမှာ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ပြီး အထက်လူကြီးရဲ့ လိင်အမြတ်ထုတ်မှု ခံခဲ့ရတာကို တိုင်တန်းခဲ့ရာမှာ အလုပ်ထုတ်ခံခဲ့ရတဲ့အတွက် မကျေနပ်ကြောင်းနဲ့ ကိုယ်တိုင် အလုပ်ထွက်ကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်မှာ ဧပြီလက တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသမီးအဖွဲ့တွေက NUG အစိုးရကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။

မူရင်း
https://burmese.dvb.no/post/657746?fbclid=IwZXh0bgNhZW0CMTEAAR0UW_9bYO7pkGsulEqnAZMIA4MoooSWe_txDyi1z1oRORMMtv7sDFKEEkY_aem_IsfpIGRWrMVHP7BniYI3nA




DVB | လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် တိုင်ကြားခံထားရသူကို NUG တာဝန်မှ ယာယီရပ်ဆိုင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ တိုင်ကြားခံထားရတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက.....

25/06/2024

အကောင်ထည်ဖော်ရေး ဗဟိုကော်မတီထုတ်ပြန်ချက် ၁/၂၀၂၄-PSHEA





အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန​၏အိန္ဒိယနိုင်ငံကိုယ်စားလှယ်အပေါ် တိုင်ကြားချက်နှင့်ပတ်သက်၍ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတို့မှကာကွယ်ခြင်းဆိုင်ရာမူဝါဒ (PSHEA)အကော်အထည်ဖေါ်ရေးကော်မတီ​၏ သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၂၄ -PSHEA ကို ယနေ့ ဇွန် ၂၅ ရက်နေ့စွဲဖြင့်ထုတ်ပြန်ကြေညာသည်။

25/06/2024

တိုင်ကြားခံရသူ (အိန္ဒိယ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်) အား တာဝန်မှယာယီရပ်ဆိုင်းထားပြီးကြောင်းနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒအကောင်အထည်ဖော် ရေး ဗဟိုကော်မတီသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်






ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့်ပက်သက်သည့် တိုင်ကြားစာကိစ္စနှင့်စပ်လျဉ်း၍ ဌာနတွင်း စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်းကို ကနဦး ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

၂။ ဌာနတွင်း ကြားနာစစ်ဆေးမှုများ ပြုလုပ်နေစဉ် ကာလအတွင်း တိုင်ကြားခံရသူ (အိန္ဒိယ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်) အား တာဝန်မှယာယီရပ်ဆိုင်းထားပြီး ဖြစ်သည်။

၃။ ယခုအခါ အဆိုပါဌာနတွင်း စစ်ဆေးကြားနာမှုအစီရင်ခံစာနှင့် ဆက်စပ်စာရွက်စာတမ်း များကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒအကောင်အထည်ဖော် ရေး ဗဟိုကော်မတီသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်းနှင့် ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြာင်း အသိပေးထုတ်ပြန်အပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Photos from Zalen's post 24/06/2024

အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ အိန္ဒိယ သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် အပါအဝင် အလားတူ လိင်အကြမ်းဖက်မှုကျူးလွန်သူများကို ပွင့်လင်းမြင်သာမှုရှိစွာ ထိရောက်တဲ့အပြစ် ပေး ဖို့ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့ ချင်းအမျိုးသမီးအဖွဲ့အစည်းများက တောင်းဆိုထားပါတယ်။




Photos from The Tanintharyi Times's post 24/06/2024

“အခု ကျူးလွန်သူကလည်း နစ်နာသူကို ဘာသာရေး၊ လူမှုရေးဘက်က ပုဂ္ဂိုလ်တွေကို သုံးပြီး ဖျန်ဖြေကြေအေးဖို့ လွှတ်ထားတယ်၊ အလုပ်ပြန်ရချင်လား၊ နစ်နာသူမျိုးနွယ်စုထုံးစံအတိုင်း တောင်းပန်တာ လိုချင်လား၊ တခြားဘာလိုချင်လဲ မေးခိုင်းတယ်၊ လူမှုကွန်ရက်မှာ အားလုံးပြီးသွားပြီလို့ ပြန်တင်ရေးပေးပါတဲ့” ဆိုပြီး ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်အဖွဲ့မှာပါတဲ့ ချင်းအမျိုးသမီး Senri က တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
.
ချင်းအမျိုးသမီးအရေး လှုပ်ရှားနေတဲ့ နေနူးအဖွဲ့ရဲ့ ဒါရိုက်တာ မိုင်လဲန်ကတော့ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ဟာ သူ့လက်အောက်အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်တာတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး အမျိုးသမီးတွေက တိုင်ကြားတဲ့အခါမှာ NUG ဘက် နှုတ်ဖြင့်သတိပေးခြင်းသာ ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

“ကျူးလွန်တဲ့ ရာဇဝင်ရှိတယ်ဆိုတဲ့အချက်ကိုပါ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ကျမ မြင်တယ်၊ အပြစ်ဒဏ်ဟာ နှုတ်နဲ့ သတိပေးတာထက် ပိုပြင်းထန်သင့်ပါတယ်၊ သူတို့ရဲ့ (NUG) ပေါ်လစီအတိုင်း ကျူးလွန်ခြင်းခံရတဲ့ အမျိုးသမီးကိုလည်း အလုပ်ထုတ်မယ့်အစား လိုအပ်တဲ့ အကာအကွယ်နဲ့ ပံ့ပိုးကူညီမှုတွေကို ပေးသင့်တယ်” လို့ နေနူးအဖွဲ့ရဲ့ ဒါရိုက်တာ မိုင်လဲန်က ဆိုပါတယ်။






Photos from Thet Htwe Naing - Freelance Journalist's post 24/06/2024

အိန္ဒိယက NUG ကိုယ်စားလှယ် ကို အရေးယူပေးဖို့ အမျိုးသမီး အဖွဲ့တွေ တောင်းဆို

ဇွန် ၂၄ - ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အိန္ဒိယ နိုင်ငံ ကိုယ်စားလှယ် က ရုံးအတွင်းရေးမှူး အမျိုးသမီး ကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက် အမြတ်ထုတ်မှု နဲ့ ပတ်သက်ပြီး NUG အနေနဲ့ အရေးယူပေးဖို့ အမျိုးသမီး အဖွဲ့တွေရဲ့ ကြေညာချက်တွေ အခုရက်ပိုင်း ထွက်ပေါ်လာ ပါတယ်။

အဲဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး NUG က ကိုယ်စားလှယ်ဖြစ်သူကို နှုတ်နဲ့ သတိပေးခဲ့ပြီး ကာယကံရှင် အမျိုးသမီးကို အလုပ်က ရပ်နားလိုက်တဲ့ အတွက် အဲဒီ အမျိုးသမီးက မျှတမှု မရှိဘူးဆိုပြီး သူ့ဘာသာသူ ရာထူးက ထွက်တယ်ဆိုပြီး NUG ကို စာတင်ခဲ့တာ ဖြစ်ပါတယ်။

အခုသတင်း ထွက်ပေါ်လာပြီးနောက်မှာတော့ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ အမျိုးသမီးမဟာမိတ်အဖွဲ့ - မြန်မာ နဲ့ ချင်းအမျိုးသမီး အဖွဲ့အစည်းတွေက ကြေညာချက် အသီးသီးထုတ်ပြန်ပြီး NUG ကိုယ်စားလှယ်ကို အရေးယူပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

via
Thet Htwe Naing - Freelance Journalist

Photos from Latsinu Women Agency's post 23/06/2024

ချင်းတော်လှန်ရေးအမျိုးသမီးအား အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးငှာန၊ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးကိုယ်စားလှယ်မှ ဋ္ဌာနတွင်းလိင်အမြတ်ထုတ်မှုအတွက် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များမှ တရားမျှတစွာ ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် ချင်းအမျိုးသမီးအဖွဲ့စည်းများမှ အိတ်ဖွင့်ပေးစာ






31/05/2024

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းပြည်ပနေ မြန်မာ ပြည်သူ ပြည်သားများ မိမိနေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲ၊ ဖိနှိပ်မှု၊ စသည်များကို လျို့ဝှက်ပေးပို့ထားနိုင်သည်ဟု ချင်းသတင်းမီဒီယာတစ်ခုဖြစ်သည့် မှ ၎င်းလူမှုစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဆက်သွယ်ရန်

Email: [email protected]
Signal: +959 954 627 062
Telegram: +666 600 10576

ပြည်သူ့ပေးစာ ကဏ္ဍသစ် စဖွင့်ပါပြီ
========
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူပြည်သားတွေဟာ ပြည်တွင်းသာမက ပြည်ပမှာပါ အတိဒုက္ခရောက်နေကြပါတယ်။
မိမိတို့နေ့စဉ်ကြုံတွေ့တဲ့ အခက်အခဲ၊ ဖိနှိပ်မှု၊ ပြဿနာတွေကို အများပြည်သူသိအောင် ရင်ဖွင့်လိုရင် ကျနော်တို့မီဒီယာဆီ အချိန်မရွေးပေးပို့နိုင်ပါတယ်။ လုံခြုံရေးအရ စာပေးပို့သူနာမည်ကိုတော့ လျို့ဝှက်ထားပါမယ်။
Email: [email protected]
Signal: +959 954 627 062
Telegram: +666 600 10576

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok
095