SSTF-People's Police

SSTF-People's Police

แชร์

Security and Special Task Force

02/06/2024

မန္တလေးတိုင်း၊မတ္တရာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှု သတင်း ထုတ်ပြန်ခြင်း
**********************************************
ရက်စွဲ။ ၂၀၂၄ခုနှစ် ဇွန်လ ၂ ရက်

၁။ မတ္တရာမြို့နယ်အတွင်း မိမိတို့ SSTF-People's Police လှုပ်ရှားတပ်ဖွဲ့မှ ယာယီအထိုင်ချ ထိန်းချုပ်ထားသည့် နယ်မြေအတွင်းသို့ (၂.၆.၂၀၂၄)ရက်နေ့ ၀၅:၅၀ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ခန့်မှန်း (၇၀) ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ကြိုတင်သတင်းရရှိသဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ပါသည်။နံနက်(၀၆:၃၀) မှ (၁၁:၅၀) အချိန် ထိ နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ စကစတပ်ဖွဲ့ဝင်(၃)ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သဖြင့် (၁၄:၂၅) အချိန်တွင် ပြန်လည်ဆုတ်ခွါသွားခဲ့ပါသည်။

၂။ အဆိုပါတိုက်ပွဲအတွင်း မိတ်ဖက်အဖွဲ့များဖြစ်သည့် မတ္တရာမြို့နယ် ပကဖ မှ စကစ အထိုင်ဂိတ်စခန်း(တံငါဂိတ်) အား Drone ဗုံးသီး ဖြင့် (၃)ကြိမ် ကျဲချတိုက်ခိုက်ခြင်း၊ တိုက်နယ်(၃) ပကဖ မှ စကစ တပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွါသည့် ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခြင်း စသည်တို့ကိုပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

10/05/2024

SSTFရဲ့ CDMမှသည် စစ်ရေးဆီသို့ ကမ်ပိန်းလေးရဲ့ ကံစမ်းမဲအစီစဥ်မှာ မဲပေါက်သွားခဲ့တဲ့ဆုများကို အောက်ဖော်ပြပါအတိုင်းအသိပေးကြော်ငြာအပ်ပါတယ်ခင်ဗျာ။
ဆုမဲပေါက်သွားသော ကံထူးရှင်များကို အမြန်ဆုံးဆက်သွယ်ပေးသွားပါမယ်လို့ အသိပေးရင်းနဲ့ ကံစမ်းမဲ နှစ်ကြိမ်ပြန်နှိုက်ရ တဲ့ အမှားအတွက် အားလုံးကို တောင်းပန်အပ်ပါတယ်။
ဒီကမ်ပိန်းလေးမှာအားပေးခဲ့ကျတဲ့ တော်လှန်ပြည်သူအပေါင်းကို အထူးကျေးဇူးတင်ရှိပါတယ်လို့
SSTFတပ်ဖွဲ့မှ ဦးစွာပထမကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။
ကမ်ပိန်းလေးကိုခွင့်ပြုပေးပြီး လိုအပ်သည်များကိုလမ်းညွန်ပေးခဲ့ကျတဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန(MOHAI)မှ
ပြည်ထောင်စုဝန်ကြီး၊ဒုဝန်ကြီးနဲ့တာဝန်ရှိပုဂ္ဂိုလ်များ
ပြည်သူ့ရဲတပ်ဖွဲ့(People's Police)မှ
ရဲချုပ်၊ဒုရဲချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
ထို့ပြင်မျှော်လင့်ခြင်းသင်္ကြန်အစီစဥ်မှာ ပါဝင်ကူညီပေးခဲ့ကျတဲ့ အနုပညာရှင်များအားလုံးနဲ့အတတ်ပညာရှင်များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
ကမ်ပိန်းလေးကိုအချိန်ပြည့်နီးပါးအကြံပေးကူညီပေးခဲ့ကျသော OFP မှ Adminများ နိူင်ငံတကာ Fundraiserများနှင့်ပြည်တွင်းမှကံစမ်းမဲကိုကူညီရောင်းချပေးသူများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်လို့ပြောကြားရင်းနဲ့
ကမ်ပိန်းလေးမှရရှိလာတဲ့ရံပုံငွေများကိုအမြန်ဆုံးလိုအပ်နေသော လက်နက်ခဲယမ်းများဝယ်ယူ တပ်ဆင်​​ပေးပြီးအကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်တိုက်ခိုက်​ချေမှုန်းသွားပါမယ်လို့ ကတိပေးရင်းနဲ့ ပြည်သူများအားလုံး ဘေးဘယာကင်းကွာ၍ ကျန်းမာပါစေ​ကြောင်းဆုတောင်းအပ်ပါတယ်။

အရေးတော်ပုံ မုချအောင်ရမည်။

07/05/2024

SSTF ရဲ့ CDMမှသည် စစ်ရေးဆီသို့ ကမ်ပိန်းလေးရဲ့ ကံစမ်းမဲအစီစဥ်မှာ မဲပေါက်သွားခဲ့တဲ့ ပထမဆု ပေါက်မဲနံပါတ် (4165) နဲ့ တတိယဆု ပေါက်မဲနံပါတ် (0495) တို့ဟာ ပယ်မဲများထဲကပေါက်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့လစ်ဟာမှုအားနည်းမှုလေးတွေကိုနားလည်ခွင့်လွှတ်ပေးဖို့အနူးညွတ်မေတ္တာရပ်ခံအပ်ပါတယ်။

မိမိတို့လက်ထဲမှာရှိတဲ့ကံစမ်းမဲတွေကို မပစ်သေးပဲသိမ်းထားဖို့အသိပေးအပ်ပါတယ်။

အကယ်၍ကံစမ်းမဲလက်မှတ်လေးတွေဟာ လက်ဝယ်မရှိတော့ရင်လည်း
ကျွန်တော်တို့မှာလက်ခံထားတဲ့မှတ်တမ်းတွေရှိတဲ့အတွက်ကြောင့်
ကံစမ်းမဲထပ်နှိုက်ပီးသွားရင် မဲပေါက်ခဲ့တဲ့ ကံထူးရှင်တွေကို အမြန်ဆုံး
ဆက်သွယ်ပေးသွားမယ်လို့ အသိပေးရင်းနဲ့ 10.5.2024 နေ့လည် (2)နာရီတိတိမှာ Live အစီစဥ်နဲ့ ပြန်လှယ်မဲနှိုက်ပေးသွားမည်ဖြစ်တဲ့အကြောင်း အသိပေးကြော်ငြာအပ်ပါတယ်။

မဲမပေါက်သေးတဲ့သူအားလုံး ကံထူးပါစေလို့ SSTF မှ ဆုတောင်းပေးလိုက်ပါတယ်။

05/05/2024

ရာသီဥတု အခြေအနေ တော်တော်ဆိုးရွားနေပြီး
လိုင်းတွေအရမ်းကျနေတဲ့အတွက်
Live လွှင့်ပြီး မဲဖောက်မယ့် အစီအစဉ်လေးကို
မနက်ဖြန် နေ့လည်ပိုင်းကို ရွှေ့ပါရစေခင်ဗျာ။

ှသည်စစ်ရေးဆီသို့

04/05/2024

CDM မှသည် စစ်ရေးဆီသို့ ကမ်ပိန်းဟာ ရက်ပေါင်း ၆၀ အတွင်းမှာ မဲလက်မှတ်ပေါင်း ၂၀၀၀၀ ရောင်းဖို့ ရည်ရွယ်ထားပေမယ့် ၄၇၄၀ သာ ရောင်းချလိုက်ရပြီး ကမ်ပိန်းကို အဆုံးသတ်လိုက်ရပါတယ်။

ကျွန်တော်တို့ ပေးထားတဲ့ ကတိအတိုင်း ပထမဆု၊ ဒုတိယဆု၊ တတိယဆုနဲ့ နှစ်သိမ့်ဆု (၁၀) ဆုတို့အတွက် မေလ ၅ ရက်နေ့(မနက်ဖြန်) မြန်မာစံတော်ချိန် နေ့လည် (၂း၀၀) မှာ Live လွှင့်ပြီး မဲနှိုက်ကာ ပေါက်မဲနံပါတ်တွေ ထုတ်ပြန်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့အတွက် CDM ပြုလုပ်ခဲ့ကြတဲ့ ရဲဘော်တွေဟာ တော်လှန်ရေးမှာ လက်နက်ကိုင်ပြီး စစ်ကောင်စီကို ပြန်တွန်းလှန်ဖို့ ဒီကမ်ပိန်းကို လုပ်ခဲ့ခြင်းဖြစ်ပါတယ်။

ကြပ်တည်းနေတဲ့ အချိန်မှာ အခုလို ဖေးကူပေးကြတဲ့ တစ်ယောက်ခြင်းဆီတိုင်းကို လေးစားလျက်၊ တစ်ယောက်ခြင်းဆီတိုင်းရဲ့ ပါဝင်မှုကို အသိအမှတ်ပြုလျက် အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်နိုင်ငံထူထောင်နိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။

ှသည်စစ်ရေးဆီသို့

27/04/2024

ချယ်ရီမြေမှာ ကိုယ်ပိုင်မြေနဲ့ အိမ်လေးပိုင်ရဖို့ စိတ်ကူးဖူးလား?

'CDM မှသည် စစ်ရေးဆီသို့' ကမ်ပိန်းမှာဝင်ကူရင်
ပထမဆုအဖြစ် ချယ်ရီမြေမှာ အိမ်နဲ့မြေလေးလည်း ပိုင်ဆိုင်ရမယ့် အခွင့်အရေးရှိတယ်ဗျ...

ကမ်ပိန်းတားဂတ်က သိန်း ၆၀၀၀
ကမ်ပိန်းကာလက တဝက်ကျိုးပေမယ့် ၃၀% မပြည့်သေးပါ..
ကမ်ပိန်းတားဂတ်ပြည့်အောင် မြန်မြန်ကူပေးရင်း ချယ်ရီမြေက အိမ်နဲ့ခြံလေး ပိုင်ဆိုင်ရဖို့ အခွင့်အရေးကို ယူထားလိုက်ပါဦးဗျို့။

ှသည်စစ်ရေးဆီသို့

Photos from SSTF-People's Police's post 24/04/2024

CDM မှသည် စစ်ရေးဆီ ကမ်ပိန်းလေး ရက်ပြည့်တော့မယ်။
အခုထိတော့ ၂၆% ကနေ မတက်လာသေးပါ။

ပထမဆု အိမ်နဲ့ခြံ (ကျွန်တော်တို့ ရဲဘော်တွေ အိပ်မက်တောင် မမက်နိုင်)
ဒုတိယဆု အိုင်ဖုန်း (ကျွန်တော်တို့ ရဲဘော်တွေ မကိုင်နိုင်)
တတိယဆု ရွှေလက်စွပ် တွေ မဲဖောက်ပေးမှာပါ..။

နှစ်သိမ့်ဆု ၁၀ ဆုဆိုတာ
ကျွန်တော်တို့ ရဲဘော်တွေနဲ့အတူ တော်လှန်ရေးကာလ
ပြီးဆုံးရင် အတူတူ ခရီးထွက်ပြီး တော်လှန်ရေးအကြောင်းတွေ
ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ပြောရင်း
adventure ခရီးစဉ်ဖြစ်ပါတယ်..။

မဲရောင်းရငွေတွေကို လက်နက်တပ်ဆင်ပါမယ်။
ကျွန်တော်တို့ဟာ CDM ကနေ လက်နက်ကိုင်ပြီး
စစ်အာဏာရှင်ကို တော်လှန်နေသူတွေပါ။

ဒါကြောင့် မဲဝယ်ကြပါ။

ှသည်စစ်ရေးဆီသို့

23/04/2024

ကျပ်သိန်းပေါင်း ၆၀၀၀ အိပ်မက်ကို
မက်ရတာ တော်တော်ခက်ခဲပါတယ်ဗျ။
ကျွန်တော်တို့ရထားတဲ့ ပမာဏဟာ
မျှော်လင့်ထားတဲ့ပမာဏထက် ၄ ပုံ ၁ ပုံသာ
ရပါသေးတယ်။

CDM လုပ်လာပြီး လက်နက်စွဲပြီး
စကစကို တော်လှန်နေတဲ့ NUG အစိုးရ
လက်အောက်က အကြမ်းဖက်တိုက်ဖျက်ရေး အဖွဲ့ပါ။
ကျွန်တော်တို့ကို တတ်နိုင်သလောက် ကူပေးပါ။

ပထမဆုက အိမ်နဲ့ခြံပေးမှာပါ။

ှသည်စစ်ရေးဆီသို့


22/04/2024

အကြမ်းဖက်စစ်တပ်ကို CDM လုပ်ပြီး စွန့်ခွါခဲ့ရုံမက
ပြည်သူ့တော်လှန်ရေးရဲ့ ရှေ့တန်းစစ်မြေပြင်မှာ
ပြည်လည် တိုက်ခိုက် တာ၀န်ထမ်းဆောင်နေကြတဲ့
#အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့
အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့
SSTF-People's Police

CDM လုပ်ပြီး အကြမ်းဖက်စစ်တပ်ကို
လက်နက်ကိုင်ပြီး ပြန်တိုက်နေတဲ့
CDM ရဲဘော်တွေက ထောက်ပံ့မှုမလိုချင်ပါဘူးတဲ့။
စစ်ရေးအတွက် လိုအပ်တဲ့ လက်နက်
တပ်ဆင်ပေးဖို့ပဲ လိုအပ်ပါတယ်တဲ့။

ဒါကြောင့်
ှသည်စစ်ရေးဆီသို့ ဆိုတဲ့
သိန်း ၆၀၀၀ Project တခု ပြုလုပ်နေပါတယ်။

လေးစားထိုက်တဲ့ CDM ရဲဘော်တွေအတွက်
ဒီ Project မှာ ပါ၀င်ဖို့ ဒီအောက် Link ကို
မဖြစ်မနေ နှိပ်ပေးပါ။

#သားသခင်
'spolice

21/04/2024

CDM မှသည် စစ်ရေးဆီသို့
ကမ်ပိန်းကာလ ပြီးဆုံးဖို့ ၁၀ ရက်ပဲ လိုပါတော့တယ်။
အခုထိတော့ 25% ကျော်ကျော်လေးပဲ ရပါတယ်။
တားဂက်ပြည့်ဖို့ ၇၅% လိုသေးတဲ့အတွက်
တတ်နိုင်သမျှ ဝင်ကူပါဦးဗျ။



ှသည်စစ်ရေးဆီသို့

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


No. 07, King Street
Bangkok

เวลาทำการ

จันทร์ 19:00 - 00:00
อังคาร 19:00 - 00:00
พุธ 19:00 - 00:00
พฤหัสบดี 19:00 - 00:00
ศุกร์ 19:00 - 00:00
เสาร์ 19:00 - 00:00
อาทิตย์ 19:00 - 00:00