ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

แชร์

political organization

12/04/2026

ကျနော်တို့တော်လှန်ရေးအဖွဲ့စည်းတွေဟာ
"လူ"ကိုတိုက်နေတာမဟုတ်ပါ
"မူ"ကိုတိုက်နေခြင်းသာဖြစ်ကြောင်း အတင်းအဓမ္မပေါ်တာဆွဲခံရ၍ စစ်ကောင်စီတပ်သားဖြစ်လာပြီးမှ ထွက်ပြေးလာကာ ကျနော်တို့အဖွဲ့ထံခိုဝင်လာသော အလင်းဝင်စစ်ကောင်စီတပ်သားများစွာထဲကမှ အေးအေးဆေးဆေး မေးမြန်းဖြစ်သည်များကို

အတင်းအဓမ္မပေါ်တာဆွဲခံရ၍ စစ်ကောင်စီတပ်သားဖြစ်လာသူအားလုံးနဲ့ ပြည်သူများပါ ကြည့်ရှုနားထောင်နိုင်ရန် ထုတ်ပြန် တင်ပြလိုက်ခြင်းဖြစ်ပါသည်။

#ပြည်သူ့ကာကွယ်ရေးအဖွဲ့
#ဘုတ်ပြင်းမြို့နယ်
#သတင်းနှင့်ပြန်ကြားရေး

Photos from Khit Thit Media's post 07/04/2026
07/04/2026

#ထုတ်ပြန်ကြေငြာချက်
အမှတ် (၀၀၀၃/၂၀၂၆)

၁။ တနင်္သာရီတိုင်းဒေသကြီး ကော့‌သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ လေညာ-ရတနာပုံလမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၈) မိုင်အနီးသို့ စစ်ကြောင်းထိုးဝင်ရာက်လာသော အကြမ်းဖက်စစ်ကောင်
စီတပ်ပါင်းစုမှ အင်အား (၂၀၀) ခန့်ဖြင့်စစ်ကြောင်းထိုးဝင်ရောက်လာပြီး
မိုင်တိုင်အမှတ် (၁) မိုင်ခွဲ နေရာအား အခြေပြုပြီး ခံစစ်ပြင်ဆင်နေမူတွေ့ရှိရသဖြင့် KNLA အမှတ် (၂၀၃) တပ်ရင်းမှ ဦးဆောင်ပြီး ကော့သောင်းခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော်အမှတ်(၁)တပ်ရင်း၊ မြိတ်ခရိုင်ပြည်သူ့ကာကွယ် ရေးတပ်မတော် အမှတ်(၂)တပ်ရင်း၊ မိမိတို့ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF DRONE FORCE) တို့မှပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသည့် နေရာများနှင့် စကစ အခြေပြုတပ်စွဲထားသော ပြည်ကြီး မဏ္ဍိုင်မြို့နယ် မီးသတ်ဌာန ၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ် ရဲစခန်း၊ ပြည်ကြီးမဏ္ဍိုင်မြို့ တောင်ပါ် ဘုန်းကြီးကျောင်း၊ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်း ဘန်ဂလားတာဝါတိုင် စသည့်နေရာများအား (၂၂.၃.၂၀၂၆)ရက်နေ့မှ (၂.၄.၂၀၂၆)ရက်နေ့အတွင်း
Drop Bomb ချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖက်မှ အရာရှိအပါအဝင်စစ်ကောင်စီ တပ်ဖွဲ့ (၁၀) ဦးထက်မနည်းသေဆုံးပြီး၊ ထိခိုက်ဒဏ်ရာများရရှိကာ ဘုတ်ပြင်းစကစတပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပြီး မိမိတို့ပူးပေါင်းအဖွဲ့မှ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

၂။ အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ ပူးပေါင်းအဖွဲ့များ ဖြစ်ကြသည့် KNLA အမှတ်(၂၀၃ )တပ်ရင်း၊ ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအမှတ်(၁) တပ်ရင်း ၊ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအမှတ်(၂ )တပ်ရင်း၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF DRONE FORCE ) နှင့် ပူးပေါင်းပါဝင်ခဲ့သော တပ်ဖွဲ့များနဲ့သာ သက်ဆိုင်ပြီး ဒေသခံပြည်သူလူထုနှင့် လုံးဝ (လုံးဝ) သက်ဆိုင်မှုမရှိပါကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။ ။

#ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)
#ဘုတ်ပြင်းမြို့နယ်
#သတင်းနှင့်ပြန်ကြားရေး

01/04/2026

ကူညီပေးကြသောတော်လှန်ပြည်သူများအားလုံးအထူးဘဲ့ကျေးဇူးတင်ပါတယ်

09/03/2026

ဘုတ်ပြင်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ၊ သရက်ချောင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားနေသော နေရာများ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ရန်ကုန်၊ မတ် ၉

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ထားသည်။

ယနေ့ မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဘုတ်ပြင်းမြို့နယ် လေညာ-ရတနာပုံလမ်းပိုင်းရှိ မိုင်တိုင် ၅ မိုင်အနီးတွင် စစ်ကြောင်းထိုးဝင်‌ရောက်လာသော အကြမ်းဖက် စစ်တပ်၏ ၅၅၉ ၊ ၅၆၀ ၊ ၃၅၈ ၊ ၂၂၄ တပ်ရင်းမှ စစ်သားများ ပူးပေါင်းထားသော စစ်ကြောင်းကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၄)၊ တပ်ရင်း ( ၂၀၃) နှင့် တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးကာ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်သားများထံမှ MA1 သေနတ် ၁ လက်၊ MA3 သေနတ် ၂ လက်နှင့် လက်နက်ခဲယမ်း အချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရကြောင်း ဒေသပြည်သူများနှင့် ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၉ ရက်နေ့ နံနက်အစောပိုင်းတွင် သရက်ချောင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

"သရက်ချောင်းမြို့ပေါ်မှာ ဒီနေ့ နံနက် အစောပိုင်း လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ကျတယ်လို့သိရတယ်။ စစ်ခွေးတွေ တပ်စွဲထားတဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တာ စစ်ခွေး သေဆုံးမှုနဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ သက်ဆိုင်ရာ တပ်ဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်" ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

03/03/2026

တိုက်ခိုက်‌ရေးရဲဘော်များအား ကျည်ကာတပ်ဆင်ပေးနိုင်ရန် ထောက်ပံ့ကူညီပေးလာသော Facebook User
"အဖေနဲ့အမေ ကျန်းမာပါစေ"
အကောင့်ပိုင်ရှင် ညီမလေးကို

ကျွန်တော်တို့ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။🥰

တတ်နိုင်သမျှဝိုင်းကူပေးကြပါအုံးလို့ မေတ္တာရပ်ခံတောင်းဆိုပါရစေခင်ဗျ🙏🙏🙏

#ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)
#ဘုတ်ပြင်းမြို့နယ်
#သတင်းနှင့်ပြန်ကြားရေး

01/03/2026

"တိုက်ခိုက်ရေးရဲဘော်များအတွက် လိုအပ်ချက်"

ကျည်ကာများတပ်ဆင်ပေးနိုင်ရန် ဝိုင်းဝန်းထောက်ပံ့ကူညီပေးကြပါဖို့

မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။

#ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)
#ဘုတ်ပြင်းမြို့နယ်
#သတင်းနှင့်ပြန်ကြားရေး

26/02/2026

တော်လှန်ရေးလှိုင်းပြင်းထန်လည်း ပြည်သူ့အင်အားရှိရင်အမြဲရှေ့လှမ်းနိုင်မယ်လို့ NUG ကာကွယ်ရေး ဒုဝန်ကြီးပြော

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ဟာ စစ်ကောင်စီကို ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ပြီး ပြည်သူလူထု အင်အားနဲ့ တော်လှန်ရေး (၅)နှစ်ခရီးမှာ အောင်ပွဲများစွာဆင်နွှဲနိုင်ခဲ့သလို တော်လှန်ရေးလှိုင်းအနိမ့်အမြင့်တွေကိုလည်း ကျော်ဖြတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး နိုင်ကောင်းရွက်က ပြောပါတယ်။

တနင်္သာရီတိုင်းစစ်ဌာနက ရဲဘော်တွေအတွက် ကျည်ကာပစ္စည်း တပ်ဆင်ပေးနိုင်ရေးလုပ်ဆောင်နေတဲ့ ဆီသို့လှမ်းချီ တနင်္သာရီကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ဖို့ တိုက်တွန်းစကား ပြောကြားရာမှာ ပြည်သူလူထု အင်အား အရေးကြီးကြောင်း ဒုဝန်ကြီးက ဖေဖော်ဝါရီ ၂၅ရက်မှာ အခုလို ပြောကြားခဲ့တာပါ။

" တော်လှန်ရေးလှိုင်း ဘယ်လောက်ပဲ ပြင်းထန်ပါစေ ပြည်သူလူထု အင်အားသာရှိရင် အမြဲရှေ့သို့ လှမ်းချီနိုင်မှာ ဖြစ်ပါတယ်"လို့ ဒုဝန်ကြီး နိုင်ကောင်းရွက်က ပြောပါတယ်။

လက်ရှိမှာ တနင်္သာရီတိုင်းစစ်ဌာနအတွက် ကျည်ကာပစ္စည်းတွေ တပ်ဆင်ပေးနိုင်ဖို့ ကမ်ပိန်းမှာလည်း တော်လှန်ရေးရဲဘော်တွေအတွက် ကျည်ကာပစ္စည်းများ တပ်ဆင်ပေးနိုင်ရေး အားပေးကူညီဆောင်ရွက် ပေးဖို့ ဒုဝန်ကြီးက တိုက်တွန်းထားပါတယ်။

တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားကလည်း ပြီးခဲ့တဲ့ နှစ်မှာ တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီက တပ်ဖွဲဝင် ၁၀၀၀ ကျော်သေဆုံးကာ တနင်္သာရီတိုင်းစစ်ဌာန ဘက်က ရဲဘော် ၁၃၀ ထိခိုက်ကျဆုံးရှိခဲ့တယ်လို့ မကြာသေးမီက အသိပေးထားပါတယ်။

ကျဆုံးရဲဘော်တွေထဲမှာ ရှေ့တန်းထွက်စဉ် ကျည်ကာ အပါအဝင် အကာအကွယ်ပစ္စည်းတွေ မစုံလင်လို့ ကျဆုံးတာတွေလည်း ဖြစ်ပေါ်ခဲ့ရတယ်လို့ ပြောပါတယ်။

လာမယ့် စစ်ဆင်ရေးတွေဟာ ပြောက်ကျားစစ် ထက် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်လာတာဖြစ်လို ရဲဘော်တွေ အကာအကွယ်ရှိနေလို့ လိုအပ်ကြောင်းလည်း ရဲဘော်စတားက ပြောပါတယ်။

အထွေထွေထိုးစစ်မှာ တိုက်ခိုက်ရေးလုပ်နိုင်တဲ့ အင်အားတွေကို ထုတ်နုတ်ပြီး ချေမှုန်းရေးအဖွဲတွေနဲ့ထိုးစစ်ဆင်မှာဖြစ်လို ချေမှုန်းရေးတပ်မှာ ပါတဲ့ရဲဘော်တွေ တဦးချင်းစီအတွက် ကျည်ကာတွေလိုအပ်ကြောင်း အသိပေးထားပါတယ်။

(NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်ကို ရဲဘော်တွေနဲ့အတူ တွေ့ရစဉ်။ ဓာတ်ပုံ - MSRF)

24/02/2026

ကျွန်တော်တို့မှာ ပြည်စုံမှုမရှိတဲ့အခါ

စိတ်သွားတိုင်းကိုယ်ပါအောင် လုပ်ချင်တာတွေ လုပ်နိုင်တဲ့အင်အားမရှိတဲ့အခါ

ကျွန်တော်တို့စိတ်ဓါတ်ကျ အားငယ်ရပါတယ်။

ပြဿနာပေါင်းသောင်းခြောက်ထောင်တွေ့ရ ကြုံရ မြင်ရ ကြားရတဲ့အခါ

ကျွန်တော်တို့လည်း စိတ်တွေ ညစ်ထေးရှုပ်ထွေးရပါတယ်။

ဒါပေမဲ့...

ဘာတွေပဲဖြစ်ဖြစ်....

ဘာတွေပဲဖြစ်လာပါစေ....
ဒီခရီးကိုအဆုံးထိ ဆက်လျှောက်ရမဲ့အလုပ်သာ ကျွန်တော်တို့ရဲ့တခုထဲသောတာဝန်ဖြစ်တယ် ဆိုတဲ့ အသိနဲ့

ကျွန်တော်တို့အဆုံးထိ ရှေ့ဆက်တိုးကြမယ် ။

#ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)
#ဘုတ်ပြင်းမြို့နယ်
#သတင်းနှင့်ပြန်ကြားရေး

22/02/2026
21/02/2026

ကိုယ်တိုင်ရေးစပ်ပြီး ကိုယ်တိုင်ရွတ်၍ ကိုယ်တိုင်Editထားတဲ့

"သမိုင်းသစ်ကို ရေးထိုးမဲ့လက်များ"
ဆိုတဲ့ တော်လှန်ကဗျာလေးကို နားထောင်ခံစားပြီး

ကျွန်တော်တို့ရဲ့ တိုက်ခိုက်ရေးရဲဖော်များအတွက် ကျည်ကာများတပ်ဆင်ပေးနိုင်ရန် ဝိုင်းကူပေးကြပါအုံးခင်ဗျ🙏🙏🙏

#ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)
#ဘုတ်ပြင်းမြို့နယ်
#သတင်းနှင့်ပြန်ကြားရေး

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

ที่อยู่


Bangkok